Search My Blog

Monday, September 7, 2020

numerology 29


နံပါတ်၂၉


၂၉, ၁၁, ၂



၂၉၏ ကိုယ်စားပြုသင်္ကေတကို အရိပ်မည်းကြီး လွှမ်းမိုးနေပုံဖြင့် ဖော်ပြတတ်ကြသည်။ ထိုအရိပ်မည်းကြီးဟူသည် မသေချာခြင်းနှင့် ဘေးအန္တရာယ်များခြင်းပင်ဖြစ်သည်။ Numerologyတွင် နံပါတ်တိုင်းသည် ပင်ကိုယ်အနှစ်သာရအဓိပ္ပါယ်များ ရှိကြသည်ကို ဖတ်ရှုပြီးသလောက်ဖြင့် သတိထားမိကြလိမ့်မည် ထင်သည်။ ၂၉၏အနှစ်သာရသည် ပတ်ဝန်းကျင်ပေါ်တွင် မူတည်၍လည်း အခြေခံတည်ဆောက်ထားသည်။ ယင်းက တီထွင်ဖန်တီးမူဆိုင်ရာ အားသာချက်များကို ရှိစေသည်။


 ထို၂၉ဂဏန်းနှင့် ပတ်သက်သောအချိန်ကာလတွင် မိန်းမဆိုလျှင် ယောကျာ်း၊ ယောကျာ်းဆိုလျှင် မိန်းမက မလိမ့်တပတ်လုပ်ခြင်းကို ခံရတတ်သည်။ ထိုအတူ မတွးမခေါ်သောကြောင့် ဘေးအန္တရာယ်များ ရုတ်တရတ် ပေါ်ပေါ်က်လာခြင်း၊ အစစ်ဆေးခံရခြင်း၊ ညှင်းပန်းနှိတ်စက် ခံရခြင်း၊ ပူဆွေးကြေကွဲရခြင်းများကို ဖြစ်ပေါ်စေနိူင်သည်။ ရင်းနှီးသူများနှင့်လည်း ခွဲခွာရတတ်သည်။ 

သတိပြုရန်မှာ ယင်းဂဏန်းရရှိချိန်တွင် တွေ့ရသော မိတ်ဆွေများသည် ကောင်းသောမိတ်ဆွေမဟုတ်ပေ။ ထိုအချိန်တွင် လုပ်နေသောအလုပ်များမှာလည်း ရပ်ဆိုင်းသွားတတ်ပြီး အောင်မြင်နေရာမှ ဆုံးရှုံးသွားတတ်သည်။ ၂၉နှင့် ဆက်စပ်မိသူတို့သည် မကောင်းသောအချိန်ကာလကို ရောက်ရှိနေခြင်းဖြစ်သောကြောင့် အနာဟောင်းများ ပြန်ပေါ်လာတတ်သည်။ မမျှော်လင့်သော အန္တရာယ်များနှင့်အတူ မကောင်းသတင်း ဖြန့်ခံရတတ်သည်။ အကောင်းဘက်က ပြန်တွေးကြည့်လျှင်မူ ဘဝ၏မရေမရာဖြစ်နေသော အကြောင်းများမှတစ်ဆင့် ရင့်ကျက်တည်ငြိမ်သောဘဝကို ရရှိနိူင်သည်ဖြစ်၏။ ထိုဂဏန်းရရှိချိန်တွင် အနာဂတ်အရေးကို သတိထားနေရန်တော့ လိုသည်။  


၂၉တွင် အခြားသောဂဏန်းများထက် ပို၍နတ်ရှိုင်းသော ထိုးထွင်းသိမြင်မူများနှင့် ကွဲပြားခြားနားသော အဓိပ္ပါယ်များ ရှိသေးသည်ကို သိရန်လိုပါသည်။ ၂၉မှ ၂ နှင့် ၉ တို့၏ ပေါ်င်းစပ်ခြင်း ၂ + ၉ = ၁၁ နောက် ၁၁၏ ပေါင်းစပ်မူ ၁ + ၁= ၂ ဖြစ်သည်။ ယင်းပေါ်င်းစပ်မူတွင် ပါဝင်နေသော နံပါတ်တို့သည် ၂၉နံပါတ်နှင့်လည်း သက်ဆိုင်ပါသည်။ ထိုကြောင့် ထိုနံပါတ်များ၏ အရည်အသွေးများသည် ၂၉နံပါတ်အား ထောက်ပံပေးထားကြသည်။ အထူးသဖြင့် ၂ နှင့် ၉ တို့၏ ပေါင်းလဒ်ဖြစ်သော ၁၁ သည် ၂၉ ကို ပိုမိုပံပိုးပေးနိူင်ပါလိမ့်မည်။ ၁၁ သည် ဝိညာဉ်ရေးရာနှင့် ပတ်သက်နေသော နံပါတ်ဖြစ်ပြီး ထိုးထွင်းသိမြင်နိူင်သော စွမ်းရည်ရှိသည်။ မှတ်ချက်။ ။၂၉ နှင့်ဆက်စပ်သူမှန်သမျှသည် ၁၁ နှင့် ၂ တို့ကိုပါ လေ့လာဖတ်ရူရပါလိမ့်မည်။ ပညာရှင်တို့၏ လေ့လာမူများအရ ၂၉ နှင့် ၁၁ တို့သည် တူညီသော ထူးခြားချက်များ ရှိကြသည်။ ထို ၂၉ နံပါတ်နှင့် ၁၁နံပါတ်တို့ကို Tarot ၏ Major Arcanaတွင် ပုရောဟိတ်မင်းကဒ် သို့ The Harmit ကဒ်ဖြင့် ကိုယ်စားပြု ဖော်ပြထားသည်။ ထိုဖော်ပြချက်မှာ စိတ်ပိုင်းဆိုင်ရာများကို ကိုယ်စားပြုပြီး မှော်အတတ်နှင့်ဆိုင်သော အသိညဏ်ပညာများနှင့်လည်း ဆက်နွယ်မူ ရှိကြကြောင်းကို ဆိုလိုသည်။


၂၉ရက်မွေးဖွားသူများမှာ စီးဟွးရေးနှင့် ဘဝအောင်မြင်ရေးများတွင် စိတ်ပူပန်စရာနည်းပါးကြသည်။ ယင်းမှာလည်း သူတို့သည် မြင့်မားသော စဉ်းစားတွေးခေါ်ညဏ်ရည်နှင့် များပြားသောဗဟုသုတတို့ကို ပိုင်ဆိုင်ထားကြပြီး ထိုအချက်များကြောင့်ပင် ဘဝ၏အောင်မြင်မူကို ရရှိတတ်ကြသည်။ သို့သော်လည်း သူတို့မှာ တခါတလေ အစွန်းရောက်သောသူများ ဖြစ်ကြသည်။ သူတို့သည် စိတ်နှင့်ပတ်သက်သော စိတ်ပညာ၊ စာပေ၊ အလွမ်းအဆွေးဆိုင်ရာများပေါ်တွင် ဝါသနာထုံပြီး သိပ္ပံနည်းပညာဆိုင်ရာ တီထွင်မူများကိုလည်း စိတ်ပါဝင်စားကြသည်။ 


၂၉ရက်နေ့မွေးဖွားသူတို့၏ အဓိက အားနည်းချက်မှာ မိမိကိုယ်မိမိ မယုံကြည်သံသယဖြစ်တတ်ကြခြင်း ဖြစ်သည်။ အခြားသူများကို ကူညီမိရာမှတဆင့်လည်း ပြဿ နာများကြုံကြရတတ်သည်။ ထိုနေ့ရက်မွေးဖွားသူမှာ အကယ်၍အမျိုးသမီးဖြစ်သည်ဆိုလျှင် ဘဝခရီး၌ အဖြစ်အပျက်မျိုးစုံကို ကြုံစုံကြရတတ်သည်။ သို့သော် ယောကျာ်း မိန်းမ မည်သူပင်ဖြစ်ဖြစ် သူတို့အနေဖြင့် ေ့ရှဆက်လုပ်ဆောင်နေရမည့် လုပ်ငန်းများကို တွန့်ဆုတ်မူမရှိဘဲ ရဲရဲဝံဝံလုပ်ဆောင်ဖို့ လိုလေသည်။ အထူးသဖြင့် မိမိတို့၏ စိတ်ကူးညဏ်ကို အလွယ်တကူ မစွန့်လွှတ်လိုက်ဖို့မှာ အရေးကြီးဆုံးပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ဘဝတွင် သူတို့၏ စိတ်ရှည်မူနှင့် စိတ်ပိုင်းဖြတ်မူတို့ကို စမ်းသပ်စစ်ဆေးမည့် အခြေအနေများကို မကြာခဏ ကြုံတတ်သောကြောင့် ဖြစ်သည်။ ထိုအချိန်၌ စိတ်ဓာတ်ကျဆင်းခြင်း စိတ်ပျက်ခြင်းများကို ခံစားနေရလျှင်မူ သို့ ရှုံးနိမ့်ရလိမ့်သည်။ သူတို့အတွက် အောင်ပွဲ သူတို့ယဏ်ရည်ရနိူင်ဖို့မှာ သူတို့စိတ်၏ ငြိမ်းချမ်းမူ၊ ရိုးသားဖြောင့်မတ်မူ၊ ကိုယ်ပိုင်အတွေးအမြင်ရှိမူ၊ သစ္စာစောင့်သိမူ ရှိရမည်ဖြစ်သည်။ 

၂၉ရက်မွေးဖွားသူများသည် အခြားသောသူများအတွက် တခါတရံ ပေါ်င်းရသင်းရသည်ခက်၍ ဇီဇာကြောင်သောသူများ ဖြစ်နေတတ်ကြသည်။ ထိုကြောင့် သူတို့သည် ပေါ်င်းသင်းဆက်ဆံရေးကို ခိုင်မာအောင် ပြုလုပ်ကြဖို့လိုသည်။ ထိုပေါ်င်းသင်းဆက်ဆံရေးတွင် ယုံကြည်မူဟူသည်က အရေးကြီးဆုံးသောအရာပင်ဖြစ်စးသည်။ သူတျု့အတွက် ကြာရှည်ခိုင်မြဲသော ဆက်ဆံရေးကို ထိန်းသိမ်းဖို့အတွက် ယုံကြည်မူမှာ အကောင်းဆုံးစာချုပ်ပင်ဖြစ်သည်။ ယုံကြည်မူ မရှိကြသောအခါ မိမိတို့၏ ဆက်ဆံရေးများသည် မုန်တိုင်းများနှင့် ရင်ဆိုင်ကြရမှာ ဖြစ်ပြီး ရင်ဆိုင်ရသောအခါတွင်လည်း အရှုံးမပေးဘဲ မိမိတို့အနေဖြင့် ယုံကြည်မူကို ပြန်လည်တည်ဆောက်ကြရမည်ဖြစ်သည်။ 


သူတို့သည် အလှအပဆိုင်ရာနှင့် သဟဇာတများကို နှစ်သက်ကြသည်။ စူးစမ်းလိုစိတ်လည်း များကြသည်။ အခြားသူများနှင့်ဆက်စပ်မိသည့် အချိန်မှာလည်း သူတို၏ ညဏ်ရည်၊ ပွင့်လင်းမူ ၊ လိမ္မပါးနပ်မူကြောင့် အောငမြင်မူကို ရရှိတတ်ကြသည်။ သူတို့၏ရုပ်ပိုင်းဆိုင်ရာဘဝကို ရှုမြင်မိသော ဘဝ ဟာငွေကြေးဥစ္စာများသည် သူတို့အတွက်အလွန်အရေးပါသော အရာတစ်ခုတော့ မဟုတ်ပေ။ သို့သော်လည်း သူတို့၏ ဘဝရည်မှန်းချက် အောင်မြင်ဖို့မှာ ငွေကအရေးပါသည်ကို ကောင်းကောင်းသိကြသည်။ ထိုအချိန်၌ ငွေပေး၍ပင်မရနိူင်သောအရာများနှင့် အခြားသောမှားယွင်းမူ များစွာကို ကြုံရသောအခါ စိတ်ပျက်အားမငယ်သင့်ဘဲ အာရုံစူးစိုက်ထားဖို့လိုပြီး ရဲစွမ်းသတ္တိကို ပြန်နိူးဆော်ဖို့လိုကြောင်း နားလည်ထားကြရလိမ့်မည်။ သို့မှသာ မိမိတို့ လိုချင်တာမှန်သမျှကို ကြိုးစားရယူဖို့အတွက် ခွန်အားနှင့် စွမ်းအင်တို့ ပြန်လည်ရရှိလာမည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ အဆင်မပြေမူတွင် မျောပါနေမည်ဆိုပါက ၎င်းတို့သည် အလွယ်တကူ စိတ်ထိခိုက်တတ်ကြသူများ ဖြစ်သောကြောင့် ကြာလျှင် စိတ်ကျရောဂါကို ခံစားကြရနိုင်သည်။ အကယ်၍ ခံစားနေရသည်ဆိုလျှင်လည်း စိတ်ကျဝေဒနာ ဖြစ်ပေါ်စေသည့်အရာများကို စွန့်လွှတ်၍ ဘဝကို ဆက်၍ ရပ်တည်ရန် သင်ကြားကြရမည် ဖြစ်သည်။ 

၂၉ရက်မွေးဖွားသူတို့အတွက် အချစ်ရေးကမူ Emotionistဟု အမည်ပေးတင်စားထားပြီး စိတ်ခံစားချက်ကို ဦးစားပေးသူဟု ဆိုကြသည်။ အလွန်ချစ်မြတ်နိူးတတ်ကြသောသူများပီပီ စိတ်စေရာသို့ မေတ္တာဦးလှည့်တတ်သော သဘာဝရှိကြသည်။ လွမ်းမောတွေဝေနေတတ်သော အကျင့်ရှိပြီး အဆင်ပြေနေသောအရာကိုတောင် အဆင်မပြေအောင်ဖန်တီး၍ အလွမ်းသမားဘဝကို ခံယူကာ အချစ်ရေးကံမကောင်းသူအဖြစ် မိမိကိုယ်မိမိခံစားနေတတ်သည်။ စိတ်ခံစားချက်ကို ဦးပေးတတ်လွန်းသူများဖြစ်ရာ သူတို့၏စိတ်ခံစားမူအတွက် အခြားသူများအသဲကွဲလည်း သူတို့အတွက်အရေးမကြီးပေ။ ထိုကြောင့်လည်အိမ်ထောင်ရေးကံမှာလည်း မကောင်းတတ်ပေ။ စိတ်လှုပ်ရှားလွယ်ပြီး အပြောင်းအလဲမြန်သောသဘော ရှိတတ်ကြသောကြောင့် အိမ်ထောင်ဆက်များတတ်ကြပြန်သည်။ သူတို့ကို အသဲကွဲစေနိူင်သော မွေးရက်ရှင်များမှာ ၁၆ရက် ၇ရက် ၃၁ရက်မွေးဖွားသောသူများ ဖြစ်နေတာများသည်။ 

၂၉ရက် မွေးဖွားသူများ

အကြားအမြင်ဆရာ ဆွီဒင်ဘော့လ်(June 29)

အီတလီ အာဏာရှင် မူဆိုလီနီ

မိုက်ကယ်ဂျက်ဆင်

၂၉နံပါတ်အတွက် ဆောင်ရန်ရှောင်ရန် နံပါတ် ၂အတိုင်းဖြစ်သောကြောင့် ၂ကို ဖတ်ရှုလိုက်နာနိူင်ပါသည်။

Ref:

vestrology.com

numerology.com

ဆရာစံဇာဏီဘို၏ သင့်မွေးရက်နှင့် အချစ်ကံကြမ္မာ

2:14Am

Sep 7.2020

Minsetwai

No comments:

Featured Post

ကဗျာဟူသည်

poetry ကဗျာဟူသည် ကဗျာဆိုသည်မှာ မိမိရောက်နေသောခေတ် အသက်ရှင်နေသောခေတ်၏အတွေးအခေါ်များကို အခြေခံ၍ သက်ရောက်မှုအများဆုံးရှိသော ခံစားမှုကို ဖန်တီးပ...