Search My Blog
Monday, September 14, 2020
အရိပ်သုံးပါးမဲ့သံ
အရိပ်သုံးပါးမဲ့သံ
အာရုံဝင်စားမူဟာ နယ်မြေချ့ဲ
ကောင်းကင်ဘုံ ပန်းချီကားချပ်
အဲဒီရဲ့ အလယ်ဗဟိုတည့်တည့်
ရူခင်းကိုမမြင်မီ နူတ်သော့ခတ်
ဖြည်းဖြည်းချင်းပဲ ေ့ရှဆက်နေ။
အနှေးပြကွက်ကို တယုတယထားကြည့်
ပေပွအနာဂတ်ဟာ အထင်ကရဆန်ဆန်နဲ့
ဆည်းဆာမဲ့
ဇင်ယော်များမဲ့
အလျားလိုက်သေနေသော မြစ်တွေနဲ့
အထီးကျန်ဆန်ဆန် ပက်ကြားအက်။
တံလျှပ်၊ မိုးကြိုး၊ မုန်းတိုင်းများ
ရဲဆေးတင် ဝတ်မှုန်ကူးမိ
စိတ်ကူးထဲရှိသည့် ဘုရားဆီ
ငြိမ်သက်မူတရားနဲ့ လက်နတ်ချ
စိမ်းလန်းမူကင်းမဲ့ခြင်းမှသည်
ရှေးဒဏ္ဍာရီများဆီထိတိုင်။
ပျက်စီးယိုယွင်းမူ ခပ်များများနဲ့
သပ်လျိူရိုက်ထားခြင်းမှာ
ပျော်ရွှင်ခြင်း ခပ်များများကို
အစားထိုး လဲလှယ်ပေးပါ
စောင့်မျှော်သူလူသားတို့ ကိုယ်စားပန်ကြား
ဘာမှမကြားရသော ဘုရားက
ဘာမှလည်း ပြန်မမိန့်တော့မူမှ
ငါလည်း ငါ့ဝရံတာမှ
သတိလည် နိူးထ။
Aug 8.2020
Minsetwai
THE END
Subscribe to:
Post Comments (Atom)
Featured Post
ကဗျာဟူသည်
poetry ကဗျာဟူသည် ကဗျာဆိုသည်မှာ မိမိရောက်နေသောခေတ် အသက်ရှင်နေသောခေတ်၏အတွေးအခေါ်များကို အခြေခံ၍ သက်ရောက်မှုအများဆုံးရှိသော ခံစားမှုကို ဖန်တီးပ...
-
နံပါတ်၂၉ ၂၉, ၁၁, ၂ ၂၉၏ ကိုယ်စားပြုသင်္ကေတကို အရိပ်မည်းကြီး လွှမ်းမိုးနေပုံဖြင့် ဖော်ပြတတ်ကြသည်။ ထိုအရိပ်မည်းကြီးဟူသည် မသေချာခြင်းနှင့် ဘေးအန...
-
ဆူမာရီယာန်လူမျိုးများ(Sumerians) ဆူမားရီးယန်းများသည် မက်ဆိုပိုတေးမီးယားတောင်ပိုင်းတွင် ဘီစီ ၆၀၀၀ မှ ၄၀၀၀ အတွင်း နေထိုင်ခဲ့ကြသော လူမျိုးများဖ...

No comments:
Post a Comment