Search My Blog

Monday, September 14, 2020

တာရာမင်းဝေ၏အနုပညာခံယူချက်များ


တာရာမင်းဝေ၏အနုပညာခံယူချက်များ


တကယ်ပြောတာပါ။ စာပေပညာရှင် တစ်ယောက်ယောက်ကို လေ့လာရတာဟာ အတော်ကလေး စိတ်လှုပ်ရှားစရာကောင်းတဲ့ အလုပ်တစ်ခုပါ။ စာပေပညာရှင်တစ်ယောက်ကို လေ့လာရင်းနဲ့ သူ့ဘဝဖြစ်တည်မူတွေ၊ သူ့ဘဝခံယူမူတွေဟာ အားအင်တွေကိုလည်း ဖြစ်ပေါ်စေခဲ့ပါတယ်။ အထူးသဖြင့် အနုပညာခံယူချက်တွေဟာ လေ့လာသူကို ပိုပြီးရဲရင့်တတ်ကြွစေပါတယ်။

ဆရာတာရာမင်းဝေရဲ့ အနုပညာခံယူချက်တွေကို လေ့လာကြည့်လိုက်တော့ သူဟာ ကဗျာ၊ ပန်းချီ၊ ဂီတ၊ အက အနုပညာပုံစံအားလုံးဟာ အခြေခံအားဖြင့် အတူတူပဲလို့ သတ်မှတ်ထားသူုဖြစ်ကြောင်း တွေ့မြင်ရပါတယ်။ ပြီးတော့ လူတစ်ယောက်ရဲ့ အနုပညာလုပ်ပိုင်ခွင့်အပေါ်မှာ ထိန်းချုပ်ကန့်သတ်တဲ့ အရေးအသားတွေကို မကြိုက်ကြောင်း ဆန့်ကျင်တတ်တဲ့သူပါ။

သူတို့ခေတ်က ကာရံမဲ့ကဗျာများအပေါ် အားပြင်းပြင်းနဲ့ ဝေဖန်တိုက်ခိုက်ကြတဲ့အခါ ဆရာတာရာမင်းဝေက_

            (ကဗျာဆရာတို့၏ ကာရန်ဗဟိုပြုဝါဒသည် အလွန်ပင်အားကောင်းပြင်းထန်ခဲ့၏။ ကာရန်ပါလျှင်ကဗျာ၊ ကာရံမပါလျှင် စကားပြေဟု ခွဲခြားကြ၏။ ထိုခွဲခြားချက်တွင် ကဗျာကို ကာရံက ကိုယ်စားပြုနေကြောင်း
ထင်ထင်ရှားရှာ းတွေ့ရလေပြီ။ ကဗျာသစ်တွေထွင်ကြ၏။
ကဗျာသစ်ဟုပြော ကြ၏။ သို့သော် ကာရံသစ်သာဖြစ်ခဲ့
သည်။
ကဗျာဆရာကိုယ်တိုင်ပင်လျှင် ကဗျာနှင့်ကာရံကို ထပ်လျှက်ကျနေသယောင် လုံးထွေးမြင်ယောင်ခဲ့သည်။
ကာ၇ံတစ်ခုရိုအီလာလျှင် ကာရံပုံစံနောက်တစ်ခုကို
တီထွင်ကြ
သည်။ ကဗျာပဒေသာကျမ်းကြီးမှာလည်း မာတိကာတိုး၍ စာမျတ်နှာထူလာသည်။ထိုသို့ဖြင့် ကဗျာသည် ကာရံဟူသော
အရာတစ်ခု၏ ပုံစံမျိုးစုံနှင့်လှည့်ပတ်တုတ်နှောင်မူကို
မရူမလှခံလာရပါတော့သည်။ ထိုသည်ကိုသတိပြုမိသော ကဗျာဆရာအချို့က တွေးခေါ်ဆင်ခြင်လာကြသည်။ ကဗျာဆိုသည်မှာအဘယ်နည်း။
ထိုပြင် ကာရံဆိုသည်မှာအဘယ်နည်း။pg- 102)
( ပြိုင်မြင်းတို့၏ခွာသံ)

ဟူ၍ရေးသားထားသည်။

ထိုရေးသားထားမူအရ သူဟာ
ကိုယ်တိုင်ကဗျာဆရာဖြစ်ခဲ့သူပီပီ ခေတ်သစ်ကဗျာအပေါ် ကာရံ၏ခြယ်လှယ်မူများကို တွန်းလှန်နေတာကို မျက်စိစပါးမွှေး စူးခဲ့တယ် ထင်မိရဲ့။ မော်ဒန်ကဗျာများ ပေါ်ပေါ်က်လာသောအခါ
ရှေးရိုးစွဲကဗျာပုံစံနှင့် များစွာကွဲလွဲသောကြောင့် က
ဗျာဆရာများကြား ခံယူချက်တိုက်ပွဲများဖြစ်ခဲ့ကြရပါတယ်။ တချို့ကဗျာဆရာများက ကာရံပါမှကဗျာ၊ တချို့ကဗျာဆရာများက ကာရံရှိမှကဗျာမဟုတ်၊ စသကဲ့သို့ ခံယူမူအမျိုးမျိုးဖြင့် ကဗျာတော်လှန်ရေးကြီးဆင်နွဲကြကုန်ပါတယ်။ အဲဒီထဲမှာ ဆရာတာရာမင်းဝေက ကာရံမရှိလည်းကဗျာဖြစ်သည်ဟူသော မော်ဒန်ကဗျာဆရာများဘက်မှ ရဲရဲဝံ၀ံတိုက်ပွဲ၀င်ခဲ့
သူတစ်ယောက်ပါပဲ။ ဒါပေမယ့် သူ့ရင်ထဲမှာ အနုပညာနဲ့ပတ်သက်တဲ့ ဘယ်အရာအပေါ်ကိုမှ ဒေါသမဖြစ်ချင်မိသလို ဒုက္ခပေးချင်တာမျိုးလည်းမရှိပါဘူး။ သူက သူ့ဟာသူ ဂူတစ်ခုထဲမှာပဲ အဆိပ်ပြင်းတဲ့ ကျည်ဆန်တစ်တောင့်လို ရှိချင်ခဲ့သူပါ။ ပြီးတော့ အနုပညာကို အကောင်းဘက်ကကြည့်ပြီး အပြုသဘောဝေဖန်တာမျိုးကိုပဲ လိုလားခဲ့တာပါ။ အဟောင်း အသစ်ခွဲခြားဆက်ဆံတာမျိုးတွေကို သူ အလိုမရှိခဲ့ပါဘူး။ သူခံယူချက်စကားတွေကတော့ အောက်ပါအတိုင်း ရဲရဲရင့်ရင့်ရင့်ရှိနေတာကိုတော့ တွေ့မြင်နိူင်ကြပါလိမ့်မယ်။

၁။ လျှာပေါ် မြက်ပေါ်က်ရုံမကလို့ လျှာဖောက်ပြီး အာခေါ်င်မှာ ကန္တရဆူးပင် ပေါက်ပလေ့စေ။ ဒီလမ်းမှာပဲ ဆက်လျှောတ်နေမယ်။

၂။ မိမိခံစားချက်ဖြင့် မိမိပုံဖော်ခဲ့သော အနုပညာပစ္စည်းက သူတစ်ပါးပြုလုပ်ထားသော ပစ္စည်းနှင့် တူကောင်တူပေလိမ့်မည် ။ သို့သော် မိမိပြုလုပ်ထားသော အနုပညာပစ္စည်းက မိမိကိုယ်ပိုင်ပစ္စည်းပင် ဖြစ်သည်။
အတုမဟုတ်။
(ပြိုင်မြင်းတို့၏ခွာသံမှ)

၃။ "ငါကလည်း ခက်တယ်
ကဗျာတစ်ပုဒ်နဲ့
နေမဝင် အင်ပါယာ
ဘယ်ဟာယူမလဲလို့ မေးလာရင်
ဒုတိယအရာကို ငါငြင်းတယ်....။"
(မီးတောက်ရစ်သမ် ကဗျာမှ)

၄။
ငါက သာမညလူ
ငါက ယေဘုယျလူ
ဆပ်ပြာပူဖောင်းလို
အရေခွံ တစ်ထပ်ခွာလိုက်ရင်ပဲ
အထဲမှာ
ဘာမှ ကျန်မှာမဟုတ်တဲ့လူ
(အ
ေ့ရှမြို့ရိုးမှ မိုးရေစက်များ)

ဒီလိုစကားလုံးတွေနဲ့အတူ ဆရာတာရာမင်းဝေဟာ သူရဲ့အသက်ရှုခြင်းထဲမှာ ယုံကြည်ရဲရင့်ခြင်းတွေကို မြဲမြံအောင် သံမှိုစွဲထားခဲ့ပြီး သူဟာ သူရဲ့အိပ်မက်တွေကို လက်တွေ့ပြုလုပ် ရှင်သန်နိူင်ခဲ့ပါတယ်။ ဒီနောက် ကွယ်လွန်
သွားခဲ့သည့်အထိ ခံယူချက်ကိုမကျိုးပေါ်က်အောင်
ထိန်းထားနိူင်ခဲ့ပြီး ကွယ်လွန်သွားသည့်အထိ အနု
ပညာအပေါ် ရူးသွပ်ပြနိူင်ခဲ့ပြန်ပါတယ်။ သူ့လိုလူအတွက်တော့ သူ့နာမည်က အမြဲတစေအဓွန့်ရှည်လျှက် ရှိနေပါလိမ့်မယ်ဆိုတာ ကျွန်တော်ယုံကြည်နေမိပါတယ် ခင်ဗျ။

The End
2:13AM
Aug13.2020
#Minsetwai

No comments:

Featured Post

ကဗျာဟူသည်

poetry ကဗျာဟူသည် ကဗျာဆိုသည်မှာ မိမိရောက်နေသောခေတ် အသက်ရှင်နေသောခေတ်၏အတွေးအခေါ်များကို အခြေခံ၍ သက်ရောက်မှုအများဆုံးရှိသော ခံစားမှုကို ဖန်တီးပ...