Search My Blog

Showing posts with label ကဗျာများ. Show all posts
Showing posts with label ကဗျာများ. Show all posts

Wednesday, September 25, 2019

"လူယောင်ဆောင်နှင့် စက်ယောင်ဆောင်ခြင်းများ"


"လူယောင်ဆောင်နှင့်
စက်ယောင်ဆောင်ခြင်းများ"
------------------------------

လူဟာ စက်ယန္တယားဆန်ကြောင်း
အဆိုဝါကျမှာ
လူရဲ့အဇ္ဓျတ္တထဲက လှုပ်ရှားမူတွေဟာ
မရိုးမရွနဲ့ပေါ့
မှတ်ညဏ်တွေအားလုံးကို
သိုလှောင်သိမ်းဆည်းနေမယ်
ဒါမှမဟုက်
ရုပ် စွမ်းအားတစ်ခုခုကို
သိုလှောင်သိမ်းဆည်းနေမယ်
စက်တစ်လုံးဆန်ဆန် အထာအသိုနဲ့ဆိုတာကို
မေ့လျော့ခြင်းအတတ်ပညာနဲ့အတူ
လူ ကိုယ်တိုင်ကပဲ
ပူပေါ်င်း နှိမ့်ကွပ်နေတယ်။

လူဟာ စက်တစ်လုံးပဲလား
အိပ်မက်ထဲမှာလိုလို...
ယုတ္တိဗေဒမရှိ၊ အဆက်အစပ်မရှိ၊
ကင်းမဲ့ဇုန်ကြီးတစ်လုံးနဲ့..ရှိချိန်
ဒါက ရုပ်သေးရုပ်ဆန်တဲ့စက်တွေလား
မမြင်ရတဲ့ကြိုးတွေရဲ့ ခြယ်လှယ်မူကြားမှာ
စက်ဟာ ကြောင်စီစီ ဖြစ်သွားရခြင်းများမှာ
သေကြောင်းကြံမူတွေချည်းပဲ
စီစဉ်ကျင်းပကြတော့တာ.....။

စက်တွေလိုပဲ လိုက်သွားကြပါ..
တစ်ချို့ "ငါ" တွေက တခြား "ငါ" တွေ နောက်ကိုပေါ့
တစ်ချို့စက်တွေကတော့
 ရှုပ်ရှုပ်ထွေးထွေးနဲ့ ရင်ဘက်ဟပြဲဖြစ်လို့ဖြစ်
အမှန်တရားရဲ့ မောင်းထုတ်ခံလိုက်ရခြင်းထဲ
သွေးဆုတ်ဖြူလျောရင်း
ဘာရှိလဲ??????
ဘာမရှိဘူးလဲ?????????
လူဟာ လူအတိုင်းဆို စစ်မှန်ရဲ့လား????????
လူဟာ တစ်ခုခုကို တုပထားတဲ့အရာများလား???????
လူဟာ ဆိုးဝါးတဲ့ အတုအယောင်လို့

သုံးစွဲသင့်သလား...
ဒါ ကျွန်တော် ဟုတ်မဟုတ်တော့
သိပ်တော့လည်း မသေချာလှပါ....
နိုင်းယှဉ်ခံထားရမူအောက်မှာ
ဟို ကြီးမားဖွံဖြိုးတဲ့ စက်ပစ္စည်းကြီးကတော့ ကောင်းတယ်။

လူဟာ စက်ဆန်ဆန်နဲ
အတုအယောင် လေ့လာမူကြားမှာ
အစစ်ကန်းခြင်းနဲ့အတူ မိမိကိုယ်မိမိ နှစ်ပိုင်းခွဲနေတယ်
၁။ကဘာလဲ....
လုံးဝနီးပါးကို စစ်မှန်မယ်
၂။က ဘာလဲ...
လုံးဝနီးပါးကို စိတ်ကူးယဉ်တယ်
ဒါပဲရှိနေခြင်းကိုက
နေထိုင်မူမှာ သောကပွေနေရတော့တယ်။

စက်ယန္တယားဆန်တဲ့ ဘဝထဲက
ရှောင်ထွက်မသွားရတဲ့အရာမျိုးတွေပါ
အရည်အသွေးကတော့
လိမ်ညာမူတွေထဲမှာ မြှပ်ကွက်မျှပါ...
လိမ်ညာမူထဲက ထွက်ပြီး တွေးလိုက်ပါ
လိမ်ညာမူထဲမှာ ပြန်ပြီး ပိတ်မိလေလေပါ ..။

စက်က
ကိုယ်နဲ့သူတစ်ပါးတောင်
ကွဲပြားခြားနားခြင်း မရှိတော့တဲ့ပုံဖမ်း
ဆန္ဒနဲ့ဝေဒနာကို ကျောမှာထမ်းရင်း
ဘယ်အချိန်ပြန်လာမည် မသိရသောအရာများကို
ဖောက်လွဲဖောက်ပြန်နည်းနဲ့ ပြန်သဂြိုလ်ကြည့်နေပြန်တယ်။

အရူးတွေရဲ့ ထာဝရအတ္တ
ဒါလည်း  စက်ဆန်ဆန်ပဲ

တစ်ခုခုဟာ ထာဝရတည်ရှိနေတာကိုက
အစစ်အမှန်ရူးသွပ်မူ ဂုဏ်အင်ဖြစ်တယ်
တစ်ကယ် စဉ်းစားကြည့်ဖို့တော့ လိုကိုလိုမယ်
ခင်ဗျားကိုယ် ခင်ဗျား မမှတ်မိတဲ့ အချိန်ဆိုတာ ရှိမယ်
ရှိတယ်ဆိုရင်လည်း ခင်ဗျားဟာ
စက်ယန္တယားဆန်ခြင်းနဲ့ နေ့စဉ်သွယ်တန်းဆက်သွယ်.။

လူဟာ စက်ယန္တယားဆန်ရန်နဲ့
ကောက်ကြောင်းခြစ် ဆေးရေးပျံထွက်ဟန်ထဲမှာ
အယူအဆတွေ ပျံထွက်မသွားကြပြန်ဘူးလို့ အော်ဟစ်
အယူအဆတွေကတော့
လူ့ခေါ်င်းကို ဓားပြတိုက်နိုင်တဲ့ တစ္ဆေသင်္ဘောလို
အယူအဆတွေတော့ လူ့ခေါ်င်းကို
ထာဝစဉ်လိုအပ်နေသေးတဲ့ စက်တွေလို
ပြင်လိုက် ဆင်လိုက်လုပ်ရင်း
လူ့အလွှာတွေ တစ်စစီ ပဲ့ပဲ့ထွက်နေကုန်တယ်။

1:17AM
Oct 16.18
Minsetwai

မှတ်ချက်။ ။
စကားလုံးအချို့မှာ  ဆရာအောင်သူရ၏ နာမ်တရားစိတ်ပညာစာအုပ်မှ ကြိုက်နှစ်သက်သောကြောင့် ယူငင်သုံးစွဲမိခြင်း ဖြစ်ပါသည်။
-------------------------------------------

Friday, September 20, 2019

The Joker Feeling

"THE JOKER FEELING"

The Brain Is Nothing-Egg
The Heart Is Empty Space
Painless And Colourless
The Masks Dance On The My Face
It Isn't The KING
It Is The JOKER

Truth Are In The Joker's Pockets
Eyes Are Ridiculous With Rankle
And Sleep On The Tomorrows
Compassionateness Is The Medicine Of Nump

Animosities One Wondering
With Gigs Of GYPSY
The Animosities Have Circulathy Flowing

Can It Do?
Thought The Question Is Childish,
But Ever Smile
It Look Like The Cinema
Even The Sky Will Fall Down
Bushfulness Has Agreeably Disguised
That Is It!
ONE Jocker Ever Need Just Only One Joker.

Aug 13,2018
Minsetwai


Featured Post

ကဗျာဟူသည်

poetry ကဗျာဟူသည် ကဗျာဆိုသည်မှာ မိမိရောက်နေသောခေတ် အသက်ရှင်နေသောခေတ်၏အတွေးအခေါ်များကို အခြေခံ၍ သက်ရောက်မှုအများဆုံးရှိသော ခံစားမှုကို ဖန်တီးပ...