Search My Blog

Showing posts with label Numerologyအားလေ့လာခြင်း. Show all posts
Showing posts with label Numerologyအားလေ့လာခြင်း. Show all posts

Tuesday, November 3, 2020

Number-4

Number4


ဒီ၄ဂဏန်းမှာတော့ ၄ရက်နေ့မွေးသူ၊၁၃ရက်နေ့ မွေးသူ၊ ၂၂ရက်နေ့ မွေးသူ၊ ၃၁ရက်နေ့မွေးသူ၊ အမည်ဂဏန်း ၄ ရသူ၊  ဘဝ၏ ကံကြမ္မာဂဏန်း၄ ရသူများသာမက အခြား ၄နဲ့သက်ဆိုင်သမျှများကို စုစည်းဖော်ပြပေးပါမည်။ 


နံပါတ်၄သည် ယူရေးနပ်စ်ဂြိုလ်ကို ကိုယ်စားပြုပေးသော နံပါတ်ဖြစ်သည်။ လူအများစုက ၄ကို ကံမကောင်းစေသောနံပါတ်တစ်ခုအဖြစ် သတ်မှတ်ထားသော်လည်း တရုတ်တို့ကမူ ၄ကို ကံကောင်းခြင်းနံပါတ်တစ်ခုအဖြစ် သတ်မှတ်ကြသည်။ ယင်းဂဏန်းသည် ရုပ်ဝထ္ထူများနှင့် သက်ဆိုင်နေပြီး ခိုင်မာတောင့်တင်းမူများကိုလည်း ကိုယ်စားပြုသည်။ စရိုက်လက္ခဏာအားဖြင့် နံပါတ်၄သည် အခြေခံအုတ်မြစ်ချခြင်း၊ စိတ်အားထက်သန်ခြင်း၊ အားစိုက်ထုတ်တတ်ခြင်း၊ တည်ငြိမ်လေးနတ်မူရှိတတ်ခြင်း၊ အခွင့်အာဏာရရှိခြင်းတို့နှင့် ပတ်သက်သည်။ ယင်းဂဏန်း၏ သဘောမှာမူ ရန်မလိုသော်လည်း အများနှင့် အစစအရာရာ ဆန့်ကျင့်နေတတ်ခြင်း၊ မကောင်းကြံသော ရန်သူများစွာ ရှိတတ်ခြင်းနှင့် အစဉ်အလာ စည်းကမ်း ဥပဒေတို့ကို ပြုပြင်ပြောင်းလဲလိုကြသူများဖြစ်သည်။ ၎င်းတို့၏စရိုက်အရ အာဏာကိုဖီဆန်၍ အုပ်ချုပ်ခြင်းအသစ်၊ မင်းအသစ်ကို လိုလားကြ၏။ တိုင်းပြည်ရေးရာကိစ္စများတွင် ဝါသနာပါ၏။ အယူအဆမှာ positiveဖြစ်ရမည်။ မဖြစ်မနေရဆိုသော စိတ်မျိုးရှိကြသည်။ 


ဆိုရလျှင် ၄သမားအများစုတွင် ခေါ်င်းမာခြင်း တဇွတ်ထိုးလုပ်တတ်ခြင်း ၊ ပြန်မပြော နားမထောင်ခြင်း၊ ကိုယ်ထင်ရာကိုယ်စိုင်းခြင်း၊ ချုပ်ကိုင်မူကို မလိုလားခြင်း စသော အကျင့်စရိုက်များ ရှိတတ်ကြသည်။ ထိုအတူ တိုးတတ်သော အယူအဆများ ရှိကြပါသည်။ သူတို့သည်  ဟောင်းနွမ်းနေသော အတွေးအခေါ်အယူအဆများနှင့် လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်၍ အသစ်အဆန်းကိုလက်ခံရန် ဝန်မလေးသူများ ဖြစ်သောကြောင့် ခေတ်ရေစီးကြောင်းနှင့် အလိုက်သင့်ကူးပြောင်းနိူင်စွမ်းရှိကြပြန်သည်။ 

၄ဂဏန်းသမားများသည် စည်းမျဉ်းစည်းကမ်းများကို ရေးဆွဲလေ့ရှိပြီး တစ်ချိန်တည်းမှာပင် အရာအားလုံးသေချာအောင်လုပ်ဆောင်တတ်ကြသည်။ ပရမ်းပတာ လုပ်ဆောင်ခြင်းကိုလည်း မုန်းတီးတတ်ကြသည်။ အခြေအနေတစ်ခုခုသည် သူတို့ကို ထိန်းချုပ်ထားသလို ခံစားကြရသောအခါ သူတို့သည် အဆင်မပြေမူကို ပြင်းထန်စွာ ခံစားတတ်ကြသည်။ မကြာခဏအားဖြင့်မူ သူတို့ရည်ရွယ်ထားသောအရာကို သူတို့၏ ဇွဲရှိမူကြောင့် ရရှိတတ်ကြသည်။ ထိုသို့ သူတို့စိတ်ထဲကအတိုင်း တစ်ခုခုကို အောင်မြင်အောင် လုပ်ဆောင်နိူင်သည့်အခါ သူတို့ အလွန် ပျော်ရွှင်ကြည်နူးတတ်ကြသည်။ သူတို့သည် အလွန်သိလွယ်၊တတ်လွယ်ကြပြီး တစ်ထွာပြလျှင် တစ်လံမြင်သူများ ဖြစ်ကြသည်။ ထိုအပြင် အကင်းပါးကြ၏။ 


သို့သော်လည်း အချို့ လေးဂဏန်းပိုင်ရှင်များမှာ စိတ်ဓာတ်ခိုင်မာမူမရှိ၊ အပြောင်းအလဲ မြန်သူများဟု အပြောခံကြရတတ်သည်။ အမှန်စင်စစ် ထိုသို့ဖြစ်ရခြင်း၏ အဓိက ကြောင်းရင်းမှာ သူတို့၏ စိတ်နေစိတ်ထားမှာ သိရခက်လှသောကြောင့် ဖြစ်သည်။ ထိုကြောင့်လည်း သူတို့တွင် အများစုမှာ မိတ်ဆွေနည်းပါးကြကုန်သည်။ ၄ဂဏန်းအမျိုးသမီးများမှာမူ အားသာချက်တစ်ခုအနေဖြင့် ချွေတာ၍ လက်တွေ့ကျကျလုပ်ဆောင်တတ်ကြသည်။ အချို့အမျိုးသမီးများကမူ အချိန်ဆွဲပြီး အလုပ်လုပ်တတ်ကြသည်လည်း ရှိ၏။ မည်သို့ဖြစ်ဖြစ် ယင်းတို့တွင် မဖြစ်မနေစိတ်မျိုး ရှိကြသော်လည်း ရည်မှန်းချက် ပျက်ပြယ်ခြင်း၊ အောင်မြင်သော်လည်း အကျိုးမခံစားရခြင်း ၊ အပြိုင်အဆိုင်များခြင်း စသကဲ့သို့ အခြေအနေများကို ကြုံရတတ်ပြန်သည်။ အချို့သော ကိစ္စရပ်များတွင်လည်း သူတို့သည် အရာရာတိုင်းအပေါ် လေးလေးနတ်နတ်ရှုမြင်ပြီး ချဉ်းကပ်နေတတ်ကြသောကြောင့် ဘဝတွင်ပျော်စရာအချိန်များကို လက်လွှတ်ဆုံးရှုံးနေတတ်ကြသည်။ 

အထူးသဖြင့် ၄ဂဏန်းသမားတို့သည် အစဉ်လိုလိုပင် အများနှင့်သဘောထားအယူအဆများ ကွဲလွဲနေတတ်ကြသည့်အပြင် ဆန့်ကျင်ဘက်များကို ပြုလုပ်တတ်ကြသောကြောင့် အငြင်းဟွးမူ၊ အတိုက်အခံဖြစ်မူများကြောင့် ရန်သူများရှိလာတတ်ကြသည်။ ထိုအတူ အရာရာကို အများတကာနှင့် ခြားနားစွာ ရူမြင်တတ်ခြင်းမှာလည်း ယင်းတို့၏ပြဿနာဖြစ်နေခဲ့သည်။ အခြားသောလူတစ်ဦးတစ်ယောက်သည် သူတို့နှင့် မမြင်၊ အယူအဆနှင့်သဘောထားများ သဟဇာတ မဖြစ်သောအခါ ထိုတစ်ဦးတစ်ယောက်အား ညှီနိူင်းမူပြုလုပ်ဖို့ကို သူတို့မကြိုးစားတတ်ကြပေ။ ထိုကြောင့်ပင် သူတို့၏ လုပ်ငန်းဆောင်တာများမှာ အထစ်အငေါ့ ဖြစ်ရခြင်း ၊ အတားအဆီးရှိခြင်း ၊ အပြောအဆို ခံရခြင်း၊  ဂုဏ်သိက္ခာ ကျခြင်း၊ စကားများရခြင်း၊ လုပ်ငန်းများ ပိတ်ဆို့ခြင်း၊ တော်လှန်ခံရခြင်းတို့နှင့် အဆင်မပြေဖြစ်ရခြင်းများကို ကြုံတွေ့ကြရသည်။ အဓိကအကြောင်းရင်းကမူ သူတို့၏ ခေါ်င်းမာသော အကျင့်စရိုက်ကြောင့်ပင် ဖြစ်သည်။ ထိုသို့ အဆင်မပြေသော အခြေအနေမျိုး၌ ၄သမားတို့သည် မိမိ၏ ချို့ယွင်းချက်များအပေါ်တွင် စိတ်ထိခိုက်ခံစားလွယ်ပြီး အလွန်အမင်း ခံစားနေတတ်ကြသူများလည်း ဖြစ်သည်။ ၎င်းတို့ အများစုသည် စိတ်ထိခိုက်ခံစားလွယ်ပြီး အလွယ်တကူ စိတ်ဆင်းရဲတတ်ခြင်း၊ အထီးကျန်အဖော်မဲ့သည်ဟု တွေးမြင်ခံစားတတ်ခြင်း ၊ စိတ်ညစ်လွယ်ခြင်းတို့ကို လက်ကိုင်ထားတတ်ကြ၏။ထို၄ဂဏန်းသမားတို့သည် တစ်ရွာမပြောင်း ၊ သူကောင်းမဖြစ်ဆိုသလိုပင် မိမိဇာတိမြို့တွင် အဆင်မပြေတတ်ကြဘဲ မြို့ကြီး၊ပြကြီးနှင့် နိူင်ငံခြားများသို့ သွားရောက်အလုပ်လုပ်ကိုင်သောအခါမှသာ အဆင်ပြေကြသည်ကလည်း ပိုများပြားပါသည်။ 


၄ရက်နေ့မွေးသူများကမူ တစ်ခါတစ်ရံ  ရှေးရိုးဆန်နေတတ်ကြသူများ ဖြစ်သည်။ ယင်းတို့သည် စိတ်ဓာတ်ပိုင်းဆိုင်ရာတွင် စိတ်ဓာတ်တည်ကြည်ပြီး စည်းစနစ်ကျကျနှင့် ပီပီပြင်ပြင် လုပ်ဆောင်တတ်သူများ ဖြစ်သည်။ တာဝန်နှင့်ဝတ္တရားအပေါ် ခေါ်င်းရှောင်မနေဘဲ လျှင်မြန်စွာပြီးမြောက်အောင် ကြိုးစားလုပ်ကိုင်လိုစိတ်ရှိကြသည်။ အလွယ်တကူ အရှုံးပေးလိုစိတ်မရှိကြဘဲ အချိန်တိကျမူကိုလေးစားကြသည်။ အိမ်တွင်းရေး အဆင်မပြေတတ်ကြသော်လည်း အမွေရကိန်းများ ရှိတတ်ကြသည်။ စီးဟွးရေးအပိုင်း၌ ကျွမ်းကျင်ကြပြီး လက်တွေ့သမားများဖြစ်သောကြောင့် အခြေခံကောင်းများကို တည်ဆောက်ထားတတ်ကြသည်။ အရာရာအပေါ်၌ အသေးစိတ်သိချင်ကြသည်။ သူတို့သည် ယုတ္တိကျကျ စဉ်းစားတွေးခေါ်တတ်ကြပြီး ထိုအတွေးများပေါ် အခြေပြု၍ ယုံကြည်စိတ်ကို တည်ဆောက်တတ်ကြသည်။


ဘဝ၏ကံကြမ္မာဂဏန်း(၄)ရသူများမှာလည်း လက်တွေ့သမားများပင်ဖြစ်ကာ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိူင်ကြသည်။ အတွေးအမြင် ပဓာနဝါဒီများ မဟုတ်ကြသော်လည်း ကမ္ဘာလောကကြီးကို ပိုမိုကောင်းမွန်လာအောင် လက်တွေ့ကျကျနည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်လိုသူများဖြစ်သည်။ ထိုအတူ စည်းစနစ်ကျစွာဖြင့်မိမိကိုယ်မိမိ ထိန်းချုပ်နိူင်သူများဖြစ်ကာ အခက်အခဲများကို ဖြေရှင်းရာတွင် တိကျပြတ်သားပြီး တစ်ဆင့်ချင်းစီနှင့်စနစ်တကျ ဖြေရှင်းတတ်ကြသည်။ တစ်စုံတစ်ခုလုပ်မည်ဟု ဆုံးဖြတ်ပြီးလျှင် အရှုံးမပေးတတ်ကြသော သူများလည်း ဖြစ်သလို ဖြတ်လမ်းနည်းကို လိုက်သောသူများလည်း မဟုတ်ကြပေ။ သူတို့က လုပ်ငန်းတစ်ခုကို အချိန်ကြာမြင့်စွာ အချိန်ယူပြီး အခြေခိုင်အောင် ကြိုးစားပမ်းစားဖြင့် တည်ဆောက်ကြသောသူများ ဖြစ်သည်။ တိကျခြင်း၊ ဇွဲနပဲကြီးမားခြင်းတို့က သူတို့အတွက် အောင်မြင်မူကိုရရှိစေသည့် စွမ်းအားများပင်ဖြစ်သည်။ သို့သော် သတိပြုသင့်သည်မှာ သူတို့သည် မိမမ၏အကြံအစည်များနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ကို အလျှင်စလိုမချမှတ်ရန်လိုပါသည်။ ထိုအတူ သူတပါးအပေါ် ဆရာလုပ်လိုသောစိတ်နှင့် ရိုင်းပျစွာ ဆက်ဆံချင်သောစိတ်တို့ကို ချုပ်တီးထားသင့်သည်။ သူတို့သည် အလုပ်ကို ချစ်မြတ်နိူးသူများဖြစ်သောကြောင့် ငယ်ရွယ်စဉ်ဘဝကတည်းကပင် အလုပ်ခွင်ထဲသို့ ရောက်ရှိနေတတ်ကြသူများဖြစ်ရာ မည်သည့်လုပ်ငန်းတွင်မဆို သူတို့၏ အလုပ်ကြိုးစားမူနှင့် လက်တွေ့ကျမူတို့ကြောင့် အကျိုးကျေးဇူးများကို ရရှိခံစားကြရသောသူများပင် ဖြစ်သည်။


အမည်နံပါတ် ၄ ရရှိကြသူများအတွက်မှာ သူတို့သည် နေ့စဉ်လောကတွင် သူတို့၏အရည်အချင်းများကို အသုံးချ၍ အလုပ်လုပ်ကြသူများ ဖြစ်ကာ အလုပ်နှင့်ပတ်သက်၍ လုံ့လဝီရိယရှိသော အလုပ်သမားတစ်ဦးဟု ဆိုနိူင်သည်။ သူတို့သည်  မည်သည့်စီမံကိန်းကိုမဆို ပြီးစီးရန်ကြိုးစားလိုစိတ်ရှိကြသည်။ ထိုကြောင့် သူတို့သည် အလုပ်နှင့်ပတ်သက်၍ သည်းခံခြင်းနှင့်အတူ အသေးစိတ်ကြည့်ရူ လေ့လာတတ်ကြသည်။ သူတို့၏လုပ်ဆောင်သမျှမှာလည်း စနစ်ကျ၍ လက်တွေ့ဆန်ကျသည်။ ထိုကြောင့်လည်း သူတို့သည် အလုပ်များကို ပြီးမြောက်အောင်မြင်အောင်လုပ်ဆောင်နိူင်ကြပြီး အောင်မြင်မူကို ရရှိတတ်ကြသည်။ သူတို့၏ စည်းကမ်းနှင့်ရိုးသားမှုများသည် သူတို့ကို နာမည်ကောင်းရရှိစေသည့်အပြင် သူတို့သည် အလုပ်များအတွက် ယုံကြည်စိတ်ချရပြီး လေးနက်သည့်စိတ်ထားရှိသူများဖြစ်ကြ၏။ သို့သော် သူတို့သည် သူတို့လုပ်သမျှအားလုံးမှာ လူတိုင်းအတွက်အကောင်းဆုံးဖြစ်သည်ဟုခံစားမြင်တတ်ကြပြီး အခြားသော လူအများစုအပေါ် တင်းကြပ်သောစည်းကမ်းချက်များ ထုတ်ပြန်တေတ်လေ့ရှိကြသည်။ ထိုအချက်ကို သူတို့သတိပြုကြဖို့ လိုသည်။ အခြားသူများမှာလည်း သူတို့၏စံနူန်းဖြင့် သူတို့ ရှိနေကြသည်ကို အမည်နံပါတ် ၄သမားများ သိရှိထားကြဖို့လိုပါသည်။ 


၄ဂဏန်းသမားများ အားလုံးအတွက် အချစ်ရေးနှင့်အိမ်ထောင်ရေးတွင်မူ သူတို့ကို The Dispassionate Loverဟု သတ်မှတ်ကြပြီး သူတို့ကို ကိုယ်ကျိုးမငဲ့ အရာရာကို စွန့်လွှတ်နိူင်ကာ ပကတိဖြောင့်မတ်ရိုးသားပြီး တည်ကြည်သော အချစ်ပိုင်ရှင်များဖြစ်သည်ဟု ဆိုကြသည်။ သို့သော်လည်း သူတို့၏ ဘဝလမ်းကြောင်းတွင် ကိုယ်ကချစ်ရသလောက် တူညီသောမေတ္တာကို ပြန်ရရှိရန် ခဲယဉ်းတတ်ကြပြီး များသောအားဖြင့် အိမ်ထောင်ရေး အဆင်မပြေ ဖြစ်တတ်ကာ အချို့မှာ လူပျိုကြီး ၊ အပျိုကြီးများလည်း ဖြစ်သွားတတ်ကြသည်။ သို့သော် ယင်းတို့သည် အတွင်းစိတ် အလွန်ပျော့၍ သိမ့်မွေ့ကာ ပေးဆပ်သော နှလုံးသားကို ပိုင်ဆိုင်ကြသည်။ ရင်နင့်အောင် ချစ်တတ်ကြသည်။ ၅၂၈၊ ၁၅၀၀မေတ္တာ အလုံးစုံတွင် သူတစ်ပါးထက်သာလွန်သော သံယောဇဉ် ရှိတတ်ကြသည်။ သို့သော် သူတို့ဘဝတွင် မိသားစုနှင့် အိမ်ထောင်ရေးပြဿ နာများကလည်း သူတို့ကို ကြီးမားသော စိတ်ခံစားမူ ဖြစ်ပေါ်စေကာ အထီးကျန်ဝမ်းနည်းနေစေတတ်သည်။ ထိုအခြေအနေသည်လည်း သူတို့ကို တစ်ကိုယ်ရည်သမားဖြစ်စေဖို့ တွန်းပို့နေခြင်းတစ်ခုလည်း ဖြစ်သည်။ မည်သို့ပင်ဖြစ်ဖြစ် ၄ဂဏန်းသမားတို့သည် မေတ္တာရေးပဋိပက္ခများ နှင့် မျက်ရည်များကြောင့် စိုစွတ်ခဲ့သည့်နေရက်တို့ကို ကျော်လွန်ပြီးလျှင်မူ အေးချမ်းသော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်ခွင့်ရရှိမည်မှာ အမှန်ပင်ဖြစ်သည်။ 


ထို၄ဂဏန်းသမားတို့၏ ချစ်ခြင်းမေတ္တာကို ရရှိပိုင်ဆိုင်ရသူတို့သည် အလွန်ကံကောင်းသောသူများပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော ၄ဂဏန်းသမားတို့သည် အချစ်တတ်ဆုံးသောသူများ ဖြစ်သောကြောင့်ပါပင်။ အထူးသဖြင့် ၄ဂဏန်းပိုင်ဆိုင်သော အမျိုးသားအများစုသည် အချစ်အပေါ် နားလည်မူ၊ ခံစားသိမြင်တတ်မူနှင့်အတူ အချစ်၏အရင်းအမြစ်ကို တိတိကျကျ နားလည်တတ်ကြသောသူများ ဖြစ်သည်။ ထိုယောကျာ်းတို့သည် မမျှော်လင့်ဘဲ မထင်မှတ်ဘဲနှင့် မိမိနှင့် အယူအဆ၊ သဘာဝမတူညီသော ခြားနားသောပတ်ဝန်းကျင်မှ နေထိုင်သူနှင့် မေတ္တာမျှတတ်ကြပြီး ပဋိပက္ခများစွာကြားကပင် မေတ္တာနှင့်အိမ်ထောင်ရေးကို ဖန်တီးတည်ဆောက်ကြသောသူများ ဖြစ်ကြပေသည်။ 


၄ရက်နေ့မွေးဖွားသူများ၏ အချစ်ကမူ သန့်စင်သောနှလုံးသား ၊ ရာဂလှုံဆော်မူ ကင်းမဲ့ခြင်း၊ မြင့်မြတ်သောမေတ္တာ ချစ်သူအပေါ် အလေးထားတတ်သောသူများ ဖြစ်သည်။ ချစ်ခဲသည် ချစ်မိကလည်း မပျက်ပြယ်တတ်ကြပေ။ အချစ်ရေးတွင် မှန်ကန်မူကိုသာ လိုလားပြီး အပြောင်းအလဲများခြင်းကို မနှစ်သက်ကြပေ။ သူတို့သည် ချစ်မိပြီဆိုလျှင် မပျက်ပြယ်သောအချစ်နှင့် ချစ်တတ်ကြပြီး သူတို့၏အချစ်ကို တည်မြဲနေစေသောသူများ ဖြစ်သည်။ သို့သော်လည်း သူတို့သည် အချစ်ရေးတွင်မူ မနာလိုမူများ၊ သွေးခွဲသော ဘေးစကားများ၊ ချစ်သူ၏နိူင်လိုမင်းထက်ဆက်ဆံမူများကို ခံစားကြရတတ်သည်ဆိုသော်လည်း သူတို့သည် အနှောင့်အယှတ်မည်မျှရှိပါစေ သူတို့၏ သန့်စင်သောနှလုံးသားဖြင့် ရန်အားလုံးကိုကျော်ဖြတ်နိူင်သည်ဆိုပါက အေးချမ်းသော အချစ်နှင့်အိမ်ထောင်ရေးကို တည်ဆောက်နိူင်ကြလိမ့်မည် ဖြစ်ပါသည်။


၄ နှင့် ပတ်သက်သူအားလုံးအတွက် အထူးသတိပြုရန်အချက်တစ်ခုကို နောက်ဆုံးအနေဖြင့် ဖော်ပြပေးချင်ပါသည်။ နံပါတ် ၄သည်လည်း နျူမယိုလောဂျီပညာရပ်တွင် စိတ်ဝင်စားစရာကောင်းသော နံပါတ်တစ်ခုပင်ဖြစ်၏။ ထိုနံပါတ် ၄သည် ပထဝီ၊ ဝါယော၊ အာပေါ၊ တေဇောဆိုသော မူလဘူတဓာတ်ကြီး၄ပါးကိုလည်း အထူးပြုထားသည်။ မြန်မာဗေဒင်ပညာရပ်တွင် ၄ကို ဗုဒ္ဓဟူးဂြိုလ်၏ ကိုယ်စားပြုနံပါတ်အဖြစ် ဖော်ပြပြီး အနောက်တိုင်း နျူမယိုလောဂျီတွင်မူ ၄မှာ ယူရေးနပ်စ်ဂြိုလ်ကို ကိုယ်စားပြုပေးသောနံပါတ်အဖြစ် ဖော်ပြသည်။ ထူဆန်းသည်မှာ မြန်မာဗေဒင်အယူအဆတွင် ၄ကိုနှစ်ဆဟွးပါက ၈ရရှိပြီး ထိုနံပါတ်၈မှာ ရာဟုဂြိုလ်ကို ကိုယ်စားပြုဖော်ပြလေရာ ဗုဒ္ဓဟူးဂြိုလ်နှင့်ရာဟုဂြိုလ်မှာ လုံးဝကို မတည့်သော ရန်ဘက်ဂြိုလ်များဖြစ်နေသည်ကို တွေ့ရသည်။ ထိုကဲ့သို့ပင် နျူမယိုလောဂျီတွင် ၈မှာ စနေဂြိုလ်ကို ကိုယ်စားပြုဖော်ပြပြီး ယူရေးနပ်စ်နှင့်စနေဂြိုလ်မှာလည်း လုံးဝမတည့်သော ရန်ဘက်ဂြိုလ်များ ဖြစ်နေသည့်ကို အလွန်တိုက်ဆိုင်စွာတွေ့ရသည်။ ထိုကြောင့် ၄သည် ၈ နှင့်တွေ့သောအခါတိုင်း ပြဿ နာများကို ကြုံကြရသည်။ ထိုကဲ့သို့ ပြဿ နာဖြစ်တိုင်း နောက်ဆုံး၈က အနိူင်ရသွားသည်ကိုလည်း အံသြစွာတွေ့ရပြန်သည်။ ဥပမာပြရလျှင် ဗိုလ်ချုပ်အောင်ဆန်းမှာ ၄သမားဖြစ်ပြီး ဂဠုန်ဦးစောမှာ ၈သမားဖြစ်သည်။ ထို့ကြောင့် ၄နှင့် ပတ်သက်နေသူအားလုံးသည် နံပါတ်၈နှင့်သက်ဆိုင်သည့် အရာများကို သတိထားကြရန် အထူးလိုအပ်သည်။ အသက်နှင့်ကြည့်မည်ဆိုလျှင် ၁၇နှစ်၊ ၂၆နှစ်၊ ၃၅နှစ်၊ ၄၄နှစ် စသကဲ့သို့သော အသက်အပိုင်းအခြားများတွင် ကံဆိုးမူများ ဖြစ်ပေါ်စေတတ်သည်။ ထိုအတူ ၄နှင့်၈တွဲနေသော ၄၈နှစ်ကိုလည်း အထူးဂရုစိုက်ရမည် ဖြစ်သည်။ သက္ကရာဇ်နှင့်ကြည့်မည်ဆိုလျှင် ၂၀၀၆ခုနှစ်၊ ၂၀၂၄ခုနှစ် စသကဲ့သို့သော ခုနှစ်များကို သတိပြုသင့်ပေသည်။ ထိုသက္ကရာဇ်များတွင် ၄သမားများသည် ကျန်းမာရေးအလွန်ညံဖျင်းတတ်၏။ 


ဂဏန်းများပေါ်င်းစပ်မူအနေဖြင့် ၄နှင့်၇ဂဏန်းတို့၏ ပေါ်င်းစပ်မူသည် ရလဒ်အနေဖြင့် ၄ဂဏန်းသမားတို့အတွက် ၇ဂဏန်းသမားများမှာ အကျိုးအမြတ်ကိုမမျှော်ကိုးဘဲ အင်အားပေးစွမ်းသူများဖြစ်သည့်အပြင် မိတ်ဆွေဖက်၊ စီးဟွးဖက်၊ အိမ်ထောင်ဖက်အဖြစ်သို့ ရွေးချယ်ရန်သငိ့တော်လှသည်။ ၇ဂဏန်းမှာ အမျိုးသမီးဖြစ်၍ ၄ဂဏန်းမှာအမျိုးသားဖြစ်ပါက အလွန်မှပျော်စရာကောင်းသောအတွဲဟုပင် ဆိုနိုင်ပါသည်။ 


၄ဂဏန်းနှင့်၆ဂဏန်းပေါ်င်းစပ်ခြင်းကမူ နှစ်ဦးစလုံးမှာ ငွေကြေးကို မလိုအပ်ဘဲ ဖြုန်းတီးတတ်ကြသူများဖြစ်သောကြောင့် စီးဟွးဖက်ဖြစ်ပါက အရှုံးပေါ်ကြရလိမ့်မည်။ ထိုအတူ အိမ်ထောင်ဘက်အဖြစ်နှင့်လည်း အဆင်မပြေသည်က များတတ်ကြလိမ့်မည်ဖြစ်သည်။ 


အိမ်နံပါတ် ၄။ အိမ်နံပါတ်များပေါ်င်းခြင်းအားဖြင့် ၄ရရှိသောအိမ်သည် ဘယ်အရာကိုမှ ကြိုတင်ခန့်မှန်းပြ၍မရနိူင်သော အိမ်အမျိုးအစားပင်ဖြစ်သည်။ ထိုအိမ်အမျိုးအစားသည် စိတ်လှုပ်ရှားဖွယ်ရာ ကောင်းသလို၊ အန္တရာယ်များနှင့် ကစားနေတတ်သောအိမ်လည်း ဖြစ်သည်။ ထိုအိမ်တွင်နေထိုင်သူအများစုမှာ စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်သူများ ဖြစ်ကြသည်။ ထိုအိမ်သို့ရောက်ရှိလာသူများသည် ဘဝ၏ပုံစံများပါ ပြောင်းလဲသွားတတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဘဝ၏အပြောင်းအလဲများစွာတို့သည် သူတို့အား စိန်ခေါ်ကြလိမ့်မည်ဖြစ်သောကြောင့်ဟူ၏


၄ဂဏန်းတို့၏ ရာသီခွင်မှာ သိလ်ရာသီဖြစ်သည်။


ဖြစ်တတ်သည့်ရောဂါများအနေဖြင့်မူ ၄ဂဏန်းသမားများသည် သာမန်ရောဂါ စိစစ်ခြင်းမျိုးနှင့် မလွယ်ကူသည့် ရှုပ်ထွေးထူးဆန်းသော ရောဂါများကို ခံစားကြရတတ်သည်။ ယင်းတို့တွင် စိတ်အာရုံ နောက်ကျိတတ်သည့်ရောဂါ၊ သွေးဆုတ်ယုတ်သည့် ရောဂါ၊ ဦးခေါ်င်းနှင့်ပတ်သက်သောရောဂါ၊ ဆီးအိမ်နှင့် ကျောက်ကပ်တို့တွင် နာကျင်ကိုက်ခဲသည့်ရောဂါများ၊ သွေးနှင့်ပတ်သက်သည့်ရောဂါများ၊ သွေးတိုး၊ လေဖြတ်ခြင်းနှင့် ထိခိုက်ရှနာများ၊ လိပ်ခေါ်င်းရောဂါများ နှင့် အသက်ရူလမ်းကြောင်းဆိုင်ရာရောဂါများ အများဆုံး ဖြစ်ဟွးတတ်ကြသည်ကို တွေ့ရှိရပါသည်။

တွေ့ကြုံနိူင်သော ဘေးအန္တရာယ်အားဖြင့် မီးဘေးအန္တရယ်များနှင့် အက်စီဒင့်များ ကြုံကြရတတ်သည်။


၄သမားတို့အတွက် အကောင်းဆုံးဖြစ်သည့် ဓာတ်စာများမှာ ပဲ၊ စပျစ်၊သံပုရာ၊ လိမ္မောတို့ပင်ဖြစ်သည်။ သတိပြုရမည်မှာ ယင်းတို့အနေဖြင့် ရာသီပေါ်သီးနှံများကို အလွန်အမင်းစားသုံးခြင်းမျိုး မပြုလုပ်ကြရန်ပင် ဖြစ်သည်။

ကံကောင်းစေသောအရောင်အားဖြင့် ၄သမားများသည် ဖျော့တော့တော့ အရောင်များ၊ ပြာလဲ့လဲ့အရောင်များ၊ အညိုရောင်နှင့် မီးခိုးရောင်များကို အသုံးပြုသင့်သည်။


ကံကောင်းစေသော ရတနာအားဖြင့် နီလာ (အညိုမှိုင်းရောင်)၊ ရွှေ တို့ကို ဝတ်ဆင်သင့်သည်။ လက်စွပ်အနေဖြင့်မူ လက်သန်းတွင် ဝတ်က ကံကောင်း မူကို ပိုရရှိစေတတ်သည်။

သူတို့အတွက် ကံဆိုးမူကို ဖြစ်စေနိူင်သော အရောင်များကမူ အနီရင့်နှင့်အနတ်ပင်ဖြစ်သည်။

ကံကောင်းမူကို ဖြစ်စေတတ်သော လများမှာ ဇန်နဝါရီ၊ဧပြီနှင့်သြဂုတ်တို့ ဖြစ်ကြသည်။ 


ကံကောင်းစေသောနေ့များမှာ တနင်္ဂနွေနှင့် တနလာင်္နေ့တို့ပင် ဖြစ်သည်။ 


ထင်ရှားသော ၄ရက်နေ့ မွေးဖွားသူများမှာ

 တွေးခေါ်ပညာရှင် ဖရန်စစ်ဘေကွန်း(May 4)၊ ပန်းချီဆရာလော့လိုင်တန်(Dec 4)၊ တွေးခေါ်ပညာရှင်သောမတ်စ်ဟတ်စ်လေ(May 4)၊ 

စာရေးဆရာနသာနီယမ်ဟောသွန်(July 4)


ကိုးကား

ဆရာစံဇာဏီဘို၏ သင့်မွေးရက်နှင့် အချစ်ကံကြမ္မာ

#ဆရာလူဝင်းအောင်၏ ဟိန္နူနည်းစနစ် ဂဏန်းဗေဒပညာ

#ဆရာစောစံ(B.A)၏ ကိုင်ရို၏ဂဏန်းဗေဒင်


Oct17.2020

Minsetwai

Wednesday, September 30, 2020

Number-43

#Number 43 #XLIII နံပါတ် ၄၃သည် မှော်အတတ်ဆိုင်ရာများ၊ နက္ခတ်ဗေဒင်ဆိုင်ရာများ၊ ဂဏန်းသင်္ချာဆိုင်ရာများ၊ ဝိညာဉ်ရေးရာများကို စိတ်ဝင်စားသော သဘောသဘာဝရှိသည်။ ၄၃ကို ပညာရှင် အများစုက ကံမကောင်း အကြောင်းမလှသော နံပါတ်ဟု သတ်မှတ်ကြသည်။ ထိုဂဏန်း၏ စရိုက်တွင် တော်လှန်ပုန်ကန်ခြင်း၊ ထကြွလှုပ်ရှားခြင်း အန်တုဖတ်ပြိုင်ခြင်း၊ အရေးနိမ့်ခြင်းနှင့် အနှောင့်အယှတ်များခြင်းတို့ ပါဝင်ဆက်စပ်နေသည်။ ရုပ်ပိုင်းဆိုင်ရာ အားနည်းမူကိုလည်းပြသည်(နံပါတ်၇တွင် တခါတရံစိတ်ဆောင်၍ ကိုယ်မပါသောအချက်နှင့် ယှဉ်ကြည့်သင့်သည်။)။ အိန်ဂျယ်နံပါတ်များတွင်မူ ဝိညာဉ်ရေးရာ၌ အင်အားကောင်းမွန်မူကို ပြဆိုသည်။ ထိုနံပါတ် ၄၃နှင့် သက်ဆိုင်သော သူများမှာ သူတို့ဘဝမှာ အချိန်နဲ့အမျှ အခြေအနေ အမျိုးမျိုးတို့တွင် နေ့စဉ်ကြုံတွေ့ရမည့် ပြဿ နာနှင့် အခက်အခဲတို့ကို မည်သို့ဖြေရှင်းရသည်ကို ဂရုတစိုက် လေ့လာကြရမည်။ များသောအားဖြင့်မူ သူတို့သည် အခက်အခဲတရပ်ရပ်ကို မဖြေရှင်းမီ ထိုအခြေအနေနှင့် ပတ်သက်သည့် အရာအားလုံးကို ဆန်းစစ်လေ့လာတတ်ကြပြီး ဖြစ်နိူင်ချေများကို နိူင်းယှဉ်၍ အဖြေထုတ်တတ်ကြသည်။ ထိုသို့အဖြေထုတ်နိူင်ရန်မှာ သူတို့ဘဝ၏ အချိန်နှင့်အမျှ တွေ့ကြုံလာခဲ့သည့် အခက်အခဲမြောက်မြားစွာတို့သည် သူတို့ မည်သို့မည်ပုံ ပြန်လည်ဖြေရှင်းရမည်ကို သင်ကြားပြသပေးခြင်းပင် ဖြစ်သည်။ ခက်ခဲသောရာများသည် မကြာခဏ သူတို့ဆီ ရောက်လာနေကြမည်ဖြစ်ရာ နေ့စဉ်တိုင်းမှာ ထိုအခက်အခဲများကို မဖြေရှင်းပဲ ချန်ထားခဲမည်ဆိုပါက နောင်တချိန်မှာ အခက်အခဲများအားလုံး စုဝေးပုံလာရကာ သူတို့၏ ကောင်းမွန်သောအနာဂတ်ကို ဖျတ်စီးလိမ့်ကြမည် ဖြစ်သည်။ ထိုကြောင့် အခက်အခဲများကိုရင်ဆိုင်ဖို့ အားအင်ပြည့်ဝနေဖို့လိုသည်။ ထိုအတွက် နေ့စဉ်ကြုံတွေ့နေရသော အဖြစ်အပျက်များမှတဆင့် လေ့လာသင်ယူပါ။ ဘဝသည် ခက်ခဲသော်လည်း ယင်းကိုဖြတ်ကျော်၍ မိမိပန်းတိုင်ကို အကောင်အထည်ဖော် ဆောင်ရွက်နိူင်သည်ဟု အမြဲယုံကြည်ထားရမည် ဖြစ်သည်။ ၄၃သည် အရာရာပေါ်တွင် လက်တွေ့ကျကျ ခွဲခြမ်းစိတ်ဖြာတတ်သော ဗီဇရှိကြပြီး သူတို့၏ ကောင်းမွန်သော အာရုံစူးစိုက်နိူင်စွမ်းကြောင့် သူတို့၏အတွင်းစိတ်မှာ အားအင်ဖြစ်တည်နိူင်သည်။ တစ်နည်းအားဖြင့် ထိုနံပါတ်သည် ထိုးထွင်းသိမြင်တတ်သော ညဏ်ပညာ၏စွမ်းအားပင် ဖြစ်သည်။ ထိုစွမ်းအားသည် သူတို့ကို ရုပ်ဝါဒ၌ စွဲလမ်းမူမဖြစ်ပေါ်အောင် ကားစီးထားပေးသည်။ ၄၃တို့သည် ပျော်ရွှင်မူဆိုသော ဝေါဟာရအား နားလည်မူလွဲမှားစွာဖြင့် မတည်ဆောက်သင့်။ ဘဝတစ်သတ်တာ၌ အောင်မြင်ဖို့ အခွင့်အရေးနည်းသည်ဆိုသော်လည်း မိမိဘဝ၏ ရည်မှန်းချက်ပန်းတိုင်ကို ချမှတ်ထားရမည်(နံပါတ်၇တွင် ငယ်စဉ်ကတည်းက စိတ်ဓာတ်ကြံခိုင်ဖို့အတွက် လေ့ကျင့်ထားဖို့လိုကြောင်း ဆွေးနွေးထားချက်နှင့် ယှဉ်ကြည့်ပါ။)။ ဘဝကို အကောင်းမြင်သောစိတ်ဖြင့် ရှင်သန်ရမည်။ အရာရာကိုတွေးတောဆင်ခြင်၍ လုပ်ကိုင်ရမည်။ ချစ်ခြင်းမေတ္တာတရားဖြင့် နေထိုင်ရကြရမည် ဖြစ်သည်။ မိမိတို့ဘဝ၏ လုပ်ဆောင်ချက်တိုင်းကို စိတ်အားထက်သန်မူဖြင့် လည်ပတ်မောင်းနှင်ရမည်။ ဘဝတွင် မည်သို့သောကိစ္စမျိုးကို ကြုံတွေကြပါစေ။ စိတ်အားထက်သန်မူ သူတို့ဘဝထဲက မပျောက်ပျက်သွားဖို့သည်သာ အရေးအကြီးဆုံးအချက် ဖြစ်သည်။ ပြီးလျှင် ဆိတ်ငြိမ်သောနေရာများတွင် နေထိုင်ကြသင့်သည်။ အမည်ဂဏန်းပေါ်င်းစပ်မူတွင် ၄၃ရရှိပါက မကောင်း။ ထိုအမည်သည် ရုပ်ပိုင်းရော၊ စိတ်ပိုင်းရော အားနည်းလှသော အမည်ဖြစ်သည်။ အမည်တွင် ပေါ်င်းလဒ် ၄၃ရရှိခြင်းအားဖြင့် အိမ်ထောင်ရေး၊ အလုပ်အကိုင်၊ စီးဟွးရေးဆိုင်ရာများတွင် အောင်မြင်မူကိူ မရတတ်ကြ။ အရှုံးကိုသာ တွေ့ကြုံကြတတ်သည်။ [မှတ်ချက်။ ။ နံပါတ် ၇တွင် ဆုံးဖြတ်ချက်အမှားကြောင့် ဆုံးရှုံးမူများ ကြုံရတတ်သည်ဟု ဖော်ပြထားချက်ရှိသည်။] ထိုနံပါတ်၏ အဓိပ္ပါယ်သည် ချစ်ခြင်းမေတ္တာနှင့် ငြိမ်သက်ခြင်းဟူသော အသွင်ကိုဆောင်သည်။ သူတို့သည် ရုပ်ဝထ္ထူများအပေါ် စိတ်ဝင်စားခြင်းမရှိတတ်ကြ။ တခါတရံတွင် မည်သည့်အရာကိုပဲလုပ်လုပ် သူတပါးကောင်းကျိုးကို ရည်ရွယ်လုပ်ကိုင်ကြသည်။ လူတစ်ဦးတစ်ယောက်သည် မကြာခဏဆိုသလို ၄၃နှင့် ကြုံတွေ့နေရသည်ဆိုလျှင် ယင်းမှာ ကိုယ်ရည်ကိုယ်သွေး တိုးတတ်ဖွံဖြိုးမူနှင့် ဖန်တီးမူနယ်ပယ်များ ပိုမိုအားကောင်းလာကြောင်းကို ပြဆိုသည်။ လူတို့၏ခံစားချက်များအပေါ် နားလည်မူစွမ်းရည်များ ပိုမိုမြင့်မားလာသည်ကို ထူးခြားစွာ မြင်တွေ့ရမည်ဖြစ်သည်။ အနာဂတ်တွင် ဆိုကျိုးရစေတတ်သည်ကမူ အကြံအစည်များလွဲချော်တတ်ခြင်း၊ ေ့ရှတိုးမရ၊နောက်ဆုတ်မရသော အခြေအနေများနှင့် ကြုံရတတ်ခြင်း၊ အရှုံးပေးလိုစိတ်များဖြစ်ပေါ်တတ်ခြင်းမျိုးကို ကြုံရတတ်သည်။ အကယ်၍ ထိုဒုက္ခမှ လွန်မြောက်ပြီးလျှင်မူ သုခတရားသည် ထိုသူတို့အတွက် ကျိန်းသေပေါ်က် ရောက်ရှိလာပါလိမ့်မည်။ ငွေကြေးများ မကုန်သင့်ဘဲ ကုန်ကျ၍ အလေအလွင့်၊အပျက်အစီးများတတ်သည်ကိုလည်း သတိပြုဖို့ လိုပါသည်။ ထိုနံပါတ်နှင့်ဆိုင်သူများတွင် သူငယ်ချင်း အနည်းငယ်မျှသာ ရှိတတ်ကြသည်။ ထိုသူငယ်ချင်းများအပေါ်မှာလည်း အလွန် ခင်မင်တတ်သည်။ ဒုက္ခရောက်လျှင်လည်း ကူညီပေးတတ်သည်။ သို့သော်လည်း လူအများစုက နားမည်နိူင်ကြသလို နားလည်မူလည်း မပေးကြ။ ထိုသူတို့၏ အာရုံစူးစိုက်မူကို ခံရဖို့အတွက်မှာ မိမိကိုယ်မိမိ ပို၍ကောင်းမွန်အောင် လုပ်ဆောင်နိူင်သောနည်းလမ်းများအား ရှာဖွေကြရမည် ဖြစ်သည်။ ပေါ်င်းသင်းဆက်ဆံမူတွင် မည်သူကိုမဆို သတိထား၍ ပေါ်င်းသင်းရမည်။ လုပ်ငန်းခွင်တွင်လည်း မိမိလုပ်ဖော်ကိုင်ဖတ်များ၏ လုပ်ဆောင်မူတို့မှာ မိမိကို ထိခိုက်မူဖြစ်စေသလား ဆိုတာမျိုးကို လေ့လာကြရမည်။ တင်းမာသော အခြေအနေများ မဖြစ်ပေါ်စေရန် သတိပြု နေထိုင်ရမည်။ မိမိထင်မှတ်မထားသော သူများက မိမိကို ဒုက္ခပေးတတ်ကြပါသည်။ နံပါတ်၄၃၏ အိမ်ထောင်ရေးသည် မိသားစုဘဝလုံခြုံမူကို အဓိကထား တည်ဆောက်ရမည်။ မိမိ၏ အိမ်ထောင်ဖက်အပေါ် အလေးထား ဆက်ဆံရမည်။ အချိန်ပေးရမည်။ သို့မှသာ မိမိတို့ဘဝ၌ စိန်ခေါ်မူများကို ကြုံတွေ့ရသည့်အခါ ထိုသူတို့က မိမိကို လမ်းပြပေးကြမှာ ဖြစ်သည်။ ဘယ်အရာကိုမှ အရှုံးမပေးမိဖို့ လိုပါသည်။ မိသားစုနှင့်အိမ်ထောင်ရေးတွင် နှောင်ကြိုးများကို ခိုင်မြဲအောင် တည်ဆောက်ရမည်။ မိမိ မိသားစုဘဝဖြစ်တည်မူကို အခြားသောမိသားစုအခြေအနေများနှင့် နိူင်းယှဉ်သုံးသပ်ခြင်းမျိုး မလုပ်သင့်ပေ(နံပါတ်၇တွင် မိမိကိုယ်မိမိပြန်လည်သုံးသပ်နေရာမှာ ပတ်ဝန်းကျင်နှင့် ဝေးကွာရသောအခြေအနေကို ယှဉ်၍သုံးသပ်ပါ။)။ ယခုထက်ပိုမိုသိလိုပါလျှင် နံပါတ်၇၌ အကျယ်တဝင့်ပြဆိုထားပြီး ဖြစ်သောကြောင့် ၇ကို ဆက်လက်လေ့လာသင့်ပါကြောင်း။

၄၃၏ အထင်ကရမှတ်တမ်း BC43တွင် ရောမနိူင်ငံရေးသမား၊စာရေးဆရာ စီစီယို ကွယ်လွန်သည်။

ကိုးကား affinumerology.com sunsings.org 3:09AM Sep30.2020 Minsetwai

Number-7

နျူမယိုလောဂျီအား လေ့လာခြင်း

Nuumber-7

7, 16, 25, 34, 43

နံပါတ် ၇အကြောင်းကို မဖော်ပြမီ သိစေလိုသည်မှယခု
ဆွေးနွေးထားချက်များတွင်

အမည် ၇ ရသူများ

၇ ရက်နေ့မွေးသူများ

ဘဝ၏ကံကြမ္မာနံပါတ် ၇ ရသူများ 

အိမ်နံပါတ် ၇ အပြင် 

အခြားသော အကြောင်းအမျိုးမျိုးကြောင့် ထိုနံပါတ်နှင့် ဆက်စပ်နေသူများအားလုံးအတွက် တစုတစည်း ဖော်ပြပေးထားသောကြောင့် ၇ ရက်နေ့မွေးဖွားသူ မဟုတ်သော်လည်း အခြားသက်ဆိုင်မူရှိပါက လေ့လာထားရန် လိုအပ်ပါသည်။ နံပါတ် ၇သည် နတ်ပကျွန်းဂြိုလ်၏ အထိမ်းအမှတ် လက္ခဏဖြစ်သည်။ မည်သည့်လတွင်မဆို ၇ ရက် ၊ ၁၆ ရက် ၊ ၂၅ ရက် မွေးဖွားသောသူများသည် နံပါတ် ၇သမားများချည်းဖြစ်သည်။ နတ်ပကျွန်းဂြိုလ်သည် တနင်္လာဂြိုလ်နှင့် အစဉ်ဆက်စပ်လျှက်ရှိသော ဂြိုလ်လည်း ဖြစ်သည်။ နတ်ပကျွန်းသည် ရေ နှင့် ထူးခြားစွာ ဆက်နွယ်လျှက်လည်း ရှိ၏။ မှတ်တမ်းများအရ ဖော်ပြရလျှင်မူ

သမ္မာကျမ်းစာများနှင့် အီဂျစ်လူမျိုးတို့၏ ဘာသာအယူဝါဒများတွင် ၇ ဂဏန်းကို ဝိညာဉ်တော် သို့ ဘုရားသခင်၏ တန်ခိုးတော်တို့ကို ညွှန်းဆိုဖော်ပြသည့်ဂဏန်းတစ်ခုအဖြစ် တွေ့ရသည်။ ရှေးအကျဆုံးသော ယူဆချက်တစ်ခုမှာမူ ယင်းဂဏန်းသည် အဆုံးအစမရှိသော ကိန်းဂဏန်းကို စားနိူင်ပြီး ၊ ထိုသို့ ဆက်၍ ဆက်၍ စားသွားသဖြင့် ရရှိသည့်ရလဒ်သည် ၁၄၂၈၅၇သာ ဆက်တိုက်ရရှိသွားပြီး ပြန်ပေါ်င်းသော ၉ဂဏန်းချည်း ပြန်ရသည့် အယူအဆဖြစ်သည်။ 

ရှေးယခင်က ၇ ဂဏန်းကို လ၏ကိုယ်စားပြုဂဏန်းဟု ယူဆခဲ့ကြသည်။ ယနေ့ခေတ်ယူဆချက်ကမူ ၇ဂဏန်းကို နတ်ပကျွန်းဂြိုလ်က စိုးမိုးထားသည်ဟု ယူဆခဲ့ကြသည်။ နတ်ပကျွန်းဂြိုလ်သည် ပင်လယ်၊ သမုဒ္ဒရာများကိုလည်း စိုးမိုးထားသော ဂြိုလ်ဖြစ်သည်။

အနောက်တိုင်းမှ ရှေးဟောင်းအယူအဆတစ်ခုတွင်မူ ၇ ဂဏန်းသည် စိုးမိုးခြယ်လှယ်မူဟု ယူဆပြီး ဟီးဘရူးလူမျိုးများတွင်မူ ကောင်းကင်တမန် ၇ ပါး ပေါ်ထွန်းသည်။ 
ကမ္ဘာဂန္ဓာရီပညာရပ်များတွင်မူ ဂြိုလ်ကြီးခုနှစ်လုံးနှင့် ဂြိုလ်မင်း ခုနှစ်ပါးရှိ၏။ 

၇ ဂဏန်းသည်သည် စိတ်ဝိညာဉ်နှင့် ပတ်သက်သည့်သဘော၊ ဖန်တီးမူစွမ်းအင်များကို ကိုယ်စားပြုသော အသွင်များကို ဆောင်သည်။ ယင်းသည် ဖန်တီးမူသဘောကို ဆောင်သောကြောင့် လူသားတို့၏ စိတ်ဓာတ်ရေးရာ တိုးတတ်ဖြစ်ထွန်းမူကို စေ့ဆော်ပေးသည်။ ထိုကြောင့်လားတော့မသိ။ ၇သမားအများစုသည် ဘာသာအယူဝါဒဆိုင်ရာများတွင်လည်း ထူးခြားသော အယူအဆများ ရှိနေတတ်ကြသော သူများလည်း ဖြစ်သည်။ သူတို့သည် ရှေးအစဉ်အလာများအတိုင်း လိုက်နာကျင့်သုံးရသောကိစ္စများကို မနှစ်ငက်ကြပေ။ သူတို့သဘောကျသော အယူဝါဒကိုသူတို့စိတ်အလိုအတိုင်း ပြဋ္ဌာန်းပြီး လိုက်ပါဆောင်ရွက်တတ်ကြသည်။ ထူုးခါးသော လောကီပညာရပ်များကိုလည်း စိတ်ငင်စားတတ်ကြသည်။ ထူးခြားသော အချက်ကမူ သူတို့တွင် အလိုလို ထိုးထွင်းသိမြင်တတ်သော ပါရမီမျိုးရှိနေတတ်ကြပြီး တခြားသူအပေါ် လွမ်းမိုးနိူင်သော ညှို့ဓာတ်များလည်း ရှိကြသည်။ ပိုက်သာဂိုးရပ်စ်သည် ၇ကို စိတ်ပိုင်းဆိုင်ရာစွမ်းအင်ကြီးမားသော နံပါတ်တစ်ခုအနေဖြင့် အလွန်နှစ်ခြိုက် သဘောကျခဲ့သည်။ 

နံပါတ် ၇ ကို လူအချို့သည် Lucky Sevenဟု ခေါ်ဆိုကြပြီး ယင်းမှာ ငွေကြေးဆိုင်ရာများနှင့် ပက်သတ်သောကံကောင်းမူဟု ထင်ထားကြသည်။ အမှန်တကယ်က ထိုသို့မဟုတ်ပါ။ ၇၏ ကံကောင်းမူဆိုသည်မှာ ငွေကြေးဆိုင်ရာနှင့် ပတ်သက်သည်မျိုး မဟုတ်ဘဲ ခက်ခဲခြင်းများ၊ ကျဉ်းထဲကျပ်ထဲရောက်ရသော အချိန်အခါများတွင် ကံကောင်းတတ်ခြင်းကိုသာ ဆိုလိုခြင်းဖြစ်ပါသည်။ သူတို့သည်  ခရီးသွားရခြင်းကို အလွန်နှစ်သက်သူများဖြစ်သည်။ ၇ဂဏန်းသမားအများစုကို လေ့လာကြည့်မည်ဆိုလျှင် အလွန်ဖန်တီးမူ အားကောင်းကြသော ကဗျာဆရာများ၊ ပန်းချီဆရာများ၊ စာရေးဆရာများ နှင့် သရုပ်ဆောင်များဖြစ်နေကြသည်ကို တွေ့ရသည်။ အဘယ်ကြောင့်ဆိုလျှင် သူတို့သည် အလွန်အမင်း စိတ်ခံစားမူပိုင်းတွင် အားကောင်းကြသလို ပြင်းထန်လှသော စိတ်ခံစားချက်ရှိသူများလည်းဖြစ်သည်။ ထိုကြောင့် သူတို့၏ ထူးခြားသောအမြင်၊ ထူးခြားသော အတွေးအခေါ်များကို ယင်းတို့ရေးသားသော စာ၊ ကဗျာ၊ ပန်းချီတို့တွင်လည်း ဖော်ပြတတ်ကြသည်။

၇ဂဏန်းသမားများသည် စီးဟွးရေးအလုပ်အပိုင်များနှင့်ပက်သတ်ပြီး စိတ်ကူးနှင့်အကြံညဏ်ကောင်းများလည်း ရှိတတ်ကြသည်။ သူတို့၏ အလုပ်အကိုင် အခြေအနေ ချောမောပြေပြစ်နေသမျှ ကာလပတ်လုံး မည်မျှသော အလုပ်ပမာဏဖြစ်ပါစေ ပြီးမြောက်အောင် ဆောင်ရွက်နိူင်စွမ်းရှိကြသည်။ သူတို့ စိတ်ပါဝင်စားသော အလုပ်အပေါ်၌ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်တတ်ကြသည်။ လက်ရုံးရည်ထက် နှလုံးရည်က ပိုမိုထက်မြက်ကြသည်။ တခါတရံတွင်လည်း စိတ်ကဆောင်ပြီး ကိုယ်ကမပါသလို ဖြစ်ကြရသည်။ သူတို့၏ ပင်ကိုယ်စရိုက်များမှာ စပ်စုတတ်ခြင်း၊ အမေးအမြန်းထူခြင်း၊ လိမ္မာပါးနပ်ခြင်း၊ ညဏ်ရည်ညဏ်သွေးရှိခြင်း၊ အလောတကြီးနိူင်ခြင်း၊ အေးတိအေးစက်နေတတ်ခြင်း၊ မအိပ်မစားနေတတ်ခြင်း၊ စိတ်လှုပ်ရှားမူမြန်ခြင်း၊ အာရုံကြော ချွတ်ယွင်းခြင်း၊ ဘာသာရေး ယုံကြည်မူ ပြင်းထန်ခြင်းများ ပါဝင်သည်။ တခါတရံတွင်လည်း သူတို့၏ စရိုက်မှန်ကို သူတို့ကိုယ်တိုင် ပြန်လည်သုံးသပ်နေတတ်ကြ၏။ ထိုအချိန်တွင် သူတို့သည် အရှိန်ပြင်းစွာနှင့် တိတ်ဆိတ်ငြိမ်သက်သွားကြကာ ပတ်ဝန်းကျင်အနေအထားမှာ သဟဇာတမဖြစ်နိူင်ကြတော့ချေ။ 

၇ဂဏန်းသည် ဂုဏ်ထူး၊ ရာထူးရခြင်းတို့၏နိမိတ်ကို ရည်ညွှန်းပြသည့်အပြင် အငြိမ်မနေထိုင်တတ်ခြင်းကိုပြဆိုသော ဂဏန်းလည်ဖြစ်သည်။ အတွေ့အကြုံ များခြင်းကို ဖော်ပြသော နိမိတ်ပုံကိုလည်း ဆောင်သည်။ ထိုဂဏန်းနှင့်သက်ဆိုင်သူအများစုမှာ စိတ်နေစိတ်ထားကောင်းမွန်သူများ ဖြစ်ကြပြီး သရုပ်ခွဲစိစစ်တွေးခေါ်နိူင်သူများလည်း ဖြစ်ကြသည်။ အထူးသဖြင့် အာရုံစိုက်နိူင်စွမ်း အလွန်ကောင်းကြသူများဖြစ်ပြီး လွတ်လွတ်လပ်လပ်တွေးတော လုပ်ကိုင်တတ်ကြသလို ကိုယ်ပိုင်ညဏ်ရှိပြီး ထူးချွန်စွာ ကြံဆလုပ်ကိုင် တတ်ကြသူများလည်း ဖြစ်သည်။ တီထွင်စိတ်ကူးညဏ် ရင့်သန်ပြီး အတွေးကောင်း၏။ သဘောတရားများကိုလည်း ထိုးထွင်းသိမြင်တတ်ကြ၏။ သူတို့ကိုယ်တိုင်မှာလည်း သုတေသနလုပ်ခြင်းနှင့် ပဟေဋိများကို အဖြေရှာရခြင်းအပေါ် အလွန်ဝါသနာပါကြသည်။ သို့သော် သူတို့၏ ဆိုးဝါးသော အချက်အလက်များကမူ အခြေအနေတစ်ခုကို အလွယ်တကူဖျက်စီးပစ်တတ်ခြင်း၊ ကပျက်ကယက်လုပ်ခြင်း၊ တော်လှန်ဆန့်ကျင်လိုစိတ်ရှိခြင်း၊ ပြတ်သားစွာမဆုံးဖြတ်ခြင်း၊ အပြောင်းအလဲမြန်ခြင်းတို့ပင်ဖြစ်သည်။ သူတို့သည် ကိုယ်ပိုင်လွတ်လပ်ခွင့်ကို တန်ဖိုးထားတတ်ကြပြီး အနှောင့်အယှတ်ပေးခြင်းခံရပါက လွန်စွာမှ ဒေါသဖြစ်တတ်ကြသည်။ စိတ်တိုလွယ်သူများလည်း ဖြစ်ကြသည်။

၇ဂဏန်းသမားတို့သည် ပေါ်င်းရသင်းရ လက်ပေါ်က်ကပ်၊ ပြောရဆိုရလက်ပေါ်က်က်သည့်သူလည်းဖြစ်ကြရာ သူတို့၏ဘဝတစ်လျှောတ်တွင် ကံဆိုးစေသော ဆုံးဖြတ်ချက်များကို ခဏ ခဏချမိကြပြီး ဆုံးရှုံးရခြင်းကို မကြာခဏကြုံတတ်ကြသည်။ သူတို့၏ဘဝသည် အမည်တပ်မရသော ခရီးတစ်ခုလည်း ဖြစ်သည်။ တခါတရံ သူတို့၏ ဘဝဖြစ်တည်မူကို အကြောင်းရင်းရှာ စဉ်းစားရင်းဖြစ်လည်း အချိန်ကုန် အလုပ်များနေတတ်ကြသောသူများ ဖြစ်သည်။ 

၇ရက်နေ့တွင် မွေးဖွားလာကြသော သူများကမူ သူတနု့၏ငယ်ဘဝသည် ခါးသီးနာကျင်ရသော အခြေအနေများစွာတို့ကို ရင်ဆိုင်ခဲ့ကြရသည်။ သူတို့အနေဖြင့် မိမိကိုယ်မိမိ လမ်းမှန်ကမ်းမှန် လျှောတ်လှမ်းနိူင်ဖို့မှာ ငယ်ငယ်ကတည်းက မိမိတို့၏စိတ်ကို ပြုပြင်လေ့ကျင့်ထားကြဖို့လိုသည်။ သူတို့သည် အခက်အခဲများနှင့် မိတ်ဆွေဖွဲ့နေထိုင်သူများ ဖြစ်၏။ သူတို့မွေးဖွားခဲ့သည် မိဘများ၏ဘဝတွင်လည်း အခက်အခဲများကို ရင်ဆိုင်ရတတ်သည်။ သူတို့သည် မိသားစုနှင့် သူငယ်ချင်းများပေါ်တွင် လွန်စွာချစ်ခင်သနားတတ်ကြသည်။ သူတို့၏ ရေရှည် ပေါ်င်းသင်းဆက်ဆံမူမှတဆင့် အခြားသူတို့၏ အထင်ကြီးမူနှင့် ကူညီမူများကို ရရှိတတ်ကြသည်။ သူတို့ ရောက်ရှိရာ မြို့နယ်များတွင်လည်း ရေပန်းစားတတ်ခြင်း နှင့် လူသိများခြင်းတို့ကို ကြုံကြရတတ်သည်။  အထူးသဖြင့် ထိုနေ့ရက်မွေးသူများ၏ ဘဝသည် အသက်၃၄နှစ်နောက်ပိုင်းမှသာ အခြေအနေ အတည်တကျဖြစ်တတ်ကြသည်။ 

၇ဂဏန်းသည် လျိုဝှတ်သော အဓိပ္ပါယ်များနှင့် ပြည့်နှက်နေသော ဂဏန်းတစ်ခု ဖြစ်သည်။ သူတို့သည် များသောအားဖြင့် သူတို့၏ အသိညဏ်ပိုင်းဆိုင်ရာ သဘောသဘာဝ ပေါ်လွင်ထင်ရှားအောင် လုပ်ဆောင်ပြခြင်းမျိုး မရှိကြပေ။ သူတို့တွင် ခိုင်မာသောစိတ်ဓာတ်ရှိကြသည်မှာ မှန်သော်လည်း သူတို့စိတ်ထဲကအတိုင်း အရာအားလုံးကို လုပ်ဆောင်ဖို့အတွက်ကိုမူ တွန့်ဆုတ်နေတတ်ကြသည်။ အချို့သော ကိစ္စရပ်များတွင်လည်း အလွယ်တကူ ဆုံးဖြတ်နိူင်စွမ်းမရှိကြပေ။ ထိုသို့ဖြစ်ရခြင်းမှာ သူတို့၏ အခြားသူတို့နှင့်ဆိုင်သော စိတ်ခံစားမူများအပေါ် နားလည်တတ်မူကြောင့် အလေးထားနေတတ်သောကြောင့်လည်း ဖြစ်သည်။ မိမိကိုယ်တိုင်ကမူ မိမိစိတ်၏ပျော်ရွှင်မူ အစစ်အမှန်ကိုမေ့ပြီး အတွေးစိတ်ကူးထဲမှာသာ အခြေပြုနေထိုင်နေတတ်ကြသည်။ 

တခါတရံတွင်မူ သူတို့သည် ကွက်ကျော်မြင်တတ်ကြပြီး အလုပ်တစ်ခုအား အမြန်ပြီးမြောက်စေလိုသော ဇောဖြင့် အခြားသူအပေါ် မထီမဲ့မြင်ပြုခြင်း၊ အခြားသူများ၏ ပင်ပန်းမူများကို မသိချင်ယောင်ဆောင်နေတတ်ခြင်းများလည်း ပြုလုပ်တတ်ကြသည်။ အရက်သေစာနှင့် မူးယစ်ဆေးများကိုလည်း နှစ်သက်သုံးစွဲတတ်ကြပြန်သည်။ ထိုကြောင့် သူတို့သည် အရာရာအပေါ်တွင် သတိထားနေထိုင်တတ်ကြဖို့ လိုသည်။ သူတို့အတွက် နည်းမှန်လမ်းမှန်ကို ညွှန်ပြနိူင်သော၊ ထိန်းသိမ်းပေးနိူင်သောသူများ သူတို့အနီးတွင် ရှိနေလျှင် အလွန်မှကောင်းမွန်ပါလိမ့်မည်။ ထိုသူများအနီးမှာရှိလျှင် သူတို့၏ဘဝသည် ထင်မှတ်မထားလောက်အောင် အောင်မြင်လာတတ်ကြသည်။ ထိုအပြင် များစွာသော ပြဿ နာတို့ကိုလည်း သူတို့၏ ပြောင်းလဲနေထိုင်နိူင်မူစွမ်းအားဖြင့် ဘဝကို ယန္တယားသဖွယ် လည်ပတ်နေထိုင်နိူင်ကြလိမ့်မည်။ သို့သော် သူတို့၏ စိတ်ခံစားချက်များကိုမူ သူတို့ကိုယ်တိုင်ထိန်းချုပ်ခြင်းမှာ တတ်နိူင်မည်မဟုတ်ချေ။ သူတို့သည် အပြင်ပန်းအားဖြင့် ဖရိုဖရဲနှင့်ပရမ်းပတာနေခြင်း၊ မင်းမဲ့စရိုက်ဆန်ဆန်ပြုမူခြင်း စသကဲ့သို့ပုံစံရှိသော်လည်း အတွင်းစိတ်ဓာတ်ကမူ ကောင်းမွန်သော သဘောထားရှိတတ်ကြသည်။ သူတို့သည် များသောအားဖြင့် အခွင့်အရေးယူတတ်သောသူများ မဟုတ်ပေ။ သူတို့က အခွင့်အရေးကို တန်ဖိုးထားတတ်ကြသူများသာ ဖြစ်သည်။ 

၇ဂဏန်းသမားများသည် များသောအားဖြင့် ပစ္စည်းဥစ္စာများကို ၊ မခင်တွယ် ဂရုမစိုက်ကြသော သူများ ဖြစ်ပြန်သည်။ သူတို့သည် သူတို့၏ ကိုယ်ပိုင် စိတ်ကူး၊ ကိုယ်ပိုင်အမြင်၊ ကိုယ်ပိုင်နည်းလမ်းနှင့် လုပ်ကိုင်ဆောင်ရွက်မူနှင့်ပင်  ကြွယ်ဝလာတတ်ကြသည်။ ထိုအခါတွင် သူတို့သည် အလှုအတန်းပေးခြင်းကို ပြုလုပ်တတ်ကြသည်။ သူတို့အတွက် သတိထားသင့်သည်မှာ သူတို့သည် အခြားသူများထက် ပိုပြီးအထီးကျန်စိတ်ရှိတတ်ခြင်း ဖြစ်သည်။ ထိုအချိန်များတွင် သူတို့သည် အလွန်အမင်းတိတ်ဆိတ်ငြိမ်သက်နေလေ့ ရှိကြသည်။ အထူးသဖြင့် ဘဝလမ်းကြောင်း ၇သမားများမှာ ထိုကဲ့သို့ အထီးကျန်မူကြောင့် အစွန်းရောက်သွားတတ်ကြပြီး အဆိုးမြင်မှူင့် အယူသီးမူများကို ဖြစ်ပေါ်လာစေသည်။ ပတ်ဝန်းကျင်နှင့်လည်း အဆင်မပြေ ဖြစ်လာတတ်ကြသည်။ ထိုအတူ သူတို့ကိုယ်သူတို့ အထင်ကရပုဂ္ဂိုလ်အဖြစ် မြင်နေသည်ဆိုလျှင် တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် အတ္တကြီးခြင်းတို့ကိုပါ ပြုလုပ်လာတတ်ကြသည်။ ပျော်စရာများကို အလွယ်တကူရှာဖွေလာတတ်ကြသည်။ သူတို့သည် သူတို့ကိုယ်တိုင်ပြဠာန်းထားသော လမ်းကြောင်းကိုသာလျှင် လျှောတ်ကြသည်။ အမှားနှင့် ကြုံတွေ့ရလည်း ရင်စည်းခံကြသည်။ အကယ်၍ မှန်နေသည်ဆိုလျှင်မူ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဇွတ်တရွတ်ညဉ်ရှိသူပီပီ ဇွတ်လုပ်ဆောင်တတ်ကြသည်။  သို့သော် ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် လောင်းကစားကို လုံးဝမပြုလုပ်မိဖို့မှာ အလွန်အရေးကြီးပါသည်။  

၇ရက်နေ့ မွေးဖွားသူများမှာလည်း အခြားသောမွေးဂဏန်းများထက် အရာရာတွင် သတိထားရပေမည်။ ယင်းတို့အတွက် နည်းမှန်၊လမ်းမှန်ကို ညွှန်ပြနိူင်သော ၊ ထိန်းသိမ်းပေးမည့်သူ လိုသည်။ ပြုပြင်စောင့်ထိန်း၍ လမ်းပြကောင်းရှိသူ ၇ဂဏန်းသမားတို့မှာ မှတ်သားရလောက်အောင် အောင်မြင်တတ်ကြသည်။ သို့သော် တခါတရံတွင်မူ သူတို့သည် ကိုယ်ကျိုးအရမ်းကြည့်တတ်ပြီး ခေါ်င်းမာနေတတ်ကြသည်။ မည်သို့သောအလုပ်မျိုးကို လုပ်ဆောင်ကြရသည်ဖြစ်စေ နောက်လိုက်မလုပ်ချင်သော ဆန္ဒများရှိကြသည်။ မရေရာသောနည်းလမ်းများဖြင့် ကြိုးစားအားထုတ်ရသော အခြေအနေများကို မနှစ်သက်ကြပေ။ လွတ်လွတ်လပ်လပ်တွေးတောလုပ်ကိုင်ရခြင်းမျိုးကိုသာ နှစ်သက်ကြသည်။ ခရီးထွက်ခြင်းနှင့် ဗဟုသုတရှာဖွေရခြင်းတို့ကို နှစ်သက်ကြသည်။ သူတို့ရှာဖွေထားသော ဥစ္စာပစ္စည်းများအပေါ်တွင်မူ မခင်တွယ်တတ်ကြ။ လူအများအတွက် လိုက်နာကျင့်သုံးရန် ထုတ်ပြန်ထားသော စည်းကမ်းစနစ်များမှာ သူတို့နှင့် မသက်ဆိုင်ဟု ယူဆထားတတ်ကြ၏။ ရိုးသားစိတ်ရှိသည့်နည်းတူ လာ၍ရိုင်းပျသူအပေါ်တွင်လည်း လက်တုန့်ပြန်ဖို့ လက်မနှေးတတ်ကြပေ။ အထူးသဖြင့် သူတို့သည် သူတို့၏ ကိုယ်ရေးကိုယ်တာကိစ္စများကို ဝင်ရောက်စွတ်ဖတ်တာမျိုးကို အလွန်မုန်းတီးတတ်ကြသည်။  အခြေအနေ အဆင့်အတန်းခွဲခြားခြင်းများမရှိ ၊ လူအားလုံး တန်းသူရည်သူဟုသာ ယူဆကြသည်။ လူအများအပေါ်တွင်လည်း ညှာတာမူ နှင့် စာနာထောက်ထားမူများ ရှိတတ်ကြသည်။

၇ရက်နေ့မွေးဖွားလာသူတို့သည် စိတ်အတွင်း၌ သူတို့အပေါ်မလေးမစားနှင့် နှိမ့်ချဆက်ဆံခဲ့သူများကို နောင်တစ်ချိန်၌ သူတို့အား ပြန်အထင်ကြီးလေးစားစေလိုသော ရှိကြသည်။ သူတို့၏အတိတ်သည် ကံမကောင်းအကြောင်းမလှစွာဖြင့် လူအများ၏နှိမ့်ချဆက်ဆံမူကို ခံခဲ့ကြရသည်။ ငွေရေးကြေးရေးအခြေအနေများမှာလည်း သူတို့အတွက် အားရစရာမရှိချေ။ ဒုက္ခနှင့်ပူဆွေးသောကများသည်သာ သူတို့ဘဝကို လှိုင်းတံပိုးထန်နေစေခဲ့သည်။ လုပ်ဆောင်သမျှတိုင်းမှာလည်း အတားအစီးနှင့်အခက်အခဲများကို ရင်ဆိုင်ကြရသည်။ သူတို့၏ ဘဝအစောပိုင်းသည် ရုန်းကန်ရခြင်း၊ စိတ်ဆင်းရဲရခြင်းများစွာနှင့်ဖြစ်သည်။ သူတို့သည် လူလတ်ပိုင်းအရွယ်သို့ ရောက်ရှိမှသာလျှင် အဆင်ပြေမူများကို တစ်စတစ်စကြုံတွေ့ကြရမည် ဖြစ်သည်။ ထိုအသက်အရွယ်တွင် သူတို့၏လုပ်ဆောင်ချက်များ၌ သမာဓိရှိခြင်းများ၊ စည်ကမ်းရှိ၍ သေသပ်ခြင်းများ ပါဝင်နေသည်ကို ထူးခြားစွာတွေ့မြင်ရလိမ့်မည် ဖြစ်သည်။ 

နက္ခတ်ဗေဒဆိုင်ရာတွင် ၇ကို Lord North Starဟု ခေါ်ဆိုကြသည်။ ယင်းသည် တီထွင်ဖန်တီးမူများ ရင့်သန်ခြင်းကို ပြသသည်။ ဘဝ၌ သူတို့၏ ကြိုးစားအားထုတ်မူတစ်ခုတည်းကြောင့်သာလျှင် လိုချင်သောဘဝကို တည်ဆောက်နိူင်ကြမည်။ ထိုကြောင့် ဆွေမျိုး၊ အပေါ်င်းအသင်းမိတ်ဆွေများဆီမှ ဘဝအတွက် အကူအညီတောင်းခံနေဖို့ မလိုချေ။ သူတို့စိတ်ထဲမှာလည်း ထိုကဲ့သို့ ဆန္ဒမျိုး မရှိတတ်ကြပေ။ သူတို့သည် အများနှင့်ပူးပေါ်င်းလုပ်ဆောင်ရသော အလုပ်များကို မနှစ်သက်။ ၇ဂဏန်းသမားများသည် လူမျိုးခြားများနှင့် ဆက်စပ်ပြီး ဘဝမှာ အောင်မြင်မူကို ရရှိတတ်ကြသည်။ 

တရုတ်တို့၏ Feng Shui အယူအဆတွင် ၇ကို လတ်တလောကြုံတွေ့နေရသော ကိစ္စရပ်များအတွက် ကံကောင်းမူဖြစ်စေသော ဂဏန်းဟုပြဆိုသည်။ 
 ဘဝ၏ ကံကြမ္မာဂဏန်း ၇ ကို ပိုင်ဆိုင်ထားသူများအတွက် အိမ်ထောင်ရေးနှင့် အချစ်ရေးဆိုင်ရာမှာ ထိုသူတို့သည် အောင်မြင်သော အိမ်ထောင်တစ်ခုကို တည်ဆောက်နိူင်ကြပြီး ဆန့်ကျင့်ဘက်လိင်အပေါ်တွင်လည်း ကောင်းမွန်သော ကာမဂုဏ်စွမ်းရည်ကို ဖြည့်ဆည်းပေးနိူင်ကြသည်ဟူ၏။ 

၇ဂဏန်းသမားများသည် အချစ်ဆိုသောအရာကို စတင်တွေ့ရှိသည့် အချိန်မှာပဲ အနှောင့်အယှတ် အတားအစီးများက အချစ်နှင့်အတူ တခါတည်း လိုက်ပါလာတတ်ကြသည်။ အများစုမှာ အသဲကွဲပြီးမှ ချစ်ရသူနှင့် ပြန်လည်ပေါ်င်းဖတ်ကြရသည်။ ၇ဂဏန်းပိုင်ရှင် အမျိုးသမီးများကမူ အနာဂတ်ကို အမြဲတစေ စိုးရိမ်တွေးတောပူပန်တတ်သူများ ဖြစ်သည့်အလျှောတ် လင်ကောင်းသားကောင်း ရရှိတတ်ကြသည်။ ထိုအမျိုးသမီးများအနေနှင့် အချစ်ရေးကောင်းမွန်စေရန် ဒေါ်လ်ဖင်ငါးပုံပါသော ရင်ထိုးကို ဆောင်ကြရမည်ဖြစ်သည်။ 

၇ရက်နေ့မွေးဖွားသူတို့၏ အချစ်ရေးမှာတော့ The Rometic Loverဟု ခေါ်ဝေါ်သမုတ်ကြသည်။ အချစ်ကို တန်ဖိုးထားတတ်ကြသည်။ ပြီးလျှင် လက်တွေ့ဘဝနှင့် ကင်းကွာပြီး လှပသောစိတ်ကူးယဉ်အိပ်မက်များစွာဖြင့် အချစ်ကို တည်ဆောက်ကြသည်။ အချစ်အတွက်နှင့် အရာရာရင်ဆိုင်ဖို့ အသင့်ရှိတတ်ကြသည်။ တဖန် အချစ်ကို ယစ်မူးဖွယ်စရာကောင်းသော သံယောဇဉ်တို့နှင့် ပေါ်င်းစပ်ကြည့်မြင်ပြီး အချစ်သည် လွမ်းမောခြင်း၊ တွေဝေခြင်းကိုပေးသောအရာဟု သတ်မှတ်ကြသည်။ ထိုသို့ သတ်မှတ်ကြသော်လည်း အသက်အရွယ် အိုမင်းသွားသည့်တိုင်အောင် သူတို့၏အချစ်မှာ ရင်ထဲတွင် ထာဝရနုပျိုလန်းဆန်းနေသောအရာ ဖြစ်နေလေသည်။ တစ်ခုရှိသည်က သူတို့၏စိတ်သည် အထီးကျန်မူကို နှစ်ခြိုက်နေကြသူများဖြစ်ရာ ထိုခံစားမူကို အမှန်ဖြစ်ဖို့ကမူ သူတို့၏စိတ် ငြိမ်သက်မူထားနိူင်သောအချိန်ခဏလောက်မှသာ ဖြစ်ကြပေသည်။ သူတို့သည် ချစ်ခြင်းမေတ္တာဆိုင်ရာ၌ အားနည်းတတ်ကြသည့်အပြင် သူတို့ချစ်မြတ်နိူးသည့်သူများမှာ သူတို့ကို မကြာခဏ ပယ်ထားတတ်ကြသည်။ သူတို့အပေါ် ချစ်မြတ်နိူးမိသူများမှာလည်း သူတို့နှင့်ပတ်သက်ပြီး စိတ်ပျက်ခြင်းကိုသာ ရရှိကြရသည်။ အိမ်ထောင်ရေးတွင်လည်း သူတို့စိတ်ကျေနပ်မူ မရှိကြပါ။ မိသားစုဘဝတွင်လည်း မိသားစုဝင်များက သူတို့၏ လုပ်ဆောင်နိူင်မူစွမ်းရည်များကို အလေးမထား၊ ဂရုမစိုက်တာကို ကြုံကြရပြန်သည်။ အများစုသည် မိသားစုနှင့် ဝေးကွာနေရသော အခြေအနေမျိုးနှင့် ကြုံကြရသည်။ 
၇ရက်နေ့မွေးဖွားသူများတွင် အများဆုံးဆုံတွေ့ကြရတတ်သည့် ဖူစာရှင်မှာ ၁၁ရက် ၁၂ရက်တွင် မွေးဖွားကြသူများဖြစ်သည်။

အကယ်၍ ၇ဂဏန်းသမားများသည် ၃ဂဏန်းသမားများနှင့် ဖူစာဆုံကြရသည်ဆိုလျှင် ဂဏန်းနှစ်ခုစလုံးမှာ အင်းအားကောင်းမွန်မူရှိကြသည်နှင့်အညီ အောင်မြင်မူကို ကြုံတွေ့ခံစားကြရနိူင်သည်၊ အကယ်၍ ပြဿ နာတစ်စုံတစ်ခုရှိလာလျှင် ၃ဂဏန်းသမားများက ၇ဂဏန်းသမားအပေါ် ကူညီပေးလိမ့်မည်ဖြစ်သည်။ ၇ နှင့် ၃ဂဏန်းသမားတို့သည် စဉ်းစားတွေးခေါ်ပုံတို့မှာ မတူညီကြသော်လည်း တစ်ဦးနှင့်တစ်ဦးအမြဲတစေ လက်ခံသဘောတူလျှက်ရှိကြသည်။ နှစ်ယောက်စလုံးစိတ်ဝင်စားကြသည့် ကိစ္စရပ်များတွင်လည်း အတူတကွ လုပ်ဆောင်တတ်ကြသည်။ ပြန်လည်ပြုပြင်ခြင်းများကို ပိုစိတ်ဝင်စားလာတတ်ကြသည်။ ယင်တို့၏ ပေါင်းဖတ်မူတွင် ၃(အမျိုးသား) နှင့် ၇(အမျိုးသမီး)ဖြစ်ပါက အလွန်ကောင်းမွန်သော ပေါ်င်းစပ်မူဟု ဆိုနိူင်သည်။ ထိုသို့မဟုတ်ဘဲ ၇ဂဏန်းသမားမှာ ယောကျာ်းလေးဖြစ်ခဲ့သည် ဆိုပါက အစတွင် မိန်းခလေး၏ မူယာမာယာများမူကို ခံစားရပြီး နောင်တွင်မူ ကောင်းမွန်စွာ လက်ထပ်ခွင့် ရကြလိမ့်မည်ဖြစ်သည်။ 

ဒုတိယအများဆုံးဖူစာကံကမူ ၅ရက် ၁၈ရက် ၂၇ရက်မွေးဖွားသောသူများဖြစ်တတ်ကြပြီး ထိုသူတို့နှင့် ဖူစာဆုံပါက ခေတ္တယာယီဝေးကွာနေကြရပြီးမှ ပြန်လည်အဆင်ပြေကြမည် ဖြစ်သည်။ ၇ နှင့် ၉ ဂဏန်းသမားတို့သည် အရေးပါ အရာရောက်ကြသော ဂဏန်းများဖြစ်သည်နှင့်အညီ ၇ဂဏန်းသည် နာမ်ပိုင်ဆိုင်ရာ လောကုတ္တရာကို၎င်း ၉ဂဏန်းသည် လောကီရေးရာကို၎င်း ကိုယ်စားပြုကြသောကြောင့် အမြဲတစေ နှီနှောဆက်သွယ်နေကြလိမ့်မည် ဖြစ်သည်။ ၉ရက်နေ့မွေးဖွားသူများနှင့် အိမ်ထောင်ပြုခဲ့ရလျှင် အိမ်ထောင်ရေးအခြေအနေ အသင့်အတင့်ပင် ဖြစ်၏။ 

၁၃ရက် ၁၉ရက်နေ့မွေးဖွားသူများနှင့်မူ ဖြစ်နိူင်ချေ နည်းပါးလှသော်လည်း အကယ်၍ ထိုမွေးရက်ရှင်များနှင့် ဖူစာကံကြုံပါက မိမိအသဲကွဲရတော့မည်ကို သိထားဖို့လိုလေသည်။ 

၈ဂဏန်းသမားများနှင့် အိမ်ထောင်ကျခဲ့လျှင်မူ ဘဝမှာ ခါးသီးစရာတွေ ထပ်မံရောက်လာကြမည်ဖြစ်သည်။ 

#အိမ်နံပါတ် ၇ ရသောအိမ်များ၏ အဓိပ္ပါယ်ကမူ ထိုအိမ်သည် ရှုပ်ထွေးပွေလီစရာများနှင့် ပြည့်နှက်နေသောအိမ် ဖြစ်သည်။ ငွေရေးကြေးရေးနှင့်ပတ်သက်ပြီး ပြဿ နာဖြစ်ကြရသည်။ ဆေးရုံများသို့လည်း ကျန်းမာရေးကြောင့်ဖြစ်စေ အခြားမိတ်ဆွေများကြောင့်ဖြစ်စေ မကြာခဏ သွားကြရတတ်သည်။ ထိုအိမ်မှလူများသည် စိတ်ဓာတ်ကျနေရသည်က များသည်။ သီအိုရီများအရဆိုလျှင် ရေနှင့်နီးသော နေရာများမှအိမ်ဖြစ်သည်ဆိုပါက အားလုံးအဆင်ပြေစေနိူင်ပါသည်။ 

၇၏ မိတ်ဖက်ဂဏန်းများ: ၂၊ ၇၊ ၁၊ ၅၊ ၉

၇ဂဏန်းသမားများ ဖြစ်တတ်သောရောဂါ နှင့် ဘေးအန္တရာယ်များ : အလွယ်တကူ ရေဓာတ်ခန်းခြောက်ခြင်းကြောင့် ကျန်းမာရေးထိခိုက်ခြင်း၊ ချွေးထွက်လွယ်ခြင်း၊ အနာများ ရောင်ရမ်းခြင်း၊ ဝက်ခြံများထွက်ခြင်း၊ အရေပြားနှင့်သက်ဆိုင်သည့် ရောဂါဖြစ်တတ်ခြင်း၊ ပြည်တည်နာများ၊ သွေးစုနာများ၊ ယားနာများ၊ ခါးနာခြင်း၊ နှာခေါ်င်းသွေးလျံခြင်း၊ ဦးနှောက်နှင့်အာရုံကြောဆိုင်ရာများ၊ နား၊ ရေဘေးသင့်ခြင်းများ၊ ရေနစ်ခြင်းများ

ကံကောင်းစေသော အရပ်မျက်နှာ:အနောက်မြောက်

ကံကောင်းစေသောအရောင်များ: အစိမ်းရောင်အမျိုးမျိုး၊ ဖျော့တော့သောအရောင်များ၊ အဖြ ၊ အဝါ၊ အပြာ
ရှောင်သင့်သောအရောင်များ: ထိုင်းမှိုင်းသော အရောင်များ၊ ညိုမှိုင်းသောအရောင်များ၊ အနတ်၊ နီရင့်ရင့်အရောင်များ

ကံကောင်းစေသော လ၊ နေ့ နှင့် ရက်များ: Feb, July, Nov, Sat, Sun, Mon, 7, 16, 25, 2, 11, 20, 29, 3
1 နှင့် 2 ပါသော နေ့ရက်များတွင် ပစ္စည်းအသစ် ဝယ်ယူခြင်းများ ပြုလုပ်သည့်အခါ အလွန်ကောင်းသည်။
 
ကံမကောင်းဖြစ်စေသောနေ့များ: 8, 17, 26, 18, 27

ကံကောင်းစေသော ရတနာများ: ပုလဲ၊ ကျောက်နီ(တစ်မျိုးတည်း)၊ မဟူရာ ၊ ကြောင်မျက်လုံး(cat's eye)၊ milestone၊ ကျားမျက်လုံး(tiger's eye) ထိုရတနာများကို ၇ဂဏန်းသမားများအနေနှင့် လက်သူကြွယ်မှာ ဝတ်ဆင်ပါက ပို၍ထူးခြားမူရှိစေမည်။

Lucky symbols: Lion, Swastik, Yaoli, colours
ဓာတ်စာ: သစ်သီးဖျော်ရည်များ

ထင်ရှားသူများ: စာရေးဆရာ ချားလ်ဒစ်ကင် (ဖေဖာဝါရီ ၇)၊ ကဗျာဆရာ ဝေလီယံဝါ့စ်ဝါ့သ် (ဧပြီ ၇)၊ အဲလီဇဘက် ဘုရင်မ (မေ ၇)

ကိုးကားစာရင်း
#ဆရာစောစံ(B.A)၏ ကိုင်ရို၏ ဂဏန်းဗေဒင် 
#ဆရာစံဇာဏီဘို၏ သင့်မွေးရက်နှင့် အချစ်ကံကြမ္မာ
#ဆရာလူဝင်းအောင်၏ ဟိန္နူနည်းစနစ်ဆိုင်ရာ ဂဏန်းဗေဒင်
//vadicastrozone.com
//buildingbeautifulsouls.com

2:01AM
Sep21.2020
Minsetwai

Monday, September 7, 2020

Numerology 28

#နျူမယိုလောဂျီအားလေ့လာခြင်း
၂၈
ဤနေရာတွင် ၂၈ ရက်နေ့ မွေးသူများအတွက်ရော၊ တွဲဂဏန်း ၂၈ ရသောသူများအတွက်ရော၊ အိမ်နံပါတ်များဆိုင်ရာအတွက်ရော၊ အခြားသောသက်ဆိုင်သမျှအားလုံးကို တစုတစည်းတည်းဖော်ပြပေးသွားပါမည်။ ၂၈ကို တားရော့့နှင့်ဆက်စပ်ပြီး ဖော်ပြချက်အရ ထိုနံပါတ်မှာ ဆန့်ကျင်ဘက်များကို ဖော်ဆောင်ခြင်းဖြစ်သည်။ ယင်း၏နိမိတ်ပုံမှာ လူနှစ်ယောက် ကျောချင်းကပ်ပြီး မတ်တပ်ရပ်နေသောပုံအဖြစ်နှင့်လည်း ပြဆိုသည်။ ဖော်ပြချက်မှာ ပဋိပက္ခများနှင့် ပြည့်နှက်နေခြင်း၊ သူတစ်ပါးအပေါ် ယုံကြည်ရာတွင် မှားယွင်းခြင်း၊ စီးဟွးရေးတွင် အပြိုင်အဆိုင်ရှိခြင်း၊ ဘဝခရီးလမ်းကို မကြာခဏ အသစ်မှ ပြန်စရခြင်း၊ ကြီးဟွးချမ်းသာနိူင်ပါလျှက် အမူမဲ့၊အမှတ်မဲ့ နေမူကြောင့် အကျိုးယုတ်ရတတ်ခြင်းတို့ပင် ဖြစ်သည်။ ထိုအတူ မမျာ်လင့်ဘဲ ဥပဒေကိုချိုးဖောက်မိသောကြောင့် ထောင်ထဲရောက်ရတတ်ခြင်းမျိုး၊ အမြင့်ကိုရောက်ပြီးမှ ပြန်ပြုတ်ကျ၍ တစ်မှ တစ်ခါပြန်စရခြင်းမျိုးများအပြင် မိမိတို့အနေဖြင့် အခြားသူတစ်ပါးအပေါ် ယုတ်မာသောအမူ ပြုခဲ့သည်ဆိုလျှင် မိမိမှ ပြန်လည်ဝဠ်ကြွေးပေးဆပ်ရခြင်းမျိုးကို ကြုံဆုံရတတ်သည်ဟူ၏။ အိမ်ထောင်ရေးတွင်လည်း ကံမကောင်းနိူင်ခြင်းတို့ကို ဖော်ညွှန်းပြပါသည်။



 #Chaldean numerology တွင်မူ နံပါတ် ၂၈ သည် ကနဦး တွင်အောင်မြင်မှုနှင့်ပျော်ရွှင်မှုကိုရရှိစေသော်လည်း အချိန်ကြာသည်နှင့်အမျှ တဖြည်းဖြည်းနှင့် ပြောင်းပြန်အကျိုးသက်ရောက်မူကို ဖြစ်ပေါ်လာစေသည်။ ဥပမာအားဖြင့် အသက်၂၈နှစ် ရှိသူတစ်ယောက်သည် အမည်တွဲဂဏန်းမှာ ၂၈ဖြစ်နေသည်ဆိုပါက ထိုကာလတွင် သူသည် အပြင်းအထန်ယှဉ်ပြိုင်ရမှုနှင့် အတားအဆီးများကိုရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။ ဆိုရသော် ၂၈သည် လူတစ်ဦးအား သူ၏ဘဝကိုအကြိမ်ကြိမ်စတင်ရန်ပြုလုပ်ခြင်းပင် ဖြစ်သည်။ ထိုအဓိပ္ပါယ်မှာ ဆိုခဲ့ပြီးအတိုင်း အစပိုင်းတွင် ၂၈တွဲဂဏန်းရထားသော နာမည်ရှိသူသည် အချိန်ကာလတိုအတွင်းတွင် အောင်မြင်မှုရလေ့ရှိသော်လည်း နောက်ဆုံးတွင် ၎င်းတို့သည် အရာရာ ပြန်လည်ဆုံးရှုံးသွားရသောသဘောများ ရှိတတ်ကြသည်။ ထို့အပြင် မိတ်ဆွေနှင့် ဆွေမျိုးများကြောင့် အကြီးအကျယ်ဆုံးရှုံးရသောကံလည်း ရှိပြီး ယင်းမှတဆင့် ငွေကြေးဆုံးရှုံရခြင်းမျိုးကို ဖြစ်စေနိူင်သည်။ ဥပမာအနေဖြင့် မိမိမှ ငွေထုတ်ချေးခဲ့သည်ဆိုလျှင် ထိုသူမှ မိမိအား ငွေပြန်လာပေးလိမ့်မည်ဟု တထစ်ချ ယုံမှတ်ထားလို့မရကြောင်း သိထားရမည်။ ထိုကြောင့် နံပါတ် ၂၈သည် ယေဘုယျအားဖြင့် Chaldean numerology တွင် ကံနှင့်သက်ဆိုင်သော နံပါတ်တစ်ခုဟု ဆိုထားခြင်း ဖြစ်သည်။
သို့ပါသော်လည်း ထို ၂၈နံပါတ်သည် ခေါ်င်းဆောင်ပိုင်းနှင့်ဆိုင်သော နံပါတ်ဖြစ်သည်။ အလွန်အရေးကြီးသော ေ့ရွလျားပြောင်းလဲခြင်းများနှင့် ဆက်စပ်နေသည်။ ထိုတွဲဂဏန် ၂၈ သို့ ပေါ်င်းလဒ် ၂၈ ရှိကြသူများသည် အထူးသဖြင့် ပညာပိုမိုတတ်မြောက်ရန်နှင့် သူတို့ရောက်ရှိနေသော နယ်ပယ်တွင် ကျွမ်းကျင်သူတစ်ဦးအဖြစ် ရောက်ရှိရန်အတွက် အမြဲကြိုးစားအားထုတ်နေလေ့ရှိသူများ ဖြစ်သည်။ ထိုကြောင့်ပင် သူတို့၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများတွင် သူတို့သည် အောင်မြင်သူများ ဖြစ်လာတတ်ကြသည်။ သို့သော်လည်း ထိုသူများအနေဖြင့် သတိပြုရန်မှာ သူတို့၏ဗီဇအရ အခြားသူများမှ ဖိအားပေးလာမူကို မနှစ်သက်ကြလေရာ ထိုအတွက်ပင် သူတို့ကိုယ်သူတို့ အလွန်အမင်း ပြန်၍ဖိအားပေးတတ်သောအကျင့်များ ရှိနေတတ်ကြသည်။

အကြောင်းအရာ ပုံစံအမျိုးမျိုးဖြင့် ၂၈နှင့် ပတ်သက်လာကြသောသူများသည် ချစ်ခင်ကြင်နာတတ်သောစိတ် ရှိကြသူများလည်းဖြစ်ကြသည်။ တခါတရံ ထိုစိတ်ဖြစ်တည်မူနှင့်အတူပင် အခြားကွဲပြားခြားနားသော အတွေးနှင့်ခံစားချက်များကိုလည်း တပြိုင်နတ်တည်း ဖြစ်ပေါ်တတ်ကြသည်။ သူတို့သည် အခြားသူများအတွက် လိုအပ်သောအကြံညဏ်ကောင်းများကို ပေးနိူင်သူများ ဖြစ်ကြပြီး ငြိမ်းချမ်းရေး၊ ပူပေါ်င်းဆောင်ရွက်မူ၊ သဟဇာတဖြစ်မူများအတွက် အကောင်းဆုံး ဆောင်ရွက်နိူင်ကြသူများလည်း ဖြစ်သည်။ အကြောင်းကမူ ၂၈တွင်ပါဝင်နေသော ၂သည် အလွန်ကောင်းမွန်သော ဆက်ဆံရေးသင်္ကေတတစ်ခု ဖြစ်ကြောင့်မည်၏။ အခြားသူများ၏ ထင်မြင်ချက်များကိုလည်း အလေးထားတတ်ကြပြီး ထိုသူတို့နှင့် ဆက်ဆံရသောအခါတွင်လည်း အလွန်ဂရုစိုက်ပြီး သတိထားတတ်ကြသည်။ ဆိုရလျှင် ထိုသူများသည် ကြင်နာမူ၊ စေတနာစိတ်၊ နားလည်မူ၊ လူသားချင်းဆိုင်ရာ စာနာမူကဲ့သို့သောအရာများကို အလေးထားကြသူများဖြစ်ပြီး သူတို့၏ ထိုထွင်းသိမြင်မူမှတဆင့် တရားမျှတမူများကို လုပ်ဆောင်နိူင်ကြလေသည်။

၂၈ရက်မွေးဖွားသူများအတွက်ကမူ ထူးခြားသော ပင်ကိုယ်အရည်အသွေးရှိသူများဟု ဆိုနိူင်သည်။ ဆုံးဖြတ်လုပ်ကိုင်ရာတွင် ပြတ်သားမူရှိကြသည်။ ဇွဲနှင့်ဝိရိယရှိသည်။ ယုံကြည်ချက် ပြင်းထန်ကြသည်။ ရည်မှန်းချက်ကြီးမားကြသည်။ ဥပမာအနေဖြင့် ဘီးလ်ဂိတ်ကို ကြည့်မြင်နိူင်ပါသည်။ သူတို့တွင် ခေါ်င်းဆောင်မူဆိုင်ရာ ဆုံးဖြတ်ချက်များ၊ အတွေးအခေါ်များကို တီထွင်ဆန်းသစ်မူများကို ပြုလုပ်ရ၌ ကျွမ်းကျင်သော ညဏ်ပညာရှိကြသည်။ ထိုနေ့ရက်မွေးသူတို့သည် စိတ်စွမ်းအင်ကြီးမာသော်လည်း သူတို့၏ အတွင်းစိတ်သဘောကိုတော့ ထုတ်ဖော်မပြတတ်ကြပေ။ သူတို့၏ ဘဝတွင် သူတို့သာလျှင် သခင်ဖြစ်သည်ဟု ခံယူကြသည်။ ထိုစိတ်ကြောင့်လားပင် မသိ၊ သူတို့သည် လူတစ်ဘက်သားနှင့် မိမိ၏ိသားစုများအပေါ်တွင် တစ်ဘက်သတ်လွှမ်းမိုးချင်စိတ်များ ရှိနေတတ်ကြသည်။ ထိုကြောင့် ပတ်ဝန်းကျင်၏ အထင်လွဲမှားမူကို မကြာခဏ ခံကြရသည်။ သို့သော်လည်း သူတို့၏ ယုံကြည်မူကိုက မဖြစ်မနေ ရုပ်လုံးဖော်နေတတ်ကြသည်။ သူတို့တွင် များသော်အားဖြင့် အကြောက်တရားမရှိတတ်ကြသော်လည်း တခါတရံတွင်မူ လွန်စွာစိုးရိမ်ပူပန်တတ်သောစိတ်များ ဖြစ်ပေါ်တတ်ကြသည်။

၂၈ရက်မွေးဖွားသူများသည် ရှာဖွေနိူင်သလောက်လည်း ငွေကိုအသုံးကြမ်းတတ်ကြသူများဖြစ်သည်။ သူတို့အတွက် အကောင်းဆုံးအကြံမှာ အသက်ကြီးသောအခါ အိုစာ၊ နာစာများအတွက် ငွေကို ကြိုစုဆောင်းဖို့ပင်ဖြစ်သည်။ သတိထားရမည်မှာ ငွေကြေးဆုံးရှုံးနစ်နာစေနိူင်သော လုပ်ငန်းများ၊ တရားတဘောင်ဖြစ်ပေါ်စေတတ်သော လုပ်ငန်များကို ဆင်ခြင်တိုင်းထွာ၍ လုပ်ကိုင်ဖို့ဖြစ်သည်။ သူတို့သည် ပင်ကိုယ်ဗီဇအားဖြင့် စိတ်ဓာတ်ခိုင်မာမူရှိသည်မှာ မှန်သော်လည်း ဝိရောဓိသဘောတရားအရ တစ်ခါတစ်ရံမှာလည်း ပျင်းရိတတ်ကြပြန်သေးသည်။ ထိုအတူ ပေါ့ပျက်ပျက်နေမိသောကြောင့် သူတို့၏ ရည်မှန်းချက်လမ်းစ ပျောက်ဆုံးရခြင်းမျိုးကို ကြုံရတတ်သည်။ ထိုသို့ကြုံဆုံရမူသည် အချိန်ကာလ တစ်ခုအထိ ကြာမြင့်သွားသောအခါတွင်မူ သူတို့၏ ယခင်က အများအပေါ် ဦးဆောင်နိူင်ခဲ့သည့် အရည်အသွေးများမှာ တဖြည်းဖြည်းပျောက်ကွယ်ကုန်ကြရပြီး အရင်က မိမိသြဇာခံ ဖြစ်ဖူးသူများ၏ လှောင်ပြောင်သရောခြင်း ၊ လက်တုန့်ပြန်နှိတ်ကွတ်ခြင်းများပြုလုပ်သည်ကို ခံစားရနိူင်သည်။ သို့သော်လည်း ထိုနေ့ရက်မွေးဖွားသူများမှာ သူတို့၏ကံကြမ္မာကို သူတို့ကိုယ်တိုင် ထိန်းချုပ်နိူင်စွမ်းရှိသည်ဟု ယုံကြည်ထားသူများပင်ဖြစ်ရာ သူတို့၏ ရှုံးနိမ့်မူဖြစ်စဉ်များ ဖြစ်ပေါ်လာမှာကို ကြောက်ရွံမည်တော့ မဟုတ်ပေ။ ထိုအတူ သူတို့၏ မာနအရ အခြားထင်ပေါ်သူတစ်ယောက်ကဲ့သို့ ဖြစ်ရန်၊ တူညီစေရန် ဘယ်သောအခါမှ ကြိုးစားကြမည့်သူများလည်း မဟုတ်ကြပေ။

၂၈ရက်မွေးဖွားသူများ၏ အချစ်ရေးကိုမူ Tear Eye ဟု တင်စားခေါ်ဝေါ်သမုတ်ကြသည်။ အချစ်ရေးတွင် သူတို့သည် စိတ်ခံစားမူ ပြင်းထန်ပြီး သိမ့်မွေ့သော နှလုံးသားကို ပိုင်ဆိုင်ကြသည်။ သို့သော်လည်းပဲ သူတို့၏အချစ်ရေးတွင်မူ ငိုကြွေးခြင်းများစွာ၊ မျက်ရည်ပေါ်င်းများစွာ ကျဆင်းရပြီးမှ အချစ်ကို ရရှိပိုင်ဆိုင်ကြရသည်။ သူတို့ကြောင့်လည်း အခြားချစ်ရသူများမှ မျက်ရည်ကျဆင်းကြရတတ်သည်။ အထူးသဖြင့် သူတို့၏ အေးတိအေးစက်နှင့် ခေါ်င်းမာထင်ရာစိုင်းတတ်သော အကျင့်ကြောင့် အချစ်ရေးမှာ စိတ်အနှောင့်အယှတ်ဖြစ်ပေါ်မူ များပြားရခြင်းဖြစ်သည်။ သူတို့၏ ဖူစားကံအတွက် အမြင့်မားဆုံးသော မွေးရက်ရှင်များမှာ ၇ရက်နှင့် ၁၄ရက်နေ့ မွေးဖွားသူများဖြစ်ပြီး ထိုသူတို့နှင့် တွေ့ဆုံရမူကိုတော့ Soul Mate ဝိညာဉ်ချင်းဆက်သွယ်မူဟု တင်စားကြသည်။ သူတို့အတွက် ဝမ်းနည်းကြေကွဲရခြင်းမျိုးဖြင့် အဆုံးသတ်စေနိူင်သော မွေးနေ့ရှင်များကမူ ၄ရက်နေ့မွေးဖွားသူနှင့် ၁၆ရက်နေ့မွေးဖွားသော သူများပင်ဖြစ်သည်။

Angel numberများဆိုင်ရာတွင်မူ ၂၈နှင့်ပတ်သက်ပြီး ၎င်းတို့သည် မိမိချစ်သူအပေါ် အလွန်းအမင်းချစ်မြတ်နိူးကြပါသော်လည်း ထိုအချစ်ကပင် သူတို့ကိုအခက်အခဲတွေ့စေတတ်သည်ဟု ဖော်ပြသည်။ သို့သော်လည်း နောက်ဆုံးတွင် ထိုသူတို့သည် ချွင်းချက်မရှိစွာနှင့်ပင် သူတို့ချစ်မြတ်နိူးသော လက်တွဲဖော်ကို ရွေးခြယ်နိူင်ကြပေလိမ့်မည်။ သို့သော် မရွေးခြယ်နိူင်ခင် ကာလတွင်မူ သူတို့အတွက် အချစ်ရေးနှင့် ပတ်သက်သော ဆက်ဆံရေးမှာ စိတ်ဖိစီးမူနှင့် နာကျင်မူများကို ဆောင်ယူပေးလာမည်သာ ဖြစ်သည်။

၂၈ရက်နေ့ မွေးဖွားခဲ့သူများ
- စာရေးဆရာအလတ်ဇန်ဒါးဒူးမတ်(July 28)
- ကဗျာဆရာသောမတ်မိုး(May 28)
- ဘီးလ်ဂိတ် (၂၈ရက်မွေး)

၂၈နှင့်ပက်သက်သူအားလုံးအတွက် ကျန်းမာရေးဆိုင်ရာ ဖြစ်တတ်လေ့ရှိသော ရောဂါများမှာ အရေပြားဆိုင်ရာ ရောဂါများ၊ ဆီးနှင့်ကျောက်ကပ်၊ ကူးစက်ယားနာများ၊ ခေါ်င်းကိုက်ခြင်း၊ ခြေထိပ်လက်ထိပ်များ ထုံကျင်နာကျင်တတ်ခြင်းတို့ပင် ဖြစ်သည်။ အခြားပိုမိုလေ့လာရန်အတွက်ကမူ ၂၈ မှာ ၁ဂဏန်းဖြစ်သောကြောင့် ၁ဂဏန်းနှင့် အများအပြားတူညီကြသည်ဖြစ်ရာ ၁ဂဏန်းတွင် ပိုမိုလေ့လာနိူင်ပါသည်။

#အိမ်နံပါတ်၂၈အတွက်ကမူ Feng Shuiစနစ်အရ ထိုအိမ်တွင်နေထိုင်သူများမှာ ကံကောင်းကြသူများဟု ဆိုသည်။ ၂၈နံပါတ်ရှိသောအိမ်သည် ချစ်ခြင်းမေတ္တာများဖြင့်ပြည့်နှက်နေပြီး ထိုအိမ်မှာ ချစ်ခြင်းမေတ္တာကို အလေးထားတတ်သောအိမ်ဆိုလျှင် မမှားပေ။ ထိုအိမ်သားတို့သည် ပက်ဝန်းကျင်ရှိ လူအများကိုလည်း ဂရုစိုက်တတ်ကြသောကြောင့် လူအများ၏ ချစ်ခြင်းမေတ္တာများကိုပါ ခံစားရရှိကြရသည်။ ထိုအပြင် ထိုအိမ်တွင်နေထိုင်သူများမှာ ယုံကြည်မူနှင့် ပူးပေါ်င်းဆောင်ရွက်မူများကို တန်ဖိုးထားသူများဖြစ်ကြပြီး သူတို့ဘဝထဲသို့ ဝင်ရောက်လာသူများကိုလည်း တန်ဖိုးထားမြတ်နိူးတတ်ကြသည်။ ဘဝရည်မှန်းချက်ပန်းတိုင်ဆီသို့ အရောက်လှမ်းလိုသူများအတွက်မှာလည်း အိမ်နံပါတ်မှာ ၂၈မှာ ပြီးပြည့်စုံစေသောအိမ်လည်း ဖြစ်သည်။ ထိုအိမ်နံပါတ်၂၈သည် ဘဝမှာအောင်မြင်ရမည်ဟု စိတ်ပိုင်းဖြတ်ထားသူ၊ ဇွဲရှိရှိနှင့် အာရုံစူးစိုက်နိူင်သူများအတွက် အလွန်အားကောင်းသောအိမ်ပင်ဖြစ်သည်။ သို့သော် ဆိုးသောအချက်တစ်ခုကမူ ထိုအိမ်သားတို့မှာ ကျန်းမာရေးဂရုစိုက်မူကို အထုးသတိပြုရန်လိုခြင်း ဖြစ်သည်။
Ref:
#ဆရာစောစံ(B.A)မြန်မာပြန်၏ ကိုင်ရို၏ ဂဏန်းဗေဒင်
Numerology.com
#ဆရာစံဇာဏီဘို၏ သင့်မွေးရက်နှင့်အချစ်ကံကြမ္မာ
Aug31.2020
Minsetwai

numerology 29


နံပါတ်၂၉


၂၉, ၁၁, ၂



၂၉၏ ကိုယ်စားပြုသင်္ကေတကို အရိပ်မည်းကြီး လွှမ်းမိုးနေပုံဖြင့် ဖော်ပြတတ်ကြသည်။ ထိုအရိပ်မည်းကြီးဟူသည် မသေချာခြင်းနှင့် ဘေးအန္တရာယ်များခြင်းပင်ဖြစ်သည်။ Numerologyတွင် နံပါတ်တိုင်းသည် ပင်ကိုယ်အနှစ်သာရအဓိပ္ပါယ်များ ရှိကြသည်ကို ဖတ်ရှုပြီးသလောက်ဖြင့် သတိထားမိကြလိမ့်မည် ထင်သည်။ ၂၉၏အနှစ်သာရသည် ပတ်ဝန်းကျင်ပေါ်တွင် မူတည်၍လည်း အခြေခံတည်ဆောက်ထားသည်။ ယင်းက တီထွင်ဖန်တီးမူဆိုင်ရာ အားသာချက်များကို ရှိစေသည်။


 ထို၂၉ဂဏန်းနှင့် ပတ်သက်သောအချိန်ကာလတွင် မိန်းမဆိုလျှင် ယောကျာ်း၊ ယောကျာ်းဆိုလျှင် မိန်းမက မလိမ့်တပတ်လုပ်ခြင်းကို ခံရတတ်သည်။ ထိုအတူ မတွးမခေါ်သောကြောင့် ဘေးအန္တရာယ်များ ရုတ်တရတ် ပေါ်ပေါ်က်လာခြင်း၊ အစစ်ဆေးခံရခြင်း၊ ညှင်းပန်းနှိတ်စက် ခံရခြင်း၊ ပူဆွေးကြေကွဲရခြင်းများကို ဖြစ်ပေါ်စေနိူင်သည်။ ရင်းနှီးသူများနှင့်လည်း ခွဲခွာရတတ်သည်။ 

သတိပြုရန်မှာ ယင်းဂဏန်းရရှိချိန်တွင် တွေ့ရသော မိတ်ဆွေများသည် ကောင်းသောမိတ်ဆွေမဟုတ်ပေ။ ထိုအချိန်တွင် လုပ်နေသောအလုပ်များမှာလည်း ရပ်ဆိုင်းသွားတတ်ပြီး အောင်မြင်နေရာမှ ဆုံးရှုံးသွားတတ်သည်။ ၂၉နှင့် ဆက်စပ်မိသူတို့သည် မကောင်းသောအချိန်ကာလကို ရောက်ရှိနေခြင်းဖြစ်သောကြောင့် အနာဟောင်းများ ပြန်ပေါ်လာတတ်သည်။ မမျှော်လင့်သော အန္တရာယ်များနှင့်အတူ မကောင်းသတင်း ဖြန့်ခံရတတ်သည်။ အကောင်းဘက်က ပြန်တွေးကြည့်လျှင်မူ ဘဝ၏မရေမရာဖြစ်နေသော အကြောင်းများမှတစ်ဆင့် ရင့်ကျက်တည်ငြိမ်သောဘဝကို ရရှိနိူင်သည်ဖြစ်၏။ ထိုဂဏန်းရရှိချိန်တွင် အနာဂတ်အရေးကို သတိထားနေရန်တော့ လိုသည်။  


၂၉တွင် အခြားသောဂဏန်းများထက် ပို၍နတ်ရှိုင်းသော ထိုးထွင်းသိမြင်မူများနှင့် ကွဲပြားခြားနားသော အဓိပ္ပါယ်များ ရှိသေးသည်ကို သိရန်လိုပါသည်။ ၂၉မှ ၂ နှင့် ၉ တို့၏ ပေါ်င်းစပ်ခြင်း ၂ + ၉ = ၁၁ နောက် ၁၁၏ ပေါင်းစပ်မူ ၁ + ၁= ၂ ဖြစ်သည်။ ယင်းပေါ်င်းစပ်မူတွင် ပါဝင်နေသော နံပါတ်တို့သည် ၂၉နံပါတ်နှင့်လည်း သက်ဆိုင်ပါသည်။ ထိုကြောင့် ထိုနံပါတ်များ၏ အရည်အသွေးများသည် ၂၉နံပါတ်အား ထောက်ပံပေးထားကြသည်။ အထူးသဖြင့် ၂ နှင့် ၉ တို့၏ ပေါင်းလဒ်ဖြစ်သော ၁၁ သည် ၂၉ ကို ပိုမိုပံပိုးပေးနိူင်ပါလိမ့်မည်။ ၁၁ သည် ဝိညာဉ်ရေးရာနှင့် ပတ်သက်နေသော နံပါတ်ဖြစ်ပြီး ထိုးထွင်းသိမြင်နိူင်သော စွမ်းရည်ရှိသည်။ မှတ်ချက်။ ။၂၉ နှင့်ဆက်စပ်သူမှန်သမျှသည် ၁၁ နှင့် ၂ တို့ကိုပါ လေ့လာဖတ်ရူရပါလိမ့်မည်။ ပညာရှင်တို့၏ လေ့လာမူများအရ ၂၉ နှင့် ၁၁ တို့သည် တူညီသော ထူးခြားချက်များ ရှိကြသည်။ ထို ၂၉ နံပါတ်နှင့် ၁၁နံပါတ်တို့ကို Tarot ၏ Major Arcanaတွင် ပုရောဟိတ်မင်းကဒ် သို့ The Harmit ကဒ်ဖြင့် ကိုယ်စားပြု ဖော်ပြထားသည်။ ထိုဖော်ပြချက်မှာ စိတ်ပိုင်းဆိုင်ရာများကို ကိုယ်စားပြုပြီး မှော်အတတ်နှင့်ဆိုင်သော အသိညဏ်ပညာများနှင့်လည်း ဆက်နွယ်မူ ရှိကြကြောင်းကို ဆိုလိုသည်။


၂၉ရက်မွေးဖွားသူများမှာ စီးဟွးရေးနှင့် ဘဝအောင်မြင်ရေးများတွင် စိတ်ပူပန်စရာနည်းပါးကြသည်။ ယင်းမှာလည်း သူတို့သည် မြင့်မားသော စဉ်းစားတွေးခေါ်ညဏ်ရည်နှင့် များပြားသောဗဟုသုတတို့ကို ပိုင်ဆိုင်ထားကြပြီး ထိုအချက်များကြောင့်ပင် ဘဝ၏အောင်မြင်မူကို ရရှိတတ်ကြသည်။ သို့သော်လည်း သူတို့မှာ တခါတလေ အစွန်းရောက်သောသူများ ဖြစ်ကြသည်။ သူတို့သည် စိတ်နှင့်ပတ်သက်သော စိတ်ပညာ၊ စာပေ၊ အလွမ်းအဆွေးဆိုင်ရာများပေါ်တွင် ဝါသနာထုံပြီး သိပ္ပံနည်းပညာဆိုင်ရာ တီထွင်မူများကိုလည်း စိတ်ပါဝင်စားကြသည်။ 


၂၉ရက်နေ့မွေးဖွားသူတို့၏ အဓိက အားနည်းချက်မှာ မိမိကိုယ်မိမိ မယုံကြည်သံသယဖြစ်တတ်ကြခြင်း ဖြစ်သည်။ အခြားသူများကို ကူညီမိရာမှတဆင့်လည်း ပြဿ နာများကြုံကြရတတ်သည်။ ထိုနေ့ရက်မွေးဖွားသူမှာ အကယ်၍အမျိုးသမီးဖြစ်သည်ဆိုလျှင် ဘဝခရီး၌ အဖြစ်အပျက်မျိုးစုံကို ကြုံစုံကြရတတ်သည်။ သို့သော် ယောကျာ်း မိန်းမ မည်သူပင်ဖြစ်ဖြစ် သူတို့အနေဖြင့် ေ့ရှဆက်လုပ်ဆောင်နေရမည့် လုပ်ငန်းများကို တွန့်ဆုတ်မူမရှိဘဲ ရဲရဲဝံဝံလုပ်ဆောင်ဖို့ လိုလေသည်။ အထူးသဖြင့် မိမိတို့၏ စိတ်ကူးညဏ်ကို အလွယ်တကူ မစွန့်လွှတ်လိုက်ဖို့မှာ အရေးကြီးဆုံးပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ဘဝတွင် သူတို့၏ စိတ်ရှည်မူနှင့် စိတ်ပိုင်းဖြတ်မူတို့ကို စမ်းသပ်စစ်ဆေးမည့် အခြေအနေများကို မကြာခဏ ကြုံတတ်သောကြောင့် ဖြစ်သည်။ ထိုအချိန်၌ စိတ်ဓာတ်ကျဆင်းခြင်း စိတ်ပျက်ခြင်းများကို ခံစားနေရလျှင်မူ သို့ ရှုံးနိမ့်ရလိမ့်သည်။ သူတို့အတွက် အောင်ပွဲ သူတို့ယဏ်ရည်ရနိူင်ဖို့မှာ သူတို့စိတ်၏ ငြိမ်းချမ်းမူ၊ ရိုးသားဖြောင့်မတ်မူ၊ ကိုယ်ပိုင်အတွေးအမြင်ရှိမူ၊ သစ္စာစောင့်သိမူ ရှိရမည်ဖြစ်သည်။ 

၂၉ရက်မွေးဖွားသူများသည် အခြားသောသူများအတွက် တခါတရံ ပေါ်င်းရသင်းရသည်ခက်၍ ဇီဇာကြောင်သောသူများ ဖြစ်နေတတ်ကြသည်။ ထိုကြောင့် သူတို့သည် ပေါ်င်းသင်းဆက်ဆံရေးကို ခိုင်မာအောင် ပြုလုပ်ကြဖို့လိုသည်။ ထိုပေါ်င်းသင်းဆက်ဆံရေးတွင် ယုံကြည်မူဟူသည်က အရေးကြီးဆုံးသောအရာပင်ဖြစ်စးသည်။ သူတျု့အတွက် ကြာရှည်ခိုင်မြဲသော ဆက်ဆံရေးကို ထိန်းသိမ်းဖို့အတွက် ယုံကြည်မူမှာ အကောင်းဆုံးစာချုပ်ပင်ဖြစ်သည်။ ယုံကြည်မူ မရှိကြသောအခါ မိမိတို့၏ ဆက်ဆံရေးများသည် မုန်တိုင်းများနှင့် ရင်ဆိုင်ကြရမှာ ဖြစ်ပြီး ရင်ဆိုင်ရသောအခါတွင်လည်း အရှုံးမပေးဘဲ မိမိတို့အနေဖြင့် ယုံကြည်မူကို ပြန်လည်တည်ဆောက်ကြရမည်ဖြစ်သည်။ 


သူတို့သည် အလှအပဆိုင်ရာနှင့် သဟဇာတများကို နှစ်သက်ကြသည်။ စူးစမ်းလိုစိတ်လည်း များကြသည်။ အခြားသူများနှင့်ဆက်စပ်မိသည့် အချိန်မှာလည်း သူတို၏ ညဏ်ရည်၊ ပွင့်လင်းမူ ၊ လိမ္မပါးနပ်မူကြောင့် အောငမြင်မူကို ရရှိတတ်ကြသည်။ သူတို့၏ရုပ်ပိုင်းဆိုင်ရာဘဝကို ရှုမြင်မိသော ဘဝ ဟာငွေကြေးဥစ္စာများသည် သူတို့အတွက်အလွန်အရေးပါသော အရာတစ်ခုတော့ မဟုတ်ပေ။ သို့သော်လည်း သူတို့၏ ဘဝရည်မှန်းချက် အောင်မြင်ဖို့မှာ ငွေကအရေးပါသည်ကို ကောင်းကောင်းသိကြသည်။ ထိုအချိန်၌ ငွေပေး၍ပင်မရနိူင်သောအရာများနှင့် အခြားသောမှားယွင်းမူ များစွာကို ကြုံရသောအခါ စိတ်ပျက်အားမငယ်သင့်ဘဲ အာရုံစူးစိုက်ထားဖို့လိုပြီး ရဲစွမ်းသတ္တိကို ပြန်နိူးဆော်ဖို့လိုကြောင်း နားလည်ထားကြရလိမ့်မည်။ သို့မှသာ မိမိတို့ လိုချင်တာမှန်သမျှကို ကြိုးစားရယူဖို့အတွက် ခွန်အားနှင့် စွမ်းအင်တို့ ပြန်လည်ရရှိလာမည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ အဆင်မပြေမူတွင် မျောပါနေမည်ဆိုပါက ၎င်းတို့သည် အလွယ်တကူ စိတ်ထိခိုက်တတ်ကြသူများ ဖြစ်သောကြောင့် ကြာလျှင် စိတ်ကျရောဂါကို ခံစားကြရနိုင်သည်။ အကယ်၍ ခံစားနေရသည်ဆိုလျှင်လည်း စိတ်ကျဝေဒနာ ဖြစ်ပေါ်စေသည့်အရာများကို စွန့်လွှတ်၍ ဘဝကို ဆက်၍ ရပ်တည်ရန် သင်ကြားကြရမည် ဖြစ်သည်။ 

၂၉ရက်မွေးဖွားသူတို့အတွက် အချစ်ရေးကမူ Emotionistဟု အမည်ပေးတင်စားထားပြီး စိတ်ခံစားချက်ကို ဦးစားပေးသူဟု ဆိုကြသည်။ အလွန်ချစ်မြတ်နိူးတတ်ကြသောသူများပီပီ စိတ်စေရာသို့ မေတ္တာဦးလှည့်တတ်သော သဘာဝရှိကြသည်။ လွမ်းမောတွေဝေနေတတ်သော အကျင့်ရှိပြီး အဆင်ပြေနေသောအရာကိုတောင် အဆင်မပြေအောင်ဖန်တီး၍ အလွမ်းသမားဘဝကို ခံယူကာ အချစ်ရေးကံမကောင်းသူအဖြစ် မိမိကိုယ်မိမိခံစားနေတတ်သည်။ စိတ်ခံစားချက်ကို ဦးပေးတတ်လွန်းသူများဖြစ်ရာ သူတို့၏စိတ်ခံစားမူအတွက် အခြားသူများအသဲကွဲလည်း သူတို့အတွက်အရေးမကြီးပေ။ ထိုကြောင့်လည်အိမ်ထောင်ရေးကံမှာလည်း မကောင်းတတ်ပေ။ စိတ်လှုပ်ရှားလွယ်ပြီး အပြောင်းအလဲမြန်သောသဘော ရှိတတ်ကြသောကြောင့် အိမ်ထောင်ဆက်များတတ်ကြပြန်သည်။ သူတို့ကို အသဲကွဲစေနိူင်သော မွေးရက်ရှင်များမှာ ၁၆ရက် ၇ရက် ၃၁ရက်မွေးဖွားသောသူများ ဖြစ်နေတာများသည်။ 

၂၉ရက် မွေးဖွားသူများ

အကြားအမြင်ဆရာ ဆွီဒင်ဘော့လ်(June 29)

အီတလီ အာဏာရှင် မူဆိုလီနီ

မိုက်ကယ်ဂျက်ဆင်

၂၉နံပါတ်အတွက် ဆောင်ရန်ရှောင်ရန် နံပါတ် ၂အတိုင်းဖြစ်သောကြောင့် ၂ကို ဖတ်ရှုလိုက်နာနိူင်ပါသည်။

Ref:

vestrology.com

numerology.com

ဆရာစံဇာဏီဘို၏ သင့်မွေးရက်နှင့် အချစ်ကံကြမ္မာ

2:14Am

Sep 7.2020

Minsetwai

Saturday, August 22, 2020

၂၇ ဂဏန်း

နျူမယိုလောဂျီအားလေ့လာခြင်း
၂၇

၂၇နှင့် ပတ်သက်သော ၂၇ရက်နေ့မွေးဖွားသူများ၊ ပေါ်င်းခြင်းနံပါတ် ၂၇ရသူများ၊ အကြောင်းတနည်းနည်းကြောင့် ၂၇နှင့် ကြုံရသူများအတွက် အကုန်လုံးကို တစုတစည်းတည်း ဖော်ပြပေးပါမည်။ သို့သော် ၂၇ရက်နေ့မွေးဖွားသူများကမူ ၉ကိုပါ ဖတ်ရှုလေ့လာရမည် ဖြစ်သည်။
၂၇၏ ကိုယ်စားပြုသင်္ကေတ အမှတ်အသားမှာ ရာဇလှံတံသင်္ကေတပင် ဖြစ်သည်ဟု ဆိုကြသည်။
ယင်းသည် ထူးခြားမူရှိသောဂဏန်းဖြစ်ပြီး ယင်း၏ ဂုဏ်မှာ အုပ်စိုးမူ၊ ဘုန်းသမ္ဘာကို ပြသည်။
အဓိပ္ပါယ်မှာ မိမိ၏ ကြိုးစားမူကြောင့်၊ မိမိ၏တီထွင်မူကြောင့် အကျိုးခံစားရပြီး အရှိန်အဝါ မြင့်မားလာရခြင်းကို ညွှန်းသည်။ တန်ခိုးသြဇာရရှိခြင်း၊ အမိန့်ပေးနိူင်ခြင်းတို့အတွက် ဆုတောင်းပြည့်ဝစေသော ဂဏန်းပင်ဖြစ်သည်။ ညဏ်ကောင်းခြင်းကိုလည်း ပြသသည်။
ယင်းဂဏန်းရရှိချိန်တွင် ထီပေါ်က်တတ်ခြင်း၊ အမွေရရှိတတ်ခြင်း စသဖြင့် ငွေအစုလိုက်အပုံလိုက် ဝင်တတ်လေသည်။
ထိုအတူ အခက်အခဲများမှာလည်း မိမိမှ မဖြေရှင်းရပါဘဲနှင့် သူအလိုလို ပြေလည်သွားတတ်သည်။ ဆိုရလျှင် ထိုနံပါတ်ရရှိချိန်၌ အလုပ်ကိစ္စ၊ နေရာထိုင်ခင်းကိစ္စ၊ မိသားစုကိစ္စ အားလုံးအကောင်းဖြစ်ပေါ်စေနိူင်ပါသည်။

 ၂၇ ၏အဓိပ္ပါယ်သည် လူသား၏အကျိုးကို ချစ်မြတ်နိုးကြောင်း၊ သံတမန်ရေးရာနှင့် ပညာရှိမူကို
ဖော်ပြသည်။ သနားခြင်း၊ ကြင်နာခြင်း၊ သည်းခံခြင်း စသော စရိုက်သွင်ပြင်များရှိကြသည်။ ထိုသူတို့သည် လူသားတို့ကိုကူညီရန်အတွက် သူတို့၏စံပြအမြင်များ၊ လူသားချင်းစာနာမှုဆိုင်ရာသဘောသဘာဝများ၊ လူစွမ်းရည်နှင့်
ဗဟုသုတများစွာကို အသုံးပြုတတ်ကြသူများလည်း ဖြစ်သည်။ ထိုကြောင့် ထိုသူတို့သည် အခြားသူများကို ကူညီပေးရန် အသင့်ရှိနေတတ်ကြသည်။ သို့သော် ၂၇ရက်မှာ မွေးဖွားလာသူများကမူ ၉ဂဏန်းသမားများ ဖြစ်ကြသည်နှင့်အညီ ၉၏စရိုက်များကိုလည်း ပိုင်ဆိုင်ထားတတ်ကြသည်။ ယင်နေ့မွေးဖွားသူတို့သည် မြင့်မားသော ကြံရည်ဖန်ရည်နှင့် ခိုင်မာသော ဆုံးဖြတ်ချက်များကို ပိုင်ဆိုင်ထားကြသည်။ အများထဲတွင် ခေါ်င်းဆောင်ဖြစ်တတ်ကြသည်။ သို့သော် ထိုမြင့်မားသော နေရာများကို ရောက်ရှိနိူင်ရန်အတွက် ဘဝမှာ ရုန်းကန်လှုပ်ရှားကြရလိမ့်မည်။ အထူးသဖြင့် ၂၇ရက်နေ့ဖွားမြင်သူများသည် အများသူငါ၏ လက်အောက်ခံအဖြစ် အလုပ်မလုပ်ချင်ကြကာ မိမိစွမ်းရည်ကို ယုံကြည်နေပြီး အမြဲတစေ ထိပ်ဆုံးသို့ရောက်အောင် ကြိုးပမ်းနေတတ်ကြသည်။ အရာရာကို ကျွမ်းကျင် ပိုင်နိူင်စွာ ပြုလုပ်တတ်ကြပြီး ပြန်မပြော၊ နားမထောင် ၊ မထုံတတ်သေး လုပ်တတ်ကြသည့် အကျင့်မျိုးလည်း ရှိတတ်ကြသည်။

၂၇တွင်ပါဝင်သော ၂ နှင့် ၇ တို့မှာလည်း ၂၇၏ အဓိပ္ပါယ်ကို အထောက်အကူပြုပေးသော နံပါတ်များဖြစ်သည်။ ၂သည် သံတမန်ရေးရာနှင့် သက်ဆိုင်ပြီး ၇ သည်
သနားကြင်နားတတ်သော သဘောကိုဆောင်သည်။ ထိုစွမ်းရည်များကို ပေါ်င်းစည်ပြီး ၂၇သည် ကိုယ်ပိုင်လိမ္မာပါး
နပ်မှုနှင့်အတူ ရှေးခေတ်ဉာဏ်ပညာအသိတို့ကို ပေါင်းစပ်၍ ဘဝကိုတည်ဆောက်သည်။ သို့သော်လည်း ချွင်းချက်တစ်ခုရှိသည်မှာ ၂၇ရက်နေ့ မွေးဖွားသူများသည် လူအများဆီမှ မိမိလုပ်ရပ်မှန်ကန်ကြောင်း ထောက်ခံပေးခြင်းကို အလွန်းအမင်းအာရုံစိုက်တတ်သော အလေ့အထရှိခြင်းကြောင့် တခါတရံမှာ မိမိကိုယ်မိမိ ယုံကြည်မူအားနည်းသွားတတ်ကြသည်။ မည်သို့ပင်ဖြစ်ဖြစ်
 ၂၇နှင့် သက်ဆိုင်သူ၏ကံကြမ္မာသည် အခြားသူများကို
 ကူညီရန်ဖြစ်သည်။ ယင်းတို့သည် ကိုယ့်ကိုယ်ကို
 လျစ်လျူရှုခြင်းထားပြီး သူတို့၏အဓိကစိုးရိမ်မှုမှာ အခြားသူများ၏သုခချမ်းသာရှိရေးပင် ဖြစ်သည်။ အခြားသူများအား ကိစ္စတစ်ခုအတွက်ငွေကြေးလှူဒါန်းရုံထက်မက အများကြီးကူညီပေးနိုင်ကြသည်။

 ၂၇ သည်စိတ်ကူးယဉ်ဆန်သော၊ စာနာစိတ်ရှိသော သူများဖြစ်ပြီးလျှင် အခြားသူများ၏ရည်ရွယ်ချက်နှင့် အသင်းအဖွဲ့စိတ်ဓာတ်အပေါ် ဦးစားပေးတတ်ကြပြီး ထိုမှတဆင့်
 ကူညီရန်နည်းလမ်းများကို ရှာဖွေတတ်ကြသေးသည်။
 ထိုမှတဆင့်၂၇၏ ပေါ်င်းလဒ်ဖြစ်သော ၉ နှင့် ၇ တို့က
 ပြည့်ဝစုံလင်သော လူသားချင်းစာနာထောက်ထားမှုနှင့်
 ငြိမ်းချမ်းရေးကိုဖန်တီးပေးသည်။ ဤသည် အကောင်းဆုံးသော နံပါတ်ပေါင်းစပ်မှုတစ်ခုဖြစ်သည်။
 အဘယ့်ကြောင့်ဆိုသော် ၂၇ သည် သူတစ်ပါးအားကူညီရန် လုံလောက်သောပညာများကို ရှာဖွေတွေ့ရှိနိူင်သောကြောင့်ဖြစ်သည်။ သို့သော်လည်း ထိုလူများသည် ကိုယ်ကျိုးစွန့်သူများဖြစ်သော်လည်း ပူးပေါင်းဆောင်ရွက်မှုကိုတော့ ပို၍နှစ်သက်ကြသည်။ ယေဘုယျအားဖြင့်တော့ သူတို့ဟာ အလွန်သနားကြင်နာတတ်ပြီး သည်းခံစိတ်ရှိသူများလည်း ဖြစ်သည်။ သို့သော် အချစ်ရေး အိမ်ထောင်ရေးတွင်မူ မိမိမှ နားလည်မူထားတတ်ဖို့ အထူးလိုအပ်၏။

အဘယ်ကြောင့်ဆိုလျှင် အချစ်ရေးနှင့်ပတ်သက်ပြီး ၂၇ရက်၌ မွေးဖွားသူတို့ကို The Dogmatic Loverအဖြစ် သတ်မှတ်ထားကြသောကြောင့် ဖြစ်သည်။ သူတို့သည် အချစ်ရေးရာကိစ္စတွင် သူတို့သာလျှင် အချစ်ပိုကြပြီး အချစ်တတ်ဆုံးသူများဖြစ်သည်ဟု စိတ်တွင်ယူမှတ်ပြီး သူတို့၏ အချစ်သည်သာ အနိူင်းမဲ့ဖြစ်သည်။ ချစ်ခြင်းတရားနှင့်ပတ်သက်၍ ဆွေမျိုးသားချင်းများအကြံပေးချက်ကိုလည်း လက်မခံ။ သူတို့၏ အချစ်စိတ်ကြောင့် သူတို့ထက်ချစ်တတ်သောသူ မရှိပြီဟု ထင်ရလောက်အောင် အစွဲအလမ်းကြီးတတ်ကြသည်။ ထိုအစွဲအလမ်းကြောင့်ပင် အငြင်းသန်ခြင်း ၊ တစ်ဘက်သတ်ပြောဆိုခြင်းများကို ပြုလုပ်လာကြရာမှ ချစ်သူနှင့် ပဋိပက္ခဖြစ်ကြရသည်။ ထိုကြောင့် ၂၇ရက်မွေးဖွားသူ အများစုမှာ အကြိမ်ကြိမ် အခါခါ အသဲကွဲပြီးမှ အိမ်ထောင်ရေး အဆင်ပြေသွားတတ်ကြသည်လည်း ရှိသလို့ အချို့ကြပြန်သော အဆင်ပြေနေသော အခြေအနေမှာရှိနေကြရာမှ ရုတ်တရတ် ချစ်ရသူနှင့် ဝေးကွာသွားရခြင်း၊ ချစ်သူမှ မိမိကို ပစ်ပယ်သွားခြင်းမျိုးကိုလည်း ကြုံတွေ့တတ်ကြလေသည်။
အားလုံးကို ခြုံငုံသုံးသပ်ကြည့်လျှင်မူ ၂၇ သည် အတွေးအခေါ်များပါ ၀ င်သည့် ပေါင်းစပ်စွမ်းအင်ကိုကိုယ်စားပြုသည်ကို တွေ့ရသည်။ ယင်းစွမ်းအင်များမှာ လူသားဝါဒ၊ သနားကြင်နာမှု၊ ပရဟိတလုပ်ငန်း ၊ ပူးပေါင်းဆောင်ရွက်မှု ၊ သည်းခံစိတ် စသည့်တို့ ဖြစ်သည်။ သို့သော်ငြားလည်း ၂၇ရက်မွေးဖွားသောသူများသည် ဆိုခဲ့ပြီးအတိုင်း ၎င်းတို့၏ ပင်ကိုယ်စရိုက်အရ တည်ငြိမ်အေးချမ်းမူကို လိုလားသည်မှာမှန်သော်လည်း ၎င်းတို့၏ ငြိမ်းချမ်းမူကို လာနှောင့်ယှတ်တတ်သောသူများကိုမူ လွန်စွာမုန်းတီးတတ်ကြသည်။

မိမိဘက်မှ ထိခိုက်နာကျင်စရာ ဖြစ်စေမည့်အရာဟူသမျှကို အတတ်နိူင်ဆုံး ရှောင်ရှားကြပါသော်လည်း စိတ်အတွင်းထဲက နာကျင်မူကိုတော့ ဖြေဖျောက်နိူင်စွမ်း မရှိတတ်ကြပေ။ သာမန်အခြေအနေအရ တည်ငြိမ်အေးချမ်းစွာ ရှင်သန်ရပ်တည်နိူင်စွမ်း ရှိကြသော်လည်း တခါတရံ အကျဉ်းအကြပ်ထဲ ကျရောက်သွားခဲ့လျှင်မူ ၎င်းတို့၏စိတ်ကို ကိုယ်တိုင်ထိန်းချုပ်နိူင်စွမ်း နည်းပါးသွားတတ်ကြသည်။ ထိုအခြေအနေများတွင်း စိတ်ခံစားမူ လွယ်သူများဖြစ်သောကြောင့် လူကြားသူကြားထဲ၌လည်း မျက်ရည်ကျတတ်ကြသည်။ အလွန်အမင်း စိတ်ဖိစီးလာသောအခါမျိုးတွင် ထင်ရာစိုင်းချင်ကြသည်။ ကျန်းမာရေးဆိုင်ရာတွင်မူ ထိုသူများသည် အရေပြားပေါ်တွင် အဖုအပိမ့်များထွက်တတ်ခြင်း၊ အလာဂျစ်ဖြစ်ခြင်း၊ ဝက်ခြံ၊ တင်းတိမ်၊ ခေါ်င်းကိုက်၊ ဗိုက်နာ၊ ရင်ဘတ်အောင့်၊ ပန်းနာရင်ကြပ်၊ သွေးချို၊ဆီးချိုနှင့် ဟော်မုန်းဓာတ် မမျှတမူကြောင့် ဖြစ်ပေါ်တတ်သော ရောဂါများကို ကြုံတွေ့တတ်ကြသည်။ အခြားသော ဆောင်ရန်၊ ရှောင်ရန်များမှာမူ ၉နှင့်အတူတူပင် ဖြစ်သောကြောင့် နံပါတ်၉အကြောင်းကို ဖတ်ရှုလေ့လာရမည်ဖြစ်သည်။

Ref:
thesecretofthetarot.com
affnitynumerology.com
ဆရာမင်းသိင်္ခ၏ နျူမရော်လောဂျီ ဂျစ်ပစီဟောကိန်း
ဆရာစံဇာဏီဘို၏ သင့်မွေးရက်နှင့် အချစ်ရေးကံကြမ္မာ
Aug19.2020
Minsettwai

Featured Post

ကဗျာဟူသည်

poetry ကဗျာဟူသည် ကဗျာဆိုသည်မှာ မိမိရောက်နေသောခေတ် အသက်ရှင်နေသောခေတ်၏အတွေးအခေါ်များကို အခြေခံ၍ သက်ရောက်မှုအများဆုံးရှိသော ခံစားမှုကို ဖန်တီးပ...