နျူမယိုလောဂျီအားလေ့လာခြင်း
၂၇
၂၇နှင့် ပတ်သက်သော ၂၇ရက်နေ့မွေးဖွားသူများ၊ ပေါ်င်းခြင်းနံပါတ် ၂၇ရသူများ၊ အကြောင်းတနည်းနည်းကြောင့် ၂၇နှင့် ကြုံရသူများအတွက် အကုန်လုံးကို တစုတစည်းတည်း ဖော်ပြပေးပါမည်။ သို့သော် ၂၇ရက်နေ့မွေးဖွားသူများကမူ ၉ကိုပါ ဖတ်ရှုလေ့လာရမည် ဖြစ်သည်။
၂၇၏ ကိုယ်စားပြုသင်္ကေတ အမှတ်အသားမှာ ရာဇလှံတံသင်္ကေတပင် ဖြစ်သည်ဟု ဆိုကြသည်။
ယင်းသည် ထူးခြားမူရှိသောဂဏန်းဖြစ်ပြီး ယင်း၏ ဂုဏ်မှာ အုပ်စိုးမူ၊ ဘုန်းသမ္ဘာကို ပြသည်။
အဓိပ္ပါယ်မှာ မိမိ၏ ကြိုးစားမူကြောင့်၊ မိမိ၏တီထွင်မူကြောင့် အကျိုးခံစားရပြီး အရှိန်အဝါ မြင့်မားလာရခြင်းကို ညွှန်းသည်။ တန်ခိုးသြဇာရရှိခြင်း၊ အမိန့်ပေးနိူင်ခြင်းတို့အတွက် ဆုတောင်းပြည့်ဝစေသော ဂဏန်းပင်ဖြစ်သည်။ ညဏ်ကောင်းခြင်းကိုလည်း ပြသသည်။
ယင်းဂဏန်းရရှိချိန်တွင် ထီပေါ်က်တတ်ခြင်း၊ အမွေရရှိတတ်ခြင်း စသဖြင့် ငွေအစုလိုက်အပုံလိုက် ဝင်တတ်လေသည်။
ထိုအတူ အခက်အခဲများမှာလည်း မိမိမှ မဖြေရှင်းရပါဘဲနှင့် သူအလိုလို ပြေလည်သွားတတ်သည်။ ဆိုရလျှင် ထိုနံပါတ်ရရှိချိန်၌ အလုပ်ကိစ္စ၊ နေရာထိုင်ခင်းကိစ္စ၊ မိသားစုကိစ္စ အားလုံးအကောင်းဖြစ်ပေါ်စေနိူင်ပါသည်။
၂၇ ၏အဓိပ္ပါယ်သည် လူသား၏အကျိုးကို ချစ်မြတ်နိုးကြောင်း၊ သံတမန်ရေးရာနှင့် ပညာရှိမူကို
ဖော်ပြသည်။ သနားခြင်း၊ ကြင်နာခြင်း၊ သည်းခံခြင်း စသော စရိုက်သွင်ပြင်များရှိကြသည်။ ထိုသူတို့သည် လူသားတို့ကိုကူညီရန်အတွက် သူတို့၏စံပြအမြင်များ၊ လူသားချင်းစာနာမှုဆိုင်ရာသဘောသဘာဝများ၊ လူစွမ်းရည်နှင့်
ဗဟုသုတများစွာကို အသုံးပြုတတ်ကြသူများလည်း ဖြစ်သည်။ ထိုကြောင့် ထိုသူတို့သည် အခြားသူများကို ကူညီပေးရန် အသင့်ရှိနေတတ်ကြသည်။ သို့သော် ၂၇ရက်မှာ မွေးဖွားလာသူများကမူ ၉ဂဏန်းသမားများ ဖြစ်ကြသည်နှင့်အညီ ၉၏စရိုက်များကိုလည်း ပိုင်ဆိုင်ထားတတ်ကြသည်။ ယင်နေ့မွေးဖွားသူတို့သည် မြင့်မားသော ကြံရည်ဖန်ရည်နှင့် ခိုင်မာသော ဆုံးဖြတ်ချက်များကို ပိုင်ဆိုင်ထားကြသည်။ အများထဲတွင် ခေါ်င်းဆောင်ဖြစ်တတ်ကြသည်။ သို့သော် ထိုမြင့်မားသော နေရာများကို ရောက်ရှိနိူင်ရန်အတွက် ဘဝမှာ ရုန်းကန်လှုပ်ရှားကြရလိမ့်မည်။ အထူးသဖြင့် ၂၇ရက်နေ့ဖွားမြင်သူများသည် အများသူငါ၏ လက်အောက်ခံအဖြစ် အလုပ်မလုပ်ချင်ကြကာ မိမိစွမ်းရည်ကို ယုံကြည်နေပြီး အမြဲတစေ ထိပ်ဆုံးသို့ရောက်အောင် ကြိုးပမ်းနေတတ်ကြသည်။ အရာရာကို ကျွမ်းကျင် ပိုင်နိူင်စွာ ပြုလုပ်တတ်ကြပြီး ပြန်မပြော၊ နားမထောင် ၊ မထုံတတ်သေး လုပ်တတ်ကြသည့် အကျင့်မျိုးလည်း ရှိတတ်ကြသည်။
၂၇တွင်ပါဝင်သော ၂ နှင့် ၇ တို့မှာလည်း ၂၇၏ အဓိပ္ပါယ်ကို အထောက်အကူပြုပေးသော နံပါတ်များဖြစ်သည်။ ၂သည် သံတမန်ရေးရာနှင့် သက်ဆိုင်ပြီး ၇ သည်
သနားကြင်နားတတ်သော သဘောကိုဆောင်သည်။ ထိုစွမ်းရည်များကို ပေါ်င်းစည်ပြီး ၂၇သည် ကိုယ်ပိုင်လိမ္မာပါး
နပ်မှုနှင့်အတူ ရှေးခေတ်ဉာဏ်ပညာအသိတို့ကို ပေါင်းစပ်၍ ဘဝကိုတည်ဆောက်သည်။ သို့သော်လည်း ချွင်းချက်တစ်ခုရှိသည်မှာ ၂၇ရက်နေ့ မွေးဖွားသူများသည် လူအများဆီမှ မိမိလုပ်ရပ်မှန်ကန်ကြောင်း ထောက်ခံပေးခြင်းကို အလွန်းအမင်းအာရုံစိုက်တတ်သော အလေ့အထရှိခြင်းကြောင့် တခါတရံမှာ မိမိကိုယ်မိမိ ယုံကြည်မူအားနည်းသွားတတ်ကြသည်။ မည်သို့ပင်ဖြစ်ဖြစ်
၂၇နှင့် သက်ဆိုင်သူ၏ကံကြမ္မာသည် အခြားသူများကို
ကူညီရန်ဖြစ်သည်။ ယင်းတို့သည် ကိုယ့်ကိုယ်ကို
လျစ်လျူရှုခြင်းထားပြီး သူတို့၏အဓိကစိုးရိမ်မှုမှာ အခြားသူများ၏သုခချမ်းသာရှိရေးပင် ဖြစ်သည်။ အခြားသူများအား ကိစ္စတစ်ခုအတွက်ငွေကြေးလှူဒါန်းရုံထက်မက အများကြီးကူညီပေးနိုင်ကြသည်။
၂၇ သည်စိတ်ကူးယဉ်ဆန်သော၊ စာနာစိတ်ရှိသော သူများဖြစ်ပြီးလျှင် အခြားသူများ၏ရည်ရွယ်ချက်နှင့် အသင်းအဖွဲ့စိတ်ဓာတ်အပေါ် ဦးစားပေးတတ်ကြပြီး ထိုမှတဆင့်
ကူညီရန်နည်းလမ်းများကို ရှာဖွေတတ်ကြသေးသည်။
ထိုမှတဆင့်၂၇၏ ပေါ်င်းလဒ်ဖြစ်သော ၉ နှင့် ၇ တို့က
ပြည့်ဝစုံလင်သော လူသားချင်းစာနာထောက်ထားမှုနှင့်
ငြိမ်းချမ်းရေးကိုဖန်တီးပေးသည်။ ဤသည် အကောင်းဆုံးသော နံပါတ်ပေါင်းစပ်မှုတစ်ခုဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ၂၇ သည် သူတစ်ပါးအားကူညီရန် လုံလောက်သောပညာများကို ရှာဖွေတွေ့ရှိနိူင်သောကြောင့်ဖြစ်သည်။ သို့သော်လည်း ထိုလူများသည် ကိုယ်ကျိုးစွန့်သူများဖြစ်သော်လည်း ပူးပေါင်းဆောင်ရွက်မှုကိုတော့ ပို၍နှစ်သက်ကြသည်။ ယေဘုယျအားဖြင့်တော့ သူတို့ဟာ အလွန်သနားကြင်နာတတ်ပြီး သည်းခံစိတ်ရှိသူများလည်း ဖြစ်သည်။ သို့သော် အချစ်ရေး အိမ်ထောင်ရေးတွင်မူ မိမိမှ နားလည်မူထားတတ်ဖို့ အထူးလိုအပ်၏။
အဘယ်ကြောင့်ဆိုလျှင် အချစ်ရေးနှင့်ပတ်သက်ပြီး ၂၇ရက်၌ မွေးဖွားသူတို့ကို The Dogmatic Loverအဖြစ် သတ်မှတ်ထားကြသောကြောင့် ဖြစ်သည်။ သူတို့သည် အချစ်ရေးရာကိစ္စတွင် သူတို့သာလျှင် အချစ်ပိုကြပြီး အချစ်တတ်ဆုံးသူများဖြစ်သည်ဟု စိတ်တွင်ယူမှတ်ပြီး သူတို့၏ အချစ်သည်သာ အနိူင်းမဲ့ဖြစ်သည်။ ချစ်ခြင်းတရားနှင့်ပတ်သက်၍ ဆွေမျိုးသားချင်းများအကြံပေးချက်ကိုလည်း လက်မခံ။ သူတို့၏ အချစ်စိတ်ကြောင့် သူတို့ထက်ချစ်တတ်သောသူ မရှိပြီဟု ထင်ရလောက်အောင် အစွဲအလမ်းကြီးတတ်ကြသည်။ ထိုအစွဲအလမ်းကြောင့်ပင် အငြင်းသန်ခြင်း ၊ တစ်ဘက်သတ်ပြောဆိုခြင်းများကို ပြုလုပ်လာကြရာမှ ချစ်သူနှင့် ပဋိပက္ခဖြစ်ကြရသည်။ ထိုကြောင့် ၂၇ရက်မွေးဖွားသူ အများစုမှာ အကြိမ်ကြိမ် အခါခါ အသဲကွဲပြီးမှ အိမ်ထောင်ရေး အဆင်ပြေသွားတတ်ကြသည်လည်း ရှိသလို့ အချို့ကြပြန်သော အဆင်ပြေနေသော အခြေအနေမှာရှိနေကြရာမှ ရုတ်တရတ် ချစ်ရသူနှင့် ဝေးကွာသွားရခြင်း၊ ချစ်သူမှ မိမိကို ပစ်ပယ်သွားခြင်းမျိုးကိုလည်း ကြုံတွေ့တတ်ကြလေသည်။
အားလုံးကို ခြုံငုံသုံးသပ်ကြည့်လျှင်မူ ၂၇ သည် အတွေးအခေါ်များပါ ၀ င်သည့် ပေါင်းစပ်စွမ်းအင်ကိုကိုယ်စားပြုသည်ကို တွေ့ရသည်။ ယင်းစွမ်းအင်များမှာ လူသားဝါဒ၊ သနားကြင်နာမှု၊ ပရဟိတလုပ်ငန်း ၊ ပူးပေါင်းဆောင်ရွက်မှု ၊ သည်းခံစိတ် စသည့်တို့ ဖြစ်သည်။ သို့သော်ငြားလည်း ၂၇ရက်မွေးဖွားသောသူများသည် ဆိုခဲ့ပြီးအတိုင်း ၎င်းတို့၏ ပင်ကိုယ်စရိုက်အရ တည်ငြိမ်အေးချမ်းမူကို လိုလားသည်မှာမှန်သော်လည်း ၎င်းတို့၏ ငြိမ်းချမ်းမူကို လာနှောင့်ယှတ်တတ်သောသူများကိုမူ လွန်စွာမုန်းတီးတတ်ကြသည်။
မိမိဘက်မှ ထိခိုက်နာကျင်စရာ ဖြစ်စေမည့်အရာဟူသမျှကို အတတ်နိူင်ဆုံး ရှောင်ရှားကြပါသော်လည်း စိတ်အတွင်းထဲက နာကျင်မူကိုတော့ ဖြေဖျောက်နိူင်စွမ်း မရှိတတ်ကြပေ။ သာမန်အခြေအနေအရ တည်ငြိမ်အေးချမ်းစွာ ရှင်သန်ရပ်တည်နိူင်စွမ်း ရှိကြသော်လည်း တခါတရံ အကျဉ်းအကြပ်ထဲ ကျရောက်သွားခဲ့လျှင်မူ ၎င်းတို့၏စိတ်ကို ကိုယ်တိုင်ထိန်းချုပ်နိူင်စွမ်း နည်းပါးသွားတတ်ကြသည်။ ထိုအခြေအနေများတွင်း စိတ်ခံစားမူ လွယ်သူများဖြစ်သောကြောင့် လူကြားသူကြားထဲ၌လည်း မျက်ရည်ကျတတ်ကြသည်။ အလွန်အမင်း စိတ်ဖိစီးလာသောအခါမျိုးတွင် ထင်ရာစိုင်းချင်ကြသည်။ ကျန်းမာရေးဆိုင်ရာတွင်မူ ထိုသူများသည် အရေပြားပေါ်တွင် အဖုအပိမ့်များထွက်တတ်ခြင်း၊ အလာဂျစ်ဖြစ်ခြင်း၊ ဝက်ခြံ၊ တင်းတိမ်၊ ခေါ်င်းကိုက်၊ ဗိုက်နာ၊ ရင်ဘတ်အောင့်၊ ပန်းနာရင်ကြပ်၊ သွေးချို၊ဆီးချိုနှင့် ဟော်မုန်းဓာတ် မမျှတမူကြောင့် ဖြစ်ပေါ်တတ်သော ရောဂါများကို ကြုံတွေ့တတ်ကြသည်။ အခြားသော ဆောင်ရန်၊ ရှောင်ရန်များမှာမူ ၉နှင့်အတူတူပင် ဖြစ်သောကြောင့် နံပါတ်၉အကြောင်းကို ဖတ်ရှုလေ့လာရမည်ဖြစ်သည်။
Ref:
thesecretofthetarot.com
affnitynumerology.com
ဆရာမင်းသိင်္ခ၏ နျူမရော်လောဂျီ ဂျစ်ပစီဟောကိန်း
ဆရာစံဇာဏီဘို၏ သင့်မွေးရက်နှင့် အချစ်ရေးကံကြမ္မာ
Aug19.2020
Minsettwai
Search My Blog
Saturday, August 22, 2020
Subscribe to:
Post Comments (Atom)
Featured Post
ကဗျာဟူသည်
poetry ကဗျာဟူသည် ကဗျာဆိုသည်မှာ မိမိရောက်နေသောခေတ် အသက်ရှင်နေသောခေတ်၏အတွေးအခေါ်များကို အခြေခံ၍ သက်ရောက်မှုအများဆုံးရှိသော ခံစားမှုကို ဖန်တီးပ...
-
"My Information Gap" Every open mind Every stay in the psychological experience Every want to the psychological liberation Every n...
-
1963AD 1963.sep ထိုကာလတွင် ဗကပတို့သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အမြတ်ထုတ်ရန် သဘောထားခဲ့ကြသည်။ သူတို့သည် အဝေးရောက် ဗဟိုကော်မတီနှင့်...
No comments:
Post a Comment