Search My Blog

Showing posts with label ရဟတ်. Show all posts
Showing posts with label ရဟတ်. Show all posts

Tuesday, December 15, 2020

အနာမကျက်တဲ့ပင့်ကူ

 ရဟတ် (ကဗျာစုစည်းမူ)-၁၆

အနာမကျက်တဲ့ပင့်ကူ

***************


ဖြစ်လာဖို့ အများကြီး ရှိတာကြောင့် 

ငါကြိုတွေးမိ

ရေခဲချောင်းတွေ အချိန်တန်တော့ အရည်ပျော်သွားချိန်

ငါစိတ်က ဓာတ်ခဲလိုသလားတွေးပြီး 

ပင့်ကူတစ်ကောင်လိုကျင့်

ဆားမပေါ်က်ဖို့တော့ လိုနေတယ်

(ကောင်းကောင်း ထိန်းသိမ်းစောင့်ရှောက်ပါ။)

၁။ စိတ်အချဉ်ပေါ်က်တိုင်း ပတ်ဝန်းကျင် က နားဒုက္ခရောက်

၂။ ပင်အပ်တစ်ချောင်းနဲ့ ကိုယ့်နူတ်ခမ်းကိုယ်ထိုးဖောက်

၃။ အိမ်သာထဲမှာ ပင့်ကူတွေ အများကြီးတွေ့တယ်

ကောင်းပါပြီ။ 

ငါဟာ ရာသီဥတုနဲ့ ကင်းလွတ်ပြီး 

အိမ်ယက်ဖောက်ခဲ့...

သင်ခိုး ကြည့်နေတယ်။ ဖယ်ရှားမကြည့်နိူင်သေးတာကို စိတ်တိုကောင်းတိုမယ်။ 

ခါးသီးလွန်းတဲ့ကော်ဖီခွက်ထဲ 

ငါခုန်ဆင်းခဲ့မယ်

ဆုတောင်းတွေ တသီကြီး ရွတ်ထားပေါ့...။

၁။ ငါးစာသည် ဘယ်တော့မှ ငါမဟုတ်

၂။ အပျင်းပြေချင် အရုပ်နဲ့ဆော့

၃။ ငါ့ကိုကျဆုံးချင်ရင် ငါကိုမေးခွန်းထုတ်

အရမ်းသေးငယ်တဲ့ မျှော်လင့်ချက်နဲ့တော့ ထောင်ချောက်ကို ခလုတ်မဖြုတ်နဲ့တော့..

စိတ်တွေ သေအောင်ရွက်လွင့်

ငါက နံရံမှာ မျှော်လင့်ချက်တွေ ကပ်မယ်

လာမနမ်းနဲ့ မုသားဟာ 

ငါ့အစားအစာမဟုတ်တာ သေချာတယ်

ကဲ..ငါကစောင့်ကြည့်ရမလား 

ပြော...သင်က စောင့်ကြည့်မလား

သေသေချာချာတော့တွေး

ငါက ပင့်ကူတစ်ကောင်တော့ ဖြစ်မယ်..။

2012

Minsetwai

Sunday, November 22, 2020

မျော

မျော


တိုးလျိုပေါ်က်က ချောင်းကြည့်မိတော့ 

ငါတို့ဟာ..

ကွင်းပြင်ကြယ်ကြီးတဲ့ ပြေးလွှားနေကြတဲ့ ပုရွက်ဆိတ် တွေလို

အချိုအဆိမ့်နဲ့ 

အီတဲ့အရသာတွေကို ပိုက်ထွေးပြီး

ကိုယ့်အိမ်ကလေးထဲ 

အိပ်မောကျနေသူတစ်ချို့ 

စကားစမြည်းပြောကြ..

ရယ်ကြ၊ ငိုကြ

နောက်..တံခါးဖွင့်သံကြားမိတဲ့အခါ

ဝင်လာသူလား၊ ထွက်သွားသူလား 

နားစွင့်လိုက်မိကြ..

များပြားထွေပြားတဲ့

အဖြစ်သနစ်တွေကြား

မျတ်နှာမွဲမဟုတ်ကြောင်း 

ကိုယ့်ဂုဏ်ကိုယ်ဖော်လိုက်ကြ

တကယ်က

မျောချင်တိုင်းမျောပါနေရတဲ့

ဇာတ်ကောင်တွေဆိုတာ 

ဘဝ ဝပ်ကျင်းများက အသိပါ။

May9.2012

Minsetwai

Wednesday, November 11, 2020

ရှင်သန်လိုခြင်းအတွက် ရေးဖြစ်တဲ့ သေတမ်းစာ

ရှင်သန်လိုခြင်းအတွက် ရေးဖြစ်တဲ့ သေတမ်းစာ


၁။ ။

ဒီရေခဲမြစ်ကလေးနဲ့....

ဒီအနာဂတ်ကြယ်ကလေး

အတွက် ..

ကျောရိုးတစ်လျှောတ် 

နာကျင်ကိုက်ခဲခြင်းတွေနဲ့...

ပျင်းရိလေးတွဲ့မနက်ဖြန်တွေကို

ငါ

ပြန်သယ်ထုတ်ယူသွားရချိန်....။ 


၂။ ခံစားထုဆစ်ခဲ့မိတယ်

 ကြယ်တွေ၊ လတွေ

သေချင်စော်နံသူတစ်ဦးရဲ့ 

အဝေးမှာ 

ထိန်ထိန်လင်းကြပါစေ...

မုန်တိုင်းပျော် 

ဇင်ယော်ဌက်တွေရဲ့

မိသားစုဘဝဆိုတာမျိုးတွေ 

တဖြည်းဖြည်းချင်း 

ဖြေလျော့ပေးလိုက်ရတဲ့နောက်

မြက်ခင်းရောင် 

အခန်းလေးထဲက

တီတီတာတာကလေး

ငယ်တစ်ဦး

စိတ်ကူးထဲထိ 

လာလာ အမြစ်တူးဆဲပဲလေ..17.။


၃။ ဒီနေ့က ၆လသားတစ်ဦး

ဘာလုပ်နေမှန်း မသိရတဲ့နေ့

အရင်တုန်းကလည်း မသိရ

နောင်လည်းမသိရ

ဘယ်တော့မှ 

ဘာဆိုဘာမှ သိခွင့်မရ

နေဝင်ဆည်းဆာအလှတွေ

ပျောက်ချင်းမလှ

 ပျောက်ဆုံးနေခဲ့ရတဲ့နေ့တွေ။ ။


၄။ ။ ဟော့..ဟိုးကဝရံတာမှာ 

ချစ်စဖွယ်ကလေး

ဟော့...ဟိုးမှာ စက်ဘီး

အနီရဲရဲလေး

ဟော့..ဟိုးမှာ သားတွေကို 

ချီပိုးထားတဲ့ 

စိတ်ဓာတ်မာတဲ့ ဖခင်တွေရဲ့ 

အပြုံးလေးတွေ

စောင့်ကြည်အသက်ငင်နေတဲ့ 

ဂီတာဖြူလေးထဲက

နေတိုးရဲ့

လရောင်ချော့တေးလေး 

ထပ်မံ အသက်ဝင်စေ

ချင်မိပြန်သေးတယ်။ 


၅။ ပြောပြချင်တဲ့ စကားတွေဟာ

ထိုးကြိတ်ပြီးထည့်လဲ

 နောက်ဆုံးတွေနဲ့အမျှင်တန်း

ဆုတ်ကိုင်ထားချင်ခဲ့တဲ့ 

ဟော့ဒီ..လက်မှာ

နာကြင်မှာစိုးတဲ့

 သောကဝေဒနာတွေနဲ့

မာန်လျော့လို့ 

ပျင်းရိတုန့်ဆိုင်းသဏ္ဍာန်နဲ့အတူ

သေတမ်းစာတွေ

အကြိမ်ကြိမ် ရေးနေခဲ့မိတယ်..။


၆။ ပျော်ရွှင်မူရဲ့ 

အသံထွက်ဆိုခြင်းမှာ

ငါ့စိတ်အာရုံသိမြင်မူက 

ချင့်ချိန်ဥပမာ မဲ့နေခဲ့ပြီပဲ

စိတ်....တဲ့

ကွင်းစ ကွင်းပိတ်လေးထဲ

(.............................)

ငါ့ကိုယ်ငါ 

လှောင်ပိတ်ခံထားလိုက်မိတယ်။ 


၇။ ဥပဏ္ခောပြုထား

လိုက်သူတွေရဲ့ နောက်ကွယ်

ဖယောင်းမီးလေး လေမခဖို့

တုန်တုန်ရီရီလက်တွေနဲ့

စွမ်းသလောက် 

ကာကွယ်ပေးချင်သေးလည်း

နတ်ဆိုးတွေက 

ဆုတောင်းမပြည့်အောင်

ဝိုင်းဝန်းလို့ ငါ့ကို

ကမကထပြုပေးကြပြန်တယ်။ 


၈။ ကလေးငယ်တစ်ဦးရဲ့ 

အသက်ရှင်သန်မူထဲမှာ

စေတနာ၊မေတ္တာရဲ့ 

လှည့်ဖျားမူကြီးစိုးပြီး

အမှန်တရားကို 

သဲလွန်စဖျောက်ချင်ကြပုံက

သြချရလောက်အောင် 

စိတ်ကုန်လိုက်ချင်လည်း

သြော်..ဒါ.. ကလေးငယ်လေးရဲ့အနာဂတ်အတွက်

ဆုံးဖြတ်ချက်ချမူတွေပဲလေဆိုပြီး

သမိုင်းရေးသူတွေအပေါ် 

ဘာကြောင့်အမှန် 

မရေးတာလဲလို့

စော်ဒက

 ပြန်တတ်ချင်မိသေးတယ်။

(ငဲ့ညှာမူအကြောင်းတရားထဲမှာ ငါမပါ၊ သူမပါ၊ မည်သူ၊ မည်သူမျှ ပါဝင်ပက်သက်ခြင်း မရှိပါ။)


၉။ ဘာဖြစ်ဖြစ်..အခုငါက

ကြိုးဆွဲသူမဲ့သွားတဲ့...

ရုပ်သေးပျက်

ခြေချော်လက်ချော် ပစ္စူပ္ပန်ထဲမှာ

သက်ဝင်မူမဲ့သွားရပြီး...ပဲ

ဖုန်းကလေးထဲက 

ကမ္ဘာတစ်ခြမ်းက အတိတ်ကို

ခိုးခိုးကြည့်နေ ရုံပဲ

အဖတ်တင် ကျန်ရစ်တယ်။ 


၁၀။ အစစ်အမှန်မဟုတ်တဲ့ 

စိတ်ကူး ကျောက်စရစ်လေးတွေ

တသီးတသန့် 

ပွင့်ဝေပေးနေကြတဲ့ 

အနတ်ရောင် 

စံပယ်ပန်းလေး..တွေ

ငါနဲ့ အချိန်ကြာမြင့်စွာ

မတည်ရှိပေးနိူင်ဘူးဆိုတဲ့

မျက်ခုံးထူထူကလေး..

ဖအေမတူဘူးလို့ .

အကြောက်အကန်း

ငြင်းဆန်ခံထားရတဲ့ ကလေး

ငါ့နှလုံးထဲမှာ သွေးကြောတွေ

ပိတ်ဆို့သွားရင်တော့ 

ကောင်းမယ်ကွယ်။


၁၁။ အခု ပုံထဲမှာ

၆လသားကလေးက

 ပြုံးရယ်နေတယ်

ငါ့ရင်ဘတ်ထဲမှာလည်း 

နတ်နတ်နဲနဲ 

လိုက်လံပြုံးရယ်နေဖြစ်တယ်

အတူတူပြုံးပေမယ့်

အပြုံးချင်းတွေ အတူတူ

မဆုံကြဘူး..

မဆုံမူထဲမှာ သေချာတာ 

တစ်ခုလေးပဲ ရှိနေမယ်....။ 


၁၂။ ပြုံးရယ်ခြင်းထဲမှာ

(အစစ်အမှန်)

ငြိမ်ချမ်းသောပန်းတွေ ပွင့်ဖို့

ထွန်ယက်စိုက်ပျိုးခြင်းတွေပဲ 

ရှိတယ်..

ဒီအရှိတရားကို ..

ကျေနပ်စွာ ယုံကြည် 

လက်ခံပေးဖို့ဆိုတာ

စိတ်ပိုင်းဆိုင်ရာ 

လွတ်မြောက်ပေါ့ပါးဖို့

အတွက်သက်သက်ပဲလို့

သေတမ်းစာရဲ့အောက်မှာ

သေတမ်းစာကို 

ပြန်လည်ရုတ်သိမ်းလိုကြောင်း

ယှဉ်တွဲလို့ 

အတူတူ ရေးထားတယ်

ဒီ foot Noteကို 

သူတို့ အရင်ဖတ်ကြည့်ဖို့တော့လိုတယ်ကွယ်..။


May 17,2019

Minsetwai 


ဒီကဗျာက 

ရဟတ်(ကဗျာစုစည်းမူ)ရဲ့

 နောက်ဆုံးကဗျာပါပဲ။ 

ကျွန်တော်ကဗျာတွေကို 

ဖတ်ရှုပေးကြတဲ့ 

ကျွန်တော်သူ့ငယ်ချင်းအားလုံးကို ကျွန်တော်ကျေးဇူးတင်လျှက် ရှိနေပါ့မယ်။ အားလုံးကျန်းမာ၊ ချမ်းသာကြပါစေခင်ဗျ။

Featured Post

ကဗျာဟူသည်

poetry ကဗျာဟူသည် ကဗျာဆိုသည်မှာ မိမိရောက်နေသောခေတ် အသက်ရှင်နေသောခေတ်၏အတွေးအခေါ်များကို အခြေခံ၍ သက်ရောက်မှုအများဆုံးရှိသော ခံစားမှုကို ဖန်တီးပ...