Search My Blog
Showing posts with label လူနှင့်နည်းပညာ. Show all posts
Showing posts with label လူနှင့်နည်းပညာ. Show all posts
Thursday, March 19, 2020
လူနှင့်နည်းပညာ-8
လူနှင့်နည်းပညာ-8
(၈)
ဖြစ်ချင်တော့ လူနဲ့ နည်းပညာကို ရေးရင်းတန်းလန်းနဲ့ ပဲ ကျွန်တော်ပဲမှားဖျက်လိုက်မိသလား မပြောတတ်ပါဘူး။ ရေးမယ်လုပ်တော့ ဖိုင်ကို ရှာမတွေ့ တော့ဘူးရယ်။ အဲဒါနဲ့ ရှေ့ဆုံးခန်းမှာ ပါဝင်ခဲ့တဲ့ File Transferဆိုတဲ့အကြောင်းကို မျက်စိပြန်ကျပြီး အဲဒီကနေစပြန်ရေးလိုက်ပါတယ်။ 
အစက Mobile Ransomwareကိုတင်မလို့ ပါ။ ရေးတောင်ရေးပြီးနေပြီ။ ဖိုင်မရှိတော့ ဘယ်လိုတင်လို့ ရပါတော့မလဲ။ ထားပါတော့လေ မနှမြောနေတော့ပါဘူး။
File transfer အကြောင်းပဲရေးရတော့တာပေါ့။ သူနဲ့  
ဆက်နွယ်တဲ့ထဲက နည်းနည်းလောက် ဖော်ပြပေးရရင်တော့
File Systems
Metadatas
Tiimestamps
File attributes
Remote Backup
Personal File Storage
File Sync And Sharing Service
File By Google
Filename Extensionsတို့ ပါ။ 
တကယ်တော့လည်း File Transferဆိုတာက ထူးဆန်းတဲ့အရာတော့ မဟုတ်ပါဘူး။ 
ဘာကြောင့်ဆို ကျွန်တော်တို့ ကိုယ်တိုင်လည်း Zapyaနဲ့ ဖြစ်ဖြစ် Bluetoothနဲ့ ဖြစ်ဖြစ် ဖိုင်တွေကို ကူးလိုက်ဖျတ်လိုက် လုပ်နေကြတာပဲမှတ်လား။ ဒါပေမယ့် အဲဒီကူးလိုက်ဖျတ်လိုက်လုပ်နေတဲ့ ဖိုင်တွေရဲ့ ဖွဲ့ စည်းတည်ဆောက်ပုံ အကြောင်းကိုတော့ သေသေချာချာသိသူက ရှားပါတယ်။ ဆိုကြပါစို့  ဗီဒီယိုဆို mp4ဖိုင် သီချင်းဆို mp3ဖိုင် ပုံဆိုjpgဖိုင် ဒီလောက်တော့ဖြင့် သိကြပေမယ့် ဒီထက်မကပိုများပြားစုံလင်လှတဲ့ ဖိုင်တွေက အများကြီးကို ရှိပါတယ်။ 
ဒါကြောင့် ဖိုင်တွေအကြောင် အနည်းအကျဉ်းလောက် လေ့လာကြည့်မိပါတယ်။ 
အကယ်၍ ဖိုင်တွေမှာသာ စနစ်မရှိဘူးဆိုရင် ဒေတာသိုလှောင်ထားမူတွေဟာ တစ်နေ့ ထက်တစ်နေ့ အဆမတန် များပြားကြီးထွား လာပါလိမ့်မယ်။  
ဒါကြောင့် ဖိုင်စစ်စတမ်တွေဟာ ဒေတာတွေကို သူ့ အပိုင်းနဲ့ သူ ခွဲတမ်းချပြီး အလွယ်တကူ ရှာဖွေနိုင်အောင်  ဆောင်ရွှက်ပေးပါတယ်။ ဒီလို ဒေတာစီမံခန့် ခွဲမူစနစ်ကို နာမည်တစ်ခုချင်းစီပေးထားပါတယ်။ 
အဲဒီအမည်တစ်ခုချင်းစီရဲ့ ဖိုင်တွေကို စီမံခန့် ခွဲဖို့ အတွက် ဖွဲ့ စည်းပုံတွေကို အသုံးပြုခြင်းနဲ့  အတူ အဲဒီလိုအသုံးပြုတဲ့ 
ယုတ္တိဗေဒစည်းမျဉ်းတွေကိုပဲ File Systemလို့ ခေါ်ပါတယ်။
 ဥပမာအနေနဲ့  File systemတစ်ချို့ ရဲ့ အမည်နဲ့  လုပ်ဆောင်ပုံကို ဖော်ပြပေးပါ့မယ်။
"boot" 
ဒီအမည်အောက်မှာတော့ boot processအတွက် အရေးကြီးတဲ့ ဖိုင်တွေကို သိမ်းဆည်းပေးထားပါတယ်။
"etc"
ဒီအမည်အောက်မှာတော့ system configuration နဲ့ ပတ်သက်တဲ့ ဖိုင်တွေပါဝင်ပါတယ်။
"dev"
ဒီအမည်အောက်မှာတော့ devices infoနဲ့ ပတ်သက်တဲ့ ဖိုင်တွေပါဝင်ပါတယ်။ 
"bin"
ဒီအမည်အောက်မှာတော့ လုပ်ဆောင်ချက်တွေကို runဖို့ အတွက် binary fileတွေ ပါဝင်ပါတယ်။
"temp"
ဒီအမည်အောက်မှာတော့ temporary fileတွေ ပါဝင်ပါတယ်။ 
ဖိုင်စစ်စတမ်ရဲ့ အမည်တစ်ခုစီအောက်မှာ ဖိုင်တွေဟာ ပုံစံအမျိုးမျိုးနဲ့ ရှိနေကြပြီး တစ်ခုချင်းစီတိုင်းဟာလည်း မတူညီတဲ့ ဖွဲ့ စည်းတည်ဆောက်ထားမူ ပုံစံတွေ အသီးသီးရှိကြပါတယ်။ အချို့ သော ဖိုင်တွေဟာဆိုရင် Applicationများရဲ့ ဒီဇိုင်းတွေဖြစ်ပြီး ယင်းကို applicationများ ရေးဆွဲဖို့ အတွက် အသုံးပြုကြပါတယ်။
 ဥပမာပြရရင် ISO 9660 file systemဟာ optical diskများအတွက် အထူးဒီဇိုင်းပြုလုပ် ဖွဲ့ စည်းထားခြင်းပဲဖြစ်ပါတယ်။ ဒီလိုပါပဲ အမျိုးမျိုးသော မီဒီယာများစွာနဲ့ အမျိုးမျိုး သော ဒေတာသိုလှောင်ရေး ကိရိယာတွေဟာလည်း ဖိုင်စစ်စတမ်ကို အသုံးပြုကြရတာချည်းပါပဲ။ အချို့ သော ဖိုင်စစ်စတမ်တွေကတော့ virtual fileတွေကို ဖန်တီးထားကြပါတယ်။ 
ဒီ virtual systemရှိတဲ့ ဖိုင်တွေဟာ file systemတစ်ခုအတွက် မြေပုံတစ်ခုလိုပါပဲ။ ဒီဖိုင်က ဖိုင်ထဲမှာပါဝင်တဲ့ အကြောင်းအရာတွေနဲ့  metadataကို ကြည့်ရှုလို့ ရအောင် အထောက်အပံပေးကြပါတယ်။ 
တကယ်တော့ အရေးချင်ဆုံးအရာက အဲဒီမီတာဆိုတာကြီးကိုပါ။ ဒါပေမယ့် ရေးဖို့ အဆင်မပြေသေးဘူးရယ်။ ဒါကြောင့် ဗဟုသုတအနေနဲ့  ကျွန်တော်သိထားသလောက် ဖိုင်အမျိုးအစားတွေကို ဖော်ပြပေးလိုက်ပါတယ်။
4DB(4D Database structure file), 7z(7 zip compress file), AAC(Advanced Audio coding file), BA(Scifer external archieve type file), BAT(Backup file), BMP (Bitmap file), CDR(Computer disk audio file), CMD(DOS script command file), COM(Command file), CSS(Webpage program file), DOC(Microsoft document file), DOCX(Microsoft document extension file), EMF(Window meta file), EXE(Extension file), FLU(Flash source file), FLX(Flash file), FM(Feacture CAM part file), FTM(Field text meta file), GDOC(Google drive document file), GFX(Graphic file), GIF(Graphic interchange format file),GZIP(Compress file), HTML(Webpages files),INF(Autorun file), ,JAR(Java script file), JPG(Photo image file), JPEG(Photo image extension file), JS(Js script program file), LOG(System update event file), LRC(Song lyrich file), MP3(sound audio gile), MP4(Video file), MUS(Music audio file), OBJ(Waveform object file), OTB(Over the Air bitmap, a specification designed by Nokia file), PDF(Ebook reader file), PHP(Php script file), PMD(Adobe pagemaker file), PNG(Image file), PPT(Microsoft powerpoint file), PSD(Adobr photoshop file), SWF(Flash moving file), TMP(Temporary file), TTF(Font file), TXT(Ascll or unicode plain text file), WAV(Window audio file), VOL(Video game data package file), VPTT(Viber application file), VPS(Backup file), XLS(Microsoft excel file), XLSX(Microsoft excel extension file), XML(webbase file)
အခုဆိုရင် ဖော်ပြပေးထားသလောက်နဲ့  ဖိုင်စစ်စတမ်အကြောင်းကို မစိမ်းလောက်ဘူးလို့  ထင်မိပါတယ်။ နောက်ထပ်လည်း ကြိုးစားရှာဖွေရေးပေးပါဦးမယ်။
1:25pm
feb25.2020
minsetwai
ကိုးကား
ဝီကီပီဒီယာ
Saturday, February 15, 2020
လူနှင့ျနညျးပညာ
#လူနှင့်နည်းပညာ
(၂)
"Alias"
ကျွန်တော်ဆီကို ပို ့တဲ့ Email ထဲမှာ Aliasဆိုတဲ့ စကားလုံးကို ကျွန်တော်သတိထားမိပါတယ်။ အဲဒီစကားလုံးကို ရှာဖွေကြည့်လိုက်တော့ ဆင်တူရိုးမှားပုံစံတွေနဲ ့အတူ လုပ်ဆောင်မူတွေ အများကြီးတွေ ့ရပါတယ်။ အဲဒီထဲ အဖြစ်နိူင်ဆုံးလေးတွေကို ရွေးထုတ်ပြီး ပါဝင်တဲ့အကြောင်းအရာတွေကို မာတိကာလုပ် လေဘယ်တပ်လိုက်တော့ အောက်ပါ
အတိုင်းတွေ ့ရပါတယ်။
Alias(SQL)
Email Alias
Alias Systems Corporation
Alias (Mac Os)
Alias (Command)
အဲဒီကျွန်တော်မသင်္ဏာ အဖြစ်ဆုံးကတော့ Email Alias နဲ ့ Alias(SQL)တို ့ပါ။
ဦးဆုံး Email Aliasကို လေ့လာကြည့်ပါမယ်။
"Email Alias"
သူနဲ ့ပတ်သက်ဆက်နွယ်နေတာတွေကတော့
Mail Server
UNIX
Blind Carbon Copy
Email Backscatter
Electronic Mailing List
Ip Address
Spam တို ့ပါ။
email aliasဆိုတာက အလွယ်တကူပေးထားတဲ့ နာမည်ပြောင် လိပ်စာတစ်ခုပါပဲ။ တစ်ခါတစ်ရံမှာ အီးမေးလ်လွှဲပြောင်းခြင်းမှာ တိကျတဲ့ နည်းလမ်းကိုညွှန်ပြပေးထို ့အတွက် alias ကို တိုးချဲ့ခြင်းဆိုတဲ့ ဝေါဟာရအဖြစ် အသုံးပြုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အီးမေးလ်အတိုကောက်အသုံးအနှုန်းရဲ့ ရိုးရှင်းလွယ်ကူသောနည်းလမ်းအနေနဲ ့ အသုံးပြုဖို ့အတွက် အီးမေးလ် alias ကိုဖန်တီးပါတယ်။ ဘယ်လိုဖန်တီးသလဲဆိုတော့ အီးမေးလ်နာမည်ပြောင် (mail alias) ကို စာပို့မူ လုပ်ဆောင်တဲ့ ဆာဗာမှာ ဖန်တီးနိုင်ပါတယ်။
2.1_ မေးလ်ဆာဗာ(Mail Server)ဟာ
အီးမေးလ် အတိုကောက်အမည်ရှိတဲ့ အခြားအီးမေးလ်တစ်ခုသို့ ပေးပို ့ရာမှာ ကြိုတင်သတ်မှတ်ထားတဲ့ အီးမေးလ်လိပ်စာကိုသာ ပေးပို့ပေးပါတယ်။ ရှည်လျားတဲ့ သို့မဟုတ် မှတ်မိရန်ခက်ခဲတဲ့ မှတ်မိလွယ်တဲ့ အီးမေးလ်လိပ်စာတစ်ခုကို ရိုးရှင်းသော အစားထိုးတစ်ခုပြုလုပ်ဖို ့အတွက်လည်း အီးမေးလ်နာမည်ပြောင်ကိုသုံးကြပါတယ်။ယေဘူယျအားဖြင့် ၎င်းကို webmaster@example.com နှင့် info@example.com ကဲ့သို့ အီးမေးလ်လိပ်စာတစ်ခုကိုလည်း ပြုလုပ်နိုင်ပါတယ်။
UNIXကဲ့သို့သော စနစ်မှာတော့ အီးမေးလ်နာမည်အတိုကောက်များကိုဖိုင်အနေနဲ ့ / etc / aliases ဆိုတဲ့ လမ်းကြောင်း ထဲသို့ ထည့်သိမ်းဆည်းတဲ့ ပုံစံမျိုး ထားရှိပါတယ်။ အဲဒီစနစ်ပုံစံကိုတော့ သိပေမယ့် မဖော်ပြလိုက်ပါဘူး။ အကယ်၍ သိချင်တယ်ဆိုရင်ဖြင့် wikipedia မှာ Email aliasလို ့ ရိုက်ထည့်ပြီး ရှာနိူင်ပါတယ်။
ဒါပေမယ် သတိပေးနိူင်တဲ့ အခြားကုဒ်တစ်ခုကိုတော့ ဥပမာဖော်ပြပေးပါမယ်။ အဲဒါကအခြေခံနည်းလမ်းလို ့ ဆိုနိူင်ပါတယ်။
[NOTICE:]
nicknameနေရာမှာ aliasမဟုတ်ဘဲ အခြား
တစ်ခုခုဖြစ်နေရင်းလည်း ထည့်သွင်း သုံးစွဲနိူင်ပါတယ်။
အီးမေးလ်အတိုကောက်အားဖြင့် ပေးပို့တဲ့ စာတိုများကို မူရင်း SMTP စာပေးပို့သူနှင့် လက်ခံသူရဲ့ ပုံစံအတိုင်း ဆာဗာက ဆက်လက်ထားရှိပါလိမ့်မယ်။ အကယ်၍ အဲဒီ မက်ဆေ့ခ်ျဟာ မမြင်ရတဲ့
2.3_ ကာဗွန်ကော်ပီ(blind Carbon Copy) တစ်ခုဖြစ်နေမယ်ဆိုရင် လက်ခံသူရဲ့ စာမှာ ခေါင်းစီးများကို စစ်ဆေးခြင်းအားဖြင့် alias က ဖြတ်၍ ပို့ခြင်းရှိမရှိ မသိရှိနိူင်ပါဘူး။ အမည်ပြောင်အီးမေးလ်တွေဟာ စာလက်ခံသူကို ခေါင်းစီးများ၌ ဖော်ပြရန်ပြဌာန်းထားခြင်းမျိုး မရှိပါဘူး။
အဲဒါကြောင့်ပဲ aliasထံက စာကိုလက်ခံရရှိသူများဟာ နောက်ဆုံးစာကို မည်သည့်အီးမေးလိပ်စာနဲ ့ ပို ့သလဲဆိုတာကို ကိုပြန်လည်ရယူနိုင်စွမ်း မရှိပါဘူး။
အသုံးပြုသူဟာ လိပ်စာကိုမစစ်ဆေးနိုင်အောင် လုပ်ဆောင်ထားတာကြောင့် လက်ခံရရှိသူများဟာ ပေးပို့သူအားပေးပို့ခြင်းကိုရပ်တန့်ရန်တောင်းဆိုလို ့လည်းမရနိူင်ပြန်ပါဘူး။ အဘယ့်ကြောင့်ဆိုသော် ပေးပို့သူဟာ သူတို့ရဲ့ လက်ရှိအီးမေးလ်လိပ်စာကို ပို့သည့်အသုံးပြုသောလိပ်စာနှင့် ဆက်စပ်ချိတ်ဆက်ထားခြင်းမျိုး မရှိလို ့ပါပဲ။ အသုံးပြုသူများရဲ့ ပေးပို့ရန်အတွက်အသုံးပြုသော လိပ်စာအတိအကျကိုသိရှိနိုင်ရင်တောင် ၎င်းတို့၏စာပို့မူမှတုန့်ပြန်ချက်ဟာ ပေးပို့သူလိပ်စာအနေနဲ ့အသုံးပြုသော အကြောင်းအရာအအဖြေကို ဖော်ပြပေးမှာမဟုတ်ပါဘူး။
ဒီအတွက် ဆာဗာမှ အသိပေးဖို ့အတွက် ကျွန်တော်ဖော်ပြပေးတဲ့ ကုဒ်ကို အသုံးပြုနိူင်ပါတယ်။
တစ်နည်းအားဖြင့်တော့ Email Aliasဆိုတာဟာ ပေးပို့သူရဲ့ စာမှာ ယုံကြည်စိတ်ချရတဲ့အခြေအနေ လုံးဝမပါဝင်လို ့ ဖယ်ထုတ်ထားရမယ့် အခြေအနေနဲ ့ လုံးဝသက်ဆိုင်ပါတယ်။
ဒီအလွဲသုံးစားမှုပြဿ နာမှာ လက်ခံသူရဲ့ SMTP server ဟာ forwarding system ရဲ့ IP address ကိုသာမြင်နိူင်ပြီး forwarding system က ထုတ်လုပ်မူ(Opt-out)ကိုတော့ မမြင်နိူင်ပါဘူး။ ဒါကြောင့် စာလက်ခံရှိသူများဟာ spam နှင့် alias လိပ်စာတွေကို ယုံကြည်စိတ်ချစွာနဲ ့ခွဲခြား
ပြလို ့မရပါဘူး။
လက်ခံသူက သူရဲ့ ISP ဆီကို ယခုမေးလ်ဟာ spam ဖြစ်ကြောင်း သတင်းပို့ထားမယ်ဆိုရင်တော့ ISPက aliasကို spamအဖြစ် forwarding systemမှ ထည့်သွင်း အသိအမှတ်ပြုပေးထားပါလိမ့်မယ်။ ဒါကြောင့် အဆင့်နိမ့်တဲ့ အလွဲသုံးစားလုပ်မူတွေကို ISP ဟာ forwarding system ကနေ email ကိုစတင်ပိတ်ဆို့ထားပေးနိူင်ပါတယ်။ Email Aliasကို မေးလ်စာရင်းများ တိုးချဲ့အောင် ဆန့်ကျင်ဘက် လုပ်ဆောင်မူ တစ်ခုအဖြစ် သတ်မှတ်ပါတယ်။
အထူးသဖြင့် ဘယ်သူကိုဖို့ ဆိုပြီး လိပ်စာနဲ ့တကွ ရောက်လာတတ်တဲ့ bounceမတ်ဆေ့စ်တွေဟာ အစားထိုး လုပ်ဆောင်ထားတာဖြစ်ပြီး အဲဒီလုပ်ဆောင်မူဟာ တကယ့်အီးမေလ်းအစစ်တွေနဲ ့ အဓိကခြားနားချက်ဖြစ်ကြောင်းကို သတိပြု ရှောင်ရှားနိူင်ပါတယ်။
ဒီမှာပါဝင်ထားတဲ့ အချက်တွေက ကျွန်တော်ကြုံရတဲ့ အခြေအနေအတော်ကလေးဆင်တူပါတယ်။ ဒါပေမယ့် ဒီထဲမှာ ဖော်ပြထားသလိုပါပဲ။ လက်သည်တရားခံကိုတော့ ရှာဖွေလို မရနိူင်ခဲ့ပါဘူး။
Ref:Wikipedia
Feb6.2020
Minsetwai
Tuesday, February 11, 2020
လူနှင့်နည်းပညာ
လူနှင့်နည်းပညာ
(၁)
အခုရေးတဲ့အကြောင်းအရာတွေက သူများတွေအတွက်
ထူးခြားချင်မှလည်း ထူးခြားပါလိမ့်မယ်။
ဒါပေမယ့် ကျွန်တော်အတွက်တော့ ခေါ်င်းအတော်ကလေးကို ခြောက်ခဲ့ရတဲ့
ဖြစ်ရပ်တွေ ဖြစ်တာကြောင့် မသိသေးသူတွေအနေနဲ့ ကြုံလာရတဲ့အခါတစ်စုံတစ်ခု အထောက်အပံဖြစ်စေဖို ့ မျှော်လင့်မိပါတယ်။
ဒါက ဘာကိစ္စလဲလို့ မေးရင်
တိတိကျကျ ရေရေရာရာ
မပြောနိူင်သေးပါဘူး။
တောင်ရောက်လိုက်၊ မြောက်ရောက်လိုက်
လိုက်ဖမ်းနေရတဲ့အရာမျိုးပါပဲ။
ဒါပေမယ့် ဟိုနည်းနည်းဒီနည်းနည်းနဲုဆက်စပ်ပြီးတော့
ရေးရင်းနဲ့ ရှာဖွေမူပြုလုပ်သွားမယ်ဆိုရင် တိကျ
လုံလောက်တဲ့အဖြေကို ထုတ်နိူင်လိမ့်မယ် ထင်ပါတယ်။ အဓိကကတော့
Trackingပိုင်းနဲ ့ ပတ်သက်လိမ့်မယ်လို ့
ထင်ပါတယ်။
ကျွန်တော် အရင်က telecom installationပိုင်းမှာ အလုပ်လုပ်ကိုင်သူတစ်ဦးပါ။ တစ်ခါတစ်လေမှာ Laptopနဲ့ Comissioning လုပ်ရတဲ့အခါမျိုးတွေရှိပါတယ်။ မလုပ်နိူင်တဲ့အပိုင်းကိုတော့ လုပ်တတ်တဲ့သူဆီကို အကူအညီတောင်းပြီး Team viewer softwereနဲ ့ချိတ်ဆတ်ကာ
သင်ကြားအလုပ်လုပ်ဆောင်ပါတယ်။
ဒါကြောင့် ကျွန်တော်ရုံးကပေးတဲ့ laptopထဲက Team Viewer Sofewereကို ထည့်ထားပြီး Account ဖွင့်ထားပါတယ်။
တစ်နေ့တော့ ထူးဆန်းစွာနဲ့ပဲ Team Viewerက ကျွန်တော်ရဲ့ kglaypoem@gmail.comကို mailပို့လာပါတယ်။
အရင်က ကျွန်တော်သတိမထားမိလို့လား မသိဘူး။ Team viewerက ကျွန်တော်ဆီ mailပို့ထားတာမျိုး တစ်ခါမှ မတွေ့မိဘူးရယ်။ ပို့ထားတဲ့mailက ဒီလိုပါ။
"April 2,2019"
----------------
Team viewer
-User PC,Antivirus, Active Again
- product, IT brain, Anti Malwere
Definitions
Alias -user pc
ID 663760412
ရိုးရှင်းပါတယ်။
သတိထားပြီး မစုံစမ်းဘဲလဲ ဒီMailကို ကျွန်တော်ကျော်သွားကောင်း ကျော်သွားနိူင်ပါတယ်။
ဒါပေမယ့် ဒီMailကို ကျွန်တော်သတိထားမိပြီး စူးစမ်းမိခဲ့ပါတယ်။ ပုံမှန်အားဖြင့်ကြည့်ရင်တော့ ထုတ်ကုန်တစ်ခုကို ကြေညာတာထက် ဘာမှပိုမထူးခြားပါဘူး။ ဒါပေမယ့် ကြေညာတစ်ခုဟာ ဒီလိုစာသားသက်သက်ချည်းပဲ ရှိသင့်ပါသလား။ အထူးသဖြင့် နာမည်ကြီးလှတဲ့ ကုမ္မဏီတွေနဲ ့ပတ်သက်ရင်ပေါ့ဗျာ။ အဲဒီကစပြီးစူးစမ်းမိရာကနေ အခုရေးမယ့် အကြောင်းအရာတွေကို ဆက်လက်ဖြစ်ထွန်းလာစေခဲ့တာပါ။
"Team Viewer"
သူနဲ ့အတူ ပါဝင်ဆက်နွယ်တာတွေကတော့
_ Remote Control
_ Desktop Sharing
_ Web Conferencing
_ File Transfer
_ Antivirus
_ Antimalware
_ IT brain
_ Alias
_ Microsoft
_ ransomware စသဖြင့်ပါ။
ဒါက အများကြီးထဲကမှ ကျွန်တော် ရွေးထုတ်ထားတဲ့အချက်တွေပါ။ ဒီ Team Viewer Softwareကို ဂျာမနီကုမ္မဏီ Team Viewer GmbHက ထုတ်လုပ်ခဲ့တာပါ။
မကောင်းသော လူတစ်ချို ့က ဒီTeam Viewer ကို အသုံးချပြီး နည်းပညာပံပိုးမူကို ရယူကာ လိမ်လည်မူတွေကို ကျူးလွန်ကြပါတယ်။ ကျူးလွန်သူတွေဟာ ကွန်ပျူတာ အထောက်အပံ ဝန်ဆောင်မူတွေကို အသုံးချပြီး သူတို ့ကျူးလွန်မယ့်သူတွေရဲ့ ကွန်ပျူတာထဲကို malwareတွေ ထည့်သွင်းကြပါတယ်။
အထူးသဖြင့် မိုက်ခရိုဆော့ခ် ကုမ္မဏီနာမည်ကို ကိုယ်စားပြုပုံစံပြပြီး နောက်ကွယ်မှာ နာမည်အတုတွေနဲ ့ ဝင်ရောက်လာကြပါတယ်။ ဒီနောက်မှာတော့ သူတို ့ထည့်သွင်းထားတဲ့ Malwareကတစ်ဆင့် ကိုယ်ရေကိုယ်တာဖိုင်များကို ဖြတ်တောက်ခြင်း ကူးယူခြင်းများကို ပြုလုပ်ပါတယ်။
ဒီလိုလုပ်ဆောင်ဖို ့အတွက် အဝေးကနေ ထိန်းချုပ်ခွင့်ရအောင် ကွန်ပျူတာ ဝန်ဆောင်မူ တစ်ခုခုကို ဗန်းပြပြီး ကွန်ပျူတာကို ထိန်းချူပ်ခွင့်ပေးရန် တောင်းဆိုပါတော့တယ်။ ဒီလိုမှ မဟုတ်ရင်လည်း သူတို ့ဟာ အခြားအခြားသော နည်းတွေနဲ ့လည်း ထိန်းချုပ်ခွင့်ရဖို ့ ကြိုးစား ဝင်ရောက်လာတတ်ကြပါတယ်။
ဒီအချက်အလတ်တွေနဲ ့ပတ်သက်ပြီး Wiredက သတင်းသမားတစ်ယောက်က Team Viewerကို အသုံးချပြီး malwareကူးစက်ခံရအောင် လုပ်ဆောင်တဲ့ ကွန်ပျူတာတွေဟာ အလွန်ဝေးလံခေါ်င်ဖျားတဲ့ နေရာဒေသကနေတောင် လှမ်းပြီးထိန်းချုပ်နိူင်ဖို ့အတွက် Ransomware programများကို အသုံးပြုကြတယ်လို ့ အစီရင်ခံခဲ့ပါတယ်။
အဲဒါကြောင့် United Kindomက အင်တာနတ်ဝန်ဆောင်မူတစ်ခုဖြစ်တဲ့ Talk Talkဟာ Team Viewerသုံး၍ အလွန်ဝေးလံတဲ့နေရာက ချိတ်ဆက်မူတွေကို ဝန်ဆောင်မူပေးခြင်းရန်မှ ကာကွယ်နိူင်ဖို ့အတွက် ကိရိယာအချို ့ကို သုံးပြီးပိတ်ဆို ့ခဲ့ပါတယ်။ ဒီပိတ်ဆို ့ထားမူဟာ 2011ဧပြီလကနေ ၂၀၁၉ခုနှစ်အထိ ကြာမြင့်ခဲ့ပါတယ်။
၂၀၁၆ခုနှစ် ဇွန်လမှာတော့ Team Viewerကို အသုံးပြုနေတဲ့ ရာပေါ်င်းများစွာသော Userတွေရဲ့ ကွန်ပျူတာတွေဟာ Userတွေရဲ့ ခွင့်ပြုချက်မပါဘဲနဲ ့
တရုတ်နိူင်ငံရှိ လိပ်စာများကို ဝင်ရောက်ကြည့်ရူခဲ့ကြောင်းနဲ ့ ဘဏ်အျကာင့်များကိုပါ အလွဲသုံးစား လုပ်ခံခဲ့ရကြောင်း သတင်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။
ဒါပေမယ့် Team Viewerကတော့ သူတို ့ဟာ ဖောက်ထွင်းဝင်ရောက်ခြင်း မရှိသကဲ့သို ့ ဆော့ဝဲလ်မှာလည်း လုံခြုံရေးဟာပေါ်က်များ မရှိကြောင်းနှင့်အတူ လုံခြုံစွာ အသုံးပြုနိူင်ရန်အတွက် သင့်လျော်သော လုံခြုံရေး အစီအမံများပါရှိကြောင်း ပြန်လည်ကာကွယ်ပြောဆိုခဲ့ပါတယ်။ သက်သေသာဓကများအရ အလွဲသုံးစားလုပ်ဆောင်မူများအပေါ် ဝန်ဆောင်မူပေးခဲ့ခြင်းများ ရှိခဲ့တာကြောင့် Team Viewerဟာ နာရီပေါ်င်းများစွာ Offlineဖြစ်သွားရပါတော့တယ်။
ဒီနောက်မှာတော့ ကုမ္မဏီက ဖြစ်ပျက်သမျှကို အကျဉ်းချုပ်ဖော်ပြမူနဲ ့အတူ သုံးစွဲသူများအနေဖြင့် မည်သို ့ကာကွယ်ရန်လိုကြောင်းကို သူတို ့ရဲ့ဝက်ဆိုဒ်တွေမှာ ရေးသားဖော်ပြခဲ့ပြီး ဇာတ်လမ်းကိုပြည်ဖုံးကာ ချလိုက်ပါတော့တယ်။
Ref:Wikipedia
1:26AM
Feb6.2020
Minsetwai
___________________________
Featured Post
ကဗျာဟူသည်
poetry ကဗျာဟူသည် ကဗျာဆိုသည်မှာ မိမိရောက်နေသောခေတ် အသက်ရှင်နေသောခေတ်၏အတွေးအခေါ်များကို အခြေခံ၍ သက်ရောက်မှုအများဆုံးရှိသော ခံစားမှုကို ဖန်တီးပ...