Search My Blog

Showing posts with label မှော်. Show all posts
Showing posts with label မှော်. Show all posts

Tuesday, October 27, 2020

နတ်ဆိုးကိုးကွယ်ခြင်း

နတ်ဆိုးကိုးကွယ်ခြင်း


နတ်ဆိုးကိုးကွယ်ခြင်းဆိုင်ရာတွင် demonခေါ် နတ်ဆိုးသည် သဘာဝလွန်သော အကြောင်းအရာတစ်ခုဖြစ်ပြီး ဘာသာတရားဆိုင်ရာနှင့်မှော်ပညာပိုင်းဆိုင်ရာတွင်ပါ ပတ်သက်ဆတ်စပ်လျှက်ရှိသည်။ ထိုနတ်ဆိုးကိုးကွယ်ခြင်းမှာ စုန်း၊ ကဝေ၊ အောက်လမ်းပညာရပ်ဆိုင်ရာများနှင့် အများဆုံး ပတ်သက်နေလျှက်ရှိပြီး ၎င်းတို့သည် လိုချင်သော အရာတစ်ခုခုအတွက် နတ်ဆိုးများထံမှ ဝတ်ပြုဆုတောင်းကြသည်။ ထိုသို့ပြုလုပ်ရခြင်းသည်ပင် ၎င်းတို့၏မှော်ဆန်သော ဘာသာရေးတစ်ခုအသွင် ရှိနေစေသည်။ ထိုကြောင့် နတ်ဆိုးကိုးကွယ်ခြင်းကို နတ်ဆိုးများဆီမှ ဝတ်ပြုဆုတောင်းခြင်းဟု အလွယ်ခေါ်နိူင်ပါသည်။ ယနေ့ခေတ်သစ်တွင် နတ်ဆိုးကိုးကွယ်သူများသည် မှော်ရိုးရာဓလေ့အတိုင်း သဘာဝအင်အားစုများကိုခေါ်ယူကာ သူတို့၏ စိတ်အာရုံများကို နတ်ဆိုးများကဲ့သို့ စွမ်းအားများ ကူညီထောက်ပံမူရရန်အတွက် အလိုရှိသောနတ်ဆိုးကို တိုင်တည်ပြီး ဆုတောင်းကြခြင်းဖြစ်သည်။ သို့သော် ထိုသူများသည် ဆုတောင်းရုံမျှဖြင့် နတ်ဆိုး၏ စိတ်စွမ်းအားများကို ချက်ချင်းရရှိလာခြင်းမျိုးမဟုတ်ဘဲ၊ ထိုစွမ်းအား ရရှိနိူင်ဖို့အတွက် သူတို့၏ လုပ်ဆောင်မူသည် အရာဝထ္ထူတစ်ခု (သို့) လူတစ်ယောက်ပေါ်သို့ သက်ရောက်စေရန်အတွက်ကိုလည်း လက်တွေ့လေ့ကျင့်ကြရပါသည်။ ထိုကြောင့် နတ်ဆိုးကိုးကွယ်မူဆိုင်ရာတွင်  မှော်ဓလေ့များ၊ လက်တွေ့မှော်ပညာရပ်များပါ ပေါ်င်းစပ်ပါဝင်သည်ကို အထင်အရှားတွေ့မြင်နိူင်ပါသည်။ မည်သို့ပင်ထင်ရှားပါစေ၊ အမှန်စင်စစ် နတ်ဆိုးကိုးကွယ်ခြင်းမှာ black Magicသာဖြစ်သည်ဟု လူတိုင်း သတ်မှတ်ကြမည်သာဖြစ်သည်။ 


ထိုသို့နတ်ဆိုးများကိုးကွယ်ခြင်းအပေါ် လေ့လာသည်ဆိုလျှင် Demonologyဟု ဖော်ပြသည်။ နတ်ဆိုးများကို ဆင့်ခေါ်ခြင်းကိုမူ Demonic Magicဟု ခေါ်ကြသည်။ နာမည်ကြီး Grimoiresစာအုပ်တွင် အဘရာမယ်လင်ဟူသောမှော်ဆရာက နတ်ဆိုးများကို ဆင့်ခေါ်၍ မည်သို့မည်ပုံ အသုံးချခဲ့ကြောင်း ဖော်ပြပါရှိသည်။ ထိုအပြင် သူအသုံးချခဲ့သော နတ်ဆိုးများစာရင်းကို ဖော်ပြရာ၌ စေတန်(Saten)၊ လဝိသန်(Leviathan)၊ ဗေလိလျ(Belial)တို့ပါဝင်သည်။ ယခုကဲ့သို့ demonology ခေါ် နတ်ဆိုးများကို လေ့လာကြရာတွင် အများစုမှာ ခရစ်ယာန်ဘာသာရေးရူထောင့်မှ တဆင့် လေ့လာခဲ့ကြခြင်းဖြစ်သည်။ အဓိကအားဖြင့် ထို demonologyသည် သမ္မာကျမ်းစာ(ဓမ္မဟောင်းနှင့်ဓမ္မသစ်ကျမ်း)၊ အစောပိုင်းခရစ်ယာန် တွေးခေါ်ပညာရှင်များ၏ ကျမ်းတို့ကို အခြေခံလေ့လာကြခြင်းဖြစ်သည်။ သို့သော် နတ်ဆိုးဟူသည်က ခရစ်ယာန်ဘာသာတစ်ခုတည်းတွင် ရှိသည်မဟုတ်ပါ။ လူမျိုးတိုင်း၊ ဘာသာတိုင်းတွင် အနည်းနှင့်အများရှိကြသည်။ ထိုသို့ နတ်ဆိုးများစွာထဲကမှ ဘေဘီလုံနတ်ဆိုးများက အလွန်ကြမ်းကြုတ်၍ ပို၍ဆိုးဝါးလွန်းသည်ဟုလည်း ဆိုကြသည်။ ဘေဘီလုံ နတ်ဆိုး Utukuသည် မကောင်းသောစိတ်ဓာတ်ရှိသူဖြစ်ကာ သဲကန္တရထဲမှာ ပုန်းခိုနေထိုင်ပြီး မမျော်လင့်သောအခြေအနေများမှတဆင့် ခရီးသွားလာသူများအပေါ် ဒုက္ခပေးတတ်ကြသည်။ အခြားထင်ရှားသော နတ်ဆိုးများစာရင်းတွင်မူ Rabisu နှင့် Seduတို့ ပါဝင်ကြောင်း ဖော်ပြကြသည်။ 


ထိုသို့ ဆိုးဝါးသော နတ်ဆိုးများကို ကိုးကွယ်သူများသည်  စုန်းမများသာဖြစ်ကြောင်းကိုလည်း အထင်အရှားတွေ့မြင်ကြရသည်။ အစောပိုင်းကာလ စုန်းမများကို လေ့လာကြည့်လျှင်လည်း ၎င်းတို့သည် နတ်ဝိဇ္ဇာအတတ်ကို ကျင့်သုံးခြင်း၊ နတ်ဆိုးနှင့်ဝိညာဉ်များထံမှ အကူအညီများကို ရယူခြင်း၊ ကံကြမ္မာပြောင်းလဲခြင်းများအတွက် နတ်ဆိုးများထံ ဆုတောင်းခြင်းများ ပြုလုပ်ခဲ့ကြသည်။ ထိုကြောင့်လည်း ထိုခေတ်ကာလက စုန်းမ အများစုကို စေတန်နတ်ဆိုး၏ အလုပ်ကို လုပ်ဆောင်ပေးနေကြသည့် အယူမှားနေသူများဖြစ်သည်ဟု လူအများစုက သတ်မှတ်ခဲ့ကြသည်။ ရောမရှိ စုန်းမတစ်ချို့ဆိုလျှင် ပြုစားမူများလုပ်ဆောင်ရန်အတွက် ညအချိန်မတော် သင်္ချု ိင်းသို့ သွား၍ တွင်းတူကြပြီးလျှင် လူ၏သွေးများကို လောင်းထည့်ကာ ၎င်းတို့ကိုးကွယ်သော နတ်ဘုရားမ ဟော်ကာတေးကိုတိုင်တည်၍ ကျိန်ဆိုမူများ ပြုလုပ်တတ်ကြသည်ဟုဆိုကြသည်။ 


နတ်ဆိုးကိုးကွယ်သူများ၏ ခံယူချက်ကမူ နတ်ဆိုးကိုးကွယ်ရခြင်းမှာ မှော်ဆန်သောဘာသာရေး နှင့်ဆင်တူပြီး သူတို့အတွက်ကမူ ထိုဘာသာရေးမှာ လွတ်လပ်မူအတိပြီးသည်ဟု ယုံကြည်ကြသည်။ ခရစ်ယာန်နတ်ဝိဇ္ဇာပညာအရ နတ်ဆိုးများ၏ ရည်ရွယ်ချက်ကို ဖော်ပြထားရာတွင်  ဘုရားသခင်အပေါ် လူသားတို့၏ယုံကြည်မူကို စစ်ဆေးခြင်းအားဖြင့် နတ်ဆိုးသည် လူသားတို့အား အပြစ်ပြုရန်သွေးဆောင်ရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။  


ထိုနတ်ဆိုးများသည် လူတို့၏ဘ ၀ တစ်လျှောက်တွင် လူတို့ကိုညှဉ်းဆဲခြင်း သို့မဟုတ် လူတို့အားကြောက်ရွံ့မူဖြစ်စေခြင်း ၊ လူတို့အား အပြစ်ပြုရန် သို့မဟုတ် ကြောက်စိတ်ကိုဖြစ်ပေါ်စေနိုင်သည့် အာရုံများကို လှုံဆော်ပေးခြင်းများကို ပြုလုပ်သူများ ဖြစ်သည်ဟုလည်း ဆိုသည်။ ထိုအပြင်  ထိုနတ်ဆိုးများသည် လူတို့အား ဘုရားသခင်အပေါ် ယုံကြည်ခြင်းမှစွန့်လွှတ်ရန်၊ မှားယွင်းသော အယူဖောက်ပြန်မှု သို့မဟုတ် မှားယွင်းသောအယူဝါဒများကိုသာ ကျူးလွန်ရန် ဖျားယောင်းသွေးဆောင်ကြသည်ဟုလည်း ဖော်ပြသည်။ သို့သော် ဂျူးဘာသာတွင်မူ နတ်ဆိုးများကို ဘုရားသခင့်၏ကိုယ်စားလှယ်များပင် ဖြစ်သည်ဟု ရိုးရှင်းစွာပင် ရှုမြင်ကြသည်ကို တွေ့ရသည်။ 


မည်သို့ပင်ဖြစ်ဖြစ် နတ်ဆိုးများနှင့် မပတ်သက်ချင်လျှင်မူ လူသားတို့သည် နတ်ဝိဇ္ဇာအတတ်ခေါ် မှော်အတတ်ပညာကို မျက်ကွယ်ပြု၍ ကင်းကင်ရှင်းရှင်း နေထိုင်ကြရန်လိုသည်။ အဘယ်ကြောင့်ဆိုသော နတ်ဆိုးကိုးကွယ်သူများသည် ၎င်းတို့အား နတ်ဆိုးများမှချစ်မြတ်နိူးစေရန်အတွက် အမှောင်မှော်စွမ်းအားများကို အသုံးပြုကြသောကြောင့်ပင် ဖြစ်သည်။ တစ်နည်းအားဖြင့်လည်း နတ်ဆိုးများမှ ၎င်းတို့ကို လူသားတို့မှ ကိုးကွယ်လာစေဖို့အတွက် နတ်ဝိဇ္ဇာအတတ်ပညာများကို ခုတုံးလုပ်ထားခြင်းလည်း ဖြစ်သည်။ ထိုခုတုံးလုပ်ထားသော နတ်ဝိဇ္ဇာအတတ်ပညာကို ယုံကြည်သူအများစုမှာလည်း နတ်ဆိုးများ၏သားကောင်များ ဖြစ်သွားတတ်ကြသည်ဟူ၏။


ကိုးကား

www.everydayprayarguide.com

wikipedia


Oct22.2020

#Minsetwai

Friday, September 4, 2020

ဆူမာရီယာန်လူမျိုးများ(Sumerians)

ဆူမာရီယာန်လူမျိုးများ(Sumerians)


ဆူမားရီးယန်းများသည် မက်ဆိုပိုတေးမီးယားတောင်ပိုင်းတွင် ဘီစီ ၆၀၀၀ မှ ၄၀၀၀ အတွင်း နေထိုင်ခဲ့ကြသော လူမျိုးများဖြစ်သည်။ ထိုနောက်ပိုင်းတွင်က ဆူမာရီယာန်လူမျိုးတို့၏ မင်းနေပြည်တော်(Sumerian Kingdom)ကို ဆီမိုက်လူမျိုးတို့က သိမ်းပိုက်ခဲ့ကြပြီး ထိုဆီမိုက်တို့ဆီမှ ပါသျန်းတို့က ထပ်မံ သိမ်းယူခဲ့ကြသည်။ ထိုနောက် လူမျိုးများပေါ်င်းစုသွားကြရာ ယင်းတို့အစိုးရ၏ အုပ်ချုပ်ရေးအာဏာသည် နတ်ဘုရားနှင်ပြတ်သက်သူများကသာ လွှမ်းမိုးခဲ့ရာ ထိုသူတို့သည် နတ်ဘရားအားလုံးအတွက် ကိုးကွယ်ရာဗိမ္ဗာန်တော်ကြီးတစ်ခုတည်ဆောက်ကာ လူမျိုးအားလုံးကို စုပေါ်င်းခဲ့သည်။ သို့သော်လည်းပဲ ဆူမာရီယန်တို့သည်က နတ်အမျိုးမျိုးကို ကိုးကွယ်သော စုပေါ်င်းဗိမ္ဗာန်တော်ကြီးက ယခင်ကတည်းက ပထမဦးဆုံး ဆောက်လုပ်ခဲ့ကြပြီး ဖြစ်သည်။ ဆူမာရီယာန်တို့၏ ထိုဗိမ္ဗာန်ထဲတွင် နတ်ဘုရားပေါ်င်း ၄၀၀၀ခန့်ရှိသည်ဟု ဆိုကြသည်။ ထိုနတ်ဘုရားများထဲတွင် မူလရင်းမြစ်ဖြစ်သော Nammuဆိုသော နတ်သည် Ki(မြေနတ်ဘုရား) နှင့် An(ကောင်းကင်နတ်ဘုရား)တို့ကို မွေးဖွားခဲ့ပြီး ထိုနတ်ဘုးရားနှစ်ပါး အတူပေါ်င်းစည်းနေထိုင်မူမှတဆင့် Enlil အမည်ရှိသော သားတော်ကို မွေးဖွားလေသည်။ ထို Enlilအမည်ရှိ နတ်ဘုရားသည် ကောင်းကင်နှင့်မြေကြီးကို ခွဲခြားကာ ကမ္ဘာကြီးကို သူ၏နယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။ သူ့ကို အချို့မှတ်တမ်းများတွင် စစ်သူကြီးနတ်ဘုရားဟု ပြဆိုပြီး သူသည် နိပုရ်မြို့တွင် ကိုးကွယ်သောနတ်များထဲမှာ အကြီးဆုံးနတ်ဘုရားဖြစ်သည်ဟူ၏။ ဆူမာရီယာန်တို့က ထိုEnlilဆိုသော နတ်ဘုရားကြီးအတွက် မျှော်စင်ကြီးတစ်ခုကိုလည်း ဆောက်လုပ်ပေးထားကြသည်။ ထိုမျှော်စင်တွင် ဆိတ်များ၊ သိုးများဖြင့် မြေစောင့်နတ်၊ လေစောင့်နတ်၊ ကောင်းကင်စောင့်နတ် စသဖြင့်နတ်အပေါ်င်းတို့ကို ယဇ်ပူဇော်ပသခဲ့ကြသည်။

အခြားရှေးကျသော ဆူမာရီယန်တို့၏ ဒဏ္ဍာရီပုံပြင်များတွင် ဖော်ပြထားချက်အရကမူ ယခုမျက်မှောက် ဖြစ်တည်လျှက်ရှိသော ကမ္ဘာလောကကြီးသည် အမှောင်ကို အစိုးရသော နဂါးနတ်နှင့် လဟာပြင် လွင်တီးခေါ်င်တို့၏အရှင်သခင် ဂဠုန်ဌက် ခေါ် Zu(အချို့မှတ်တမ်းများတွင် Tiametဟုလည်း ဖော်ပြထားသည်။)တို့သည် အချင်းချင်းပဋီပက္ခဖြစ်ကြရာမှ ကမ္ဘာပေါ်ပေါ်က်လာရသည်ဟူ၏။ ထိုအတူ လင်ယုန်ဌက်ကို ဌက်ကောင်းဌက်မြတ်အဖြစ် တန်ဖိုးထားပြီး လင်းယုန်ဌက်သည် မကောင်းဆိုးဝါးများကို နှင်ထုတ်ပေးသော သတ္တဝါဖြစ်သည်ဟု ယူဆပြန်၏။

ထိုသို့သော ဆူမာရီယာန်တို့၏ ယုံကြည်မူများအရ ကောင်းကင်ဘုံဟူသည်မှာလည်း နတ်ဘုရားများအတွက်သာလျှင် ဖြစ်သည်။ လူသားတို့မှာက သေဆုံးသည့်အခါ အသက်ရှင်စဉ်က ထိုသူတို့ပြုလုပ်ခဲ့သော ကုသိုလ်၊ အကုသိုလ်တို့မှာ မည်သို့ပင်ဖြစ်ဖြစ် သေဆုံးပြီးဝိညာဉ်မှာက Ereshkigalဟု အမည်ရသော နတ်ဘုရားမမှအုပ်ချုပ်သည့် ကမ္ဘာမြေအောက်ရှိ အလွန်မှောင်မိုက်သော လိုဏ်ဂူကြီးဆီကိုသာ သွားရသည်ဟူ၏။ ဆူမာရီယာန် နတ်ဆရာတို့သည်က နတ်ဗိမ္ဗာန်၏ အရှင်သခင်များဖြစ်ကြသည့်အလျှောတ် နတ်ဗိမ္ဗာန်ကြီးထဲတွင် နတ်ပူဇော်ပွဲများ ပြုလုပ်တတ်ကြသလို ဆူမာရီယာန်စာပေအတွက် အရေးအဖတ်ဆိုင်ရာများကိုလည်း သင်ကြားပေးကြသည်။ ထိုနည်းတူ ဗေဒင်ပညာကိုလည်း သင်ကြားပေးကြသည်။

#ဗေဒင်ပညာနှင့် ေ့ရှဖြစ်ဟောသော အတိတ်နိမိတ်ဆိုင်ရာ ပညာရပ်များသည် ဆူမာရီယာန်တို့၏ အစကနဦးခေတ်ကတည်းက ပေါ်ပေါ်က်ခဲ့ခြင်းဖြစ်သည်။ ယင်းတို့၏ နတ်ဆရာများသည် ေ့ရှဖြစ်ဟောခြင်းများကို ပြုလုပ်ရာတွင် ေ့ရှဖြစ်ဟောခံချင်သူမှာ သိုးများကို ယူလာခဲ့ရသည်။ ထိုနောက် ထိုသိုးများကို နတ်စင်ေ့ရှတွင် ပူဇော်သတ်ဖြတ်ကြပြီး သေဆုံးသွားသော သိုး၏အသည်းတွင် ပေါ်နေသော အမှတ်အသားများကို ကြည့်ကာ ေ့ရှဖြစ်ဟောကြခြင်းဖြစ်သည်။

ဗေဒင်နှင့် နက္ခတ်ဆိုင်ရာများတွင်မူ ရာသီခွင်တစ်ခုချင်းစီတွင် နတ်ဘုရားတစ်ပါးစီ ရှိကြပြီး ထိုနတ်ဘုရားများမှ ကံကြမ္မာကို ဖော်ပြပေးသည်ဟု ယုံကြည်ကြသည်။ သူတို့၏ နေနက္ခတ်တာရာများနှင့်ပက်သတ်ပြီး ထိုသို့သော ယုံကြည်မူမှတဆင့် သိပ္ပံနည်းကျ လေ့လာမူများဖြစ်ပေါ်လာရန်အတွက် ပထမဦးဆုံး အုတ်မြစ်ချပေးခဲ့သူများဆိုလျှင် မမှားပေ။

အဘယ်ကြောင့်ဆိုသော သူတို့သည် အလွန်တရာမှ မြင့်မားသော မျှော်စင်များကို တည်ဆောက်ခဲ့ကြပြီး တချို့မျော်စင်များမှာ ပေ ၇၀၀အထိ မြင့်မားနေသည်။ ထိုမျှော်စင်များကို ဆူမာရီယာန် ပုရောဟိတ်များက အကြောင်းအရာ ၂ခုအတွက် ၂၄နာရီလုံး အသုံးပြုခဲ့ကြသည်။ အကြောင်းအရာတစ်ခုမှာ လူ့လောကတွင် ဖြစ်ပျက်နေသော မူလအကြောင်းရင်းများသည် နေနက္ခတ်တာရာများနှင့် တစ်နည်းမဟုတ်တစ်နည်း ပတ်သတ်နေသည်ကို သတိပြုမိခဲ့ပြီးနောက် နေနက္ခတ်တာရာများကို လေ့လာရန်ဖြစ်သည်။ အထူးသဖြင့် ကပ်ရောဂါများနှင့်ရင်ဆိုင်ရခြင်းများမှာ နက္ခတ်တာရာများနှင့် ပက်သတ်သည်ဟုလည်း သူတို့ကတွေးတောကြသောကြောင့် နက္ခတ်များကို အထူး လေ့လာလိုက်စားခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် အချို့သိပ္ပံပညာရှင်များက သိပ္ပံပညာကို စတင်ခဲ့သူများမှာ ဆူမာရီယာန်များဖြစ်သည်ဟု ဆိုကြခြင်းပင်ဖြစ်သည်။

ဆူမာရီယာန်တို့၏ အကောင်းဆုံးသော လုပ်ဆောင်ချက်ကမူ သူတို့၏ ဆူမာရီယာန်စာပေသည် အစောဆုံးလူသိများခဲ့သော စာပေတစ်ခု ဖြစ်ခဲ့ခြင်းပင် ဖြစ်သည်။ သူတို့၏စာပေထဲတွင် သူတို့၏ဘာသာရေးနှင့် ယဉ်ကျေးမူဆိုင်ရာများကို ရေးသားမှတ်တမ်းတင်ထားကြသည်။ နောက်ပိုင်းကာလများတွင်မူ ဆူမာရီယာန်တို့၏ ထိုစာပေများကို အကာဒီယန် နှင့် ဘေဘီလုံ အင်ပါယာတို့က ဆက်လတ်ထိန်းသိမ်းခဲ့ကြသည်။ ထိုစာပေမှတ်တမ်းများကို ဆူမာရီယာန်တို့က ကြေးဝါခေတ် ဆူမာရီယာန်ဘာသာစကားဖြင့် ရေးထိုးထားခဲ့ကြ၏။

ဆူမာရီယာန်တို့တီထွင်ခဲ့သော အခြားသောနည်းပညာများမှာမူ ဘီး၊ ကျူနီဖောင်း၊ အက္ခရာ၊ ဂဏာန်းသင်္ချာနှင့် ဂျီသြမေတြီ၊ ကြေးဝါ ၊ ဓား နှင့် အခြားလက်နတ်ပေါ်င်းများစွာပင်ဖြစ်သည်။ အဆုံးသတ်ကိုဆိုရလျှင်မူ ဆူမာရီယာန်လူမျိုးတို့သည်မှာလည်း အခြားလူမျိုးများနည်းတူ နတ်အမျိုးမျိုးကို ပူဇော်ပသရာမှတဆင့် မှော်ပညာများလည်း ပေါ်င်းစပ်ပါဝင်ခဲ့ကြသည်ကို တွေ့ရှိကြရသည်။ ယင်းတို့က မှော်ပညာကို ဝေဒနာခံစားနေရသောသူများအပေါ်၌ ကူညီရာတွင် အသုံးပြုနိူင်ကြောင်း ခွင့်ပြုပေးထားကြလေသည်။

ref:
#ဦးနု၏ ယဉ်ကျေးမူအစ ရုပ်စုံသမိုင်း
ဝီကီပီဒီယာ
#ဆရာဆန်းလွင် လူတို့ကိုးကွယ်ရာဘာသာတရားများ

Dec6.2019
Minsetwai

ခရိုမဂ္ဂနွန်လူမျိုးများ(Cro-Magnon)

ခရိုမဂ္ဂနွန်(Cro-Magnon)လူမျိုးများ


ခရိုမဂ္ဂနွန်(Cro-Magnon)လူမျိုးများ
သည် ရှေးအကျဆုံးသော လူမျိုးများဖြစ်ပြီး
လွန်ခဲ့သော နှစ်ပေါ်င်း ၄၅၀၀၀ကတည်းက
ယင်းတို့ရှိနေခဲ့သည်ဟု ပညာရှင်များက
ကျောက်ဖြစ်ရုပ်ကြွင်းများကို သုတေသနပြုပြီး ဖော်ပြထားကြသည်။

ယင်းလူမျိုးများသည် လူသေအလောင်းကို
မြေတွင်မြှပ်သောအခါ လူသေကောင်ကို
ပက်ဝိုင်းပြီး လက်ဝတ်ရတနာများ၊
လက်နတ်ပစ္စည်းများနှင့် အစားအစာများကို
ထည့်သွင်းမြှပ်နှံတတ်ကြသည်။ ယင်းတွင်
စိတ်ဝင်စားစရာ အကောင်းဆုံးအချက်ကမူ လူသေအလောင်းပေါ်သို့ ဆေးအနီများ
သွန်းလောင်းချသောဓလေ့ရှိခြင်းပင်ဖြစ်သည်။ ထိုသို့ လောင်းချခြင်းမှာ တမလွန်ဘဝ၌
သူသည် တစ်ဖန်ပြန်၍ အသက်ရှင်နေဦး
မည်ဆိုသော ဘာသာရေးယုံကြည်ချက်ကို
ဖော်ဆောင်ခြင်း ဖြစ်သည်။ ထိုအနီရောင်ဆေးရည်မှာ အသက်သွေးကို ကိုယ်စားပြုလေသည်။

ယင်းတို့၏ မှတ်သားဖွယ်ရာ ယဉ်ကျေးမူမှာ
ပန်းချီပညာနှင့် ရုပ်တုပညာဖြစ်သည်။ သူတို့သည် နံရံဆေးရေးပန်းချီများကို ရေးဆွဲခဲ့ကြသည်။ ယင်းတို့၏ ထိုအလေ့အထသည် မှော်အတတ်နှင့် ဆက်စပ်မူ ရှိသည်ဟု ဆိုကြသည်။

ယင်းတို့ရေးဆွဲခဲ့သော ပန်းချီပုံများ၊ အင်းကွက်ပုံများမှာ မှော်ဝိဇ္ဇာလုပ်ငန်းများအတွက် အသုံးချခဲ့ကြခြင်းဖြစ်သည်။ ထိုအတူ ခရိုမဂ္ဂနွန်များသည် တောလိုက်မထွက်မီ စုဝေးကြပြီး ခေါ်င်ဆောင်ဖြစ်သူက နတ်ဆရာနှင့်အတူ
နတ်ပူဇော်ပသမူကို လုပ်တတ်ကြသည်။

နတ်ဆရာက သူတို့အမဲလိုက်ရန် ရည်ရွယ်ထားသည့် သားကောင်၏ရုပ်ပုံတွင် ပန်းချီဆေးများ ရေးဆွဲသုတ်လိမ်းသည်။ ထိုသို့ ပန်းချီဆွဲကြရာတွင် လူကို ကိုယ်စားပြုဖော်ပြထားသော
အမှတ်အသားများကိုလည်း တွေ့ရှိခဲ့ကြသည်။
ယင်းမှာ လူသားအမျိုးသမီးများပုံပင် ဖြစ်သည်။ ထိုပုံများသည် သားသမီးအောင်မြင့်စွာ မွေးဖွားနိူင်ခြင်းအတွက် သရုပ်ဖော်ထားသော
သင်္ကေတများပင် ဖြစ်သည်။ ယင်းတို့အနေဖြင့် ထိုကဲ့သို့ ရုပ်ပုံများ သုံးခြင်းမှာ အသီးအနှံပေါများရေး၊ သားသမီးရရေး၊ အမဲလိုက်ရာတွင် သားကောင်ရရှိရေးအတွက် ပြုလုပ်မူတစ်ရပ်ဟု ဆိုနိူင်သည်။

Ref: :
ဆရာဆန်းလွင်၏ လူတို့ကိုးကွယ်ရာ
ဘာသာကြီးများ

Monday, January 13, 2020

ဆိုင်မွန်(Simon)

ဆိုင်မွန်(Simon)



ဥရောပတိုက် ထွန်းကားခြင်းခေတ်တွင် မှော်ဆရာများသည် အစီအရင်ပိုင်းဆိုင်ရာနှင့်အတူ မှော်ပညာများကို လေ့လာလ်ုက်စားမူသည် မပေါ်ပေါ်က်မီ မှော်ဆရာများကဲ့သို ့ ထူးခြားသော တတ်ခိုးစွမ်းအင်ရှိသူများသည် မြေထဲပင်လယ် အေ့ရှဘက်ကမ်းခြေရှိ နယ်မြေများတွင် ပေါ်ထွက်လာခဲ့ဖူးသည်။

ထိုပေါ်ထွက်လာသူတို ့၏ လေ့လာလိုက်စားမူများသည်
မကြာခဏဆိုစလိုပင် အညှောင့်ထွက်ခါစ ဘာသာရေးယုံကြည်ချက်များနှင့် ထိပ်တိုက်တွေ ့ဆုံကြရသည်။

ထိုသူများထဲမှာ ဆိုင်မွန်ဟု ခေါ်သော မှော်ဆရာတစ်ယောက်လည်း အပါအဝင် ဖြစ်ခဲ့သည်။

တမန်တော်ကျမ်းအရ ဆိုင်မွန်သည် အေဒီ ၁ ရာစုတွင် ဘာသာရေးခေါင်းဆောင်ဖြစ်ပြီး ခရစ်ယာန်ဘာသာသို့ကူးပြောင်းသူများကို နှစ်ခြင်းပေးသောဆရာတစ်ယောက်ဟုလည်း ဆိုကြသည်။

နောက်ပိုင်းတွင် ဆိုင်မွန်သည် ပေတရုနှင့်စကားများခဲ့သည်မှာ အစပြုပြီး ၂ရာစုတွင် ဆိုင်မွန်က သူ ့ကိုယ်သူလူမျိုးဂိုဏ်းကို တည်ထောင်သူအဖြစ် ခံယူလိုက်သည်။

ယင်းကို သူ၏နောက်လိုက်များဖြစ်သောရှိမိုယန်က အပိုလိုမက်ဂေးလ်သို့မဟုတ်ဂရိတ်ကြေညာစာတမ်းမှာ ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ဒုတိယရာစုမှ စာရေးဆရာများသည် ဆိုင်မွန်၏မှတ်တမ်းများကို အတည်မပြုနိုင်သေးသော်လည်း ဆိုင်မွန်နှင့် ပတ်သက်သောရှင်သန်ထုံးတမ်းစဉ်လာများအရ
၎င်းကို စတင်တည်ထောင်သူအဖြစ်မကြာခဏဖော်ပြလေ့ရှိပြီး ဘုရားရှိခိုးကျောင်းမှဖာသာတစ်ဦးအဖြစ်သတ်မှတ် ထားကြသည်။

အစောပိုင်းဘုရားရှိခိုးကျောင်းမှခွဲခြမ်းစိတ်ဖြာလေ့လာသူများ၏အဆိုအရဆိုင်မွန်သည်ပျောက်ဆုံးနေသောကျမ်းစာစောင်များကိုရေးသားခဲ့သူ ဖြစ်သည်ဟုလည်း ယူဆကြသည်။ထိုအပြင် စာပေများတွင် ဆိုင်မွန်သည် အလိုလျှောတ် ပျံသန်းနိုင်ခြင်းစွမ်းရည်ရှိသူလည်း ဖြစ်သည်ဟူ၏။

ထိုအတူ အခြားကျမ်းဂန်များအရ ဆိုင်မွန်မှာ သူ၏ မှော်အစီအရင်ကို မြို ့ထဲတွင် ဆောင်ရွက်ကာ ဆူမာရီယာန်နိူင်ငံတော်ကို အံသြသင့်စေခဲ့သူ ဖြစ်ပြီး ကိုယ်ပျောက်စွမ်းရည်လည်း ရှိ၏။ အသွင်ပြောင်းနိူင်စွမ်းလည်း ရှိ၏။ မီးတောက်မီးလျံနှင့် ကျောက်သားနံရံများကိုလည်း ဖောက်ထွင်းသွားလာနိူင်သည်ဟု ဆိုကြသည်။

ထိုကြောင့် သူ့ကိုမကြာခဏ“ Bad Samaritan” ဟုလည်း ခေါ်ဆိုကြသည်။

ဆိုင်သည် ခရစ်တော်၏ တရားတော်များကို ဆန့်ကျင်သူလည်း ဖြစ်သည်။ သူသည်အလက်ဇန်နီးယားမြို့ရှိ ဂရိစာပေကိုလေ့လာခဲ့ပြီးမှော်အတတ်ဖြင့် စွမ်းအားများအပြင်သူသည်ကမ်ဘာကြီးကိုဖန်ဆင်းတော်မူသော ဘုရားသခင်ထက်ပင် အမြင့်ဆုံးသောအင်အားကြီးဟု ယူဆခံလိုသောကြောင့် အလွန်ရည်မှန်းချက်ကြီးလာခဲ့သူ ဖြစ်သည်။

တစ်ခါတစ်ရံ သူသည်မိမိကိုယ်ကို“ ခရစ်တော်” ဟုခေါ်ကာ မိမိကိုယ်ကို“ ခရစ်တော်” ဖြစ်ကြောင်း“ အရိပ်အမြွက်” ပြောဆိုခဲ့သည်။ သူသည် အစဉ်အမြဲရပ်တည်မည်၊ ကိုယ်ခန္ဓာပျက်စီးယိုယွင်းခြင်းအတွက် သူ ့မှာအကြောင်းမရှိဟု ဆိုခဲ့သည်။
ဆိုင်မွန်က ကမ်ဘာကြီးကိုဖန်ဆင်းတော်မူသောဘုရားသခင်သည် အမြင့်ဆုံးဖြစ်ကြောင်း၊ သေလွန်ခြင်းမှ ရှင်ပြန်ထမြောက်သည်များကို ကို မယုံကြည်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော သူကိုယ်ဆိုင်က သေခြင်းမှ ပြန်လည်နိူးထလာခဲ့သောကြောင့်ဖြစ်သည်။ ဧကရာဇ်ဘုရင် နီဇိုးသည် တစ်ခါက သူ ့ကို သေဒဏ်ပေးပြီး ခေါ်င်းဖြတ်သတ်ခဲ့ဖူးသည်။

သို ့သော် မသေဘဲ သူသည်ပြန်လည်ရောက်ရှိလာခဲ့ပြန်သည်။ထိုသို ့ဖြင့် ခရစ်ယာန်များ၏ခရစ်တော်အစား သူသည် မိမိကိုယ်ကို ခရစ်တော်ဖြစ်ကြောင်းကြေငြာခဲ့သည်။

ထိုအတူ သူကိုယ်တိုင်ထင်မြင်ယူဆချက်များနှင့်အညီ သူတင်သွင်းသည့် တရားတော်များနှင့်ဥပဒေများကိုလည်းဖော်ပြခဲ့သည်။ သူသည် မကြာမီ ဖြောင့်မတ်ခြင်းနှင့်အညီ တရားစီရင်ခြင်းအကြောင်းကို အမှန်ပင်ဟောခဲ့သည်။
ထိုနောက် ဆိုင်မွန်သည် သူ့ကိုယ်သူဘုရားဖြစ်ကြောင်းသက်သေပြနိုင်ရန်အတွက် လူအများေ့ရှတွင် မှလေထဲသို့ပျံတက်ပြခဲ့သည်။

ယင်းမှာ သူ၏အကျအနာဆုံးဖြစ်ရပ်ဖြစ်ခဲ့လေသည်။ ထိုဖြစ်ရပ်တွင် သူသည် တမန်တော် ပေတရုကို မှော်ပညာပြိုင်ရန် စိန်ခေါ်မူ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး သူကိုယ်တိုင်မိုးပေါ်ပျံတတ်ပြခဲ့လေသည်။

ထိုအချိန်တွင် တမန်တော်ပေတရုသည် သူ၏ပျံသန်းမှုကိုရပ်တန့်ရန် ဘုရားသခင်ထံဆုတောင်းခဲ့သည်။ ထိုကြောင့်ပင် ဆိုင်မွန်သည် လေထဲမှ မြေပြင်ပေါ်သို ့ ဇောက်ထိုးပြုတ်ကျခဲ့သည်။ ပြုတ်ကျလျှင်
ယခင်က သူ၏ရန်သူမဟုတ်ခဲ့သောလူအုပ်ကြီးသည် သူ့ကိုကျောက်ခဲနှင့်ပေါက်သတ်ကြသည်။

ထိုသို ့ဖြင့် သူသည်ပြင်းထန်စွာဒဏ်ရာရရှိသွားသောအခါ သူအား ညအချိန်၌ ရောမမြို့မှ Ariccia သို့ သယ်ဆောင်သွားခဲ့ကြသည်။ ထို့နောက် အိပ်ယာမှာထားကာ ဆရာဝန်နှစ် ဦး ၏ အပြင်းအထန်နှိပ်စက်ညှင်းပန်းခြင်းကိုခံစေခဲ့ပြီး ဆိုင်မွန်အား သေဆုံးစေခဲ့သည်ဟု ပညာရှင်အချို ့ကာ ယူဆခဲ့ကြလေသည်။

Jan13.2020
Minsetwai

Ref:wikipidia

Featured Post

ကဗျာဟူသည်

poetry ကဗျာဟူသည် ကဗျာဆိုသည်မှာ မိမိရောက်နေသောခေတ် အသက်ရှင်နေသောခေတ်၏အတွေးအခေါ်များကို အခြေခံ၍ သက်ရောက်မှုအများဆုံးရှိသော ခံစားမှုကို ဖန်တီးပ...