ဆူမာရီယာန်လူမျိုးများ(Sumerians)
ဆူမားရီးယန်းများသည် မက်ဆိုပိုတေးမီးယားတောင်ပိုင်းတွင် ဘီစီ ၆၀၀၀ မှ ၄၀၀၀ အတွင်း နေထိုင်ခဲ့ကြသော လူမျိုးများဖြစ်သည်။ ထိုနောက်ပိုင်းတွင်က ဆူမာရီယာန်လူမျိုးတို့၏ မင်းနေပြည်တော်(Sumerian Kingdom)ကို ဆီမိုက်လူမျိုးတို့က သိမ်းပိုက်ခဲ့ကြပြီး ထိုဆီမိုက်တို့ဆီမှ ပါသျန်းတို့က ထပ်မံ သိမ်းယူခဲ့ကြသည်။ ထိုနောက် လူမျိုးများပေါ်င်းစုသွားကြရာ ယင်းတို့အစိုးရ၏ အုပ်ချုပ်ရေးအာဏာသည် နတ်ဘုရားနှင်ပြတ်သက်သူများကသာ လွှမ်းမိုးခဲ့ရာ ထိုသူတို့သည် နတ်ဘရားအားလုံးအတွက် ကိုးကွယ်ရာဗိမ္ဗာန်တော်ကြီးတစ်ခုတည်ဆောက်ကာ လူမျိုးအားလုံးကို စုပေါ်င်းခဲ့သည်။ သို့သော်လည်းပဲ ဆူမာရီယန်တို့သည်က နတ်အမျိုးမျိုးကို ကိုးကွယ်သော စုပေါ်င်းဗိမ္ဗာန်တော်ကြီးက ယခင်ကတည်းက ပထမဦးဆုံး ဆောက်လုပ်ခဲ့ကြပြီး ဖြစ်သည်။ ဆူမာရီယာန်တို့၏ ထိုဗိမ္ဗာန်ထဲတွင် နတ်ဘုရားပေါ်င်း ၄၀၀၀ခန့်ရှိသည်ဟု ဆိုကြသည်။ ထိုနတ်ဘုရားများထဲတွင် မူလရင်းမြစ်ဖြစ်သော Nammuဆိုသော နတ်သည် Ki(မြေနတ်ဘုရား) နှင့် An(ကောင်းကင်နတ်ဘုရား)တို့ကို မွေးဖွားခဲ့ပြီး ထိုနတ်ဘုးရားနှစ်ပါး အတူပေါ်င်းစည်းနေထိုင်မူမှတဆင့် Enlil အမည်ရှိသော သားတော်ကို မွေးဖွားလေသည်။ ထို Enlilအမည်ရှိ နတ်ဘုရားသည် ကောင်းကင်နှင့်မြေကြီးကို ခွဲခြားကာ ကမ္ဘာကြီးကို သူ၏နယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။ သူ့ကို အချို့မှတ်တမ်းများတွင် စစ်သူကြီးနတ်ဘုရားဟု ပြဆိုပြီး သူသည် နိပုရ်မြို့တွင် ကိုးကွယ်သောနတ်များထဲမှာ အကြီးဆုံးနတ်ဘုရားဖြစ်သည်ဟူ၏။ ဆူမာရီယာန်တို့က ထိုEnlilဆိုသော နတ်ဘုရားကြီးအတွက် မျှော်စင်ကြီးတစ်ခုကိုလည်း ဆောက်လုပ်ပေးထားကြသည်။ ထိုမျှော်စင်တွင် ဆိတ်များ၊ သိုးများဖြင့် မြေစောင့်နတ်၊ လေစောင့်နတ်၊ ကောင်းကင်စောင့်နတ် စသဖြင့်နတ်အပေါ်င်းတို့ကို ယဇ်ပူဇော်ပသခဲ့ကြသည်။
အခြားရှေးကျသော ဆူမာရီယန်တို့၏ ဒဏ္ဍာရီပုံပြင်များတွင် ဖော်ပြထားချက်အရကမူ ယခုမျက်မှောက် ဖြစ်တည်လျှက်ရှိသော ကမ္ဘာလောကကြီးသည် အမှောင်ကို အစိုးရသော နဂါးနတ်နှင့် လဟာပြင် လွင်တီးခေါ်င်တို့၏အရှင်သခင် ဂဠုန်ဌက် ခေါ် Zu(အချို့မှတ်တမ်းများတွင် Tiametဟုလည်း ဖော်ပြထားသည်။)တို့သည် အချင်းချင်းပဋီပက္ခဖြစ်ကြရာမှ ကမ္ဘာပေါ်ပေါ်က်လာရသည်ဟူ၏။ ထိုအတူ လင်ယုန်ဌက်ကို ဌက်ကောင်းဌက်မြတ်အဖြစ် တန်ဖိုးထားပြီး လင်းယုန်ဌက်သည် မကောင်းဆိုးဝါးများကို နှင်ထုတ်ပေးသော သတ္တဝါဖြစ်သည်ဟု ယူဆပြန်၏။
ထိုသို့သော ဆူမာရီယာန်တို့၏ ယုံကြည်မူများအရ ကောင်းကင်ဘုံဟူသည်မှာလည်း နတ်ဘုရားများအတွက်သာလျှင် ဖြစ်သည်။ လူသားတို့မှာက သေဆုံးသည့်အခါ အသက်ရှင်စဉ်က ထိုသူတို့ပြုလုပ်ခဲ့သော ကုသိုလ်၊ အကုသိုလ်တို့မှာ မည်သို့ပင်ဖြစ်ဖြစ် သေဆုံးပြီးဝိညာဉ်မှာက Ereshkigalဟု အမည်ရသော နတ်ဘုရားမမှအုပ်ချုပ်သည့် ကမ္ဘာမြေအောက်ရှိ အလွန်မှောင်မိုက်သော လိုဏ်ဂူကြီးဆီကိုသာ သွားရသည်ဟူ၏။ ဆူမာရီယာန် နတ်ဆရာတို့သည်က နတ်ဗိမ္ဗာန်၏ အရှင်သခင်များဖြစ်ကြသည့်အလျှောတ် နတ်ဗိမ္ဗာန်ကြီးထဲတွင် နတ်ပူဇော်ပွဲများ ပြုလုပ်တတ်ကြသလို ဆူမာရီယာန်စာပေအတွက် အရေးအဖတ်ဆိုင်ရာများကိုလည်း သင်ကြားပေးကြသည်။ ထိုနည်းတူ ဗေဒင်ပညာကိုလည်း သင်ကြားပေးကြသည်။
#ဗေဒင်ပညာနှင့် ေ့ရှဖြစ်ဟောသော အတိတ်နိမိတ်ဆိုင်ရာ ပညာရပ်များသည် ဆူမာရီယာန်တို့၏ အစကနဦးခေတ်ကတည်းက ပေါ်ပေါ်က်ခဲ့ခြင်းဖြစ်သည်။ ယင်းတို့၏ နတ်ဆရာများသည် ေ့ရှဖြစ်ဟောခြင်းများကို ပြုလုပ်ရာတွင် ေ့ရှဖြစ်ဟောခံချင်သူမှာ သိုးများကို ယူလာခဲ့ရသည်။ ထိုနောက် ထိုသိုးများကို နတ်စင်ေ့ရှတွင် ပူဇော်သတ်ဖြတ်ကြပြီး သေဆုံးသွားသော သိုး၏အသည်းတွင် ပေါ်နေသော အမှတ်အသားများကို ကြည့်ကာ ေ့ရှဖြစ်ဟောကြခြင်းဖြစ်သည်။
ဗေဒင်နှင့် နက္ခတ်ဆိုင်ရာများတွင်မူ ရာသီခွင်တစ်ခုချင်းစီတွင် နတ်ဘုရားတစ်ပါးစီ ရှိကြပြီး ထိုနတ်ဘုရားများမှ ကံကြမ္မာကို ဖော်ပြပေးသည်ဟု ယုံကြည်ကြသည်။ သူတို့၏ နေနက္ခတ်တာရာများနှင့်ပက်သတ်ပြီး ထိုသို့သော ယုံကြည်မူမှတဆင့် သိပ္ပံနည်းကျ လေ့လာမူများဖြစ်ပေါ်လာရန်အတွက် ပထမဦးဆုံး အုတ်မြစ်ချပေးခဲ့သူများဆိုလျှင် မမှားပေ။
အဘယ်ကြောင့်ဆိုသော သူတို့သည် အလွန်တရာမှ မြင့်မားသော မျှော်စင်များကို တည်ဆောက်ခဲ့ကြပြီး တချို့မျော်စင်များမှာ ပေ ၇၀၀အထိ မြင့်မားနေသည်။ ထိုမျှော်စင်များကို ဆူမာရီယာန် ပုရောဟိတ်များက အကြောင်းအရာ ၂ခုအတွက် ၂၄နာရီလုံး အသုံးပြုခဲ့ကြသည်။ အကြောင်းအရာတစ်ခုမှာ လူ့လောကတွင် ဖြစ်ပျက်နေသော မူလအကြောင်းရင်းများသည် နေနက္ခတ်တာရာများနှင့် တစ်နည်းမဟုတ်တစ်နည်း ပတ်သတ်နေသည်ကို သတိပြုမိခဲ့ပြီးနောက် နေနက္ခတ်တာရာများကို လေ့လာရန်ဖြစ်သည်။ အထူးသဖြင့် ကပ်ရောဂါများနှင့်ရင်ဆိုင်ရခြင်းများမှာ နက္ခတ်တာရာများနှင့် ပက်သတ်သည်ဟုလည်း သူတို့ကတွေးတောကြသောကြောင့် နက္ခတ်များကို အထူး လေ့လာလိုက်စားခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် အချို့သိပ္ပံပညာရှင်များက သိပ္ပံပညာကို စတင်ခဲ့သူများမှာ ဆူမာရီယာန်များဖြစ်သည်ဟု ဆိုကြခြင်းပင်ဖြစ်သည်။
ဆူမာရီယာန်တို့၏ အကောင်းဆုံးသော လုပ်ဆောင်ချက်ကမူ သူတို့၏ ဆူမာရီယာန်စာပေသည် အစောဆုံးလူသိများခဲ့သော စာပေတစ်ခု ဖြစ်ခဲ့ခြင်းပင် ဖြစ်သည်။ သူတို့၏စာပေထဲတွင် သူတို့၏ဘာသာရေးနှင့် ယဉ်ကျေးမူဆိုင်ရာများကို ရေးသားမှတ်တမ်းတင်ထားကြသည်။ နောက်ပိုင်းကာလများတွင်မူ ဆူမာရီယာန်တို့၏ ထိုစာပေများကို အကာဒီယန် နှင့် ဘေဘီလုံ အင်ပါယာတို့က ဆက်လတ်ထိန်းသိမ်းခဲ့ကြသည်။ ထိုစာပေမှတ်တမ်းများကို ဆူမာရီယာန်တို့က ကြေးဝါခေတ် ဆူမာရီယာန်ဘာသာစကားဖြင့် ရေးထိုးထားခဲ့ကြ၏။
ဆူမာရီယာန်တို့တီထွင်ခဲ့သော အခြားသောနည်းပညာများမှာမူ ဘီး၊ ကျူနီဖောင်း၊ အက္ခရာ၊ ဂဏာန်းသင်္ချာနှင့် ဂျီသြမေတြီ၊ ကြေးဝါ ၊ ဓား နှင့် အခြားလက်နတ်ပေါ်င်းများစွာပင်ဖြစ်သည်။ အဆုံးသတ်ကိုဆိုရလျှင်မူ ဆူမာရီယာန်လူမျိုးတို့သည်မှာလည်း အခြားလူမျိုးများနည်းတူ နတ်အမျိုးမျိုးကို ပူဇော်ပသရာမှတဆင့် မှော်ပညာများလည်း ပေါ်င်းစပ်ပါဝင်ခဲ့ကြသည်ကို တွေ့ရှိကြရသည်။ ယင်းတို့က မှော်ပညာကို ဝေဒနာခံစားနေရသောသူများအပေါ်၌ ကူညီရာတွင် အသုံးပြုနိူင်ကြောင်း ခွင့်ပြုပေးထားကြလေသည်။
ref:
#ဦးနု၏ ယဉ်ကျေးမူအစ ရုပ်စုံသမိုင်း
ဝီကီပီဒီယာ
#ဆရာဆန်းလွင် လူတို့ကိုးကွယ်ရာဘာသာတရားများ
Dec6.2019
Minsetwai
No comments:
Post a Comment