Search My Blog

Friday, September 4, 2020

ပြန်မဆုံချင်တဲ့သူ

စတုဂံလွင်ပြင် - ၃၅ -

ပြန်မဆုံချင်တဲ့သူ


အလွမ်းကျော့
နမ်းသော်လည်း
မထိပြီ...
သို့သော်..ရင်နာနာနှင့် လွမ်းခဲ့မိ။

စိတ်တစ္ဆေ
မြူထအောင်
ညသို့နမ်း....သည်
သို့သော် ပြန်ဆုံချင်ခဲ့သောသူ မဟုတ်ပြီ။

စိတ်စားကျက်
အိပ်တစ်ဝက်
ရူးချင်သူ
သို့သော် ပြန်မဆုံချင်သူအား တမ်းတမိ။

သို့နှင့်ပင်
ညသည်လည်း အလွမ်းပူသည်
အနမ်းသည်လည်း သံယောဇဉ်ငင်သည်
ဘယ်အခါသည် အဆုံးမရှိ
သံသရာလည်သူ ဤအချစ်မီး
မဆုံချင်သူနှင့်သာ တောက်လောင်သည်။

(1:50Am
Aug21.2017
Minsetwai)

No comments:

Featured Post

ကဗျာဟူသည်

poetry ကဗျာဟူသည် ကဗျာဆိုသည်မှာ မိမိရောက်နေသောခေတ် အသက်ရှင်နေသောခေတ်၏အတွေးအခေါ်များကို အခြေခံ၍ သက်ရောက်မှုအများဆုံးရှိသော ခံစားမှုကို ဖန်တီးပ...