Search My Blog

Wednesday, September 30, 2020

မှိတ်ထားတဲ့မျက်လုံး

 [ငါ/ကဗျာ/စိတ်ဝေဒနာများ-၂၄]


မှိတ်ထားသောမျက်လုံး


မှိတ်ထားသော မျက်လုံးမှာ

ကိုယ်ထည်မပါသော အိပ်မက်တွေ

မှိတ်ထားသော လက်ထဲမှာ

ဗလာလက်ထဲက စိတ်ကမြင်းမူများ

မှိတ်ထားသော မျက်လုံးမှာ

ကိုယ့်ဒဏ်ရာ ကိုယ်ပြန်ခုတ်ထစ်ရင်း ကိုယ်တိုင်ယဇ်ပူဇော်

မှိတ်ထားသော မျက်လုံးမှာ

စိမ်းလန်းမူမဲ့ သံယောဇဉ်တွေဟာ သေ

မှိတ်ထားသော မျက်လုံးမှာ

ကိုယ့်မကျေနပ်မူကို ကိုယ်ပြန်အကြမ်းဖက်

မှိတ်ထားသော မျက်လုံးမှာ

ဇွတ်တရွတ် မိုးပေါ်ပျံတော့

မှိတ်ထားတဲ့မျက်လုံးက ဒြပ်မဲ့။ ။


မှိတ်ထားသော မျက်လုံးမှာ

ကမောက်ကမာနဲ့ အစီအစဉ်မဲ့နေ့စွဲတွေ

မှိတ်ထားသော မျက်လုံးမှာ

ပိုင်ရှင်မဲ့ အမည်မှာ ၁၉ပါသော ပန်းချီတစ်ချပ်

မှိတ်ထားသော မျက်လုံးမှာ

ဇာတ်ဝင်ခန်းထဲ ပုရွက်ဆိတ်တွေ ကမ္ဘာပျက်

မှိတ်ထားသော မျက်လုံးမှာ

လူဝင်ဆန့်ချင်နေသော လူမဆန်ယဉ်ကျေးမူများ

မှိတ်ထားသော မျက်လုံးမှာ

ဒီမိုကရေစီနှင့် ရမ္မက်ထန်ညများ

မှိတ်ထားသော မျက်လုံးမှာ

ပတ်ကြားအက်နေသော ဝါဒများ

မှိတ်ထားသော မျက်လုံးမှာ

မျက်လုံးဟာလည်း ပြန်ဖွင့်မရနိူင်တော့

မှိတ်ထားတဲ့မျက်လုံးက မျက်လုံးသေ။


Sep 7.2020

Minsetwai

No comments:

Featured Post

ကဗျာဟူသည်

poetry ကဗျာဟူသည် ကဗျာဆိုသည်မှာ မိမိရောက်နေသောခေတ် အသက်ရှင်နေသောခေတ်၏အတွေးအခေါ်များကို အခြေခံ၍ သက်ရောက်မှုအများဆုံးရှိသော ခံစားမှုကို ဖန်တီးပ...