သူနှင့်သင်္ချာ
ဆရာတာရာမင်းဝေဟာ သင်္ချာ
ပညာရပ်ကို စိတ်ဝင်စားတယ်ဆို တာကတော့ ဘယ်သူမှ ငြင်းလို့မရတဲ့အချက်ပါ။ သူရဲ့စာအုပ်တော်တော်များများမှာ သချာင်္ပညာရပ်ဆိုင်ရာ စာသားတွေကို အများအပြားတွေ့မြင်ခဲ့ရပါတယ်။
("မနက်ဖြန် ၁၃ရက်နေ့ကြီး ။ သူက ၁၃ဂဏန်းသမားပေါ့။")
(ယန္တယားအရေခွံ့ နဲ့လူမှ)
၁၃ဂဏန်းသမားဆိုတော့ ဘာဖြစ်ပါသလဲ။ နျူမယိုလောဂျီအရ ၁၃ဂဏန်းဟာ ကံဆိုးစေတဲ့နိမိတ်လို့ ယူဆကြပါတယ်။ ဒါကြောင့်ပါ။ ဒါကို သူကိုယ်တိုင်ကလည်း ကျွန်တော်နှင့်ကံကြမ္မာလက်နတ်များမှာ ဖော်ထုတ်ပြထားပါတယ်။ လေ့လာကြည့်ပါ။
သိုးဆောင်းအယူအဆတွင် ၁၃ဂဏန်းသည် ကံမကောင်းသော ဂဏန်းဖြစ်၏။ အနောက်နိူင်ငံမှ တည်ခိုခန်း အချို့တွင် အခန်း(၁၃)ဆိုလျှင် မည်သူကမှ မတည်ခိုချင်ကြောင်း အခန်း (၁၂)ပြီးသည်နှင့် အခန်း(၁၄)ကို ထားရကြောင်း ကြားသိနေရတော့ မပီမပြင်ပြုံးဖြစ်သည်။
(ကျွန်တော်နှင့် ကံကြမ္မာလက်နတ်များ)
သူက သင်္ချာပညာရပ်နဲ့ ပတ်သတ်ပြီး ဂရိက ပိုက်သာဂိုးရပ်စ်ကိုလည်း လေ့လာခဲ့ကြောင်း တွေ့ရှိရပါတယ်။
ဂမ္ဘီရပညာ လေ့လာလိုက်စားသူတွေအတွက် "ပိုက်သာဂိုးရပ်စ် ကြိဂံ"ဟာ အလွန်အရေးပါတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ကတော့ ကြိဂံရဲ့ဂုဏ်သတ္တိကို သင်္ချာရှုထောင့်ကနေ အံသြရုံလောက်ပဲ တတ်နိူင်ပါတယ်။(ကျွန်တော်နှင့် နတ်ဖုရားရုပ်တုမှ)
ဒါက သင်္ချာပညာရဲ့ ရှေးအကျဆုံး ဘိုးတော်တစ် ယောက်ဖြစ်တဲ့ ပိုက်သာဂိုးရပ်စ်ကို သူ ချဉ်းကပ်ခဲ့ပုံပါ။ တကယ်ပဲ ပိုက်သာဂိုးရပ်စ်ဟာ အံသြစရာကောင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး လောကတစ်ခုလုံးကို သင်္ချာနည်းနဲ့ တည်ဆောက်ထားခြင်းဖြစ်ကြောင်း ကြွေးကြော်ခဲ့တဲ့သူပါ။ ကျွန်တော်ကိုယ်တိုင်ကလည်း ပိုက်သာဂိုးရပ်စ် ကို အရမ်းကြိုက်နှစ်သက်သူပါ။
ဆရာတာရာမင်းဝေဟာ ငယ်ငယ်တုန်းကတော့ သင်္ချာညံတဲ့ကျောင်းသားတစ်ယောက်လိုလဲ ဆိုကြတယ်။ ဒါကြောင့်များ ကြီးလာတဲ့အခါ သင်္ချာပညာကို အားစိုက်လေ့လာခဲ့သလားတော့ မပြောနိူင်ပါဘူး။ သူဝထ္ထူတိုင်းမှာတော့ သင်္ချာနဲ့မကင်းတာတွေ အမြဲတွေ့မြင်နေရတတ်ပါတယ်။
သူ့ခေါင်းရင်းနံရံတွင် သင်္ချာကိန်းတန်းတစ်ခုကို ရေးထိုးထား၏။ မည်သည့် အဓိပ္ပါယ်ဖြင့် သူရေးထိုးထားသည်ဟုတော့ မည်သူမှ မသိကြချေ။ (လူ ငယ်တစ်ယောက်၏ ကျောက်ထွင်းရာဇဝင်မှ)
အခုလိုမျိုးသူက သူ့ဝထ္ထူတွေထဲမှာ သင်္ချာကို ဆွဲဆွဲသွင်းလာတတ်ပါတယ်။
နောက်ဆုံးအနေနဲ့ သင်္ချာကို သူဘယ်လောက်လေ့လာထားကြောင်း သိရှိနိူင်မယ့် ဖော်ပြမူတစ်ခုကို ပြချင်ပါတယ်။
ကျွန်တော်ငယ်ငယ်က ကျောင်းမှာ သင်္ချာသင်ခဲ့စဉ်က ကြိဂံတစ်ခုရဲ့ အတွင်းထောင့် သုံးခုပေါ်င်းခြင်းဟာ ထောင့်မှန်နှစ်ခုနဲ့ညီတယ်လို့ မှတ်သားခဲ့ရဖူးပါတယ်။ အဲဒါကိုလည်း သင်္ချာပညာရဲ့ အပြောင်းအလဲမရှိနိူင်တဲ့ အမှန်တရားတွေထဲက တစ်ခုလို့ ထင်မြင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျောင်းစာအုပ်တွေရဲ့အပြင်ကိုကျော်ပြီး တခြားစာအုပ်တွေရဲ့ မျတ်နှာစာကိုလှမ်းဖတ်တော့ ကျွန်တော်တို့အဖို့ အံသြစရာတွေကို တွေ့ကြုံရပါတယ်။ ကြိဂံတစ်ခုရဲ့ အတွင်းထောင့်သုံးခုပေါ်င်းခြင်းဟာ ထောင့်မှန်နှစ်ခု မဟုတ်တော့လို့ပါပဲ။ ဆိုဗီယက်သင်္ချာပါရဂူ ရောဘတ်စကီးက ၁၈၂၆ခုနှစ်မှာ သင်္ချာပညာဆိုင်ရာစာတမ်းတစ်စောင်ကို ထုတ်ပြန်ပါတယ်။ အဲဒီထဲမှာ ဂျီသြမေထရီအယူအဆသစ်တွေပါလာပြီး အဲဒီအယူအဆတွေအရ ပြောရရင် ကြိဂံတစ်ခုရဲ့ အတွင်းထောင့်သုံးခုပေါ်င်းခြင်းဟာ ထောင့်မှန်နှစ်ခုထက် အမြဲငယ်နေပါတယ်။
(ပြိုင်မြင်းတို့၏ခွာသံမှ)
ဒါက သင်္ချာပညာအပေါ် သူရဲ့နိူက်နိူက်ချွတ်ချွတ် လေ့လာထားချက်ပါပဲ။ ကျောင်းစာအုပ်ရဲ့ပြင်ပကို ကျော်လွန်ပြီး လေ့လာခဲ့ပါတယ်လို့ သူ့ကိုယ်တိုင်ဝန်ခံထားတာကိုလည်း တွေ့ရမှာပါ။ ဟုတ်ပါတယ်။ ကမ္ဘာကြီးဟာ သချာင်္နဲ့မကင်းဘူးဆိုတာ အသေအချာကြီးပါ။ သူက ရေးကြီးခွင်ကျယ်လုပ်ပြီး လျှောတ်ရေးပြနေခဲ့တာ မဟုတ်ဘူးဆိုတာကို သူရဲ့ဖော်ပြမူတွေကတစ်ဆင့် လေ့လာနိူင်ကြောင်းပါ။
Nov.2017
Minsetwai
No comments:
Post a Comment