Search My Blog

Showing posts with label ​မှော်​. Show all posts
Showing posts with label ​မှော်​. Show all posts

Thursday, September 3, 2020

တရုတ်ပြည်မှမှော်

#တရုတ်ပြည်မှမှော်

တရုတ်နိူင်ငံသည် အီဂျစ်ကဲ့သို့ပင် မှော်ပညာအမြောက်အမြား တိုးတတ်ဖွံဖြိုးလှသောနိူင်ငံတစ်နိူင်ငံဖြစ်သည်။ ရှေးဟောင်းတရုတ်လောကီပညာတွင် မိုးကြိုးသွားစာရေးခြင်း (သို့မဟုတ်) နတ်ချစာရေးခြင်း၊ ဝိဇ္ဇာပညာနှင့်ဂမ္ဘီရကြေးမုံ(Magic Mirror)စသသည့်တို့မှာ မှတ်တမ်းများဝင်သည့်အထိ ကျော်ကြားခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးနောက်တွင် တရုတ်ပြည်တွင်တောက်နှင့် ဇင်တို့ခေတ်စားလာသောကြောင့် တရုတ်တို့၏ ယုံကြည်မူမှာ ဘာသာရေးနှင့်ဂန္ဓာရီပညာဆိုင်ရာ စာအုပ်စာတမ်းများ အစီအရီပေါ်ထွက်လာခဲ့သည်။ယင်းတို့၏ မှော်ပညာအကြောင်းကိုမူ ရွှင်းယွီချီ(Shun yu cai -AD400)၏ကျင်မင်းဆက်ဆိုင်ရာ စံချိန်မီသမိုင်း(The standard History of Tsin Dynasty)စာအုပ်တွင် အကျယ်တစ်ဝင့်ဖော်ပြထားခဲ့သည်။

ထိုမိုးကြိုးသွားစာရေးခြင်းတွင် တရုတ်လောကီပညာရှင်များသည် ထိုအစီအရင်ကို ညအချိန်ကျမှသာ ပြုလုပ်ဆောင်ရွက်ကြသည်။ ထိုအစီအရင်ပြုလုပ်ချိန်တွင် ပါဝင်သူများမှ ရေမိုးချိုးပြီး သန့်ပြန့်သော အဝတ်အစားများကို ဝတ်ဆင်ကြရသည်။ ပြီးနောက် ညစာစားခြင်းကို ရှောင်ကြရသည်။ အကြောင်းမှာ ထိုအစီအရင်ဆိုင်ရာ နတ်များမှ အလွန်မှအသန့်ကြိုက်သော နတ်များဖြစ်သောကြောင့် ဟူ၏။ အခမ်းအနားတွင် စားပွဲနှစ်ခုခင်းထားရပြီး တစ်ခုပေါ်တွင် နတ်စင်ငယ်ကိုထားကာ ဝိုင်အရက်များ၊ သစ်သီးဝလံများ၊ မုန့်ချိုများကိုပါ တင်ထားကြသည်။ အခြားစားပွဲတစ်ခုတွင်မူ အနီရောင်ရှိသော သဲ များကို ညီညာပြန့်ပြူးစွာ ခင်ထားကြသည်။ ထိုသဲခင်းထားသော စားပွဲေ့ရှတွင် ကုလားထိုင်အလွတ်တလုံးကို ထားထားပေးကြသည်။ ထိုအပြင် စာချရေးမည့်ပညာရှင်သည် နတ်ပင့်မည့်သူအားလုံး၏ အမည်ကို ကတ်ပြားတစ်ချပ်မှာ ကြိုတင်ရေးသားထားပြီး ထိုအခန်းထဲမှာ ချိတ်ဆွဲထားကြသည်။ ထိုနောက်တွင်မူ ရွှေစက္ကူများကို မီးရှို့ပြီး နတ်များဆီသို့ မေတ္တာပို့၍ ပင့်ဖိတ်ကြရသည်။

ထိုနတ်ရောက်လာခဲ့ပြီးနောက်တွင်မူ တစ်စုံတစ်ရာသော အကြောင်းကြောင့် သဲပေါ်တွင် ထင်ကျန်လျှက်ရှိသော စာ၏အဓိပ္ပါယ်ကို ပညာရှင်က အဓိပ္ပါယ်ဖွင့်ဆိုပေးရသည်။ ထိုစာကို အချို့ပညာရှင်များက မန္တရားဟု ခေါ်ကြပြီး ယင်းမှာ ကပ်ရောဂါအပေါ်င်းမှာ လွတ်မြောက်စေသည်ဟု ဆိုကြသည်။ အခြားသော တရုတ်ပညာရပ်ဆိုင်ရာများနှင့် ပတ်သတ်၍မူ တရုတ်စာပေများ၏ဖော်ပြချက်များတွင် တရုတ်မှော်ဂန္ဓာရီဆိုင်ရာ ထွက်ရပ်ပေါ်က်ပုဂ္ဂိုလ်ရှစ်ပါးမှာ အလွန်မှနာမည်ကြီးကြောင်းကို တွေ့ရှိကြရသည်။ ထိုထွက်ရပ်ပေါ်က်ပုဂ္ဂိုလ်ရှစ်ပါးမှာ လိတိကွေး၊ ချုံလိချွန်၊ လန်ဆေဟို၊ ချန်ကော၊ ဟိုဆင်ကူ၊ လူတုံပင်၊ ဟန်ဆိုင်းဇူ၊ စောကိုချင်တို့ပင်ဖြစ်သည်။

ထိုအထဲမှ ချန်ကောဆိုသော ပုဂ္ဂိုလ်သည် အေဒီ၈ရာစုတွင် ထွက်ရပ်ပေါ်က်သွားသော တရုတ်မှော်ဂန္ဓာရီပညာရှင်ရ ရသေ့ တစ်ဦးဖြစ်သည်။ ချန်ကောကို ဘုရင်က နန်းတွင်းသို့ ကြွရန်အတန်တန်ပင့်ခေါ်သော်လည်း သူသည်မသွားခဲ့ချေ။ သို့သော်လည်း အေဒီ၇၀၅တွင် သူကို ဝူဘုရင်မကြီးက ဖိတ်ခေါ်ပြန်ရာ နန်းတွင်းသို့အသွားတွင်လမ်းမှာ အသတ်ခံရလေသည်ဟူ၏။ သို့သော် ချန်ကောမှာ အသတ်ခံရသော်လည်း သေဆုံးသွားခြင်းမရှိဘဲ ကျန်းမာစွာဖြင့် ဂန္ဓာရီခရီးလှည့်လည်သွားလာခဲ့သည်။

အချို့ရာဇဝင်များအရ သူသည် စက္ကူကို ပါးစပ်ထဲမှ ရေဖြင့်မန်းမှုတ်ပြီး မြင်းဖြူဖြစ်အောင်ဖန်ဆင်းကာ ထိုမြင်းဖြူကိုစီးလျှက် မိုင်ပေါ်င်းများစွာခရီးသွားခဲ့သည်။ လိုရာခရီးသို့ရောက်လျှင်မြင်းဖြူကို စက္ကူကဲ့သို့ပြန်ခေါ်က်သိမ်းဆည်းထားတတ်သည်ဟူ၏။ ထိုသို့အစွမ်းထက်သော ချန်ကောသည် အေဒီ၇၂၃၊ မင်းဟန်ဘုရင်လက်ထပ်တွင် ပရိတ်သတ်ဗိုလ်ပုံအလယ်၌ ကိုယ်ယောင်ဖျောက်ပြခြင်း၊ အဆိပ်သောက်ပြခြင်း၊ လက်ဖြင့်ညွှန်ရုံဖြင့် ပန်းများကို ကြွေကျစေခြင်းများကို ပြုလုပ်ပြခဲ့သည်ဟုလည်းဆိုကြသည်။

#Minsetwai

Tuesday, August 18, 2020

အနောက်တိုင်းမှမှော်

အနောက်တိုင်းမှမှော်

အနောက်တိုင်းမှ မှော်ပညာနှင့် ပတ်သက်ပြီးပြောရလျှင် ယင်းတို့၏ မှော်ပညာသည် သာသာရေးအမြင်များနှင့် အတိုက်အခိုက်ဖြစ်ခဲ့ကြပြီး အဖြစ်အပျက်တို့မှာ များပြားလွန်းလှသောကြောင့် အရှုပ်ထုပ်ကြီးတစ်ခုကို အစကပြန်ဖြေရသည့်ပုံမျိုးနှင့်ပင် တူတော့သည်။ သို့ပါသော်လည်း စာဖတ်သူများ အလွယ်တကူနားလည်စေရန်အတွက် ကျွန်တော်နားလည်ထားသလောက် ဖော်ပြပါမည်။ အထူးသဖြင့် အနောက်တိုင်းသားအများစုသည် ဥရောပတိုက်၏ အလယ်ခေတ်လောက်မှာ စတင်ပြီ်း မှော်ပညာကို အလွန်စိတ်ဝင်စားလာခဲ့ကြခြင်း ဖြစ်သည်။ ထိုသူတို့ စိတ်ဝင်စားရခြင်း၏ အကြောင်းရင်းကို တွေးခေါ်ရှင်လည်းဖြစ်၊ ဂန္ဓရီပညာရှင်လည်းဖြစ်သော ပါရာဆဲဆပ်စ်(paracelSus1948-1541)က လူသားတို့၏ကျိုးကြောင်း ဆင်ခြင်တုံညဏ်ဖြင့် ချဉ်းကပ်ခြင်းမပြုနိူင်သော အရာများကို မှော်ပညာတွင်
တွေ့ကြုံခံစားနိူင်ပြီး ထိုအရာများအပေါ်တွင်လည်း တိုင်းတာနိူင်သော စွမ်းရည်ရှိသောကြောင့် ထိုသူတို့သည် မှော်ပညာရပ်များကို စိတ်ဝင်စားကြခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။

#ဂန္ဓရီလောကတွင် နာမည်ကြီးသော
အယ်လီဖော့ လယ်ဝီ(Eliphos levi 1810-1875) ကလည်း မှော်ပညာဟူသည် ပညာရှင်များထံမှ လက်ဆင့်ကမ်းရောက်ရှိလာသော လျို့ဝှတ်ပညာရပ်ဖြစ်ပြီး ယင်းမှာ သဘာဝ၏လျိုဝှတ်ချက်များနှင့် ပတ်သတ်သော အစဉ်အလာတစ်မျိုး ဖြစ်သည်ဟု ဆိုခဲ့သည်။
ယင်းမတိုင်ခင်က အနောက်တိုင်းသားတို့မှာ သိပ္ပံပညာများ ထွန်းကားသောကာလတွင် ရှင်သန်လာကြသူများပီပီ ထိုပညာရပ်အပေါ် အထင်သေးရှုပ်ချခဲ့ကြသည်။ မှော်ပညာနှင့်ပတ်သတ်ပြီး သဘောထား ကျဉ်းမြောင်းကာ မှော်အတတ်ကို စိတ်ကူးယဉ်ဖန်တီးထားသော အရာတစ်ခုဟု စွပ်စွဲခဲ့ကြသည်။ သို့သော် မှော်ပညာရပ်တွင် ပါဝင်သော တစ္ဆေသရဲများကိုစေခိုင်းခြင်း၊ ပယောဂထုတ်ခြင်း၊ အရာဝထ္ထူများကို ရွေ့လျားပြခြင်း၊ တမလွန်ဘဝမှ ဝိညာဉ်များနှင့် စကားပြောဆိုခြင်း ၊
မိုင်ထောင်ပေါင်းများစွာကွာဝေးသောနေရာတွင် ဖြစ်ပျက်နေသော
အရာများကိုကြိုသိနေခြင်းတို့ကိုမူ မှော်ပညာအပေါ် ထိုသဘောထားကျဉ်းမြောင်းနေသူများကိုယ်တိုင် စိတ်ဝင်တစားနှင့် အံသြတသင့်ဖြစ်နေကြရဆဲပါပင်။ ယင်းတို့စိတ်ဝင်စားလာခဲ့သော ထိုအနောက်တိုင်းမှ မှော်ပညာတွင်လည်း အေ့ရှတိုင်းမှာ အောက်လမ်းမှော်ပညာ၊ အထက်လမ်းမှော်ပညာဟု နှစ်မျိုးခွဲထားသကဲ့သို့ပင် အနောက်တိုင်းသားတို့ကလည်း ယင်းတို့၏မှော်ပညာကို Black magicနှင့် White magic ဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားထားပါသည်။ ထိုခွဲခြာချက်ကို ယျေဘုယ သုံးသပ်ကြည့်လျှင်မူ Black magicတွင် စုန်းများပါဝင်ပြီး White Magicတွင် သူတော်စင်များ၊ တမန်တော်များပါဝင်ပါလိမ့်မည်။

အနောက်တိုင်းမှော်ပညာတွင် မှော်ဆိုသည့် စကားလုံးမှာ ဂရိအခေါ်megeia လက်တင်အခေါ် magiaမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ထိုကြောင့် အနောက်တိုင်းသား တစ်ချို့ကလည်း ဂရိတို့၏ မှော်ပညာအပေါ် ထားရှိသည့်အမြင်အတိုင်း လိုက်လံစဉ်းစားကြသည်။ ဂရိနှင့် ရောမတို့၏ အစဉ်အလာတွင် မှော်အတတ်ပညာကိုတတ်သော နတ်ဝိဇ္ဇာကဲ့သို့သော ပညာရှင်များသည်ထိုလျိုဝှတ်နတ်နဲသော မှော်ပညာများကို ရှေးခေတ် pantheonsတို့၏ နတ်ဘုရားများမှတဆင့် ဆင်းသက်လာခြင်းဖြစ်သည်ဟု ယုံကြည်ထားကြသည်။ အေဒီ ၁ရာစု မှ ၄ရာစုအတွင်းရှိ အီဂျစ်တို့၏ ကျူစာများထဲတွင် နတ်ဝိဇ္ဇာပညာရှင်များသည် တိုင်းပြည်အုပ်ချုပ်သူကို နိူင်ငံရေးဆိုင်ရာဆုံးဖြတ်ချက်များကို အောင်အောင်မြင်မြင်နှင့် ကျယ်ပြန့်စွာ လုပ်ကိုင်ဆောင်ရွက်နိူင်ဖို့အတွက် တိရိစ္ဆာန်များဖြင့် နတ်များကို ယဇ်ပူဇော်ကြသည်ဟု ဖော်ပြပါရှိလေရာ မှော်ပညာမှာ နတ်ဘုရားများမှ ဆင်းသက်လာခြင်းဖြစ်ကြောင်းကို ဖော်ပြချင်တာလည်း ဖြစ်ကောင်းဖြစ်နိူင်ပါသည်။

သို့သော် အနောက်တိုင်းသား အများစုမှာ အစကတည်းက မှော် ကို စိတ်ကူးယဉ်ထားသောအရာတစ်ခုဟု မြင်ခဲ့ထားကြသူများဖြစ်လေရာ အေဒီ၉၀၀-အေဒီ၁၀၅၀အကြားတွင် ခရစ်ယာန်ဘာသာရေးဆရာများက စုပေါ်င်းပြီး မှော်ပညာအပေါ် ရှုပ်ချမူများ ပြုလုပ်ခဲ့ကြပြီး ထိုနောက်ပိုင်းကာလတွင်လည်း ဆမှာ်ပညာရှင်များကို မှားယွင်းသောအယူဝါဒရှိသူများအဖြစ် သဘောထားပြီး တိုက်ဖျတ်မူများကို ပြုလုပ်ခဲ့ကြသည်။ ထိုဘာသာရေးဆရာများသည် မှော်ပညာရှင်တို့မှာ အယူမှား၍ မာန်နတ်ကို ကိုးကွယ်ကာ ထိုမာန်နတ်၏ အလုပ်များတွင် ပါဝင်ပတ်သက်နေကြသည်ဟု ယုံကြည်ထားကြသည်။

၁၅ရာစုတွင်မူ မှော်ပညာဆိုင်ရာ အယူအဆတစ်ခုဖြစ်သော စာတန်နတ်နှင့်လူ့ဝိညာဉ်တို့၏ ပေါ်င်းစည်းမူမှတဆင့် မှော်စွမ်းအင်များ ရရှိလိမ့်မည်ဆိုသော မှော်ဆရာတို့၏ ယုံကြည်မူဟာ အခြားသောသူများကို ထိခိုက်နစ်နာမူများ ခံစားစေသည့်အပြင် ဘာသာရေးတန်ဖိုးကျဆင်းအောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု စွပ်စွဲပြီး ဖမ်းဆီးညှင်းပန်းခဲ့ကြသည်။ ထိုအပြင် မူဆလင်နှင့် ဂျူးလူမျိုးတစ်ချို့ကိုလည်း နတ်ဆိုးကိုးကွယ်သူများအဖြစ် သံသယဝင်ကြပြန်သည်။ ထိုနောက် ထိုလူမျိုးတို့ ဓလေ့အရပြုလုပ်သော ဘာသာရေးပွဲတစ်ခုတွင် ယင်းတို့သည် ကလေးငယ်များအား စတေးခြင်းပြုလုပ်နေပြီး ထိုဂျူးလူမျိုးတို့မှာ စတေးရန်အတွက် ခရစ်ယာန်ဘာသာဝင် ကလေးငယ်များအား ခိုးယူခဲ့ကြသည်ဟု ပြောဆိုခဲ့ကြသည်။ ထိုကြောင့် ဆိုခဲ့ပြီးအတိုင်း အနောက်တိုင်းမှ မှော်ပညာသည် ဖွံဖြိုးလာနိူင်ရန်အတွက် ဘာသာရေးနှင့် စစ်ပွဲနွဲခဲ့ရသည်မှာ အကြိမ်ကြိမ်အခါခါပါပင်။ သို့သော်လည်း မည်သို့သော်အကြောင်းကြောင့်မှန်းမသိ။ ထိုခေတ်ကာလရှိ မှော်ပညာလိုက်စားကြသူများအပေါ် ကျယ်ကျယ်ပြန့်ပြန့်ရှုပ်ချနေသည့်တိုင်အောင် မှော်ပညာနှင့် ဆက်စပ်သော စာအုပ်များသည်က ပလူပျံအောင် ထွက်ပေါ်လျှက် ရှိပြန်။။ ထိုအထဲတွင်
ဘာသာရေး၌ ယုံကြည်သက်သော စာရေးဆရာတော်တော်များများက မှော်ဟူသည်မှာ လိမ်လည်လှည့်ဖျားထားသော ပညာရပ်ဖြစ်ပြီး ဘာသာရေးနှင့် ရိုးရာဓလေ့ထုံးစံများ၏ ဆန်ကျင်ဘက်ဖြစ်သည်ဟု ဖော်ပြရေးသားခဲ့ကြသည်။ ထိုအပြင် မှော် ပညာမှာ ရိုးရာဓလေ့တွင်သာမက နတ်ဆိုးများ၏ လက်အောက်ခံအဖြစ် ပူးပေါ်င်းပါဝင်လျှက်ရှိသောကြောင့် ဘာသာရေးနှင့်လည်း ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု ဆိုခဲ့ကြပြန်ပါသည်။ သို့သော် မည်သို့ဆိုစေကာမူ ဘာသာရေးသင်ကြားမူများစွာတိုင်းတွင် ခြားနားသောနည်းလမ်းများဖြင့် မှော်ဆန်သော အရာများရှိကြသည်ကို ပညာရှင်တို့ ရှာဖွေတွေ့ရှိခဲ့ကြပြီးဖြစ်သည်။ 

ချဉ်းကပ်မူတစ်ခုအနေဖြင့် ယင်းနှင့်ပတ်သတ်ပြီး မနုဿဗေဒပညာရှင်
 Edward Tylor နှင့် James G. Frazerတို့က ဆွေးနွေးခဲ့ကြသည်။ ထိုဆွေးနွေးချက်အရ မှော်နှင့်ဘာသာတရား ဟူသည်မှာ ဆန့်ကျင်ဘက်ပင် ဖြစ်သည်ဟု အဖြေထုတ်ခဲ့ကြသည်။
 Marcel Mauss နှင့် Emile Durkheim ဆွေးနွေးမူတွင်မူ လူများသည် ဘာသာရေးထဲသို့ မှော်ပညာကို သယ်ဆောင်လာကြခြင်းသာ ဖြစ်သည်ဟု အဖြေထုတ်ကြသည်။ မည်သို့ပင်ဖြစ်ဖြစ် လေ့လာခက်များအရ
သမိုင်းတောက်လျှောတ်တွင်မူ မှော်ပညာမှာ ဘသာရေးနှင့် မပက်သတ်ဘဲ သို့မဟုတ် ပက်သတ်ခဲ့ပါလျှင်လည်း မှော်ပညာသည် ဘာသာရေးတစ်ခုမဟုတ်၍ သူ့ဟာသူ တသီးတသန့်ရှိနေကြောင်းကို ရှေးခေတ်မှော်ပညာရှင်များ၏ လုပ်ဆောင်မူများ၊နှင့် ရည်ညွှန်းမူများက ဥပမာပြလျှက်ရှိနေသည်။

ခေတ်အဆက်ဆက် ပြောင်းလဲတိုက်ပွဲဝင်ခဲ့ကြပြီးနောက် ရလဒ်ထွက်ပေါ်လာသည်မှာ မှော်သည် စာပေဆိုင်ရာ ဘာသာတစ်ရပ်တစ်ခု ဖြစ်လာရသည့်အထိ အနောက်တိုင်းသားတို့၏ စိတ်ဝင်စားမူများကို မြင့်တတ်လာစေခဲ့ပါတယ်။
ယင်းတို့အတွက် စိတ်ဝင်စားစရာအကောင်းဆုံး ဖြစ်ရပ်ကမူ အလယ်ခေတ် ဥရောပမှော်ပညာရှင်များသည်
ဂျူးတို့၏ဓလေ့ထုံးတမ်းများနှင့်အာရပ်သိပ္ပံအရင်းအမြစ်များဖြစ်သော နက္ခတ်မှော်လက်စွဲမှာ အခြားဆန်းကြယ်သောအရာများပါ ပါဝင်ပတ်သက်နေခဲ့ပြီး ထိုပညာရပ်တို့မှာ ခရစ်ယာန်ဘာသာ၏
ပင်မဓလေ့ထုံးထမ်းစဉ်လာမှ ပြန်လည်ဆန်းသစ်ခဲ့သောအရာဖြစ်သည်။ ထိုအထဲမှ Necromancy ဆိုသော မှော်ပညာသည် လက်တင်ခရစ်ယာန်ဘာသာရေး ထုံးတမ်းစဉ်လာများကို အသုံးပြု၍ လူသေတို့၏ဝိညာဉ်ကို နာခံရန်လှုံ့ဆော်ခြင်းပင် ဖြစ်သည်။ တစ်နည်းအားဖြင့် ပယောဂထုတ်ခြင်း၊ မကောင်းဆိုးဝါးများအား ခိုင်းစေခြင်းကဲ့သို့ ဖြစ်သည်။

ထိုသိုနှင့် ၁၇ရာစုသို့ ရောက်လျှင် စကော့လူမျိုး ၊မနုဿဗေဒပညာရှင် ဆာဂျိမ်းဖရေ
ဇာ(Sir James Frazer)က သူ၏ဂန္တဝင်မြောက် ကျမ်းတစ်ဆူ ဖြစ်သော ရွှေသစ်ကိုင်း(The golden bough)တွင် မှော်ပညာအသုံးပြုပုံတွေကို ရှင်းလင်းပြသခဲ့သည်။
သူရှင်းပြထားသော မှော်ပညာအသုံးပြုမူပုံစံမှာ နှစ်မျိုးရှိပြီး ထိုနှစ်မျိုးမှာ ဆင်တူမှော်ပညာနှင့် ဓာတ်ကူးမှော်ပညာဟူ၍ဖြစ်သည်။
ဆင်တူမှော်ပညာတွင် သဏ္ဍန်လုပ်သရုပ်တူစေဆိုသကဲ့သို့ ဆင်တူပြုလုပ်ခြင်းဖြင့် တူညီသောအကျိုးကိုဖြစ်ပေါ်စေသည်။
ဥပမာပြရလျှင် voodooလုပ်ဆောင်ချက်များကဲ့သို့ ဓာတ်ပုံထဲမှ လူတစ်ဦးအား အပြင်တွင် နာကျင်ခံစားရအောင် ဓာတ်ပုံမှတဆင့် ပြု လုပ်ဆောင်ခြင်းမျိုးဖြစ်သည်။
ဓာတ်ကူးမှော်ပညာမှာမူ ထိတွေ့မူ ကြာရှည်ရှိနေသော အရာဝထ္ထူတစ်ခုသည် ထိတွေ့သူနှင့် ကွဲကွာသွားသောလည်း ထိုအရာဝထ္ထူသည် ထိတွေ့သူနှင့် တစ်ထပ်တည်းကျနေလျှက် ရှိနေဆဲပင်ဖြစ်သည်။ ဥပမာပြရလျှင် ကျွန်တော်တို့မြန်မာအယူအဆတစ်ခုတွင် ရေနစ်သေသော အလောင်းကိုရှာမတွေ့ပါက ထိုရေနစ်သေသူ အုံးခဲ့သော ခေါ်င်းအုံးကို ရေထဲသို့ ပစ်ချရသည်။ ထိုအခါ ခေါ်င်းအုံးမှာ
အလောင်းရှိသောနေရာတည့်တည့်တွင် တဝဲလည်လည် ဖြစ်နေတတ်သည်။ ထိုသို့ဖြစ်ရခြင်းသည် ခေါ်င်းအုံးမှာသေဆုံးသူနှင့် ထိတွေ့မူများသဖြင့် ကိုယ်ဟွးဖြစ်လာရ
ခြင်းဖြစ်သည်။ ထိုအတိုင်းပင် ခြေရာကောက်ပြုစားခြင်း ဆိုသည် မှာလည်း ကိုယ်ဟွးသဖွယ်ယူဆပြီး စီရင်ခြင်းဖြစ်ရာ ထိုစီရင်ခြင်း
သည်လည်း ဓာတ်ကူးမှော်ပညာပင်ဖြစ်ပါသည်။

၁၉ရာစုနှစ်သို့ ကူးပြောင်းပြီးနောက်မှာတော့ မှော်အတတ်ပညာတစ်ခုအဖြစ် လူသိများလာသည့် esoteric အတွေးအခေါ်သစ်များ ပေါ်ပေါက်လာခဲ့သည်။ ဤရာစုအတွင်းထင်ရှားသောအဖွဲ့များတွင် Theosophical Society နှင့်ရွှေအရုဏ်၏ Hermetic Orderတို့ ပါဝင်သည်။ ခေတ်သစ်ရောက်လာချိန်တွင် မှော်အတတ်ပညာသည် ပိုမိုဖွံ့ဖြိုးပြီး Wicca ကဲ့သို့သောဘာသာရေးလှုပ်ရှားမှုများလည်း ပါဝင်လာခဲ့ပြီဖြစ်သည်။ esotericကိုအကြောင်းပြု၍ esotericismများလည်း ပေါ်ပေါ်က်လာသည်။

#Esotericနှင့် esotericism ဟူသော ဝေါဟာရအဓိပ္ပါယ်များသည် ယခုရေးလျှက်ရှိသော အနောက်တိုင်းမှော်ပညာသမိုင်းကဲ့သို့ အလွန့်အလွန်မှ ရှုပ်ထွေးစရာကောင်းသော ဝေါဟာရပင်ဖြစ်သည်။ သို့သော် လွယ်ကူသော အဓိပ္ပါယ်အချို့ကို ဖော်ပြရလျှင်မူ အချို့သော esotericist ကျောင်းများ၏အတွေးအမြင်များတွင် "esotericism" ကို နှစ်ပေါင်းများစွာ ဝှက်ထားသော အတွင်းပိုင်းဓလေ့ထုံးစံအဖြစ် သတ်မှတ်သည်။ ဘာသာရေးဆရာတစ်ယောက်ဖြစ်သော Versluis ကမူ "အနောက်တိုင်း esotericism" ကို "အနောက်ဥရောပသမိုင်းဝင်ရေစီးကြောင်းများမှတဆင့် အတွင်းပိုင်းထိ လျှို့ဝှက်ထားသောဝိညာဏအသိပညာ" ဟုအဓိပ္ပါယ်ဖွင့်ဆိုထားသည်။

ထိုသို့ဖြင့် မှော်စာအုပ်များ ၊ မှော်ပညာရှင်များ ပြန်လည် ပေါ်ထွန်းလာခြင်းကြောင့် ၂၀ရာစုသို့ ရောက်ရှိကြသောအခါ အနောက်တိုင်းသားတို့သည် မှော်ပညာရပ်များ ပြန်လည်ဆန်းသစ်စေလာဖို့အတွက် ရှေးဟောင်းမှော်ပညာတွေကို ပြည်လည်ရှာဖွေဖော်ထုတ်ပြီး လေ့လာခဲ့ကြသည်။ အထူးသဖြင့် ရှေးခေတ်ဂရိတို့၏ ပညာရပ်များကို ပိုမို၍ လေ့လာကြသည်။ ဤတွင် ရှေးခေတ် ဂရိတို့သည် အေ့ရှတိုင်းလူမျိုးများ၏ယဉ်ကျေးမူကိုခံခံထားပြီး ဂရိယဉ်ကျေးမူကို တည်ဆောက်ကြရန် ဆန္ဒရှိခဲ့ကြသည်ကို တွေ့ရှိခဲ့ကြသည်။ ထိုသို့ ရှေးဂရိတို့၏ ယဉ်ကျေးမူနှင့် ဓလေ့ထုံးထမ်းများကို
ကို ရှာဖွေဖော်ထုတ်ရာမှ အစပြုပြီး ဂရိတို့၏ ရှေးကျသော ပန်းချီကားများနှင့် အခြားသော အသေးအဖွဲ့လေးများပစ္စည်းလေးများအထိ မှေိာပညာကို ရှာဖွေဖော်ထုတ်ရာမှ ရှေးကျသော ဂရိတို့၏ မှော်ပညာဆိုင်ရာ သီဝရီများကို ပြန်လည်တည်ဆောက်နိူင်ခဲ့ကြသည်။

တစ်ချိန်တုန်းက လူနေမူအသိုင်းထဲတွင် လက်မခံငြင်းပယ်ခဲ့သော ဂရိတို့၏ ကျိန်စာတိုက်ခြင်း အကြောင်းများလည်း ပြန်လည်အသစ်ဖြစ်လာရသည်။ တစ်ချိန်က ထိုကျိန်စာတိုက်ခြင်းအမူ၌ တစ်ဦးပိုင် ကျန်စာတိုက်ခြင်းသာရှိခဲ့ပြီး ယထုအခါမှာသော အများနှင့်သက်ဆိုင်သော ကျိန်စာတိုက်ခြင်းတို့ကိုပါ ဖော်ပြနိူင်ခဲ့ကြသည်။ ထိုသို့ များလှစွာသောသော မှော်ပညာများကို ပြန်လည်ဖော်ထုတ်မူထဲတွင် မှော်ဆန်သော သင်္ကေတများအား အသုံးပြုပုံများလည်း ပါဝင်ခဲ့လေသည်။

Ref:
ဝီကီပီဒီယာနှင့်ဂူဂဲလ်

Aug10.2020
#Minsetwai

မာယာလူမျိုးများ(Maya)

မာယာလူမျိုးများ(Maya)

မာယာလူမျိုးများသည် အတိတ်မှာကျန်ရစ်ခဲ့ပြီ ဖြစ်သော်လည်း ယင်းတို့၏လျိုဝှတ်ချက်များကမူ ခေတ်သစ်လူသားတို့နောက်မှ တကောက်ကောက်လိုက်ပါလို့နေချေသည်။ လွန်ခဲ့သော နှစ်ပေါ်င်း ၅၀၀၀ လောက်က ယင်းတို့၏ယဉ်ကျေးမူများသည် မတ်ဆီက်ို၊ ဟွန်ဒူးရပ်စ်၊ အယ်ဆယ်ဗေးဒါး၊ဂွါဒီမာလာ၊ ယူဂန္ဓာနိူင်ငံများတွင် ထွန်းကားခဲ့ပေသည်။

မာယာလူမျိုးတို့၏ ယဉ်ကျေးမူဆိုင်ရာ လူ့အဖွဲ့အစည်းကို ဂန္တဝင်ခေတ်မတိုင်မီ(Pre-Classic period)ကာလဖြစ်သော ဘီစီ ၂၀၀၀ မှ အေဒီ၂၅၀အတွင်းရှိသည်ဟု ခန့်မှန်းထားကြသည်။ ထိုကြောင့် မာယာလူမျိုးများသည် ရှည်လျားသော သမိုင်းကြောင်းများ ရှိကြပြီး အနောက်ကမ္ဘာခြမ်းရှိ ဒေသများထဲတွင်လည်း ယဉ်ကျေးမူအတိုးတတ်ဆုံးသော လူမျိုးများဟု ဆိုနိူင်သည်။ ယင်းနိူင်ငံများထဲမှာ ဂွာဒီမာလာနိူင်ငံရှိ ကျွန်းမြို့လေးတစ်မြို့ဖြစ်သော Tayasal သည် မာယာလူမျိုးများ၏ နောက်ဆုံးအင်ပါယာဖြစ်ခဲ့ပြီး ၁၉၆၉ခုနှစ်မတိုင်မီထိ တည်ရှိခဲ့သည်ဟုလည်း ဆိုကြသည်။ အခြားသမိုင်းများအရကမူ ၁၆ရာစုတွင် စပိန်များရောက်ရှိလာကာ နယ်မြေသိမ်းပိုက်မူများ ပြုလုပ်ခဲ့ကြသောကြောင့် မာယာယဉ်ကျေးမူများ ကွယ်ပျောက်ခဲ့ရခြင်း ဖြစ်သည်ဟူ၏။ အထူးသဖြင့် ၁၅၂၇ခုနှစ်တွင် မက္ကဆီကိုတွင်ရှိသော ယင်းတို့၏ Yucatanဒေသကို စပိန်တို့မှ သိမ်းပိုက်ခဲ့ကြခြင်းဖြစ်သည်။

မာယာယဉ်ကျေးမူ ခေတ်ကြီးတွင် ပေါ်ထွန်းခဲ့သောယဉ်ကျေးမူများအကြောင်းကို ဂွါဒီမာလာမှာတွေ့ရသော ပိုပုဗူ မှတ်တမ်းတွင်အက္ခရာတင်ထားခဲ့ကြသည်။ ထိုမှတ်တမ်းအရ မာယာယဉ်ကျေးမူခေတ်တွင် ထွန်းကားခဲ့သော ပညာရေးနှင့်ဘာသာရေးကို သိရှိခဲ့ကြခြင်းလည်းဖြစ်သည်။ ထိုသိရှိချက်များထဲတွင် မာယာလူမျိုးများသည် ပျောက်ကွယ်သွားပြီးဖြစ်သည်ဟု လူအများက သိရှိထားပါသော်လည်း အချို့သော သုတေသနပညာရှင်များကမူ ယင်းတို့သည် အမေရိကတိုက်အတွင်း၌ နေထိုင်မူအချို့ရှိနေဆဲဟု ဆိုကြသည်။ အချို့ပညာရှင်များကမူ ဂွာဒီမာလာ၏ လူဦးရေတစ်ဝက်ခန့်မှာ မာယာလူမျိုးများမှ ဆင်းသက်လာခြင်းဖြစ်သည်ဟု ဆို၏။

ဘာသာရေးပိုင်းတွင်မူ မာယာလူမျိုးများသည် Itzamna(နေနတ်ဘုရား) နှင့် Yum Kaax(စားနပ်ရိက္ခဆိုင်ရာနတ်) နတ်ဘုရားတို့ကို အထူးကိုးကွယ်ကြသည်။ အထူးသဖြင့် Itzamna သည် ဖန်တီးသူဘုရားဖြစ်ပြီး သူသည်စကြ၀ဠာထဲတွင် ပါဝင်သော နေနတ်ဘုရားတစ်ပါးဖြစ်သည်ဟူ၏။ မှတ်တမ်းများအရ မှတ်တမ်းတင်ထားသော မာယာတို့၏ အခြားနတ်ဘုရားများထဲတွင် ဟွန်ဟွန်းနူးဖူ၊ Kiciche ပြောင်းဖူးနတ်ဘုရားနှင့် Tohilနတ်ဘုရားတို့ကိုပါ တွေ့ရပြီး လနတ်ဘုရားမ Awilix နှင့်တောင်နတ်ဘုရား Jacawitz တို့ကိုလည်း ဖော်ပြထားသည်။ နတ်ဘုရားများနှင့် ပတ်သက်၍ ယင်းတို့၏ ပီရမစ်များတွင် ဘာသာရေးပွဲတော်များ ကျင်းပလေ့ ရှိကြသည်။ ထိုဘာသာရေးပွဲများတွင် ခွေးများ၊ သားကောင်ငယ်များ၊ တခါတရံလူသားကိုပါ ယဇ်ပူဇော်လေ့ရှိသည်ဟူ၏ ။ ထိုယဇ်ပူဇော်ခြင်း၏ အကြောင်းချင်းရာမှာ သွေးကို မာယာနတ်ဘုရားများအတွက် အာဟာရဖြစ်စေသည့် အရင်းအမြစ်တစ်ခုအဖြစ် ယင်းတို့က ရှုမြင်ခဲ့ကြခြင်းဖြစ်ပြီး သက်ရှိသတ္တဝါတစ်ကောင်၏သွေးကို ပူဇော်ပသခြင်းသည် အင်အားကြီးမားသော ပူဇော်ပသမူတစ်ခုဟု ယုံမှတ်ထားကြသည်။

လူသားတစ်ဦး ၏အသက်ကိုပူဇော်ခြင်းသည် နတ်ဘုရားများထံသို့ အသွေးသွန်းလောင်းရာရောက်ပြီးလျှင် ယင်းမှတဆင့် အရေးကြီးဆုံးသော မာယာရိုးရာဓလေ့သည် လူသားယဇ်ပူဇော်ခြင်း၏ အထွတ်အထိပ်သို့ရောက်ရှိသွားစေခဲ့သည်။ ယေဘုယျအားဖြင့် မြင့်မားသောအဆင့်ရှိသည့် စစ်အကျဉ်းသားများကို ယဇ်ပူဇော်ရာ၌ ပိုအသုံးပြုခဲ့ကြသည်။ လူသားအား ယဇ်ပူဇော်ရသော အကြောင်းအရာမှာမူ အရေးကြီးသော ဆောက်လုပ်ရေးစီမံကိန်းများ ၊ အုပ်ချုပ်သူအသစ်တစ်ဦးအား နန်းတင်ခြင်း စသည့်အရေးကြီးသော ထုံးတမ်းစဉ်လာများပြုလုပ်ရာ၌ လူသားယဇ်ပူဇော်ခြင်းကို ပြုလုပ်ကြသည်။




ထိုမာယာလူမျိုးတို့သည် သချာင်္နှင့်နက္ခတ်ဗေဒ ဘာသာရပ်များတွင် အလွန်အံသြဖွယ်ကောင်းသော အတွေးအခေါ် ရှိကြသူများဖြစ်သည်။ အဆန်းတကြယ်ပြုလုပ်ခဲ့မူများနှင့် အနာဂတ်ဟောကိန်းများက ယင်းတို့၏မျိုးရိုးကို ပို၍ဂုဏ်တတ်စေခဲ့သည်။ မာယာလူမျိုးတို့သည် အင်း၊အိုင်၊မန္တန်၊နက္ခတ်အတတ်ပညာများနှင့်ဂမ္ဘီရဆန်သော ပညာပေါ်င်းမြောက်မြားစွာကို တတ်မြောက်ကျွမ်းကျင်ခဲ့ကြသည်။ ယင်းတို့၏ခေတ်တွင် သိပ္ပံပညာမထွန်းကားသေးပါဘဲနှင့် နေနှင့်နက္ခတ်တာရာများကို လေ့လာနိူင်ခဲ့ကြသည်။

အထူးသဖြင့် မာယာလူမျိုးတို့သည် စကြ၀ဠာ၏ ဖွဲ့စည်းတည်ဆောက်ပုံကို ရှုမြင်ရာတွင် ကောင်းကင်၌အဆင့် (၁၃) ဆင့်နှင့် မရဏနိုင်ငံ၌ (၉) ခုရှိသည်ဟူ၏။ ထိုအဆင့် တစ်ခုချင်းစီကို ကွဲပြားခြားနားသောအရောင်နှင့် ဆက်စပ်လမ်းညွန်ထားရာ မြောက်ဘက်တွင်အဖြူရောင်၊ အရှေ့တွင်အနီ၊ တောင်ဘက်တွင်အဝါရောင်နှင့် အနောက်ဘက်သည်အဖြူရောင်ဖြစ်သည်။ လမ်းညွှန်ချက်များနှင့်အရောင်များသည် မာယာတို့အတွက် နတ်ဘုရားနှင့် ဆက်စပ်လျက်ရှိသောအရာများလည်း ဖြစ်သည်ဟူ၏။

လုပ်ဆောင်ခဲ့မူမှန်သမျှတွင် မယာတို့၏ပြက္ခဒိန်မှာမူ အကျော်ကြားဆုံးထဲမှတစ်ခုပင် ဖြစ်သည်။ ယင်းလူမျိုးများ၏ ယုံကြည်မူအရ ကမ္ဘာကြီးမှာ ဘီစီ၃၁၁၄ခုနှစ်ကတည်းက စတင်ဖြစ်တည်ခဲ့သောကြောင့် ယင်းတို့၏ ပြက္ခဒိန်ကိုလည်း ထိုအချိန်မှစတင်၍ ရေးဆွဲခဲ့ကြသည်။ ယင်းတို့ရေးဆွဲခဲ့သော ပြက္ခဒိန်ထဲတွင် ကြယ် လ နှင့် နေတို့၏ တည်နေရာအရွေ့အပြောင်းအပေါ် မူတည်၍ အသေးစိတ်အချက်အလတ်များကိုပါ ထည့်သွင်းရေးမှတ်ထားကြသည်ကို တွေ့ရှိခဲ့ကြရသည်။ ထိုရက်ပေါင်း ၂၆၀ ပါရှိသော tzolkʼin ရိုးရာဓလေ့ပြက္ခဒိန်သည် ဂွာတီမာလာနှင့်ချီပက်စ်ကုန်းမြင့်ရှိ ခေတ်မီမာယာအသိုင်းအဝိုင်းထဲတွင် ဆက်လက်အသုံးပြုနေပြီး သန်းနှင့်ချီသော မာယာဘာသာစကားပြောသူများသည်လည်း သူတို့၏ဘိုးဘေးများ၏ယဉ်ကျေးမှုများကို ဖွံ့ဖြိုးစေသော နယ်မြေတွင်နေထိုင်လျှက် ရှိနေကြသေးသည်ဟူ၏။ အချို့ဖော်ပြချက်များတွင်မူ မာယာတို့၏ ပြက္ခဒိန်တွင် တစ်နှစ်မှာ ၁၈လရှိပြီး တစ်လမှာ ရက်၂၀ရှိသည်ဟူ၏။

#ဆောက်လုပ်ရေးပိုင်းဆိုင်ရာတွင်မူ မာယာများသည် Neolithic နည်းပညာဖြင့် သူတို့၏မြို့များကိုတည်ဆောက်ခဲ့သည်ဟု ဆိုကြသည်။ သမိုင်းတစ်လျှောက်တွင် ယင်းတို့သည် ဘုံတဲများနှင့်ဘုရားကျောင်းအချို့ကို သစ်သားတိုင်များနှင့်သက်ကယ်များဖြင့် အများဆုံး တည်ဆောက်ခဲ့ကြသည်ကို တွေ့ရသည်။ သို့သော် မယာယဉ်ကျေးမှု၏ ကြီးမားသောမြို့ကြီးများကိုမူ ပိရမစ်ဘုရားကျောင်းများ၊ နန်းတော်များ၊ ကစားကွင်းများ၊ sacbeob (causeways), patios နှင့် plazas များဖြင့်ဖွဲ့စည်းထားသည်ကို တွေ့ရှိရသည်။ အချို့မြို့များတွင်လည်း ကျယ်ပြန့်သောဟိုက်ဒရောလစ်စနစ်များ အသုံးပြုထားသည်ကို လေ့လာသိရှိခဲ့ကြရပြီး မြို့တိုင်းမှာ ခံတပ်နံရံများကိုလည်း ဆောက်လုပ်ထားတတ်ကြသည်။ အဆောက်အဦးအများစု၏ အပြင်ပန်းများကို အရောင်တစ်မျိုးတည်းဖြစ်စေ၊ အရောင်အမျိုးမျိုးဖြင့်ဖြစ်စေ ဆေးခြယ်သကြသလို ပန်းပု သို့မဟုတ် ပန်းချီကားများဖြင့်လည်း အလှဆင်ခဲ့ကြသည်။

#ဘုရားကျောင်းများကိုမူ အခန်းတစ်ခန်းမှသုံးခန်းအကြား ထားရှိပြီး ထိုအခန်းများမှာ အရေးကြီးသောနတ်ဘုရားများကို ရည်စူးထားခြင်းဖြစ်သည်။ ထိုသို့သော ရည်စူးခံနတ်ဘုရားသည် မြို့၏နာယကဘုရားများ(သို့မဟုတ်) ဘိုးဘေးတို့၏ဘိုးဘေးတစ်ပါးလည်း ဖြစ်နိုင်သည်။ ယေဘုယျအားဖြင့်ပိရမစ်များကို အင်အားကြီးဘိုးဘေးများအား ဂုဏ်ပြုသည့်နတ်ကွန်းများအဖြစ် ဆောက်လုပ်တတ်ကြသည်။ အထင်ရှားဆုံးအဖြစ်ကမူ ကိုလံဘီယာ အကြိုခေတ် မာယာလူမျိုးတွေဟာ မက္ကဆီကို ၊ ယူကာတန်ကျွန်းဆွယ်မြောက်ပိုင်းမှာ ချီချင်အင်ဇာ(Chichen Itza)ဆိုသော မြို့တော်ကို ထူထောင်ခဲ့သည်။





 မာယာခေတ်လူသားများသည် ဓာတုဗေဒပညာရပ်များကို လည်းတတ်ကျွမ်းနေကြပြန်ပါသည်။ မာယာခေတ်က ကျန်ရှိခဲ့သောလက်ဝတ်ရတနာများ၊ အသုံးအဆောင်ပစ္စည်းများထဲတွင် ရွှေရည်စိမ်၊ငွေရည်စိမ်ထားသော ပစ္စည်းများကိုပါ တွေ့ရှိခဲ့ကြပါသည်။ ထိုရွှေရည်စိမ်ထားသော ဓာတ်ပြောင်းပညာသည် အဆင့်မြင့်ဓာတုဗေဒတွင် အကျုံးဝင်ပါသည်။ ဆိုရပါလျှင် ထိုခေတ်က ဓာတုဗေဒပညာရပ် မပေါ်ပေါ်က်သေးသည်မှာ အမှန်ပင်ဖြစ်သည်။ ယင်းမှာ ဂမ္ဘီရနွယ်သော အဂ္ဂိရတ်ပညာပင်ဖြစ်ရာ မာယာတို့၏လျိုဝှတ်ချက်များမှာ မကုန်မခမ်းနိူင်အောင် ရှိနေပါတော့သည်။ ထိုသို့မကုန်ခမ်းနိူင်သော ပညာရပ်များအပေါ် ၎င်းတို့တွေ့ကြုံခဲ့မူများအား ပြန်လည်အမှတ်ရစေရန် မှတ်တမ်းများအဖြစ် ကျောက်စာများ ထွင်းထုထားခဲ့ကြသည်။

လေ့လာတွေရှိချက်များ၏ သမိုင်းအကြောင်းအရာများအရ ၁၈၃၉ ခုနှစ်တွင်အမေရိကန်ခရီးသွားနှင့်စာရေးဆရာ John Lloyd Stephens သည် အင်္ဂလိပ်ဗိသုကာပညာရှင် draftsman Frederick Catherwood နှင့်အတူ မာယာနှင့်ပတ်သက်သော အပျက်အယွင်းများစွာကို ပုံဖော်ထားသော သူတို့၏မှတ်တမ်းများသည် လူကြိုက်များသောစိတ်ဝင်စားမှုကိုဖြစ်စေခဲ့ပြီး မာယာများကို ပို၍အာရုံစိုက်စေခဲ့သော အချက်များ ဖြစ်ခဲ့သည်။

၁၉ ရာစုနှနှောင်းပိုင်းတွင် မာယာလူမျိုးတို့၏သမိုင်းကြောင်းမှတ်တမ်းများကို မှတ်တမ်းတင်ခြင်းနှင့်အတူ မာယာတို့၏ ရုပ်ပုံကားချပ်များကို အဓိပ္ပာယ်ဖွင့်ဆိုနိူင်ဖို့အတွက် ပထမဆုံးသော ခြေလှမ်းများကိုတွေ့မြင်ခဲ့ရသည်။ ထိုနောက် ၂၀ ရာစု၏ ပထမဆယ်စုနှစ်အတွင်း သုတေသီတို့က မာယာပြက္ခဒိန်ကိုအဓိပ္ပာယ်ဖွင့်ရန်နှင့်နတ်ဘုရားများ၊ ရက်စွဲများနှင့် ဘာသာရေးသဘောတရားများကိုလည်း ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။ ထိုသို့ဖြင့် ၁၉၃၀ ပြည့်လွန်နှစ်များ မှစ၍ ရှေးဟောင်းသုတေသနတူးဖော်မူတို့မှာ တဖြည်းဖြည်းများပြားလာခဲ့ကာ မာယာဒေသကို အကြီးအကျယ်တူးဖော်မူ ပြုလုပ်နိူင်ခဲ့ကြသည်။

#၁၉၄၂ခုနှစ်တွင် တောင်အာဖရ်ိကတိုက်၊ ဟွန်ဒူးရပ်စ်ပြည်ရှိ ရှေးမာယာတို့၏ဘုရားကျောင်းပျတ် တစ်ခုတွင် ရှေးဟောင်းသုတေသီ အင်နာဗစ်ချဲဟတ်က သလင်းကျောက်တုံးနှင့်ပြုလုပ်ထားသော ဦးခေါ်င်းခွံတစ်ခုကို တွေ့ရှိခဲ့သည်။ ထိုဦးခေါင်းခွံသည်လန်ဒန်မြို့ဗြိတိသျှပြတိုက်နှင့် ပဲရစ်မြို့ပြတိုက်တွင်လည်း တစ်ခုစီရှိနေကြပါသည်။ အထူးအဆန်းစုဆောင်းသူ သူဌေးများကမူ ထိုဦးခေါ်င်းခွံကို လာဘ်ကောင်အဖြစ်ဆောင်ထားကြသည်။ မာယာလူမျိုးများကမူ ထိုဦးခေါ်င်းခွံကို မည်သို့အသုံးချခဲ့သည်ကို သုတေသီများ မသိရှိကြသေးပေ။ ထိုအပြင် မာယာလူမျိုးများ ဆောက်လုပ်ခဲ့သော နန်းတော်များ၊မြို့တော်များ၊ ဘုရားကျောင်းများမှာလည်း ယင်းတို့၏အံသြစရာကောင်းသော ဗိသုကာပညာရပ်များကို သိပ္ပံပညာရှင်များ အံသြခဲ့ကြရသည်။ အထူးသဖြင့် အီဂျစ်မှာရှိသော ပီရမစ်နှင့် ဘုရားကျောင်းပုံစံများသည် မာယာလူမျိုးများမှ စတင်လာခဲ့ခြင်းဖြစ်သည်ဟု သုတေသီတို့က အခိုင်အမာဆိုထားကြသည်။

Ref::
burma.irrawaddy.com
Wikipidia
Academy

6:54AM
Aug18.2020
#Minsetwai

Thursday, April 23, 2020

နတ်ကိုးကွယ်ခြင်း

#မှော်
#နတ်ကိုးကွယ်ခြင်း

နတ်ကိုးကွယ်ခြင်းနှင့် ပတ်သက်၍ ဆရာကြီး ပါရဂူ၏ စကားအရဆိုရလျှင် မည်သည့်လူမျိုးမှ နတ်မဆင်းရဲဟူ၏။ အဘယ်ကြောင့် မဆင်းရဲရပါသနည်းဟု ဆိုလျှင် ကမ္ဘာဦးကာလ၌ လူတို့ သည် ဘေးရန်အန္တရာယ်အမျိုးမျိုးတို့ ကို ကြောက်ရွံကြသည်ဖြစ်ရာ ထိုအတွက် ယင်းတို့ ၏ မသိစိတ်၌ ကိုးကွယ်မူကို ရှာဖွေခဲ့ကြကုန်သည်။ ထိုအချိန်ကာလက လူသားတို့ ၏ ဘေးဒုက္ခမှာ ယနေ့ ခေတ် လူသားများထက် ပိုမိုကြီးမားမည်ဟု ထင်မိသည်။

ထိုကာလက ဖြစ်ပေါ်ခဲ့သော မိုးခေါ်င်ခြင်း ရေကြီးခြင်း ငလျှင်လှုပ်ခြင်း မိုးကြိုးပစ်ခြင်း တောမီးလောင်ခြင်း ရောဂါဘယဖြစ်ဟွးခြင်း စသော ဘေးအန္တရာယ်အမျိုးမျိုးကို ရင်ဆိုင်ကြရသောအခါ လူသားတို့ မှာ အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်းဟု တွေးတောကြကုန်သည်။

လူသားတို့ သည် မိမိတို့ ညဏ်မီသလောက် အဖြေထုတ်မိသည်မှာ တစ်စုံတစ်ဦးသည် မိမိတို့ ကို မနှစ်မြို့ သောကြောင့် ဒဏ်ခတ်သည့်အနေနှင့် အပြစ်ပေးခြင်းဖြစ်သည်ဟု ယူဆခဲ့ ကြသည်။ ထိုယူဆမူနောက်တွင် ထိုတစ်စုံတစ်ဦးကို မိမိတို့  ပြုမိမှားမိသော အပြစ်တို့ မှ ကင်းလွတ်ခွင့်ပေးရန် တောင်းပန်ခယမူများ ပြုလုပ်ကြတော့သည်။

ထိုမှတဆင့် သက်ဆိုင်ရာ အာဏာပိုင်စိုးကြသော တစ်စုံတစ်ဦးကို တန်ခိုးရှင် သို့ မဟုတ် နတ်အဖြစ် ယူဆလာကြပြီး မိမိတို့ ဘဝရှိ အမြတ်တနိုးထားရာတို့ နှင့် ပူဇော်ပသခြင်းများကို ပြုလုပ်ကြပြီး ထိုတန်ခိုးရှင်နတ်မှ မိမိတို့ အပေါ် ကောင်းချီမင်္ဂလာ အဖြာဖြာ ယူဆောင်ပေးလိမ့်မည်ဟု ယုံကြည်လာခဲ့ကြသည်။ ထိုမှအစပြု၍ လူသားတို့ သည် မိမိဝန်းကျင်ရှိ မြင်မြင်သမျှ တော တောင် ရေ မြေ လေ မီး ကောင်းကင် ဂြိုလ် နက္ခတ် စသဖြင့် ရုပ်ဝထ္တူတို့ အား မိမိတို့ ၏ ကံကြမ္မာကို ဖန်တီးပေးသော တန်ခိုးရှင်များကဲ့သို့  ကိုးကွယ်လာကြသည်။

ထိုသို့ မှ မကိုးကွယ် မပူဇော်ဘူးဆိုလျှင် ထိုနတ်တို့ သည် မိမိတို့ အား ရောဂါကပ်ဆိုးများနှင့် သဘာဝဘေးအန္တာရာယ်များကို ဖန်တီးပြီး မိမိတို့ အား အပြစ်ပေးလိမ့်မည်ဟုလည်း ယူဆကြသည်။ ထိုယူဆချက်ကြောင့်ပင် ထိုနတ်များအပေါ် မယုံကြည်သူများမှာ ကြီးမားသောပြစ်ဒဏ်ဖြစ်သည်ဟု လက်ခံလာကြသည်။ ထိုကြောင့် လူအမျိုးမျိုး နတ်အထွေထွေဆိုသည့်စကားအတိုင်း လူမျိုးတိုင်း လူမျိုးတိုင်းတွင် ယင်းတို့  ယုံကြည်ကြသော နတ်များ ရှိလာကြကုန်သည်။

ရှေးခေတ်က အုပ်စုဖွဲ့ ၍ နေထိုင်လေ့ရှိသော အီဂျစ်လူမျိုးတို့ မှာလည်း သစ်တောက်ဌက်နတ် မိကျောင်းနတ် ခွေးနတ် ကြောင်နတ် သိန်းဌက်နတ် လင်းတနတ် နေနတ် နိုင်းမြစ်နတ် စသည့်တို့ ကို ကိုးကွယ်လာခဲ့ကြသည်။ ဆူမာရီယာန်တို့ သည်က စိုက်ပျိုးရေးသမားများဖြစ်သောကြောင့် မြေစောင့်နတ် လယ်စောင့်နတ် ကောင်းကင်စောင့်နတ်တို့ ကို ကိုးကွယ်ခဲ့ကြသည်။

အဆီရီယာန်တို့ သည် အာဆူးခေါ် စစ်နတ်ဘုရားကို ကိုးကွယ်ကြပြီး ချာလ်ဒီယာန်တို့ သည်က ယင်းတို့ ၏ ခေတ်တွင် ရှာဖွေတွေ့ ရှိခဲ့ကြသော ဂြိုလ်ကြီးငါးလုံးနှင့် နေနတ်ဘုရား ၇ပါးကို ကိုးကွယ်ခဲ့ကြသည်။ ထိုသို့  ကိုးကွယ်မူများသည် မှော်ဆိုင်ရာ အကြောင်းအရာတို့ ၏ အစပျိုးရာ တစ်ခုလည်း ဖြစ်တော့သည်။

#Minsetwai

Thursday, March 26, 2020

ရှမ်​ဗဲလား(Shambhala)

"ရှမ်​ဗဲလား(Shambhala)"

ရှမ်​ဗဲလား ဟူသည်​အ​ရှေ့တိုင်းမှ လျိုဝှတ်​ဆန်းကြယ်​နတ်​နဲလှ​သော ​ဒေသတစ်​ခု၏ အမည်​ပင်​ဖြစ်​သည်​။ ယင်းအ​ကြောင်းကို​ပြောကြရာတွင်​​ ကွင်းဆက်​တစ်​ခုအ​နေဖြင့်​ ယင်းနိုင်​ငံကို နှင်း​တောင်​တန်းများက ပွင့်လန်းနေသော ကြာပန်းပွင့်​လွှာ ရှစ်​ခုပန်းပုံသဏ္ဍာန်​မျိုးဖြင့် ၀န်းရံထားသည်​ဟူ၏။

ယင်းကြာပွင့်​လွှာများ၏ အလယ်​ဗဟိုချက်​ချာသည်​ ရှမ်​ဗဲလားနိုင်​ငံ​တော်​ဖြစ်​ပြီး ယင်းကို kalapaဟုလည်း ​ခေါ်ခဲ့ကြသလို စာအ​တော်​များများတွင်​မူ ရှန်​ဂရီလာ(shangri-la)ဟုလည်း ​ခေါ်ဆိုကြပြန်​သည်​။

ထိုအတူ ​ရှေး​ဟောင်းစာ​ပေများထဲတွင်​ ရှမ်းဗဲလားကို ​ဖော်​ထုတ်​​ရေးပြရာ၌ ရှေး​ဟောင်​အ​ရှေ့တိဘတ်​တွင်​ zhangzaungဟုလည်း​ကောင်း၊ kalacakra tantraဟုလည်း​ကောင်​ ​ခေါ်ဆိုကြသည်​ကို ​တွေ့ရှိရပြန်​ပါသည်​။ ထိုတိဘတ်​နှင့်​ ယင်းတို့၏​ရှေးကျလှ​သော ရိုးရာဓ​လေ့များ​ (Tibet and its ancient traditions) သည်​ ကြီးမားကျယ်​ပြန့်​လှသည်​ကို ၂၀ရာစုထိတိုင်​​အောင်​ အ​နောက်​တိုင်းသားတို့ မသိရှိကြ​ရှိခဲ့ကြပေ။ မည်​သို့ပင်​ဖြစ်​ဖြစ်​ ရှမ်ဗဲလားနှင့် ပတ်သက်၍ အတိအကျ ဟုတ်မဟုတ် မသေချာပါသော်လည်း သတင်းအချက်​အလတ်​အနည်းငယ်​ ကျန်ရှိနေရစ်သည်။ ပထမဦးဆုံး ရောက်​ရှိသွားခဲ့​သော သတင်းအချက်​အလတ်​မှာ ​ပေါ်တူဂီလူမျိုးတို့၏ Catholic missionary Estêvão Cacellaမှတဆင့်​ ​ရောက်​ရှိသွားခဲ့​ကြသည်။

ထို "shambhala"ဟူ​သော နေရာဒေသရှိ သူတော်​စဉ်​သူ​တော်​မြတ်​တို့သည် တရားဓမ္မရှာမှီးလျှက်ရှိကုန်ကြသည်။ ထိုသို့  သူတော်စင်တို့  မွေ့ လျော်သော မဟာစုံ​တောမြိုင်​​ဝေါဟာရကို အ​နောက်​တိုင်းသားတို့ သိရှိလာ​စေဖို့ အတွက် ပထမဆုံးအဓိပ္ပါယ်​ဖွင့်​ဆိုခဲ့သူမှာ ၁၇ ရာစုမဟာခရီးသည်​ကြီးဖြစ်​​သော ​ပေါ်တူဂီအမျိုးသား ကက်​သလစ်​ဘာသာဝင်​ သာသနာပြု "Stephan Cacella"(စတက်​ဖန်​ကာဆဲလား) ဖြစ်​သည်​။ ကာဆဲလားသည်​ အိန္ဒိယနိုင်​ငံ​မြောက်​ပိုင်း နီ​ပေါ၊ဘူတန်​၊လာဒက်​နှင့်​ တိဘက်​ပြည်​တနံတလျားသို့  သာသနာပြု
ကြွခဲ့၏။ ထိုမှတဆင့် တိဗက်​ကျမ်းစာ၊ သက္ကတကျမ်းစာ၊ ဗုဒ္ဓဘာသာကျမ်းစာများကိုစနစ်​တကျ​လေ့လာဆည်းပူးခဲ့သည်​။
နောက်ထပ်သမိုင်းတစ်ခုမှာမူ ကက်​သလစ်​ ဘုန်း​တော်​ကြီး စတက်​ဖင်​ ကာဆဲလာနှင့်​​ခေတ်​ပြိုင်​ ဆွီဒင်​အမျိုးသား မဟာခရီးသည်​ Hedin(​​ဟေဒင်​)ဆိုသူ ကလည်း ခိုတန်​ပြည်​နယ်​မှတစ်​ဆင့်​ ဟိမဝန္တာ ​မြောက်​ပိုင်းသို့​ရောက်​ရှိခဲ့ပြီး 'Shambhala'ဟူ​သော သူ​တော်​စင်​တို့၏ တရားဓမ္မ ရှာမှီးရာ ငြိမ်းချမ်း​သော မဟာမြိုင်​​တောသည်​ ဟိမဝန္တာ ​တောင်​တန်းတစ်​​နေရာတွင်​ ရှိသည့်​အ​ကြောင်းကို သူ၏ခရီးသွားမှတ်​တမ်းတွင်​ သာဓကအ​ထောက်​အထား ခိုင်​ခိုင်​မာမာဖြင့်​​ရေးသား​ ဖော်ပြခဲ့သည်​။

ထိုအတူ ဟိန္နူတို့၏စာ​ပေဖြစ်သော Vishnu purana(4.24)ထဲတွင်​ ရှမ်​ဗဲလား​ဒေသသည်​ kalkiဘုရင်​၏ ​မွေးဖွားရာအရပ်​ဟု ညွှန်းဆိုပြထားသည်​။ အခြားဖော်ပြချက်များတွင်မူ ယင်းရှမ်​ဗဲလားကို Maitreya က စိုးမိုးအုပ်​ချုပ်​ခဲ့သည်​ဟု ခိုင်​မာစွာ ညွှန်းဆိုပြပြန်​ပါသည်​။

တစ်ဖန် ဟိန္ဒူလူမျိုးတို့၏ဘဂဝါတပုရာမ်​" Bhavata purana"ကျမ်းတွင်​ ရှမ်​ဗဲလား(Shambha)ဟူသည့်​'ရှမ်​' ဟူ​သော​ဝေါဟာရနှင့်​'လား'ဟူ​သော​ဝေါဟာရတို့ကို ​ပေါင်းစပ်​ဖွဲ့စည်းထား​သော စကားလုံးဖြစ်​ပြီး "sham"ဟူ​သောအဓိပ္ပါယ်​မှာ(ငြိမ်း​အေးခြင်း၊စိတ်
ဓာတ်​တည်​ငြိမ်​ခြင်း)ဟူ​သော သ​ဘောကို​ဆောင်​ပြီး "la"ဟူသည်
မှာ ​တောင်​ကြားဟု အဓိပ္ပါယ်​ရသည်​ဟုဆို၏။
ရှမ်​ဗဲလားသည်​ အ​ရှေ့တိုင်း မဟာဂန္ဓာရီပညာများ စတင်​​ပေါက်​ဖွားခဲ့​သော မူလဇာတိ​မြေလည်းဖြစ်​သည်​။ ယင်းနှင့်​ပတ်​သတ်​ပြီး ဆူဖီဂန္ဓာရီပညာရှင်​အစ်​ဒရီရှားက ဆိုက်​​ဘေးရီးယားနှင့်​ မွန်​ဂိုလီးယားအနီးရှိ အရပ်​တစ်​ခုမှတဆင့် တကမ္ဘာလုံးသို့ ဂန္ဓာရီပညာများ ပျံနှံသွားပုံကို ပုံကားချပ်​ဖြင့်​ သု​တေသနပြုပြီး ​ရေးသားတင်​ပြခဲ့ဖူးသည်​။ သို့​သော်​ အချို့ရှမ်​ဗဲလားရှာ​ဖွေသူတို့မှာ ထို​ဒေသကို ရှာ​ဖွေ​တွေ့ရှိခြင်း မရှိခဲ့​ကြပေ။ ထို​ကြောင့်​ရှမ်​ဗဲလားသည်​ အမှန်​ရှိသ​လော၊ ယင်းသည် မည်​သည့်​​နေရာတွင်​ မည်​သို့​သော အ​ကြောင်း​ကြောင့်​ဂန္ဓာရီပညာသိုက်​ကြီး၊ ဂန္ဓာရီ​ရေ​သောက်​မြစ်​ကြီး ဖြစ်​​နေရပါသနည်း ဟူ​သော ပုစ္ဆာမှာ ယင်းတို့ အတွက် အ​ဖြေမထုတ်​နိုင်​ဖြစ်​ခဲ့ရ​လေသည်​။

သို့​သော်​ 19ရာစု​နှောင်းပိုင်းတွင်​ သီယိုဆိုဖီ(Theosophy)အဖွဲ့အစည်းကြီးနှင့်​အတူ ပူ​ပေါ်င်းပါဝင်​ခဲ့သူ မဒမ်​ဗလာဘက်​စ်​စကီ( Helena Blavatsky)သည်​ Shambhala ၏ ဒဏ္ဍာရီကို အရိပ်​အမွတ်​ ​ပြောကြားခဲ့သည်​။ သူမက ရှမ်ဗဲလားဟူသည်မှာ အ​နောက်​တိုင်းမှ ဂမ္ဘီရပညာအ​ပေါ် ယုံကြည်​မြတ်​နိုးသူများအတွက်​ ​ရေ​သောက်​မြစ်​ပင်​ဖြစ်​သည်​ဟု ဆိုခဲ့သည်။
ယင်းသို့ ဖြင့် ရှမ်​ဗဲလားသည်​ လျိုဝှတ်​ဆန်းကြယ်​​သော နိုင်​ငံ​တော်​တစ်​ခုပင်​ဖြစ်​ပြီး လူသားတို့၏စိတ်​ကို ဆွဲ​ဆောင်​နိုင်​​သော​ နေရာတစ်​ခုလည်း ဖြစ်​သည်​နှင့်​အညီ အ​ရှေ့တိုင်း၏ လျှို့ ဝှက်​ဆန်းကျယ်​​သော​နေရာ၊ သူ​တော်​စင်​သူ​တော်​မြတ်​တို့၏ တရားဓမ္မရှာမှီးသည့်​​နေရာ ဟု အ​နောက်​တိုင်းသားတို့က ယူဆလာကြပါသည်​။

နိုင်​ငံတကာမှလည်း အထူးသဖြင့်​ အင်္ဂလန်​၊ပြင်​သစ်​၊ရုရှား၊အီတလီ၊တရုတ်​၊ဂျပန်​ နိုင်​ငံတို့မှ အ​ရှေ့တိုင်းမဟာဂန္ဓာရီပညာကို စိတ်​ဝင်​စားကြ​သော မဟာခရီးသည်​များ၊ ဗုဒ္ဓဘာသာဝင်​များ၊ သု​တေသီစာ​ရေးဆရာများတို့ သည်​ အိန္ဒိယ နိုင်​ငံ ဟိမဝန္တာ​တောင်​တန်း​ဒေသရှိသော တိဘက်​နိုင်​ငံအတွင်းသို့  ဝင်​​ရောက်​၍ ရှမ်​ဗဲလားကိုရှာပုံ​တော်​ဖွင့်​ခဲ့ကြပြန်သည်​။ ကမ္ဘာ​ကျော်​မဟာခရီးသည်​နှင့်​ သမိုင်းသု​တေသီ ၊ဂမ္ဘီရပညာသု​တေသီ စာ​ရေးဆရာကြီး အင်​ဒရူး​သောမတ်​စ်​ကမူ သူ၏​အောင်​မြင်​​ပေါက်​​ရောက်​ဆုံးနှင့်​​ ရောင်းရအသွက်​ဆုံးစံချိန်​တင်​ခဲ့ရသည့်​"Shambhala Oasis Of Light" စာအုပ်​တွင်​ ရှမ်​ဗဲလားအ​ကြောင်း ​ရေးသား​ဖေါ်ပြခဲ့​သော ကျမ်းစာအုပ်​​ပေါင်း ၆၄ အုပ်​ရှိခဲ့ပြီးဖြစ်​သည်​ဟု အ​ထောက်​အထား ခိုင်​ခိုင်​မာမာနှင့်​ တင်​ပြထားခဲ့သည်​။

မည်​သို့ပင်​ဖြစ်​​စေကာမူ ကျွန်ုပ်​တို့အဖို့ရှမ်​ဗဲလားသည်​ အမှန်​တစ်​ကယ်​ရှိသည်​ဟု ယုံကြည်​ထားကြသော ဂမ္ဘီရဒေသတစ်ခုဖြစ်ကြောင်းကို ငြင်းဆိုရန် အကြောင်းအရာမရှိသည်မှာ သေချာလှပါ၏။
Minsetwai

ကိုးကားစာရင်း
1. wikipidia
2. ဆရာလှမိုး(ပညာ​ရေး)၏ ရှမ်​ဗဲလား​စေတမန်

Friday, December 6, 2019

ဆူမာရီယာန်လူမျိုးများ(Sumerians)

"ဆူမာရီယာန်လူမျိုးများ(Sumerians)"







ဆူမားရီးယန်းများသည်မက်ဆိုပိုတေးမီးယားတောင်ပိုင်း (ဘီစီ ၆၀၀၀ မှဘီ။ စီ။ အီး။ မှ ၄၀၀၀ အထိ) တွင်နေထိုင်ခဲ့ကြသည်။

ဆူမာရီယာန်လူမျိုးတို့၏ ဆူမာရီယာန်ယဉ်ကျေးမူသည် နေနက္ခတ်တာရာများနှင့်ပက်သတ်ပြီး သိပ္ပံနည်းကျ လေ့လာမူများဖြစ်ပေါ်လာရန်အတွက် ပထမဦးဆုံး အုတ်မြစ်ချပေးခဲ့သော လူမျိုးများပင် ဖြစ်သည်။

ယင်းလူမျိုးများသည် အလွန်တရာမှ မြင့်မားသော မျှော်စင်များကို တည်ဆောက်ခဲ့ကြသည်။

တချို့မျော်စင်များမှာ ပေ ၇၀၀အထိ မြင့်မားသည်။

ထိုမျျှော်စင်များကို ဆူမာရီယာန် ပုရောဟိတ်များက အကြောင်းအရာ ၂ခုအတွက် ၂၄နာရီ အသုံးပြုခဲ့ကြသည်။

အကြောင်းအရာတစ်ခုမှာ လူ့လောကတွင် ဖြစ်ပျက်နေသော မူလအကြောင်းရင်းများသည် နေနက္ခတ်တာရာများနှင့် တစ်နည်းမဟုတ်တစ်နည်းပက်သတ်နေသည်ကို သနိပြုမိခဲ့ပြီးနောက် နေနက္ခတ်တာရာများကို လေ့လာရန်ဖြစ်သည်။

အထူးသဖြင့် ယင်းတို့သည် ကပ်ရောဂါများနှင့်ရင်ဆိုင်ရခြင်းများမှာ နက္ခတ်တာရာများနှင့် ပက်သတ်သည်ဟု အထူးယုံကြည်ခဲ့ကြသည်။

နာမည်ကြီးမျှော်စင်တစ်ခုကိုမူ လေနတ်သား Enlil ကို ရည်စူး ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ထိုမျှော်စင်များတွင် ဆူမာရီယန်တို ့က ဆိတ်များ သိုးများဖြင့် မြေစောင့်နတ် သစ်ပင်စောင့်နတ် ပင်လယ်စောင့်နတ် လေစောင့်နတ် ကောင်းကင်စောင့်နတ်များကို ပူဇော်ပသခဲ့ကြသည်။

ဆူမာရီယန်ဘုန်းတော်ကြီးများကမူ ေ့ရှဖြစ်ဟောခြင်းများကို ပြုလုပ်တတ်ကြပြီး ေ့ရှဖြစ်ဟောခံချင်သူမှာ သိုးများကို ယူလာရပြီး ထိုသိုးများကို နတ်စင်ေ့ရှတွင် ပူဇော်သတ်ဖြတ်ကြသည်။

ထိုနောက် သိုး၏အသည်းတွင် ပေါ်နေသော အမှတ်အသားများကို ကြည့်၍ ေ့ရှဖြစ်ဟောလေသည်။

ထို့ကြောင့် အချို့သိပ္ပံပညာရှင်များက သိပ္ပံပညာကို စတင်ခဲ့သူများမှာ ဆူမာရီယာန်များဖြစ်သည်ဟု ဆိုကြခြင်းပင်ဖြစ်သည်။

ဆူမာရီယာန်တို့သည် BC4000ဝန်းကျင်လောက်တွင် ပေါ်ထွန်းလာခဲ့ကြပြီး နွားမခန္ဓာရှိသော နတ်သမီးကို ယင်းတို ့၏ နွားများ သိုးများကို ကြည့်ရှုစောင့်ရှောက်ပေးသူအဖြစ် ယုံကြည်ကိုးကွယ်ခဲ့ကြသည်။

ယင်းတို ့၏ ကိုးကွယ်မူမှာ နတ်အမျိုးမျိုးနှင့်အတူ မှော်ပညာများလည်း ပေါ်င်းစပ်ပါဝင်ခဲ့ကြသည်။

ယင်းတို ့က မှော်ပညာကို ဝေဒနာခံစားနေရသောသူများကို ကူညီရာတွင် အသုံးပြုခွင့် ပေးထားကြသည်။

တစ်ဖန် ယင်းတို ့သည် လင်ယုန်ဌက်ကို ဌက်ကောင်းဌက်မြတ်အဖြစ် တန်ဖိုးထားပြီး လင်းယုန်ဌက်သည် မကောင်းဆိုးဝါးများကို နှင်ထုတ်ပေးသော သတ္တဝါဖြစ်သည်ဟု ယူဆကြသည်။

ref: ဦးနု၏ ယဉ်ကျေးမူအစ ရုပ်စုံသမိုင်း

Dec6,2019
Minsetwai
-------------------------------

Sunday, October 6, 2019

ရှမ်​ဗဲလား(Shambhala)

ရှမ်​ဗဲလား(Shambhala)

ရှမ်​ဗဲလား ဟူသည်​အ​ရှေ့တိုင်းမှ လျိုဝှတ်​ဆန်းကြယ်​နတ်​နဲလှ​သော ​ဒေသတစ်​ခု၏အမည်​ပင်​ဖြစ်​သည်​။
ယင်းအ​ကြောင်းကို​ပြောကြရာတွင်​​ ကွင်းဆက်​တစ်​ခုအ​နေဖြင့်​ ယင်းနိုင်​ငံကို နှင်း​တောင်​တန်းများက
ကြာပန်းပွင့်​လွှာရှစ်​ခုပန်းသဏ္ဍာန်​ ပွင့်​လန်းလာသည်​ပုံစံမျိုး ၀န်းရံထားသည်​ဟူ၏။
ယင်းကြာပွင့်​လွှာများ၏ အလယ်​ဗဟိုချက်​ချာသည်​ ရှမ်​ဗဲလားနိုင်​ငံ​တော်​ဖြစ်​ပြီး ယင်းကို kalapaဟုလည်း ​ခေါ်ခဲ့ကြသည်​။
ရှမ်​ဗဲလား စာအ​တော်​များများတွင်​မူ ရှန်​ဂရီလာ(shangri-la)ဟုလည်း ​ခေါ်ဆိုကြပြန်​သည်​။
ထိုအတူ ​ရှေး​ဟောင်းစာ​ပေများထဲတွင်​ ရှမ်းဗဲလားကို ​ဖော်​ထုတ်​​ရေးပြရာတွင်​လည်း ​ရှေး​ဟောင်​အ​ရှေ့တိဘတ်​တွင်​ zhangzaungဟုလည်း​ကောင်း၊ kalacakra tantraဟုလည်း​ကောင်​ ​ခေါ်ဆိုကြသည်​ကို ​တွေ့ရှိရပြန်​ပါသည်​။ တိဘတ်​နှင့်​ ယင်းတို့၏​ရှေးကျလှ​သော ရိုးရာဓ​လေ့များ​  (Tibet and its ancient traditions) သည်​ ကြီးမားကျယ်​ပြန့်​လှသည်​ကို ၂၀ရာစုထိတိုင်​​အောင်​ အ​နောက်​တိုင်းသားတို့ မသိရှိကြ​သေး​ပေ။မည်​သို့ပင်​ဖြစ်​ဖြစ်​ အစီအစဉ်​မကျ​သော်​လည်း သတင်းအချက်​အလတ်​အနည်းငယ်​ကို​တော့ သူတို့လက်​ခံရရှိခဲ့ကြသည်​။ ပထမဦးဆုံးသူတို့ဆီ ​ရောက်​ရှိသွားခဲ့​သော သတင်းအချက်​အလတ်​မှာ ​ပေါ်တူဂီလူမျိုးတို့၏   Catholic missionary Estêvão Cacellaမှတဆင့်​ ​ရောက်​ရှိသွားခဲ့​သော ရှမ်​ဗဲလား Shambhalaအ​ကြောင်းပင်​ဖြစ်​သည်​။ ဤ"shambhala"ဟူ​သော သု​တော်​စဉ်​သူ​တော်​မြတ်​တို့ တရားဓမ္မရှာမှီးသည့်​မဟာစုံ​တောမြိုင်​​ဝေါဟာရကို
အ​နောက်​တိုင်းသားတို့သိရှိလာ​စေရန်​ပထမဆုံးအဓိပ္ပါယ်​ဖွင့်​ဆိုခဲ့သူများမှာ ၁၇ ရာစုမဟာခရီးသည်​ကြီးဖြစ်​​သော ​ပေါ်တူဂီအမျိုးသားကက်​သလစ်​ဘာသာဝင်​ သာသနာပြု "Stephan Cacella"
(စတက်​ဖန်​ကာဆဲလား) ဖြစ်​သည်​။ ကာဆဲလားသည်​ အိန္ဒိယနိုင်​ငံ​မြောက်​ပိုင်း နီ​ပေါ၊ဘူတန်​၊လာဒက်​နှင့်​ တိဘက်​ပြည်​တနံတလျား
သာသနာပြု ကြွခဲ့၏။ တိဗက်​ကျမ်းစာ၊သက္ကတကျမ်းစာ၊ဗုဒ္ဓဘာသာကျမ်းစာများကိုစနစ်​တကျ​လေ့လာဆည်းပူးခဲ့သည်​။ယင်း​ဒေသတွင်
နေထိုင်​ကြ​သောလူမျိုးနွယ်​စုများမှ ရှမ်​ဗဲလားဟူ​သော သူ​တော်​စင်​ သူ​တော်​မြတ်​တို့ တရားဓမ္မများ​ဆွေး​နွေးသည့်​ စုံ​တောမြိုင်​သည်
ဟိမဝန္တာ​တောင်​စွယ်​ရှိ ​ကေလာသ​တောင်​အနီးတွင်​ရှိသည်​ဟုမှတ်
သားခဲ့ရသည်​။
      အထက်​​ဖေါ်ပြပါမဟာခရီးသည်​ ကက်​သလစ်​ဘုန်း​တော်​ကြီး
စတက်​ဖင်​ကာဆဲလာနှင့်​​ခေတ်​ပြိုင်​ ဆွီဒင်​အမျိုးသားမဟာခရီးသည်
Sven Hedin(​​ဟေဒင်​)ဆိုသူ ကလည်းခိုဇာန်​ပြည်​နယ်​မှတစ်​ဆင့်
ဟိမဝန္တာ ​မြောက်​ပိုင်းသို့​ရောက်​ရှိခဲ့ပြီး 'Shambhala'ဟူ​သောသူ​တော်​စင်​တို့၏ တရားဓမ္မ ရှာမှီးရာ ငြိမ်းချမ်း​သောမဟာမြိုင်​​တောသည်​ ဟိမဝန္တာ ​တောင်​တန်းတစ်​​နေရာတွင်​ ရှိသည့်​အ​ကြောင်းကို
သူ၏ခရီးသွားမှတ်​တမ်းတွင်​ သာဓကအ​ထောက်​အထား ခိုင်​ခိုင်​မာ
မာဖြင့်​​ရေးသား​ဖေါ်ပြခဲ့သည်​။
ဟိန္နူတို့၏စာ​ပေ Vishnu purana(4.24)တွင်​မူ ရှမ်​ဗဲလား​ဒေသသည်​ kalkiဘုရင်​၏ ​မွေးဖွားရာအရပ်​ဟု ညွှန်းဆိုပြထားသည်​။ မည်​သို့ဆို​စေကာမူ ယင်းရှမ်​ဗဲလားကို Maitreya က စိုးမိုးအုပ်​ချုပ်​ခဲ့သည်​ဟုလည်း ခိုင်​မာစွာ ညွှန်းဆိုပြထားချက်​များ ရှိ​ခဲ့ပြန်​ပါသည်​။ ထိုအတူ ဟိန္ဒူလူမျိုးတို့၏ဘဂဝါတပုရာမ်​" Bhavata purana"ကျမ်းတွင်​ရှန်
ရှမ်​ဗဲလား(Shambha)ဟူသည့်​'ရှမ်​' ဟူ​သော​ဝေဟာရနှင့်
'လား'ဟူ​သော​ဝေါဟာရတို့ကို ​ပေါင်းစပ်​ဖွဲ့စည်းထား​သော စကားလုံးဖြစ်​သည်​။ "sham"ဟူ​သောအဓိပ္ပါယ်​မှာ(ငြိမ်း​အေးခြင်း၊စိတ်
ဓာတ်​တည်​ငြိမ်​ခြင်း)ဟူ​သော သ​ဘောကို​ဆောင်​ပြီး "la"ဟူသည်
မှာ ​တောင်​ကြားဟု အဓိပ္ပါယ်​ရသည်​ဟုဆိုလိုသည်​။ ထိုရှမ်​ဗဲလားသည်​အ​ရှေ့တိုင်းမဟာဂန္ဓာရီပညာစတင်​​ပေါက်​ဖွားခဲ့​သော မူလဇာတိ​မြေလည်းဖြစ်​သည်​။ယင်းနှင့်​ပတ်​သတ်​ပြီး ဆူဖီဂန္ဓာရီပညာရှင်​အစ်​ဒရီရှားက ဆိုက်​​ဘေးရီးယားနှင့်​မွန်​ဂိုလီးယားအနီးရှိ ရှမ်​ဗဲလား အရပ်​မှ​တစ်​ ကမ္ဘာလုံးသို့ ဂန္ဓာရီပညာများ ပျံနှံသွားပုံကို ပုံကားချပ်​ဖြင့်​သု​တေသနပြုပြီး ​ရေးသားတင်​ပြခဲ့သည်​။သို့​သော်​အချို့ရှမ်​ဗဲလားရှာ​ဖွေသူတို့မှာ ထို​ဒေသကို ရှာ​ဖွေ​တွေ့ရှိခြင်း မရှိခဲ့​ပေ။ထို​ကြောင့်​ရှမ်​ဗဲလားသည်​ အမှန်​ရှိသ​လော၊မည်​သည့်​​နေရာတွင်​မည်​သို့​သော အ​ကြောင်း​ကြောင့်​ဂန္ဓာရီပညာသိုက်​ကြီး၊ဂန္ဓာရီ​ရေ​သောက်​မြစ်​ကြီး ဖြစ်​​နေရသနည်းဟူ​သော ပုစ္ဆာမှာ အ​ဖြေမထုတ်​နိုင်​ဖြစ်​ခဲ့ရ​သည်​။သို့​သော်​   19ရာစု​နှောင်းပိုင်းတွင်​ သီယိုဆိုဖီ(Theosophy)အဖွဲ့အစည်းကြီးနှင့်​အတူ ပူ​ပေါ်င်းပါဝင်​ခဲ့သူ မဒမ်​ဗလာဘက်​စ်​စကီ( Helena Blavatsky)သည်​ Shambhala ၏ ဒဏ္ဍာရီကို အရိပ်​အမွတ်​ ​ပြောကြားခဲ့ဖူးသည်​။ ယင်းမှာ အ​နောက်​တိုင်းမှ ဂမ္ဘီရပညာအ​ပေါ် ယုံကြည်​မြတ်​နိုးသူများအတွက်​ ​ရေ​သောက်​မြစ်​ပင်​ဖြစ်​သည်​ဟူ​ပေ၏။ ထို​ကြောင့်​ ရှမ်​ဗဲလားသည်​ လျိုဝှတ်​ဆန်းကြယ်​​သော နိုင်​ငံ​တော်​တစ်​ခုပင်​ဖြစ်​ပြီး လူသားတို့၏စိတ်​ကို ဆွဲ​ဆောင်​နိုင်​​သော​နေရာတစ်​ခုလည်း ဖြစ်​သည်​နှင့်​အညီ ကျွနု​ပ်​တို့အ​ရှေ့တိုင်း၏ လျှို့ ဝှက်​ဆန်းကျယ်​​သော​နေရာ၊သူ
တော်​စင်​သူ​တော်​မြတ်​တို့၏ တရားဓမ္မရှာမှီးသည့်​​နေရာဟုလည်း  အ​နောက်​တိုင်းသားတို့ယူဆ
လာကြပါသည်​။ ထို့အတူနိုင်​ငံတကာမှ အထူးသဖြင့်​ အင်္ဂလန်​၊ပြင်​သစ်​၊ရုရှား၊အီတလီ၊တရုတ်​၊ဂျပန်​ နိုင်​ငံတို့မှ အ​ရှေ့တိုင်း၏ မဟာဂန္ဓာရီပညာကိုစိတ်​ဝင်​စားကြ​သော မဟာခရီးသည်​များ၊ဗုဒ္ဓဘာသာဝင်​များ၊သု​တေသီစာ​ရေးဆရာများသည်​ အိန္ဒိယ နိုင်​ငံဟိမဝန္တာ
တောင်​တန်း​ဒေသ တိဘက်​နိုင်​ငံအတွင်းဝင်​​ရောက်​၍ ရှမ်​ဗဲလားကိုရှာပုံ​တော်​ဖွင့်​ခဲ့ကြပါသည်​။ ကမ္ဘာ​ကျော်​မဟာခရီးသည်​နှင့်​သမိုင်းသု​တေသီ ၊ဂမ္ဘီရပညာသု​တေသီ စာ​ရေးဆရာကြီးအင်​ဒရူး​သောမတ်​စ်​ကမူ သူ၏​အောင်​မြင်​​ပေါက်​​ရောက်​ဆုံးနှင့်​​ရောင်းရအသွက်​ဆုံးစံချိန်​တင်​ခဲ့ရသည့်​...
"Shambhala Oasis Of Light" စာအုပ်​တွင်​ရှမ်​ဗဲလားအ​ကြောင်း
ရေးသား​ဖေါ်ပြခဲ့​သောကျမ်းစာအုပ်​​ပေါင်း ၆၄ အုပ်​ရှိခဲ့ပြီးဖြစ်​သည်​ဟု အ​ထောက်​အထား ခိုင်​ခိုင်​မာမာနှင့်​ တင်​ပြထားခဲ့ပြီးဖြစ်​ပါသည်​။ မည်​သို့ပင်​ဖြစ်​​စေကာမူ ကျွန်ုပ်​တို့အဖို့ရှမ်​ဗဲလားသည်​ အမှန်​တစ်​ကယ်​ရှိသည်​ဟု ယုံကြည်​ထားရမည်​ ​နေရာဟုသာ ဆိုချင်​ပါ​တော့သည်​။
REF:wikipidia
ဆရာလှမိုး(ပညာ​ရေး)၏ ရှမ်​ဗဲလား​စေတမန်

Featured Post

ကဗျာဟူသည်

poetry ကဗျာဟူသည် ကဗျာဆိုသည်မှာ မိမိရောက်နေသောခေတ် အသက်ရှင်နေသောခေတ်၏အတွေးအခေါ်များကို အခြေခံ၍ သက်ရောက်မှုအများဆုံးရှိသော ခံစားမှုကို ဖန်တီးပ...