Search My Blog

Showing posts with label ကျွန်တော်အက်ဆေးများ. Show all posts
Showing posts with label ကျွန်တော်အက်ဆေးများ. Show all posts

Monday, September 21, 2020

ဂျင်ပေါ်ကထုံးများ

ဂျင်ပေါ်ကထုံးများ


အခုတလော ကြုံတွေရတဲ့ အဖြစ်အပျက်တွေကြောင့် တာရာမင်းဝေရဲ့စကားတစ်ခွန်းကို သွားသတိရမိပါတယ်။ တာရာမင်းဝေက ငါ့နှာခေါ်င်းပေါ်တတ်ပြီး ဘယ်သူ အသက်လာလာရှုနေတာလဲလို့ ရေးဖူးပါတယ်။ ဟုတ်ပါတယ် သူများနှာခေါင်းပေါ်က်ကြီးနဲ့ အသက်ရှုနေတာတော့ မကောင်းပါဘူး။ တစ်နေ့က ခင်မင်ရတဲ့ကဗျာသူငယ်ချင်း ညီမလေးတစ်ယောက်က သူ့ကဗျာတွေကို တခြားလူတွေက ခိုးယူသုံးစွဲတာ ခံရကြောင်းပြောပြပါတယ်။ ယူတဲ့လူက သူ့အထင်ကြီးနေတဲ့ ကဗျာဆရာတစ်ယောက်ဖြစ်နေတော့ သူ့အနေနဲ့က စွပ်စွဲရမှာလည်း ခက်နေပြန်ပါတယ်။ အဲဒီကဗျာနှစ်ပုဒ်ကို ကျွန်တော်ဆန်းစစ်ကြည့်တော့လည်း စကားလုံးအားလုံးနီးပါးဟာ တူညီနေပြီး နာမ်စားသုံးစွဲမူ ကွဲပြားတာလေးပဲရှိတာကို တွေ့ရပါတယ်။ အဲဒီကဗျာလေးကို ကျွန်တော်အတော်မှတ်မိနေတာပါ။

ဘာကြောင့်လဲဆိုတော့ အဲဒီကဗျာဟာ ကျွန်တော်နဲ့လည်း တစ်စိတ်တစ်ဒေသ ဆက်စပ်မူ ရှိလို့ပါ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော့်သူငယ်ချင်း ကဗျာဆရာမလေးက ကျွန်တော်ရေးခဲ့တဲ့ အလွမ်းတွေနဲ့သေနေတဲ့သစ်ပင်ဆိုတဲ့ ဝထ္ထူလေးကို ဖတ်ပြီးနောက် ဒီကဗျာကိုရေးဖို့ စိတ်ကူးရလာလို့ပါ။ ဒီတော့ ဒီကဗျာကို သူအရင်ရေးတယ်ဆိုတော့ အရမ်းထင်ရှားပါတယ်။ ဒါနဲ့တောင် facebookမှာ နာမည်အတော်အသင့်ရနေတဲ့ ကဗျာဆရာတစ်ယောက်က နာမ်စားလေးပဲပြောင်းပြီး သူ့ကဗျာလုပ်လိုက်တာကတော့ လွန်းလွန်ပါတယ်။ ကျွန်တော်ကတောင် သူ့ကို နှစ်သိမ့်ပေးလိုက်သေးတယ်။ ကျွန်တော်ကိုယ်တိုင်အဲလို အဖြစ်မို့ မကြုံဘူးပေမယ့်လို့ ကိုယ်အမြတ်တနိူးထားတဲ့အရာတစ်ခုကို ခိုးယူခံရတာဟာ အလွန်ကြေကွဲဖို့ကောင်းကြောင်း၊ ဒါပေမယ့်နောက်ဆိုရင် ဆင်ခြင်ဖို့လိုကြောင်း သူ့ကိုပြောပြပေးခဲ့ပါတယ်။

ဟော့... နောက်နေ့မနက် ရောက်တော့ အဲလိုအဖြစ်မျိုး ကျွန်တော်ကိုယ်တိုင် ကြုံရတာပါပဲ။ ကျွန်တော်ရေးတဲ့ကကြိုးဆိုတဲ့ ကဗျာစီးရီးထဲက တစ်ပုဒ်ပါ။ တင်မယ့်လူက ကျွန်တော်ဆီမှာ ကော်ပီလာတောင်းပါတယ်။ လေးစားသမူနဲ့ ကျွန်တော်ပေးလိုက်ပါတယ်။ သူ တကယ်တင်တော့ ကျွန်တော်ရဲ့ကဗျာခေါ်င်းစဉ်တွေရော၊ ကျွန်တော်ရဲ့ နာမည် ကိုပါ ဖြုတ်ခဲ့ပါတယ်။ ပြီးတော့ သူ့ကော်မန့်တွေမှာလည်း သူရေးထားသလိုလိုပုံစံမျိုး ဖြေကြားထားပါတယ်။ ဒီလုပ်ရပ်တွေဟာ အသေအချာဆန်းစစ်ရင် စာရေးတဲ့သူ၊ ကဗျာရေးတဲ့သူတွေအပေါ် ကျော်ခွတဲ့ သဘောပါပဲ။ ပြီးတော့ ရှိပါသေးတယ်။ တစ်ဆက်တည်း ပြောပါစေဦး။

ဆိုကြပါစို့ ကျွန်တော်က စာအုပ်တစ်အုပ်ကို ဖတ်တယ်။ အဲဒီစာအုပ်ထဲက စကားလုံးတစ်ခုကို ကြိုက်လို့ facebookပေါ်တင်တယ်။ တင်တဲ့အခါ ကျွန်တော်နာမည်တပ်တာမျိုး ကျွန်တော်မလုပ်ဘူး။ မူရင်း စာအုပ်ရေးတဲ့သူနာ မည်ပဲ ကျွန်တော်တပ်တယ်။ ဒါက ကျွန်တော်ရေးတာလည်းမဟုတ်၊ ကျွန်တော်တွေးတာလည်းမဟုတ်လို့ပါ။ ဒါပေမယ့် အဲဒီစာရေးဆရာရဲ့ အဲဒီစကားလုံးကို ကျွန်တော်ရှာဖွေဖော်ထုတ်တာပါ။ ဒီတော့ ကျွန်တော်ရေးတာ မဟုတ်သော်လည်း ၊ ကျွန်တော်ရှာဖွေဖော်ထုတ်ခြင်း ဖြစ်တာကြောင့် copyယူမယ်ဆိုရင် ကျွန်တော်ရဲ့ဖော်ထုတ်ပြမူကို အသိအမှတ်ပြုရပါမယ်။ ဘာကြောင့်ဆို တခြားလူဆီက ကျွန်တော်ကော်ပီ ယူတင်ထားတာ မဟုတ်လို့ပါ။ ကော်ပီ ယူတင်တဲ့ အကျင့်လည်း ကျွန်တော်ဘယ်တုန်းကမှ မလုပ်ခဲ့ပါဘူး။ ကြိုက်ရင်Shareပါတယ်။ ဒါက မူရင်းတင်တဲ့သူအပေါ် လေးစားရာရောက်ပါတယ်။ ဒါပေမယ့် သေချာတွေးကြည့်တော့လည်း ဒီလူတွေဟာ တကယ့်စာပေသမားစစ်စစ်မဟုတ်လို့သာ ဒီလိုတွေလုပ်နေကြခြင်းဖြစ်တယ်ဆိုတာ အဖြေထွက်ပါတယ်။ ဘာပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် လေးစားမူရှိဖို့က အတော်လိုအပ်ပါတယ်။ စာပေမိတ်ဆွေများ ဆင်ခြင်နိူင်ကြပါစေလို့ ဆန္ဒပြုမိပါတယ်ခင်ဗျ။

Sep23.2017
Minsetwai

Saturday, August 22, 2020

ဂျင်ပေါ်ကထုံးများ

ကျွန်တော်အက်ဆေးများ(၂၀)
ဂျင်ပေါ်ကထုံးများ
************

အခုတလော ကြုံတွေရတဲ့ အဖြစ်အပျက်တွေကြောင့် တာရာမင်းဝေရဲ့စကားတစ်ခွန်းကို သွားသတိရမိပါတယ်။ တာရာမင်းဝေက ငါ့နှာခေါ်င်းပေါ်တတ်ပြီး ဘယ်သူ အသက်လာလာရှုနေတာလဲလို့ ရေးဖူးပါတယ်။ ဟုတ်ပါတယ် သူများနှာခေါင်းပေါ်က်ကြီးနဲ့ အသက်ရှုနေတာတော့ မကောင်းပါဘူး။ တစ်နေ့က ခင်မင်ရတဲ့ကဗျာသူငယ်ချင်း ညီမလေးတစ်ယောက်က သူ့ကဗျာတွေကို တခြားလူတွေက ခိုးယူသုံးစွဲတာ ခံရကြောင်းပြောပြပါတယ်။ ယူတဲ့လူက သူ့အထင်ကြီးနေတဲ့ ကဗျာဆရာတစ်ယောက်ဖြစ်နေတော့ သူ့အနေနဲ့က စွပ်စွဲရမှာလည်း ခက်နေပြန်ပါတယ်။ အဲဒီကဗျာနှစ်ပုဒ်ကို ကျွန်တော်ဆန်းစစ်ကြည့်တော့လည်း စကားလုံးအားလုံးနီးပါးဟာ တူညီနေပြီး နာမ်စားသုံးစွဲမူ ကွဲပြားတာလေးပဲရှိတာကို တွေ့ရပါတယ်။ အဲဒီကဗျာလေးကို ကျွန်တော်အတော်မှတ်မိနေတာပါ။ ဘာကြောင့်လဲဆိုတော့ အဲဒီကဗျာဟာ ကျွန်တော်နဲ့လည်း တစ်စိတ်တစ်ဒေသ ဆက်စပ်မူ ရှိလို့ပါ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော့်သူငယ်ချင်း ကဗျာဆရာမလေးက ကျွန်တော်ရေးခဲ့တဲ့ အလွမ်းတွေနဲ့သေနေတဲ့သစ်ပင်ဆိုတဲ့ ဝထ္ထူလေးကို ဖတ်ပြီးနောက် ဒီကဗျာကိုရေးဖို့ စိတ်ကူးရလာလို့ပါ။ ဒီတော့ ဒီကဗျာကို သူအရင်ရေးတယ်ဆိုတော့ အရမ်းထင်ရှားပါတယ်။ ဒါနဲ့တောင် facebookမှာ နာမည်အတော်အသင့်ရနေတဲ့ ကဗျာဆရာတစ်ယောက်က နာမ်စားလေးပဲပြောင်းပြီး သူ့ကဗျာလုပ်လိုက်တာကတော့ လွန်းလွန်ပါတယ်။ ကျွန်တော်ကတောင် သူ့ကို နှစ်သိမ့်ပေးလိုက်သေးတယ်။ ကျွန်တော်ကိုယ်တိုင်အဲလို အဖြစ်မို့ မကြုံဘူးပေမယ့်လို့ ကိုယ်အမြတ်တနိူးထားတဲ့အရာတစ်ခုကို ခိုးယူခံရတာဟာ အလွန်ကြေကွဲဖို့ကောင်းကြောင်း၊ ဒါပေမယ့်နောက်ဆိုရင် ဆင်ခြင်ဖို့လိုကြောင်း သူ့ကိုပြောပြပေးခဲ့ပါတယ်။ ဟော့... နောက်နေ့မနက် ရောက်တော့ အဲလိုအဖြစ်မျိုး ကျွန်တော်ကိုယ်တိုင် ကြုံရတာပါပဲ။ ကျွန်တော်ရေးတဲ့ကကြိုးဆိုတဲ့ ကဗျာစီးရီးထဲက တစ်ပုဒ်ပါ။ တင်မယ့်လူက ကျွန်တော်ဆီမှာ ကော်ပီလာတောင်းပါတယ်။ လေးစားသမူနဲ့ ကျွန်တော်ပေးလိုက်ပါတယ်။ သူ တကယ်တင်တော့ ကျွန်တော်ရဲ့ကဗျာခေါ်င်းစဉ်တွေရော၊ ကျွန်တော်ရဲ့ နာမည် ကိုပါ ဖြုတ်ခဲ့ပါတယ်။ ပြီးတော့ သူ့ကော်မန့်တွေမှာလည်း သူရေးထားသလိုလိုပုံစံမျိုး ဖြေကြားထားပါတယ်။ ဒီလုပ်ရပ်တွေဟာ အသေအချာဆန်းစစ်ရင် စာရေးတဲ့သူ၊ ကဗျာရေးတဲ့သူတွေအပေါ် ကျော်ခွတဲ့ သဘောပါပဲ။ ပြီးတော့ ရှိပါသေးတယ်။ တစ်ဆက်တည်း ပြောပါစေဦး။ ဆိုကြပါစို့ ကျွန်တော်က စာအုပ်တစ်အုပ်ကို ဖတ်တယ်။ အဲဒီစာအုပ်ထဲက စကားလုံးတစ်ခုကို ကြိုက်လို့ facebookပေါ်တင်တယ်။ တင်တဲ့အခါ ကျွန်တော်နာမည်တပ်တာမျိုး ကျွန်တော်မလုပ်ဘူး။ မူရင်း စာအုပ်ရေးတဲ့သူနာ မည်ပဲ ကျွန်တော်တပ်တယ်။ ဒါက ကျွန်တော်ရေးတာလည်းမဟုတ်၊ ကျွန်တော်တွေးတာလည်းမဟုတ်လို့ပါ။ ဒါပေမယ့် အဲဒီစာရေးဆရာရဲ့ အဲဒီစကားလုံးကို ကျွန်တော်ရှာဖွေဖော်ထုတ်တာပါ။



 ဒီတော့ ကျွန်တော်ရေးတာ မဟုတ်သော်လည်း ၊ ကျွန်တော်ရှာဖွေဖော်ထုတ်ခြင်း ဖြစ်တာကြောင့် copyယူမယ်ဆိုရင် ကျွန်တော်ရဲ့ဖော်ထုတ်ပြမူကို အသိအမှတ်ပြုရပါမယ်။ ဘာကြောင့်ဆို တခြားလူဆီက ကျွန်တော်ကော်ပီ ယူတင်ထားတာ မဟုတ်လို့ပါ။ ကော်ပီ ယူတင်တဲ့ အကျင့်လည်း ကျွန်တော်ဘယ်တုန်းကမှ မလုပ်ခဲ့ပါဘူး။ ကြိုက်ရင်Shareပါတယ်။ ဒါက မူရင်းတင်တဲ့သူအပေါ် လေးစားရာရောက်ပါတယ်။ ဒါပေမယ့် သေချာတွေးကြည့်တော့လည်း ဒီလူတွေဟာ တကယ့်စာပေသမားစစ်စစ်မဟုတ်လို့သာ ဒီလိုတွေလုပ်နေကြခြင်းဖြစ်တယ်ဆိုတာ အဖြေထွက်ပါတယ်။ ဘာပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် လေးစားမူရှိဖို့က အတော်လိုအပ်ပါတယ်။ စာပေမိတ်ဆွေများ ဆင်ခြင်နိူင်ကြပါစေလို့ ဆန္ဒပြုမိပါတယ်ခင်ဗျ။
Sep23.2017
Minsetwai

Monday, October 28, 2019

ဘဝရဲ့ငါးဆယ်ရာခိုင်နူန်း

ဘဝရဲ့ငါးဆယ်ရာခိုင်နူန်း

ကျွန်တော်တို့ဟာ ကျွန်တော်တို့ဘဝကို ၁၀၀%ပိုင်ဆိုင်ပါတယ်လို့ ယုံကြည်နေကြတတ်ပါတယ်။ ယခု ကျွန်တော်တို့ ဖြတ်သန်းနေကြတဲ့ ပစ္စုပ္ပန်ထဲမှာကိုပဲ ကျွန်တော်တို့ဟာ မိမိကိုယ်မိမိ ၁၀၀%မပိုင်ဆိုင်ပါဘူးလို့ဆိုခဲ့ရင်
အံသြကောင်းအံသြကြမယ်ထင်ပါရဲ့။
ဒါအံသြစရာတော့ မဟုတ်ပါဘူး။ ဥပမာတစ်ချို့နဲ့အတူ ကျွန်တော်ရှင်းပြချင်ပါတယ်။ ကျွန်တော်တို့ဟာ ဖုန်းအသစ်တစ်လုံးကို ဝယ်လိုက်သည် ဆိုပါစို့။ ဒါပေမယ့် ကျွန်တော်တို့ဝယ်လိုက်တဲ့ဖုန်းအပေါ်မှာ ကျွန်တော်တို့ ၁၀၀%လုံး ပိုင်ဆိုင်ထားတာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မူက ၅၀%ပဲ ရှိပါတယ်။ ကျန်တဲ့ ၅၀%ကတော့ ဖုန်းထုတ်တဲ့ ကုမ္မဏီရယ်၊ ဖုန်းရဲ့ softwereတွေ programတွေကို ရေးတဲ့ ဒီပလိုမာတွေရယ်၊ ဒါတွေအပေါ်ထောက်ခံချက်ပေးထားတဲ့ လိုင်စင်ကုမ္မဏီတွေရယ်နဲ့အတူ အခြားအခြားသော ပက်သတ်မူမြောက်မြားစွာက အချိုးကျပိုင်ဆိုင်ထားကြတာပါ။ ကျွန်တော်တို့ဟာ ဝယ်ယူလိုက်တဲ့ဖုန်းအသစ်အပေါ်မှာ လုပ်ဆောင်နေမူတွေက တကယ်တော့ ပိုင်ဆိုင်ထားတဲ့ ၅၀%အပေါ်မှာ လုပ်ဆောင်ခွင့်ရရှိတာပါ။ ဒီထက်ပိုပြီး ရှင်းအောင်ပြောရရင် မိတ်ဆွေဟာ ကြိုက်နှစ်သက်တဲ့စာအုပ်တစ်အုပ်ကို ဝယ်ယူခဲ့တယ်ဆိုပေမယ့် သင်ဟာ အဲဒီစာအုပ်ကို ၅၀%သာ ပိုင်ပြီး ကျန်တဲ့၅၀%ဟာ စာရေးဆရာရယ်၊ ထုတ်ဝေသူရယ်၊ အခြားပတ်သတ်သောသူတွေရယ်က ပိုင်ဆိုင်ထားကြတာပါ။ သင်ဟာ စာအုပ်တစ်အုပ်လုံး ဝယ်ယူလာခဲ့တဲ့ဆိုပေမယ့် စာအုပ်ထဲမှာပါတဲ့ စာရေးဆရာရဲ့အတွေးအခေါ်နဲ့စာသားတွေက သင့်ကိုယ်ပိုင်ဖြစ်သွားတာ မဟုတ်ပါဘူး။ ဒီလိုပါပဲ။ စာအုပ်ရဲ့ ဂရပ်ဖစ်ဒီဇိုင်းတွေနဲ့ စာစီထားတဲ့ပုံစံတွေဟာလည်း သင်ပိုင်ဆိုင်တာမဟုတ်ပါဘူး။ ဆိုတော့ သင်ဟာ သင့်ပိုင်တဲ့ ၅၀%အတွင်းကနေ သင့်မကြိုက်တဲ့စာမျတ်နှာကို ဆုတ်ဖြဲခွင့်ရှိတယ်။ သင်ကြိုက်တဲ့စာသားတွေကို မျဉ်းတားခွင့်ရှိတယ်။ နောက်ဆုံး လုံးဝမနှစ်မြို့တော့ရင် စာအုပ်ကို လွှင့်ပစ်တဲ့ထိ လုပ်ဆောင်ခွင့် ရှိပါတယ်။ ဒါတွေဟာ သင်ပိုင်ဆိုင်တဲ့ ၅၀%ပါပဲ။
ကျွန်တော်တို့ဘဝကို ကျွန်တော်တို့ ၁၀၀%ပိုင်ဆိုင်ပါတယ်လို့ ယူဆမူဟာ အထင်မှားမူသက်သက်ပါပဲ။ အချိန်တိုင်းမှာပဲ မတော်တဆမူပေါ်င်း မြောက်မြားစွာနဲ့အတူ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေနဲ့အသက် ဆုံးရှုံးသွားနိူင်မူဟာ အမြဲတစေ ၅၀%ရှိနေပါလိမ့်မယ်။ ဒီလိုပဲ ကာကွယ်နိူင်စွမ်းဟာလည်း ကျွန်တော်တို့မှာ ၅၀%ရှိပြန်ပါတယ်။ ဒီအတွက် ယုံကြည်မူမရှိသေးဘူးဆိုရင် သင့်ကတစ်ဆင့် မွေးဖွားလာတဲ့ သားသမီးတွေကို ကြည့်လိုက်ပါ။ သင့်က မွေးထုတ်ခဲ့ပါသော်လည်း သူတို့ကို ၁၀၀%တိတိ သင်ပိုင်ဆိုင်ထားတာ မဟုတ်ပါဘူး။ သူတို့အချိန်တန်ရင် သင့်အရိပ်အောက်က ထွက်သွားကြမှာပါပဲ။ ဒါဟာ သဘာဝတရားပဲလေလို့ သင်ဖြေတွေးနိုင်ပေမယ့် သင်ဟာ ၅၀%ပဲ ပိုင်ဆိုင်ခဲ့တာ ဆိုတာတော့ ငြင်းမရအောင် ဖြစ်လိမ့်မယ်။
ဒီတော့ တချို့သောအရာတွေအပေါ်မှာ ငါမှငါဆိုတဲ့ အတ္တစွဲထားမူတွေဟာ တကယ်မှန်ကန်ပါရဲ့လား ။ သင့်မပိုင်ဆိုင်ထားတဲ့၅၀% ဟာ သင့်မမြင်နိူင်တဲ့ တထောင့်တနေရာမှာ ပုန်းခိုနေဆဲဆိုတာကိုကော သင်လက်ခံမှာလား။
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်နောက်ဆုံး ပြောနိူင်တာက ကျွန်တော်တို့ပိုင်တဲ့၅၀%ကနေ ကျွန်တော်တို့ဘဝကို ကောင်းမွန်အောင် တည်ဆောက်ထားဖို့ကသာ ပိုအရေးကြီးပြီး တကယ်ကောင်းမွန်ခိုင်ခန့်တယ်ဆိုရင် ကျန်တဲ့၅၀%ဘက်ကလာတဲ့ အဆိုးတွေကို ဘာကြောက်လန့်စရာလိုမလဲ။ ရှိသေးတယ်။ သင့်မပိုင်တဲ့ ၅၀% ဟာ အဆိုးချည်းပဲ ဖြစ်နေလိမ့်မယ်လို့ကော ဘယ်သူက ၁၀၀% အတိအကျ ပြောနိူင်မှာလဲ။ ဒါပါပဲ။
ဘဝရဲ့ ပိုင်ဆိုင်မူတိုင်းက ၅၀%ပါပဲ။
OCT24.19
Minsetwai

Featured Post

ကဗျာဟူသည်

poetry ကဗျာဟူသည် ကဗျာဆိုသည်မှာ မိမိရောက်နေသောခေတ် အသက်ရှင်နေသောခေတ်၏အတွေးအခေါ်များကို အခြေခံ၍ သက်ရောက်မှုအများဆုံးရှိသော ခံစားမှုကို ဖန်တီးပ...