Search My Blog

Showing posts with label တာရာမင်းဝေအား လေ့လာခြင်း. Show all posts
Showing posts with label တာရာမင်းဝေအား လေ့လာခြင်း. Show all posts

Monday, September 7, 2020

သူနှင့်မိတ်ဆွေ


သူနှင့်မိတ်ဆွေ

***********

(လောကမှာ လူတွေများပေမယ့် မိတ်ဆွေနည်းတယ်။ မိတ်ဆွေလို့ ထင်နေသူတွေ ကိုယ့်အနားမှာ ဝိုင်း နေတတ်ပေမယ့် အခြေအနေလေးတစ်ချက် တိမ်းစောင်းသွားတာနဲ့ ကိုယ့်ဘေးမှာ ဘယ်သူမှ မရှိတာကို သားတွေကြုံရဦးမှာပဲ။ ဖေ့ဖေ့အတွက်တော့ ဒါမျိုးတွေက များလှပါပြီကွယ်။ နာမည်ကို ပေါ်င်းတဲ့မိတ်တွေ၊ လိုအပ်ချက်တစ်ခုအတွက် ကြိုးရှည်ရှည်လှန်ပြီး လာပေါင်းတဲ့ မိတ်ဆွေတွေ ဖေ့ဖေ့ဘဝမှာ မွစာကြဲလိုပေါ့။ အဲဒါတွေထဲမှာမှ တစ်နပ်စားညဏ်ကို သုံးတဲ့ မိတ်ဆွေတွေလည်း ရှိတယ်။) 

(ခေတ်နေအတွက် စာတစ်ရွက်မှ) .

ဒါက ဆရာတာရာမင်းဝေဟာ သူ့ရဲ့သားခေတ်နေလေးကို သူကြုံ့တွေ့ရတဲ့ မိတ်ဆွေတွေအကြောင်း ပြန်ပြောပြပေးထားတာပါ။ ဒီစာပိုဒ်လေးကို ဖတ်ပြီး သူ့ဘဝမှာ ဘယ်လိုမိတ်ဆွေတွေနဲ့ တွေ့ကြုံခဲ့တယ်ဆိုတာကိုလည်း လေ့လာသိရှိရပါတယ်။ သူဟာ နာမည်ကိုပေါ်င်းတဲ့ မိတ်ဆွေနဲ့လည်း တွေ့ကြုံခဲ့တယ်။ လိုအပ်မူအတွက် လာပေါ်င်းတဲ့ မိတ်ဆွေတွေနဲ့လည်း တွေ့ကြုံခဲ့တယ်။ တစ်နပ်စားညဏ်ကိုသာ သုံးတဲ့ မိတ်ဆွေတွေကိုလည်း တွေ့ကြုံခဲ့ရ ပါတယ်။ဆိုတော့ ဆရာတာရာမင်းဝေဟာ လူ့ပေါ်င်းစုံနဲ့ ဆက်ဆံခဲ့ဖူးပြီး ဖြစ်တာကြောင့် လူတို့ရဲ့ အကြောင်းကို ကောင်းကောင်းကြီး ကြေညက်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူကိုယ်တိုင်က ကျွန်တော်ဘာမှမသိပါဘူးလို့ ပြောဆိုနေပေမယ့် သူဟာ အများကြီး သိထားတဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုတာ လုံးဝ ငြင်းမရပါဘူး။ ကျွန်တော်တို့ဘဝမှာလည်း မိတ်ဆွေတွေအများကြီးရှိကြပေမယ်။ တစ်ခါတစ်လေ အဲဒီမိတ်ဆွေတွေကပဲ အကြီးမားဆုံးသောရန်သူဖြစ်နေတာကို တွေ့ရတတ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့လည်း ကျွန်တော်တို့မိတ်ဆွေတွေအပေါ်မှာ 

ဆန်းစစ်ကြည့်ဖို့တော့ လိုပါတယ်။ ထပ်ပြီး သူက သူသားလေးကို မှာကြားထားပါသေးတယ်။

(လောကမှာ လူတွေကို သူ့အတိုင်းအတာနဲ့သူ ဆက်ဆံရတယ်။ အသီး ပေးသင့်သူကို အသီးပေးပြီး အပွင့်ပေးသင့် သူတွေကို အပွင့်ပေးရတယ်။ တစ်ချို့က ရနံပေးရုံလောက်နဲ့ ရပါရဲ့။ တစ်ချို့ကိုကျတော့

 အရိပ်ပါပေးရပြန်ရော၊ လိုက်ရောညီထွေတဲ့ အပေးအယူနဲ့ဆက်ဆံရတယ်။ 

အဲဒီအတွက် တစ်ဖတ်လူ ရဲ့ အကန့်အသတ်ကိုတော့ အကဲခတ်တတ်ဖို့ လိုတယ်။)

 (ခေတ်နေအတွက် စာတစ်ရွက်မှ)

တကယ်တော့ သူကောင်းကောင်းကြီး လူတွေအကြောင်းကို သိခဲ့ပါတယ်။ လောကကြီးရဲ့လူတွေအကြောင်း၊ အဲဒီလူတွေကို ဘယ်လိုဆက်ဆံရမလဲဆိုတဲ့အကြောင်း သူကောင်းကောင်းကြီးကို သိခဲ့ပါတယ်။ ဒီအတွေ့အကြုံတွေကို အသုံးချပြီး သူက ဘယ်လိုမိတ်ဆွေမျိုးကို ပေါင်းသင့်တယ်ဆိုတာကို သူ့သားလေးကို ပြန်ဆိုဆုံးမခဲ့ပါတယ်။ ဟုတ်ပါတယ် ။ တစ်ချို့လူတွေက 

အချိုကြိုက်ပါတယ်။ အချိုကြိုက်တဲ့လူကို အချိုပေးပြီးပေါ်င်းရပြန်ပါတယ်။ ဒါမှလည်း 

ပတ်ဝန်းကျင် ကြားမှာ သဟဇာတဖြစ်စေပါလိမ့်မယ်။ မိတ်ဆွေများခြင်းဟာ ကောင်းခြင်းတစ်ခုပါပဲ။ ဒါပေမယ့် မိမိပေါ်င်းတဲ့မိတ်ဆွေတွေက ဆိုးသွမ်းတဲ့မိတ်ဆွေတွေချည်း ဖြစ်မနေဖို့တော့ လိုပါတယ်။ဒါအပြင် ထပ်ပြီး ဆရာတာရာမင်းဝေနဲ့ ပတ်သက်ပြီး ထပ်တွေ့ရှိရပြန်တာက....

(တစ်ချို့တွေက ဒေါသကို မှတ်ထားကြတယ်။ မျတ်နှာကိုပြုံးပြီး ဟန်ဆောင်ဆက်ဆံတယ်။ သူတို့ရဲ့ဒေါသကို ရေခဲရိုက်ပြီး သိမ်းထားတယ်။ လိုတဲ့အခါကျတော့မှ ရေခဲသေတ္တာထဲက ဘီယာတစ်ဘူးထုတ်သောက်သလိုမျိုး အဲဒီအာဃာတကို ထုတ်သုံးလိုက်ကြတာပါပဲ။ ) (ငါ့ရင်ခွင်ကြားက နှင်းဆီဓားသွားတစ်လတ်မှ)

သူကြုံခဲ့ရတဲ့ လူတွေ့အကြောင်းကို ပြောပြရာမှာ အတော်ကလေးကို အကြောင်းစုံခဲ့ပါတယ်။ တစ်ခါတစ်လေတော့ သူကပုံစံတစ်မျိုးလေးနဲ့ ပြန်တင်ပြပြန်ပါတယ်။

(အဲဒီညက မိုးလင်းအထိ အိပ်မပျော်ဘူး။ အိပ်ပျော်တော့ အိပ်မက်မက်တယ်။ အိပ်မက်ထဲမှာ ကျွန်တော်က စက်ဝိုင်းကြီးတစ်ခုကို တောင်ပေါ်တွန်းတင်သွားတယ်။ တောင်ပေါ်ရောက်တော့ တောင်အောက်ကို ပြန်လှိမ့်ချတယ်။ စက်ဝိုင်းကြီးက ကျွန်တော်ကို စိတ်ပျက်လက်ပျက်ပြောတယ်။ 

"မင်းတို့ လူ ဆိုတဲ့ သတ္တဝါတွေဟာ 

အတော်ညစ်စုတ်တာပဲ။"

"ဟင်..ဘာဖြစ်လို့လဲ။"

"သူများတစ်ဘက်သားကို တွန်းတင်လိုက်၊ တွန်း ချလိုက်နဲ့ ၊ ဒါကြောင့် ညည မင်းတို့တွေ အိပ်မပျော်တာ။"တဲ့)

ဆိုလိုတာက လူဆိုတဲ့ ဝေါဟာရပဲဖြစ်ဖြစ်၊ မိတ်ဆွေဆိုတဲ့ ဝေါဟာရအဖြစ် ဒီအဖြစ်မျိုးတွေကိုတော့ ကြုံနေရတာပါပဲ။ မိတ်ဆွေဆိုတာဟာလည်း အရမ်းကြီး ယုံကြည်ကိုးစားလို့တော့ မသင့်တော်လှပါဘူး။ ကိုယ့်အကြောင်း အကုန်သိသွားပြီးနောက် ကိုယ့်ကိုပြန်အသုံးချသွားရင် 

ဘယ်လိုလုပ်မလဲလေ။

June. 2018

Minsetwai

သူနှင့်သင်္ချာ

သူနှင့်သင်္ချာ

ဆရာတာရာမင်းဝေဟာ သင်္ချာ

ပညာရပ်ကို စိတ်ဝင်စားတယ်ဆို တာကတော့ ဘယ်သူမှ ငြင်းလို့မရတဲ့အချက်ပါ။ သူရဲ့စာအုပ်တော်တော်များများမှာ သချာင်္ပညာရပ်ဆိုင်ရာ စာသားတွေကို အများအပြားတွေ့မြင်ခဲ့ရပါတယ်။

("မနက်ဖြန် ၁၃ရက်နေ့ကြီး ။ သူက ၁၃ဂဏန်းသမားပေါ့။")
(ယန္တယားအရေခွံ့ နဲ့လူမှ)

 ၁၃ဂဏန်းသမားဆိုတော့ ဘာဖြစ်ပါသလဲ။ နျူမယိုလောဂျီအရ ၁၃ဂဏန်းဟာ ကံဆိုးစေတဲ့နိမိတ်လို့ ယူဆကြပါတယ်။ ဒါကြောင့်ပါ။ ဒါကို သူကိုယ်တိုင်ကလည်း ကျွန်တော်နှင့်ကံကြမ္မာလက်နတ်များမှာ ဖော်ထုတ်ပြထားပါတယ်။ လေ့လာကြည့်ပါ။

သိုးဆောင်းအယူအဆတွင် ၁၃ဂဏန်းသည် ကံမကောင်းသော ဂဏန်းဖြစ်၏။ အနောက်နိူင်ငံမှ တည်ခိုခန်း အချို့တွင် အခန်း(၁၃)ဆိုလျှင် မည်သူကမှ မတည်ခိုချင်ကြောင်း အခန်း (၁၂)ပြီးသည်နှင့် အခန်း(၁၄)ကို ထားရကြောင်း ကြားသိနေရတော့ မပီမပြင်ပြုံးဖြစ်သည်။
(ကျွန်တော်နှင့် ကံကြမ္မာလက်နတ်များ) 

သူက သင်္ချာပညာရပ်နဲ့ ပတ်သတ်ပြီး ဂရိက ပိုက်သာဂိုးရပ်စ်ကိုလည်း လေ့လာခဲ့ကြောင်း တွေ့ရှိရပါတယ်။

ဂမ္ဘီရပညာ လေ့လာလိုက်စားသူတွေအတွက် "ပိုက်သာဂိုးရပ်စ် ကြိဂံ"ဟာ အလွန်အရေးပါတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ကတော့ ကြိဂံရဲ့ဂုဏ်သတ္တိကို သင်္ချာရှုထောင့်ကနေ အံသြရုံလောက်ပဲ တတ်နိူင်ပါတယ်။
(ကျွန်တော်နှင့် နတ်ဖုရားရုပ်တုမှ)

 ဒါက သင်္ချာပညာရဲ့ ရှေးအကျဆုံး ဘိုးတော်တစ် ယောက်ဖြစ်တဲ့ ပိုက်သာဂိုးရပ်စ်ကို သူ ချဉ်းကပ်ခဲ့ပုံပါ။ တကယ်ပဲ ပိုက်သာဂိုးရပ်စ်ဟာ အံသြစရာကောင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး လောကတစ်ခုလုံးကို သင်္ချာနည်းနဲ့ တည်ဆောက်ထားခြင်းဖြစ်ကြောင်း ကြွေးကြော်ခဲ့တဲ့သူပါ။ ကျွန်တော်ကိုယ်တိုင်ကလည်း ပိုက်သာဂိုးရပ်စ် ကို အရမ်းကြိုက်နှစ်သက်သူပါ။ 

ဆရာတာရာမင်းဝေဟာ ငယ်ငယ်တုန်းကတော့ သင်္ချာညံတဲ့ကျောင်းသားတစ်ယောက်လိုလဲ ဆိုကြတယ်။ ဒါကြောင့်များ ကြီးလာတဲ့အခါ သင်္ချာပညာကို အားစိုက်လေ့လာခဲ့သလားတော့ မပြောနိူင်ပါဘူး။ သူဝထ္ထူတိုင်းမှာတော့ သင်္ချာနဲ့မကင်းတာတွေ အမြဲတွေ့မြင်နေရတတ်ပါတယ်။ 

သူ့ခေါင်းရင်းနံရံတွင် သင်္ချာကိန်းတန်းတစ်ခုကို ရေးထိုးထား၏။ မည်သည့် အဓိပ္ပါယ်ဖြင့် သူရေးထိုးထားသည်ဟုတော့ မည်သူမှ မသိကြချေ။ (လူ ငယ်တစ်ယောက်၏ ကျောက်ထွင်းရာဇဝင်မှ) 

အခုလိုမျိုးသူက သူ့ဝထ္ထူတွေထဲမှာ သင်္ချာကို ဆွဲဆွဲသွင်းလာတတ်ပါတယ်။ 

နောက်ဆုံးအနေနဲ့ သင်္ချာကို သူဘယ်လောက်လေ့လာထားကြောင်း သိရှိနိူင်မယ့် ဖော်ပြမူတစ်ခုကို ပြချင်ပါတယ်။ 

ကျွန်တော်ငယ်ငယ်က ကျောင်းမှာ သင်္ချာသင်ခဲ့စဉ်က ကြိဂံတစ်ခုရဲ့ အတွင်းထောင့် သုံးခုပေါ်င်းခြင်းဟာ ထောင့်မှန်နှစ်ခုနဲ့ညီတယ်လို့ မှတ်သားခဲ့ရဖူးပါတယ်။ အဲဒါကိုလည်း သင်္ချာပညာရဲ့ အပြောင်းအလဲမရှိနိူင်တဲ့ အမှန်တရားတွေထဲက တစ်ခုလို့ ထင်မြင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျောင်းစာအုပ်တွေရဲ့အပြင်ကိုကျော်ပြီး တခြားစာအုပ်တွေရဲ့ မျတ်နှာစာကိုလှမ်းဖတ်တော့ ကျွန်တော်တို့အဖို့ အံသြစရာတွေကို တွေ့ကြုံရပါတယ်။ ကြိဂံတစ်ခုရဲ့ အတွင်းထောင့်သုံးခုပေါ်င်းခြင်းဟာ ထောင့်မှန်နှစ်ခု မဟုတ်တော့လို့ပါပဲ။ ဆိုဗီယက်သင်္ချာပါရဂူ ရောဘတ်စကီးက ၁၈၂၆ခုနှစ်မှာ သင်္ချာပညာဆိုင်ရာစာတမ်းတစ်စောင်ကို ထုတ်ပြန်ပါတယ်။ အဲဒီထဲမှာ ဂျီသြမေထရီအယူအဆသစ်တွေပါလာပြီး အဲဒီအယူအဆတွေအရ ပြောရရင် ကြိဂံတစ်ခုရဲ့ အတွင်းထောင့်သုံးခုပေါ်င်းခြင်းဟာ ထောင့်မှန်နှစ်ခုထက် အမြဲငယ်နေပါတယ်။

(ပြိုင်မြင်းတို့၏ခွာသံမှ) 

ဒါက သင်္ချာပညာအပေါ် သူရဲ့နိူက်နိူက်ချွတ်ချွတ် လေ့လာထားချက်ပါပဲ။ ကျောင်းစာအုပ်ရဲ့ပြင်ပကို ကျော်လွန်ပြီး လေ့လာခဲ့ပါတယ်လို့ သူ့ကိုယ်တိုင်ဝန်ခံထားတာကိုလည်း တွေ့ရမှာပါ။ ဟုတ်ပါတယ်။ ကမ္ဘာကြီးဟာ သချာင်္နဲ့မကင်းဘူးဆိုတာ အသေအချာကြီးပါ။ သူက ရေးကြီးခွင်ကျယ်လုပ်ပြီး လျှောတ်ရေးပြနေခဲ့တာ မဟုတ်ဘူးဆိုတာကို သူရဲ့ဖော်ပြမူတွေကတစ်ဆင့် လေ့လာနိူင်ကြောင်းပါ။

Nov.2017

Minsetwai

Featured Post

ကဗျာဟူသည်

poetry ကဗျာဟူသည် ကဗျာဆိုသည်မှာ မိမိရောက်နေသောခေတ် အသက်ရှင်နေသောခေတ်၏အတွေးအခေါ်များကို အခြေခံ၍ သက်ရောက်မှုအများဆုံးရှိသော ခံစားမှုကို ဖန်တီးပ...