ငါ့ကိုယ်ငါ ခတ်ခဲ့တဲ့ လက်ထိတ်
ကိုယ်ရဲ့စိတ္တဇ ကုတ်ခြစ်ရာတွေနဲ့
မင်းရဲ့နာမည်တွေ အရာထင်နေလိမ့်မယ်
ပူစီဖောင်းလို ရုတ်တရတ်ထပွက်လာတဲ့ စိတ်ကူးထဲ
ကိုယ့်အတ္တကို လက်နက်ချလိုက်တယ်...
ဘုရင်မလေးရယ်..ငါကိုခေါစာမပစ်ပါလိုက်ပါနဲ့
အမှောင်ထဲမှာ တီးတိုးသံတစ်ချို့ ကျကွဲသွားတယ်
မင်းမျက်မှန်လေးကို အဟောင်းတွေကြားမှာရှာရင်
ဟော့..မင်းနှုတ်ခမ်းထက်ကမှဲ့က ငါ့လှောင်ပြုံးနေခဲ့တယ်။
အေးကွယ်..
မင်းမြှောက်မှ ဘုရင်ဖြစ်မယ့် ငါက
မင်းကြိုက်တဲ့ စတော်ဘယ်ရီသီးတွေနဲ့
အလွမ်းတွေ လှိုင်လှိုင်ဝေရင်း
ရင်ဘတ်ပေါ် ပင့်ကူတက်လာသလို
ငါ တိုးတိုးတိတ်တိတ် မျိုချ..
မင်းဖြစ်ချင်တဲ့ ဘုရင်မက
ငါ့ဘဝနဲ့မှ မဟုတ်တော့တာပဲ
ခုတော့ ငါသိတာပေါ့
ငါလိုနိမ့်တဲ့သစ်ပင်လည်း လေဒဏ်ခံခဲ့ရပြီ
မာန=ဆူးတွေမှာ
ရင်ဘတ်ကအနာတွေ သွေးစက်စက်ယိုခဲ့ပြီ
အိပ်ဆေးခွက်တို့နဲ့ပဲ အိပ်ရေးပျက်နေခဲ့ပြီလေ။
ဘုရင်မလေးရေ..
ကန္တရပင်တွေမှာ ဆူးတွေရှိသတဲ့လား
ငါ ဆူးသင့်ခဲ့သူပါကွယ်..
အခု..
မင်းက အိပ်မက်ထဲလည်း ရောက်မလာချင်တော့ဘူးဆိုတော့
လက်ကမ်းကြိုရသူ ငါမှာ
ကယောင်ကတမ်းနဲ့ လွင်တီးခေါင်လို
နွေကျဲကျဲတစ်ခုဟာ
ရင်ဘတ်ကိုမှ တစ္ဆေခြောက်ရတယ်လို့။
ကြောက်လွန်းလို့ ငါလေ
မင်းအရိပ်လေးထဲ..ပုန်းနေခဲ့မိတယ်
မင်းအတွက်ရေးတဲ့ကဗျာရယ်
မင်းအတွက်ရေးတဲ့ စာတွေရယ်က
သဲလွန်စ ပေးနေလိုက်ကြပုံများ
ငါ အချစ်တို့နဲ့ ကမ္ဘ္ဘာတည်သလိုလို..။
March1.2017
Minsetwai