#ကဗျာဖြင့်မွေ ့လျော်ခြင်း
#အဲလဂျီ(Elegy)
အဲလဂျီဆိုသည်မှာ ဂရိစာပေသမိုင်းမှ ပေါ်ပေါ်က်လာသော ကဗျာအမျိုးအစားတစ်ခုဖြစ်သည်။
ယင်းကို ဂရိတို ့က elegicဟု ခေါ်ဆိုပြီး lyric poetryအမျိုးအစားနှင့် ခပ်ဆင်ဆင်တူသည်။
ဂရိတို ့သည် ထိုကဗျာပုံစံကို အစကနဦးက ဈာပနအခမ်းအနားများတွင် အသုံးပြုခဲ့ကြသည်။ ထိုမှတဆင့် Archilochusသည် စစ်ပွဲ ခရီးသွားခြင်း အတွေးအခေါ် စသဖြင့် အကြောင်းအရာများ တိုးချဲ့ရေးစပ်ခဲ့သည်။
ဘီစီ ၇ရာစုအကုန်တွင် Colophonမှ Mimnermus သည် ကျမ်းစာများကို poetryအတွက်အသုံးပြုရန် ဆန်းသစ်တီထွင်ပြန်သည်။ သူသည် မိန်းခလေးNannoအပေါ် သူ၏ချစ်ခြင်းမေတ္တာကို ဂုဏ်ပြုသည့် အလှပြဇာတ်များကို ရေးဖွဲ ့ခဲ့သည်။
ကဗျာပုံစံအားဖြင့် Tyrtaeusသည် spartan ပရိတ်သတ်များအတွက် စစ်ပွဲတစ်ပွဲ၏ ဂုဏ်ယူဖွယ်အသွင်များကို ရေးစပ်ပြခဲ့သည်။
ထိုသို ့ဖြင့် ခေါ်င်းဆောင်ကြီးများမှာလည်း လူကြိုက်များသော elegy၏ ရေးစရာအကြောင်းအရာ ဖြစ်လာခဲ့သည်။ ထိုအချိန်က အဲလဂျီသည် လွမ်းချင်း ငိုချင်းဆန်ဆန်အဖွဲ ့မျိုး မဟုတ်ပေ။
မြန်မာကဗျာများတွင်တွေ ့ရသော မော်ကွန်းသံဆန်ဆန်အဖွဲ ့မျိုးနှင့် ဆင်ခဲ့သည်။
ထိုနောက်တွင်မူ အလတ်ဇန္ဒီးယားကျောင်းမှ အဲလဂျီကို ရှည်လျားသော မော်ကွန်းပုံစံမှတဆင့် တိုတောင်း၍ ပိုကောင်းသောပုံစံသို ့ ပြောင်းလဲရေးဖွဲ ့ခဲ့သည်။
ထိုကျောင်းကို ထူထောင်သူမှာ Philitus of Cosဖြစ်ပြီး ကျောင်း၏အထင်ရှားဆုံးသော Callimachusနှင့်အတူ သူတို ့ လေ့လာသင်ယူကြသော ဇာတ်ကောင်များနှင့် အနုစိတ်အနုပညာ များမှာ ရောမလူမျိုးများအပေါ် အကြီးအကျယ်လွှမ်းမိုးနိူင်ခဲ့သည်။
သို ့ဖြင့် ရောမတို ့ကလည်း အဲလဂျီကို ဂရိတို ့၏ပုံစံမှတဆင့် မိမိတို ့၏ ကိုယ်ပိုင်ပုံစံတစ်ခုဖြစ်လာအောင် ပြုပြင်ဖန်တီးကြပြန်သည်။
ရောမကဗျာဆရာများက အဲလဂျီတွင် ယင်းတို ့၏ချစ်ရေးချစ်ရာများအကြောင်းကို ဦးစားပေးကာ ပိုမိုရေးသားဖော်ပြခဲ့ကြသည်။
ရောမတို ့၏ ရေးစပ်ပုံမှာ ဂရိမူရင်းပုံစံနှင့်မတူသောအချက်သည် ရောမကဗျာဆရာများသည် ကဗျာထဲတွင် ကိုယ်တိုင်ဇာတ်ကောင်အဖြစ် ရှိနေပြီး ယင်းတို ့၏ ချစ်ခြင်းမေတ္တာအကြောင်းကို အလွန်သန် ့ရှင်းသောအရာကဲ့သို ့ ရေးသားဖော်ပြကြခြင်းပင် ဖြစ်သည်။
ထိုသို ့ဖြင့် ရောမတို ့၏ အဲလဂျီ ကဗျာအဖွဲ ့သည် ချစ်ခြင်း၏ ရိုးရာ ဖြစ်သော ဆုံးရှုံးခြင်းနှင့်အတူ အားပြင်းသော စိတ်ခံစားမူတို ့ ပါဝင်ရောစပ်လာခဲ့သည်။
ဥပမာ ပြရလျှင် ရောမကဗျာဆရာ Ovid၏ သူရဲကောင်းများကဗျာသည် အယောင်ဆောင်ထားသော ချစ်ခြင်းမေတ္တာအကြောင်း ကို ရေးစပ်ပြထားသည်။
Ovid၏ နောက်ထပ် ထင်ရှားသော Fasti ဟူသော ကဗျာရှည်ကြီးမှာလည်း ထင်ပေါ်ကျော်ကြားသော ချစ်ခြင်းမေတ္တာဖွဲ ့ အဲလဂျီ ကဗျာတစ်ပုဒ်ပင် ဖြစ်သည်။
အင်ပါယာကျဆုံးပြီးနောက် အလယ်ခေတ်သို ့ ရောက်သောအခါ စာရေးဆရာမ Maximianus သည် အဲလဂျီ အခန်းငယ်ပုံစံများဖြင့် ရေးဖွဲ ့စပ်ဆိုလေသည်။
သူမရေးဖွဲ ့သော ပုံစံကို ခရစ်ယာန် ဘာသာရေးဆရာများက ကြိုက်နှစ် သဘောကျသောကြောင့် နောင်တွင် သူမ၏ အဲလဂျီပုံစံကို ဓမ္မသီချင်းများထဲတွင်ပါ ထည့်သွင်း ရေးဖွဲ ့ခဲ့ကြသည်။
ထိုသို ့ဖြင့် အဲလဂျီသည် တမ်းတခြင်းသဘော လွမ်းရခြင်းသဘော ငိုကြွေးပူပန်ရခြင်းသဘော စသဖြင့် ပုံစံအမျိုးမျိုးကိုဆောင်ခဲ့ပြီးနောက် ဥရောပတွင် တမ်းချင်းကဗျာများအဖြစ် ထပ်မံခေတ်စားလာခဲ့သည်။
အေဒီ၁၀၀၀ခုနှစ်တွင် Wanderer,Seafarerနှင့် The wife's lamentကဲ့သို ့ လူသိများသော အဲလဂျီကဗျာများပါသည့် Exeterဆိုသော ကဗျာစာအုပ်မှာ ထင်ရှားလာခဲ့သည်။
ယင်းတို ့ခေတ်တွင် အဲလဂျီသည် စိတ်၏သဘာဝကို ရောင်ပြန်ဟပ်ပြနိူင်သော ကဗျာအမျိုးအစားတစ်ခု ဖြစ်လာခဲ့သည်။ အထူးသဖြင့် အဲလဂျီတွင် နောင်တရခြင်း သို ့မဟုတ် အနာဂတ်အတွက် လိုလားခြင်းများကို ခံစားကြရပြီး ဝမ်းနည်းခြင်းနှင့် ချစ်ခြင်းမေတ္တာတို ့မှာလည်း အဲလဂျီ၏ အဓိက ကဗျာအကြောင်းရင်း ဖြစ်လာခဲ့တော့သည်။
3:25AM
Jan 29.2020
Minsetwai
Ref::Wikipidia
_________________________________