Search My Blog

Thursday, September 3, 2020

တရုတ်ပြည်မှမှော်

#တရုတ်ပြည်မှမှော်

တရုတ်နိူင်ငံသည် အီဂျစ်ကဲ့သို့ပင် မှော်ပညာအမြောက်အမြား တိုးတတ်ဖွံဖြိုးလှသောနိူင်ငံတစ်နိူင်ငံဖြစ်သည်။ ရှေးဟောင်းတရုတ်လောကီပညာတွင် မိုးကြိုးသွားစာရေးခြင်း (သို့မဟုတ်) နတ်ချစာရေးခြင်း၊ ဝိဇ္ဇာပညာနှင့်ဂမ္ဘီရကြေးမုံ(Magic Mirror)စသသည့်တို့မှာ မှတ်တမ်းများဝင်သည့်အထိ ကျော်ကြားခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးနောက်တွင် တရုတ်ပြည်တွင်တောက်နှင့် ဇင်တို့ခေတ်စားလာသောကြောင့် တရုတ်တို့၏ ယုံကြည်မူမှာ ဘာသာရေးနှင့်ဂန္ဓာရီပညာဆိုင်ရာ စာအုပ်စာတမ်းများ အစီအရီပေါ်ထွက်လာခဲ့သည်။ယင်းတို့၏ မှော်ပညာအကြောင်းကိုမူ ရွှင်းယွီချီ(Shun yu cai -AD400)၏ကျင်မင်းဆက်ဆိုင်ရာ စံချိန်မီသမိုင်း(The standard History of Tsin Dynasty)စာအုပ်တွင် အကျယ်တစ်ဝင့်ဖော်ပြထားခဲ့သည်။

ထိုမိုးကြိုးသွားစာရေးခြင်းတွင် တရုတ်လောကီပညာရှင်များသည် ထိုအစီအရင်ကို ညအချိန်ကျမှသာ ပြုလုပ်ဆောင်ရွက်ကြသည်။ ထိုအစီအရင်ပြုလုပ်ချိန်တွင် ပါဝင်သူများမှ ရေမိုးချိုးပြီး သန့်ပြန့်သော အဝတ်အစားများကို ဝတ်ဆင်ကြရသည်။ ပြီးနောက် ညစာစားခြင်းကို ရှောင်ကြရသည်။ အကြောင်းမှာ ထိုအစီအရင်ဆိုင်ရာ နတ်များမှ အလွန်မှအသန့်ကြိုက်သော နတ်များဖြစ်သောကြောင့် ဟူ၏။ အခမ်းအနားတွင် စားပွဲနှစ်ခုခင်းထားရပြီး တစ်ခုပေါ်တွင် နတ်စင်ငယ်ကိုထားကာ ဝိုင်အရက်များ၊ သစ်သီးဝလံများ၊ မုန့်ချိုများကိုပါ တင်ထားကြသည်။ အခြားစားပွဲတစ်ခုတွင်မူ အနီရောင်ရှိသော သဲ များကို ညီညာပြန့်ပြူးစွာ ခင်ထားကြသည်။ ထိုသဲခင်းထားသော စားပွဲေ့ရှတွင် ကုလားထိုင်အလွတ်တလုံးကို ထားထားပေးကြသည်။ ထိုအပြင် စာချရေးမည့်ပညာရှင်သည် နတ်ပင့်မည့်သူအားလုံး၏ အမည်ကို ကတ်ပြားတစ်ချပ်မှာ ကြိုတင်ရေးသားထားပြီး ထိုအခန်းထဲမှာ ချိတ်ဆွဲထားကြသည်။ ထိုနောက်တွင်မူ ရွှေစက္ကူများကို မီးရှို့ပြီး နတ်များဆီသို့ မေတ္တာပို့၍ ပင့်ဖိတ်ကြရသည်။

ထိုနတ်ရောက်လာခဲ့ပြီးနောက်တွင်မူ တစ်စုံတစ်ရာသော အကြောင်းကြောင့် သဲပေါ်တွင် ထင်ကျန်လျှက်ရှိသော စာ၏အဓိပ္ပါယ်ကို ပညာရှင်က အဓိပ္ပါယ်ဖွင့်ဆိုပေးရသည်။ ထိုစာကို အချို့ပညာရှင်များက မန္တရားဟု ခေါ်ကြပြီး ယင်းမှာ ကပ်ရောဂါအပေါ်င်းမှာ လွတ်မြောက်စေသည်ဟု ဆိုကြသည်။ အခြားသော တရုတ်ပညာရပ်ဆိုင်ရာများနှင့် ပတ်သတ်၍မူ တရုတ်စာပေများ၏ဖော်ပြချက်များတွင် တရုတ်မှော်ဂန္ဓာရီဆိုင်ရာ ထွက်ရပ်ပေါ်က်ပုဂ္ဂိုလ်ရှစ်ပါးမှာ အလွန်မှနာမည်ကြီးကြောင်းကို တွေ့ရှိကြရသည်။ ထိုထွက်ရပ်ပေါ်က်ပုဂ္ဂိုလ်ရှစ်ပါးမှာ လိတိကွေး၊ ချုံလိချွန်၊ လန်ဆေဟို၊ ချန်ကော၊ ဟိုဆင်ကူ၊ လူတုံပင်၊ ဟန်ဆိုင်းဇူ၊ စောကိုချင်တို့ပင်ဖြစ်သည်။

ထိုအထဲမှ ချန်ကောဆိုသော ပုဂ္ဂိုလ်သည် အေဒီ၈ရာစုတွင် ထွက်ရပ်ပေါ်က်သွားသော တရုတ်မှော်ဂန္ဓာရီပညာရှင်ရ ရသေ့ တစ်ဦးဖြစ်သည်။ ချန်ကောကို ဘုရင်က နန်းတွင်းသို့ ကြွရန်အတန်တန်ပင့်ခေါ်သော်လည်း သူသည်မသွားခဲ့ချေ။ သို့သော်လည်း အေဒီ၇၀၅တွင် သူကို ဝူဘုရင်မကြီးက ဖိတ်ခေါ်ပြန်ရာ နန်းတွင်းသို့အသွားတွင်လမ်းမှာ အသတ်ခံရလေသည်ဟူ၏။ သို့သော် ချန်ကောမှာ အသတ်ခံရသော်လည်း သေဆုံးသွားခြင်းမရှိဘဲ ကျန်းမာစွာဖြင့် ဂန္ဓာရီခရီးလှည့်လည်သွားလာခဲ့သည်။

အချို့ရာဇဝင်များအရ သူသည် စက္ကူကို ပါးစပ်ထဲမှ ရေဖြင့်မန်းမှုတ်ပြီး မြင်းဖြူဖြစ်အောင်ဖန်ဆင်းကာ ထိုမြင်းဖြူကိုစီးလျှက် မိုင်ပေါ်င်းများစွာခရီးသွားခဲ့သည်။ လိုရာခရီးသို့ရောက်လျှင်မြင်းဖြူကို စက္ကူကဲ့သို့ပြန်ခေါ်က်သိမ်းဆည်းထားတတ်သည်ဟူ၏။ ထိုသို့အစွမ်းထက်သော ချန်ကောသည် အေဒီ၇၂၃၊ မင်းဟန်ဘုရင်လက်ထပ်တွင် ပရိတ်သတ်ဗိုလ်ပုံအလယ်၌ ကိုယ်ယောင်ဖျောက်ပြခြင်း၊ အဆိပ်သောက်ပြခြင်း၊ လက်ဖြင့်ညွှန်ရုံဖြင့် ပန်းများကို ကြွေကျစေခြင်းများကို ပြုလုပ်ပြခဲ့သည်ဟုလည်းဆိုကြသည်။

#Minsetwai

No comments:

Featured Post

ကဗျာဟူသည်

poetry ကဗျာဟူသည် ကဗျာဆိုသည်မှာ မိမိရောက်နေသောခေတ် အသက်ရှင်နေသောခေတ်၏အတွေးအခေါ်များကို အခြေခံ၍ သက်ရောက်မှုအများဆုံးရှိသော ခံစားမှုကို ဖန်တီးပ...