Search My Blog

Friday, September 4, 2020

ကဗျာဟူသည်

ကဗျာဖြင်မွေ့လျော်ခြင်း

ကဗျာဟူသည်


ကဗျာအတတ်သည် ပရိယာရ်ဖြစ်သည်။
(ဇော်ဂျီ)

ကဗျာကောင်းတို့မည်သည် နှလုံးသားမှ ယိုစီးလာသော စေတနာ ၊ နှလုံးသားမှ စီမံဖန်တီးပေးလိုက်သော စိတ်ကူး၊ နှလုံးသားမှ မြည်လာသော အသံတို့ ကိန်းဝပ်ရာ စာမျိုးဖြစ်သည်။
(ဇော်ဂျီ)

ကဗျာဟူသည် ကဗျာဆရာက သူ တွေ့ကြုံခံစားမိသောအရာကို အကောင်းဆုံးစကားလုံး၊ အထိရောက်ဆုံး သံစဉ်များ သုံးပြီး အလှပဆုံး ပုံသဏ္ဍာန်တစ်ခုတွင် ထည့်သွင်းဖော်ပြထားသော နိမိတ်ပုံ တစ်ခုဖြစ်သည်။

(မောင်စွမ်းရည်)


ကဗျာဆိုသည်မှာ မိမိရောက်နေသောခေတ်
အသက်ရှင်နေသောခေတ်၏အတွေးအခေါ်များကို အခြေခံ၍
သက်ရောက်မှုအများဆုံးရှိသော ခံစားမှုကို ဖန်တီးပေးရန်ဖြစ်သည်။
(မြန်မာကဗျာစာတမ်း ဒုတိယတွဲ)


အကောင်းဆုံးအစီအစဉ်နှင့် အကောင်းဆုံးစကားလုံးများကို ရေးသားထားခြင်းသည် ကဗျာပင် ဖြစ်သည်။
(S.T Coleridge)

ကဗျာများကိုလေ့လာခြင်း
******************
ကျွန်တော်တို့ဟာ ကဗျာများကို လေ့လာတဲ့နေရာမှာ နန်းတော်၊ အိမ်တော်မှာ သီးကျူးကြတဲ့ ပျို့ကဗျာကြီးတွေကိုပါ လေ့လာရုံမက၊ ရပ်ထဲ၊ရွာထဲမှာ အဖူးအညွန့်တဝေဝေဖြင့် လှုပ်ရှားနေသော တေးကဗျာများကိုပါ စုဆောင်းလေ့လာသွားရမည် ဖြစ်သည်။ ထိုကဗျာများကသာလျှင် မူလဘူတ အပီပြင်ဆုံး ကဗျာစု ဖြစ်လိမ့်မည် မည်၏။

Ref::
၁။မောင်သာနိူး၏ မာ့က်ခ်ဝါဒနှင့် ကဗျာသဘောတရား

No comments:

Featured Post

ကဗျာဟူသည်

poetry ကဗျာဟူသည် ကဗျာဆိုသည်မှာ မိမိရောက်နေသောခေတ် အသက်ရှင်နေသောခေတ်၏အတွေးအခေါ်များကို အခြေခံ၍ သက်ရောက်မှုအများဆုံးရှိသော ခံစားမှုကို ဖန်တီးပ...