[ငါ/ကဗျာ/စိတ်ဝေဒနာများ-၂၂]-Minsetwai
မနက်ဖြန်မုန်းတီးရောဂါ
မေတ္တာတရားနဲ့ စပ်လျဉ်းတဲ့ အကြောင်းပြချက်တွေထဲမှာ
မသိချင်ယောင်ဆောင်ထားကြသော
အသုံးမကျသော အပိုင်းအစခပ်များများနဲ့ လူတစ်ချို့
ပြီးတော့ သူတို့ရဲ့ အပေါ့အငန်မြည်းစမ်းမူကို
ငြင်းဆန်ခွင့် မရှိနိူင်သောငါ
ထိုကစားဝိုင်းထဲမှာ
သေချင်ယောင်ဆောင်နေသည့် မှောက်ထားသောဖဲချပ်ကိုယ်စီများ
ဒါက ဥုံဖွကင်းမဲ့ဇုန် သို့ ဆောရီးကန့်သတ်ဇုန်
ကြိုးဆွဲချင်သူ မရှိလောက်သော ရုပ်သေးပျက်ငါပုံကို
ဝိုင်းရယ်လိုက်ကြပုံက တဟီးဟီး တဟားဟား။
နောက်ထပ် ခြေချော်လက်ချော်ဖြစ်မယ့်နေ့တွေ
လွှင့်ပစ်ချင်မိလည်း
အချို့က ၅၂၈မျက်နှာဖုံးကို သုံးလို့
လက်ထဲက ထောင်ချောက်မောင်းခလုတ်ကို ပွတ်သပ်ယုယနေပြန်တာ
စုစောင်းထားခဲ့တဲ့ အသိညဏ်တွေတောင် ပွန်းပဲ့ကျိုးပျက်ခဲ့ရ
အဲဒီအနာတရက ပုံစံခွက်အားလုံးနဲ့ လွဲချော်
စိတ်ကူးထဲထိ ဦးနှောက်ကင်းမဲ့သူ ဖြစ်နေရသလိုလို
သူရဲကောင်းတို့ လျှောတ်နေကြသောလမ်းကို
နောက်ပြန်ကျောခိုင်း လျှောတ်ချင်မိတော့တာ။
တိတ်တိတ်ကလေး မနေတတ်တော့တဲ့နောက်မှာလည်း
ငါ့နာမ်မှာ မီးလျှံတွေ ကပ်ငြိမျောပါ
ဘယ်သူ့ပစ္စူပ္ပန်မှာမှ ငါမပါခဲ့ပါ
ငါ့ဝတ်ထားရမှာက
မနက်ဖြန်ဆိုတဲ့ အင်္ကျီနဲ့
ငါရဲ့ လူမုန်းများတဲ့စကားလုံးတွေမို့
မနက်ဖြန်ထဲမှာ ငါမလျှောတ်ရဲတော့တဲ့အခါ
မနက်ဖြန်က ငါ့ေ့ရှမှာ
ခေါ်က်တုန့်ခေါ်က်ပြန် လမ်းသလားပြနေတော့တာ။
Aug3.2020
Minsetwai

No comments:
Post a Comment