Search My Blog

Sunday, August 9, 2020

ရတု

#ကဗျာဖြင့်မွေ့လျော်ခြင်း
#ရတု

ရတုဆိုသည်မှာ လင်္ကာမှပေါ်က်ဖွားလာသော အဖွဲ့အနွဲ့တစ်မျိုးဖြစ်သည်။ ရတုကို အစပြုခုနှစ်နှင့်ခေတ်ကိုတော့ ပင်းယခေတ် (674AD) လောက် ဖြစ်မည်ဟု ခန့်မှန်းထားကြသည်။ ရတုနှင့်ပတ်သက်၍ အေဒီ၆၇၃ခုနှစ်တွင် အဝဘုရင် ပထမမင်းခေါ်င်ကြီးသည် မြန်မာမူကို များစွာအားပေးခဲ့ရာ သူကိုယ်တိုင် ကျေးစေယ်ဘွဲ့ရတုတစ်ပုဒ်ကို ရေးဖွဲ့ခဲ့ဖူးသည်ဟုလည်း ဆိုကြသည်။

ရတုကို တစ်ပိုဒ်ထဲ ရေးဖွဲ့လျင် ဧကပိုဒ်ရတုဟုခေါ်သည်။ နှစ်ပိုဒ်ရေးဖွဲ့ထားပါက အဖြည့်ခံရတုဟု ခေါ်သည်။ ယင်းရတုတွင် နှောင်းစာဆိုများက ကျန်တစ်ပိုဒ်ကို ဖြည့်ကာရေးပေးရသည်။ သုံးပိုဒ်ကို တစ်ဦးတည်းက ရေးဖွဲ့လျှင် ပိုဒ်စုံရတုဟုခေါ်သည်။ ဆရာတော် ရှင်မဟာရဋ္ဌသာရသည် သူ၏ပိုဒ်စုံရတုများကို တောင့်တဲတွန့်ဖွဲ့နည်းဖြင့် ဖွဲ့ခဲ့သည်။ ပိုးတောင့်တဲကလေးများ တွန့်လိုက်ဖြေလိုက်သွားနေသည်ကိုကြည့်လျှင် နွဲ့နွဲ့လျလျနှင့် လှလှပပသွားနေပုံကို မြင်ရသကဲ့သို့ ဖွဲ့နွဲ့ထားခြင်းဖြစ်သည်။ ထိုထက်စောသော အခြေအနေကိုကြည့်လျှင်မူ အေဒီ၁၅၀ခန့်က ပေါ်ပေါ်က်ခဲ့သော သျိူးလိုက်ရတုများကို တွေ့မြင်နိူင်ပါသည်။ ပညာရှင်အများစုကမူ သျိုးလိုက်ရတုမှ ရခိုင်စာပေမှ ပေါ်ပေါ်က်ခဲ့သည်ဟု ဆိုကြသည်။ ထိုသျိုးလိုက်ရတုမှာ ရှင်လောင်းလှည့်ရတုအသွားမျိုးဖြစ်သည် ဟူ၏။

ရတုကဗျာများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်တည်ခဲ့သော အင်းဝခေတ်တွင်မူ ဆရာတော် ရှင်ဥတ္တမကျော်သည် မြတ်စွာဘုရား ကပ္ပိလာဝတ်သို့ ကြွတော်မူခန်း တောလားရတုကြီးကို ရေးဖွဲ့ခဲ့ရာ အထူးထင်ရှားခဲ့ပါသည်။ ဆရာတော်သည် ထိုရတုကို စပ်ဆိုရာ၌ မိမိကိုယ်တိုင် တောထဲတောင်ထဲ လှည့်လည်နေထိုင်သူ ဖြစ်သောကြောင့် တောလားရတုကို ပိုမိုပြောင်မြောက်အောင် စပ်ဆိုနိူင်ခဲ့ခြင်း ဖြစ်သည်။

ထိုအတူ ဆရာတော် ရှင်မဟာရဠသာရသည်လည်း ထင်ရှားကျော်ကြားသော ရဟန်းစာဆိုဖြစ်သည်နှင့်အညီ ထင်ရှားလှသော ရတုများကို စပ်ဆိုခဲ့ပါသည်။ ဆရာတော်၏ ထင်ရှားလှသော ရတုများမှာ ရှင်မဟာသီလဝံသ၏ အမေးကိုဖြေသောရတု ၊ ပြည်မြို့ဝံတောင်လည်ဘုန်းတော်ကြီးကို မေးလျှောတ်သည့်ရတု ၊ ရာဇဝသတီခန်းရတု ၊ ပုလဲတစ်တန့် သန္တတစ်တန့် ဆိုနည်းရတု ၊ မုတ္တရွှဲသီဆိုနည်းရတု ၊ ဘုရားတိုင်ရတု ၊ မယ်ဘွဲ့ရတု ၊ ကိုယ်ရည်သွေးရတု တို့ပင်ဖြစ်သည်။

ထိုကဲ့သို့ပင် လက်ဝဲသုန္ဒရအမတ်ကြီးသည်လည်း
ငထင်ကျော်အမူပွေမူကြောင့် မင်းမျက်သင့်ကာ မဲဇာသို့ နယ်နှင်ဒဏ်သင့်ခဲ့ရသည်။ အမတ်ကြီးသည် ထိုမဲဇာသစ်တောထဲတွင် ရာသီဥတုဒဏ်ကို ကြိတ်မှိတ်ခံစားရင်း ရတနာသိင်္ဃကုန်ဘောင်မြို့ကို လွမ်းဆွတ်တမ်းတကြောင်းကို ရတုပိုဒ်စုံကြီးရေး၍ မင်းတရားထံ ဆက်သခဲ့သည်။

ထိုရတုထဲတွင် အမတ်ကြီးက အအေးဓာတ်လွန်ကဲမူ၊ ကင်းစမ်းတောင်မှ အစပြု၍ အဆက်မပြတ် တိုက်ခတ်လာသောအကြောင်းအရာများမှ အစပြု၍ ဒေသခံမဲဇာသူတို့ ညောင်ရေသွန်းပွဲတော်တွင် ဘာသာတရားအပေါ်၌ သဒ္ဒါတရားထက်သန်စွာဖြင့် ထုံထမ်းစဉ်လာနှင့်အညီ ကုသိုလ်ပြုကြကာ နိဗ္ဗာန်ကိုရည်မှန်း၍ ဆုတောင်းကြပုံအဆုံး ခံစားရေးဖွဲ့ထားရာ ဖတ်ရသူတိုင်းက အမတ်ကြီး၏ ခံစားချက်နှင့် မိသားစုကွဲကွာနေရပုံကို စာနာမိခဲ့ကြရသည်။ ထိုသို့ ဂရုဏာသက်ဖွယ်ကောင်းသော ရတုကြီးကြောင့် ဆင်ဖြူရှင်မင်းတရားမှာ စိတ်နှလုံးထိခိုက်ရသောကြောင့် အမတ်ကြီးအား နေပြည်တော်သို့ပြန်ခေါ်ကာ အမူတော်ကို နဂိုအတိုင်း ပြန်လည်ထမ်းရွက်စေခဲ့သည်။ ထိုရတုအမည်မှာ မဲဇာတောင်ခြေချီရတုပင် ဖြစ်သည်။

ရတုဆရာများသည် ခေတ်အဆတ်ဆတ်ကျော်ကြားလာခဲ့ကြပြီးနောက် ဆရာနဝဒေးကို အလွန်မှအားကျပြီး ဆရာနဝဒေး၏ရေးဖွဲ့ပုံကို အတုယူကာ ရေးဖွဲ့ခဲ့သူတစ်ယောက်မှာလည်း အတော်ကလေးနာမည်ကြီးပြန်ပါသည်။ ထိုသူမှာ နတ်သျှင်နောင်ပင်ဖြစ်သည်။ နတ်ရှင်နောင်သည် နဝဒေးကြီး၏ မယ်ဘွဲ့ရတု ၊ ကျေးစေရတု ၊ ဘုရားတိုင်ရတုတို့ကို မှီး၍စပ်ဆိုရာ၌ ေ့ရှမှခင်းထားသောလမ်းကို လျှောတ်ရလွယ်သဖြင့် စကားလုံးအသုံးအနူန်းများကို ထိုထက်သာလွန်အောင် စပ်ဆိုပြခဲ့သည်။ နတ်သျှင်နောင်သည် ရတုရေးဖွဲ့ရာတွင် စကားလုံးအလှည့်အပြောင်း အလွန်းကောင်းသလို စကားလုံးကြွယ်ဝပြီး ဖွဲနွဲ့ပုံမှာလည်း ထိမိလှသူဖြစ်သည်။ ရတုထဲတွင် အနုအလှစကားများကိုလည်း ထည်လဲသုံးနိူင်သူဖြစ်သည်။

အထူးသဖြင့် ဇင်မယ်ဘုရင်၏နှမတော် ရာဇဓာတုကလျာကို အစွဲကြီးစွဲလမ်း ချစ်ကြိုက်မိသောကြောင့် ထိုမင်းသမီးကို ရည်ညွှန်းစပ်ဆိုသော ရတုများ၏ နုပုံလှပုံမှာ အတိုင်းထက်အလွန် ပြောင်မြောက်လွန်းလှခဲ့ပါသည်။ သူသည် ထိုမင်းသမီးကို နတ်ပြည်ခြောက်ထပ်မှ နတ်သက်ကြွေလာသော လူဝင်စားနတ်သမီးတစ်ပါးအဖြစ် ခိုင်းနိူင်းရေးဖွဲ့ရာမှစပြီး အနေဝေးရခိုက်တွင်လည်း မိမိသည်လည်း တိမ်တို့လို စွန်တို့လို လေတို့လို ချစ်သူမျက်နှာ ဖူးတွေ့ရဖို့ လာလိုသောဆန္ဒရှိပါသော်လည်း ဌက်တို့လို အတောင်မရှိသောကြောင့် မတတ်သာပါဟုအဆုံး အလွမ်းဓာတ်ခံရှိသူများ ငိုင်သွားရလောက်အောင်ကို အဖွဲ့ကောင်းခဲ့သူပင်ဖြစ်ပါတော့သည်။

ကိုးကား
#ဆရာဦးဖေမောင်တင်၏ မြန်မာစာပေသမိုင်း
#ဆရာသိင်္ခသူ၏ မြန်မာစာဆိုတော်ကြီးများ၏ဘဝပုံရိပ်

Aug8.2020
#Minsetwai

No comments:

Featured Post

ကဗျာဟူသည်

poetry ကဗျာဟူသည် ကဗျာဆိုသည်မှာ မိမိရောက်နေသောခေတ် အသက်ရှင်နေသောခေတ်၏အတွေးအခေါ်များကို အခြေခံ၍ သက်ရောက်မှုအများဆုံးရှိသော ခံစားမှုကို ဖန်တီးပ...