ကျွန်တော်အမြင်များ
နိူင်းနိူင်းစနေ၏ နှင်းဆီမြစ်နှင့်အခြားရသဝထ္ထူတိုများ-၂
ဒီစာအုပ်လေးထဲကပဲ နောက်ထပ်ဝထ္ထူတိုလေး တစ်ပုဒ်ကိုလည်း ပြောပြပါရစေ။ ဝထ္ထူနာမည်ကိုတော့ သင့်မြတ်တဲ့လူ့အခွင့်အရေးလို့ အမည်တပ်ထားပါတယ်။ ဒီဝထ္ထူတိုလေးက ရှစ်နှစ်သားအရွယ် ကောင်လေးတစ်ယောက်အကြောင်းကို ဖော်ပြထားပါတယ်။ သူဟာ သူ့အရွယ်မှာ ကျောင်းမတတ်ရဘဲ အလုပ်လုပ်နေရသူ တစ်ယောက်ပါ။ ဘာကြောင့် အလုပ်လုပ်နေရသလဲဆိုတာကတော့ ဒီလိုပါဗျ။
( နိူင်ငံခြားသားက ကျွန်တော်ကို ဘာကြောင့် ဒီမှာ အလုပ်လုပ်နေရသလဲလို့ မေးတယ်။ ကျွန်တော့်အဘိုးခေတ်တုန်းက ရေဘေးနဲ့ တစ်ခါကြုံခဲ့ရလို့ လယ်တွေ ရေမြှပ်ကုန်တဲ့အကြောင်း ၊ လယ်ရှင်က လယ်ဌားခတောင်းတော့ အဘိုးက မပေးနိူင်လို့ အိမ်မှာရှိတဲ့နွားကို ယူသွားမယ်ဆိုတဲ့အကြောင်း အဘိုးက အဲဒီနွားအပေါ် သံယောဇဉ်ရှိတဲ့အကြောင်း၊ ကျန်ရှိတဲ့အကြွေးတွေကို အလုပ်လုပ်ပြီး ဆက်မယ်ဆိုတဲ့အကြောင်း သူ့ကို ကျွန်တော်ပြောပြလိုက်ပါတယ်။ အဘိုးက စာမဖတ်တတ်တော့ အကြွေးတွေ ဘယ်လောက်တင်နေတယ်ဆိုတာကို မသိဘဲသူ့တစ်သက်လုံးအလုပ်လုပ်ပြီး ဆပ်ရှာပေမယ့် အကြွေးတွေက မကျေခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော့်အဖေက ဆက်ပြီးဆပ်နေရတယ်။ အဲဒီနွားတစ်ကောင်ကြောင့် မြေးဖြစ်တဲ့ကျွန်တော်လည်း ဆက်ပြီးဆပ်နေရဦးမယ်။ pg-53)
သူ့ဆီက ဒီအကြောင်းအရာတွေကို နားထောင်လိုက်ရတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းထဲက ဦးသင့်မြတ်ဟာ စာနာနားလည်စိတ်ရှိတဲ့လူ ဖြစ်တာကြောင့် သူ့အဖွဲ့အစည်းကနေတစ်ဆင့် ကလေးတွေကို စက်ရုံမှာ အလုပ်မလုပ်ရလို့ တားမြစ်ပိတ်ပင်လိုက်ပါတယ်။ ဒီနောက်တော့
(အဖေအမေတို့ရဲ့လခနဲ့ ကျွန်တော်တို့ မိသားစု မလောက်ဘူးဆိုတာ ကျွန်တော်သိတယ်။ ကျွန်တော် တခြားနေရာသွားပြီး အလုပ်ရှာလည်း ရမှာမဟုတ်တော့ပါဘူး။ ဖြစ်နိူင်ချေတစ်ခုကတော့ ကျွန်တော်သူတောင်းစားလုပ်ရတော့မယ် ထင်တယ်။ pg-55)
ဟုတ်တော့လည်း ဟုတ်ပါတယ်။ ကလေးတော်တော်များများဟာ အလုပ်လက်မဲ့ဖြစ်သွားကြပြီးနောက် တောင်းစားတဲ့အလုပ်ကိုပဲ လုပ်ကြပါတော့တယ်။ ဒါကြောင့် အခုလိုအလုပ်လက်မဲ့ဖြစ်သွားရတဲ့ အခြေအနေနဲ့ယှဉ်ပြီး ကောင်လေးရဲ့စိတ်ထဲမှာ စနိူးစနောင့်ဖြစ်ပါတော့တယ်။
(ဦးသင့်မြတ်ကို လူကောင်းတစ်ယောက်လို ကျွန်တော်ထင်ခဲ့တာ။ ဒါပေမယ့် ပါကစ္စတန်က ဆင်းရဲသားကလေးငယ်တွေကို သူနည်းနည်းမှ နားမလည်ခဲ့ဘူး။ နွားတစ်ကောင်ကြောင့် ဆွေစဉ်မျိုးဆက် ကျွန်ခံရတဲ့အတွက် အဘိုးကို ကျွန်တော်စိတ်မနာဘူး။ လုပ်အားခမရပေမယ့် တစ်နေ့ထမင်းသုံးနပ်စားရတာကို ကျွန်တော်ကျေနပ်ခဲ့တယ်။ pg.56)
တစ်ခါတစ်လေ လူလောကဟာ စေတနာရှိလို့ ကူညီလိုက်ရုံနဲ့ အစစအရာရာ အဆင်ပြေမသွားနိူင်ဘူးဆိုတာကို ဒီဝထ္ထူတိုလေးက ဖော်ပြပေးပါတယ်။ ဘဝတွေကို ခံစားနားလည်ပေးတတ်ပြီး အခြေနေ အရပ်ရပ်ကိုလည်း ပြန်လှန်သုံးသပ်ပြီးမှ တကယ့်လိုအပ်တဲ့ အကူအညီကို ပေးသင့်ကြောင်း မြင်မိပါတယ်။ ဒီကောင်လေးဟာ ကလေးအလုပ်သမားဖြစ်နေပေမယ့် ဒီလိုလုပ်ဆောင်ရတာကို သူမနာကျည်းပါဘူး။ ဘာကြောင့်ဆို သူ့မှာ အခြားရည်ရွယ်ချက်တစ်ခုလည်း ရှိနေခဲ့လို့ပါပဲ။
( အခုအချိန်မှာ ကျွန်တော်အလုပ်လုပ်တယ်။ ကြီးလာရင် အတွေ့အကြုံတွေရမယ်ဆိုတဲ့ စိတ်ကူးတွေ ရေစုန်မျောရပြီ ထင်ပါရဲ့။ အစိုးရက ကျွန်တော်တို့ကို ဂရုမစိုက်ဘူး။ နိူင်ငံခြားသား ဦးသင့်မြတ်က သဘောကောင်းပေမယ့် ကျွန်တော်တို့ကို အလုပ်လက်မဲ့ ဖြစ်စေခဲ့တယ်။ အခုတော့ ကျွန်တော် သူတောင်းစားလုပ်ရတော့မယ်။ ကျွန်တော်တစ်ခု စိုးရိမ်တာက ကျွန်တော်သူတောင်းစားပဲ လုပ်သွားရတော့မလား။ pg-56)
ကူညီမူဟာ အရာမထင်ဘဲ စေတနာက ဝေဒနာဖြစ်တဲ့အပြင် ကလေးတစ်ယောက်ရဲ့ အိပ်မက်စိတ်ကူးတွေကိုပါ ပျက်ပြယ်သွားစေခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့တွေ တစ်စုံတစ်ဦးကို ကူညီချင်တဲ့အခါ ကိုယ့်ကပေးမယ် အကူအညီဟာ သူ့အတွက် အရေးအပါဆုံးဖြစ်စေလောက်တဲ့ဟာလားဆိုတာကို အရင်စဉ်းစားရမယ့် အချက်ပါပဲ။ ဒီနှင်းဆီမြစ်စာအုပ်ထဲမှာ ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ ဝထ္ထူတို ၁၈ပုဒ်ပါဝင်ပါတယ်။ အပုဒ်တိုင်းက ဖတ်ပြီး ဘဝင်ကျလောက်စရာတွေချည်းပါပဲ။ ဝထ္ထူတိုဖတ်ရတာ နှစ်သက်သူတွေအတွက်တော့ အကြိုက်ဖြစ်စေတာမို့ မဖတ်ရသေးရင် ဖတ်ကြည့်လိုက်ကြပါဦးခင်ဗျ။
July29.2020
Minsetwai
Search My Blog
Subscribe to:
Post Comments (Atom)
Featured Post
ကဗျာဟူသည်
poetry ကဗျာဟူသည် ကဗျာဆိုသည်မှာ မိမိရောက်နေသောခေတ် အသက်ရှင်နေသောခေတ်၏အတွေးအခေါ်များကို အခြေခံ၍ သက်ရောက်မှုအများဆုံးရှိသော ခံစားမှုကို ဖန်တီးပ...
-
"My Information Gap" Every open mind Every stay in the psychological experience Every want to the psychological liberation Every n...
-
1963AD 1963.sep ထိုကာလတွင် ဗကပတို့သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အမြတ်ထုတ်ရန် သဘောထားခဲ့ကြသည်။ သူတို့သည် အဝေးရောက် ဗဟိုကော်မတီနှင့်...
No comments:
Post a Comment