Search My Blog
Tuesday, December 24, 2019
My Divine Mother
I thought, Love is being stupid together
Really, i barked the wrong tree barked -
- with my future
Finally love isn't training ground for life
However, i concepted over confidence to her.
Oh....My Divine Mother ............,
I was awe inspirting in your manipulations
Yet , You are black widow with the your charms
And you give me the deadly poisons.
After That,
i was losing emotional connections with my despoir
Also Brain - Dead and my life was not commonsensical.
Oh....My Divine Mother ............,
Have very strong by Your climate changing
Yet, also my heart was transfering-
- such as the burnt-achre
And also my love has been clapped_out
Thus, also you will not become eternal recurrence -
- into my eternally love.
Dec23,2019
Minsetwai
--------------------------
Monday, December 16, 2019
Her Lover
Her Lover was,
A heroic and like a mountain
In order to her tragic past,
He is the healer to her.
For her black shades,
He was made cleaning its,
with His lovely sky.
He was a hero in her heart,
His love will be great
With his sacrifices.
In her vision sticked his love,
On the throughout her life .
Thus,
she was again and again bow down to him
In her internalize.
Her lover was,
Who can truly change her every mistake.
Because of him,
she designate as a benefactor to him
when her life was turned out to be fun.
After her family includes him,
Never come thorn,
Never come wrong decisions,
Never come too bad a life
Never come sad at her family life.
Her lover was her husband,
whom she loved very much.
Dec16,2019
Minsetwai
------------------------------------------------------------
Sunday, December 8, 2019
အကွာအဝေးပစ္စုပ္ပန်
[ငါ/ကဗျာ/စိတ်ဝေဒနာများ-၄]_Minsetwai
"အကွာအဝေးပစ္စုပ္ပန်"
ဒုတိယမြောက် ကျရှုံခြင်းမှာ
မိုးတိမ်တွေတောင် ဝတ်လစ်စလစ်
အခြေအနေနဲ ့ အချိန်အခါတစ်ခု
နောက်ဆုံးအကြည့်တွေ ပုန်းလျိ ုးကွယ်လျိ ုး
ချစ်မေတ္တာတို ့ ညကိုလမ်းသလားဖို ့
သူ ့ဘက်ကိုယ်ဘက် ငဲ့ကွက်ရင်းပျက်
အပိုင်မဟုတ်တော့တဲ့မျော်လင့်မနက်ဖြန်တွေ
ကိုယ်ရည်သွေးတီးလုံးတွေ မတီးခတ်ရဲ
ရှက်ရွံမူ နဲ ့ ဒုတိယငါ
ဘဝနာနေတဲ့ လက်နဲ ့လှေနံဓားထစ်ထား
အနမ်းတစ်ချက်တောင် မရထိုက်မိပေမယ့်
အခါခါနမ်းမိခြင်းမှာတော့ ဆုမွန်ကောင်းတွေနဲ ့ပေါ့။
သိပ်အဆင်မပြေဘူး ကျကွဲလိုက်ချင်ရဲ ့
မဖြစ်ဘူး ကျကွဲစရာ နေရာကမရှိဘူး ကလေး
မချိုမြိန်သော ကိုယ်ထူကိုယ်ထ ဘဝ
လမ်းလွှဲဘက်ကသွားတာကိုပဲ
ရင်နာနာငေးရတာပါ
ဒုတိယအကြိမ်က
ငါ့ကိုယ်ငါ ပစ်ပယ်လိုက်ခြင်းနဲ ့ နားလည်မူ
သူစိမ်းဆန်ခံရတဲ့ နှလုံးသား
ခဏလောက် နမ်းရှိုက်ပွေ ့မှာ ဖြေရင်း
ကြိုးတွေထဲ နစ်မွန်းသွားမလား
ကျယ်ကျယ်ပြန် ့ပြန် ့နဲ ့ပျော်ရွှင်စွာ
ဆော့ကစားနေတာ ကောင်းရဲ ့
ငါက မင်းသိခွင့်မရနိူင်တဲ့ ငါ
အလိုက်အထိုက်တို ့ထဲမှာ
ချောင်းကြည့်ခွင့်တွေကို ကြိုးစားဖွင့်ရင်း။
Dec8.2019
Minsetwai
Friday, December 6, 2019
ဆူမာရီယာန်လူမျိုးများ(Sumerians)
ဆူမားရီးယန်းများသည်မက်ဆိုပိုတေးမီးယားတောင်ပိုင်း (ဘီစီ ၆၀၀၀ မှဘီ။ စီ။ အီး။ မှ ၄၀၀၀ အထိ) တွင်နေထိုင်ခဲ့ကြသည်။
ဆူမာရီယာန်လူမျိုးတို့၏ ဆူမာရီယာန်ယဉ်ကျေးမူသည် နေနက္ခတ်တာရာများနှင့်ပက်သတ်ပြီး သိပ္ပံနည်းကျ လေ့လာမူများဖြစ်ပေါ်လာရန်အတွက် ပထမဦးဆုံး အုတ်မြစ်ချပေးခဲ့သော လူမျိုးများပင် ဖြစ်သည်။
ယင်းလူမျိုးများသည် အလွန်တရာမှ မြင့်မားသော မျှော်စင်များကို တည်ဆောက်ခဲ့ကြသည်။
တချို့မျော်စင်များမှာ ပေ ၇၀၀အထိ မြင့်မားသည်။
ထိုမျျှော်စင်များကို ဆူမာရီယာန် ပုရောဟိတ်များက အကြောင်းအရာ ၂ခုအတွက် ၂၄နာရီ အသုံးပြုခဲ့ကြသည်။
အကြောင်းအရာတစ်ခုမှာ လူ့လောကတွင် ဖြစ်ပျက်နေသော မူလအကြောင်းရင်းများသည် နေနက္ခတ်တာရာများနှင့် တစ်နည်းမဟုတ်တစ်နည်းပက်သတ်နေသည်ကို သနိပြုမိခဲ့ပြီးနောက် နေနက္ခတ်တာရာများကို လေ့လာရန်ဖြစ်သည်။
အထူးသဖြင့် ယင်းတို့သည် ကပ်ရောဂါများနှင့်ရင်ဆိုင်ရခြင်းများမှာ နက္ခတ်တာရာများနှင့် ပက်သတ်သည်ဟု အထူးယုံကြည်ခဲ့ကြသည်။
နာမည်ကြီးမျှော်စင်တစ်ခုကိုမူ လေနတ်သား Enlil ကို ရည်စူး ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ထိုမျှော်စင်များတွင် ဆူမာရီယန်တို ့က ဆိတ်များ သိုးများဖြင့် မြေစောင့်နတ် သစ်ပင်စောင့်နတ် ပင်လယ်စောင့်နတ် လေစောင့်နတ် ကောင်းကင်စောင့်နတ်များကို ပူဇော်ပသခဲ့ကြသည်။
ဆူမာရီယန်ဘုန်းတော်ကြီးများကမူ ေ့ရှဖြစ်ဟောခြင်းများကို ပြုလုပ်တတ်ကြပြီး ေ့ရှဖြစ်ဟောခံချင်သူမှာ သိုးများကို ယူလာရပြီး ထိုသိုးများကို နတ်စင်ေ့ရှတွင် ပူဇော်သတ်ဖြတ်ကြသည်။
ထိုနောက် သိုး၏အသည်းတွင် ပေါ်နေသော အမှတ်အသားများကို ကြည့်၍ ေ့ရှဖြစ်ဟောလေသည်။
ထို့ကြောင့် အချို့သိပ္ပံပညာရှင်များက သိပ္ပံပညာကို စတင်ခဲ့သူများမှာ ဆူမာရီယာန်များဖြစ်သည်ဟု ဆိုကြခြင်းပင်ဖြစ်သည်။
ဆူမာရီယာန်တို့သည် BC4000ဝန်းကျင်လောက်တွင် ပေါ်ထွန်းလာခဲ့ကြပြီး နွားမခန္ဓာရှိသော နတ်သမီးကို ယင်းတို ့၏ နွားများ သိုးများကို ကြည့်ရှုစောင့်ရှောက်ပေးသူအဖြစ် ယုံကြည်ကိုးကွယ်ခဲ့ကြသည်။
ယင်းတို ့၏ ကိုးကွယ်မူမှာ နတ်အမျိုးမျိုးနှင့်အတူ မှော်ပညာများလည်း ပေါ်င်းစပ်ပါဝင်ခဲ့ကြသည်။
ယင်းတို ့က မှော်ပညာကို ဝေဒနာခံစားနေရသောသူများကို ကူညီရာတွင် အသုံးပြုခွင့် ပေးထားကြသည်။
တစ်ဖန် ယင်းတို ့သည် လင်ယုန်ဌက်ကို ဌက်ကောင်းဌက်မြတ်အဖြစ် တန်ဖိုးထားပြီး လင်းယုန်ဌက်သည် မကောင်းဆိုးဝါးများကို နှင်ထုတ်ပေးသော သတ္တဝါဖြစ်သည်ဟု ယူဆကြသည်။
ref: ဦးနု၏ ယဉ်ကျေးမူအစ ရုပ်စုံသမိုင်း
Dec6,2019
Minsetwai
-------------------------------
Monday, December 2, 2019
အိန္ဒိယပြည်မှမှော်
"အိန္ဒိယပြည်မှမှော်"
အိန္ဒိယသည် ရိုးရာအစဉ်အလာများနှင့်အတူ အယူသီးမှုများစွာရှိခဲ့သည့် ရှေးဟောင်းနိုင်ငံတစ်နိုင်ငံဖြစ်သည်။
လွန်ခဲ့သောရာစုနှစ်များတွင် လူမှုရေးနှင့်အယူသီးမှုများစွာကို ဖျက်သိမ်းခဲ့သည်။
သို့သော်လူ့အဖွဲ့အစည်းကို အမှန်တကယ်ခြိမ်းခြောက်နေသောမကောင်းသောအလေ့အကျင့်အချို့တည်ရှိနေဆဲဖြစ်သည်။
အိန္ဒိယတို ့ ၏ မှော်ဂန္ဓာရီပညာတွင်
ယျာဈနဝိဇ္ဇာ၊
မန္တရဝိဇ္ဇာ၊
ဂန္ဓာရီဝိဇ္ဇာနှင့်
မဟာဂန္ဓာရီဝိဇ္ဇာဟူပြီး၄မျိုးခွဲထားသည်။ယျာဈနဝိဇ္ဇာသည်သက္ကတဝေါဟာရဖြင့်ယဇ်ပူဇော်ခြင်းဟု အဓိပ္ပါယ်ထွက်သည်။
ယင်း၏နည်းလမ်းများမှာ အစီအရင်ပွဲများကျင်းပခြင်း၊ ယဇ်ပူဇော်ခြင်း၊ ပရလောကမှစ နာနာဘဝနှင့် နတ်တို့၏ အကူအညီများဖြင့်သိဒ္ဓိရယူခြင်းတို့ပင်ဖြစ်သည်။
ထိုကြောင့်ဓာတ်ရိုက်ဓာတ်ဆင်ခြင်း၊ယတြာပြုခြင်း၊နတ်ပင့်နတ်ကိုးကွယ်ခြင်း၊နာနာဘဝများကိုမွေးခြင်း၊အောက်လမ်းပညာ၊အင်းပညာစသော ရုပ်ဝထၳူအစီအရင်များနှင့်ပရလောကသားများကို အားကိုး၍တန်ခိုးရရှိအောင်ပြုလုပ်ခြင်းတို့မှာ ယျာဈနဝိဇ္ဇာပညာဟုခေါ်သည်။
မန္တရဝိဇ္ဇာကမူ မန္တာန်များကိုရွတ်ဖတ်သရဇ္ဈာယ်ခြင်းဖြင့် မန္တန်စောင့်နတ်များ၏ အကူအညီကိုရယူခြင်းပင်ဖြစ်သည်။
ဂန္ဓာရီဝိဇ္ဇာမှာ စိတ်တန်ခိုးရရှိရေးအတွတ် ကျင့်ကြံအားထုတ်ပြီးနောက် ထိုစိတ်တန်ခိုးဖြင့် အကြားအမြင်ပေါ်က်ခြင်း၊ ပရလောကနှင့်ဆက်သွယ်နိူင်ခြင်းတို့ပင်ဖြစ်သည်။
မဟာဂန္ဓာရီဝိဇ္ဇာကမူ ဘာသာရေးသက်သက်သာ လိုက်စားပြီးကျင့်ကြံအားထုတ် ပေါ်က်မြောက်လာသူများပင် ဖြစ်သည်။
ထိုအထဲမှ Black magic နွယ်သော ယျဈနဝိဇ္ဇာ
မှော်အတတ်ဆိုင်ရာများနှင့် ပက်သက်၍ Mayong ရွာသည် နာမည်ကြီးလှသည်။ထို Mayongဒေသသည်
Black Magic ၏ Land ဟုလည်းလူသိများပြီး အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ် Morigaonဘက်မှာရှိသော ခရိုင်ရွာလေးတစ်ရွာဖြစ်သည်။ထို Mayong တို့၏ Black of Magic နှင့်စုန်းအတတ်ပညာတွင်လည်း ယင်းတို့၏ မှော်အတတ်နှင့်မှော်အစဉ်အလာလေ့ကျင့်ခြင်းများကို လက်ဆင့်ကမ်း သင်ကြားပေးခဲ့ကြသည်။ သမိုင်းများအရ Narabali သို့မဟုတ်လူသားယဇ်များကို Shakti ၀ တ်ပြုမှုနှင့် ဆက်စပ်၍ ခေတ်သစ်အစောပိုင်းအထိပြုလုပ်ခဲ့ကြသည် ဟူ၏။ မကြာသေးသော ကာလကလည်း အိန္ဒိယနိုင်ငံအရှေ့ပိုင်း Orissa တွင်လူသား ဦး ခေါင်းခွံ ၂၁ ခုကိုတွေ့ရှိခဲ့ပြီး ၎င်းသည် လူတို့အားအနစ်နာခံခြင်း သို့မဟုတ် မှော်အတတ်နှင့်ဆက်နွယ်ခြင်းရှိနေသည်ဟု BBC Newsတွင် Nov24.2014ခုနှစ်က ဖော်ပြခဲ့သည်။
အရိုးများ၊ ဦးခေါင်းခွံများကို
ခြောက်သွေ့နေသောပန်းများ ၊ vermillion အမှုန့်များနှင့်အတူ odishaရှိ Kushbhadra မြစ်ကူးတံတားအောက်တွင် တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ဦး ခေါင်းခွံများအနီးတွင် ခြောက်သွေ့သောပန်းများနှင့် vermillion အမှုန့်များရှိနေခြင်းက စုန်းကဝေနှင့်ဆက်စပ်မှုရှိသည်ဟုဆိုကြသည်။
ထိုအရာများကို ဒေသခံများက ဟိန္ဒူဘာသာရေးထုံးတမ်းများတွင် မျိုးပွားခြင်းသေကတအဖြစ်သတ်မှတ်ထားကာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုကြသည်။
ထိုကဲ့သို ့ "အနက်ရောင်မှော်အတတ်" ကို အိန္ဒိယနိုင်ငံ၏ ဆင်းရဲသောဒေသများတွင် လေ့ကျင့်လေ့ရှိပြီး ကလေးမွေးဖွားသောအခါများ ဖျားနာခြင်းများကိုကုသခြင်းနှင့် မိုးရွာသွန်းမှု ပိုမိုများပြားလာခြင်းကို အထောက်အကူပြုနိုင်သည်ဟု လူအများကယုံကြည်ကြသည်။
ထိုအဖြစ်အပျက်ကြောင့်ပင် odishaသည်လည်း mayongကဲ့သို ့ပင် အနတ်ရောင်မှော်နယ်မြေအဖြစ် သတ်မှတ်ခံခဲ့ရသည်။
Odisha သည် စာတတ်မြောက်မှုနှုန်း နိမ့်ကျသော အဆင်းရဲဆုံးပြည်နယ်ဖြစ်သဖြင့် မှော်အတတ်ဖြင့် ဝင်ငွေရှာဖွေမူများ ရှိခဲ့သည်။
Ref:wikipidia
Saturday, November 30, 2019
Style Of Dancing-60
သူစိမ်းတွေက
ပိုချစ်စရာကောင်းနေတဲ့ တစ်ခါတစ်လေမှာ
ညတွေထဲကနေ ငါ့ကို ဖိတ်ချလိုက်
ငါဟာ ဘယ်နံရံပေါ်မှာ ရှိမနေသင့်တဲ့ကောင်
အရက်ခွက်ထဲက ရေခဲတုံးလိုပဲ
အချိန်တန်တော့ ငါပျော်စင်းသွားတဲ့အခါ..
ရော့ မင်းမော့သောက်ပစ်လိုက်
ရှတတနဲ့ ဖိန်းတယ်။
THE END
Sep30.2017
Minsetwai
"Style Of Dancing-60"
Strangers....
When it's more lovely in sometime
Throw me away! In your night
I shouldn't exist on any walls
Like ice blocks Into a glass of alcohol
On time, When I melt
You drink it
It will melt with good taste.
![]() |
မင်းဆက်ဝေ-ကကြိုး |
Nov30.2019
Minsetwai
Thursday, November 28, 2019
Cultsလူမျိုးများ
ရှေးပဝေသဏီကာလတွင် ဥရောပအလယ်ဗဟို၌ မှော်အစွမ်းများပိုင်ဆိုင်သည် မျိုးနွယ်စုတစ်စု ရှိခဲ့သည်။
သူတို့သည် မှော်အတတ်ပညာများကို မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းသင်ကြားခဲ့ကြသည်။
ထိုမျိုးနွယ်စုကို Celtsဟု ခေါ်ဝေါ်ခဲ့ကြသည်။
ထို Celtsလူမျိုးတို့သည် ဘီစီ ၅၀၀ကါလကပင် ဥရောပတွင်ပျံနှဲနေထိုင်ခဲ့ကြသည်။
ရောမခေတ်သို့ ရောက်ရှိချိန်မှာတော့ ဥရောပအလယ်ဒေသကို စွန့်ခွာခဲ့ပြီး ဥရောပ အစွန်အဖျားဒေသများသို့ တိမ်ရှောင်နေထိုင်ခဲ့ကြသည်။
ထိုနောက်တွင်မူ အိုင်ယာလန်၊ စကော့တလန်၊ ဝေလ၊ ပြင်သစ်နိူင်ငံများတွင် အခြေချနေထိုင်ခဲ့ကြသည်။
ထိုလူမျိုးများတွင် ထူခြားနတ်နဲသော ရှေးဟောင်းအတတ်ပညာများကို ပိုင်ဆိုင်ထားသည့်အပြင် သူတို့သီးသန့်ထား၍ ကိုးကွယ်ကြသော နတ်များလည်း ရှိကြသည်။
ထိုအတူ witchcraftတို့နှင့် သက်ဆိုင်သည့် ပညာရပ်များသည် celtsတို့၏ ယဉ်ကျေးမူမှ ဖြစ်ထွန်းလာခြင်းလည်းဖြစ်သည်။ အဆုံးဆိုရပါလျှင် စုန်း၊ ကဝေအတတ်ပညာများသည် ရှေးခေတ် celtsလူမျိုးများမှ တစ်ဆင့် မွေးဖံားလာကြခြင်းဖြစ်သည် ဆိုကောင်းဆိုနိူင်ပါသည်။
ထိုကြောင့်လည်း ဝေလနယ်သားတို့မှာ စုန်းမများနှင့် စုန်းအတတ်ပညာရှင်များကို အောက်တန်းကျလွန်းသူများဟု သတ်မှတ်မထားခြင်း ဖြစ်သည်။
celtsတို့သည် သူ့တို့၏ ကိုယ်ပိုင်အခမ်းအနားများ မန္တန်ကဲ့သို့ပင် စကားလုံးများကို ရွတ်ဖတ်သရစၧျာယ်ကြသည်။ ဆိုလိုသည်မှာ ယင်းတို့သည်လည်း စွမ်းအားရှိသော စကားလုံးများကို အသုံးပြုကြသူများပင် ဖြစ်သည်။
အထူးသဖြင့် ယင်းCeltsတို့၏ ရိုးရာ မှော်ပညာရပ်များကို ရှေးဟောင်း Druidicတို့တွင်လည်း တွေ့ရှိနိူင်သည်။ အချို့သော လူများနှင့် druids တို့သည် celtsတို့၏ ပညာရပ်များကို စုန်းအတတ်အဖြစ် ကျင့်သုံးခဲ့ကြသည်။
အထူးသဖြင့် သဘာဝတရားကို ပြောင်လဲခြင်း၊ အသွင်ပြောင်းမူများပြုလုပ်ခြင်းနှင့်အတူ ဝိဇ္ဇာပညာရပ်ဆိုင်ရာများသည် Celtsတို့၏ မူလဝိသေသလက္ခဏာများပင် ဖြစ်သည်။
သို့သော်လည်း ထိုအရာသည် သူတို့၏ ဘာသာရေးမဟုတ်ပါ။ မိရိုးဖလာ အစဉ်အလာတစ်ခုကဲ့သို့သာ သူတို့က ခံယူကြပါသည်။
ထိုအတူ Celtsတို့သည် သဘာဝတရားဆီမှ အင်အားများ ရရှိစေရန် မန္တန်များနှင့် အဆောင်လက်ဖွဲ့များကို အသုံးပြုတတ်ကြသည်။ Celts တို့၏ အဆောင်တွင် အထင်ရှားဆုံးနှင့် အထက်မြက်ဆုံးအဆောင်မှာ ဂမ်ဘီရကြယ်စင်(Mystic Ster)ဟူသော အဆောင်ဖြစ်သည်။
ထိုအဆောင်ကို အလင်းတန်းခုနှစ်သွယ် ဖြာထွက်နေသော ကြယ် သို့မဟုတ် နတ်သမီးကြယ်စင်(Faery Star)ဟုလည်း ခေါ်ကြသည်။
ထိုကြယ်တွင် ထောင့်ခုနှစ်ခုပါရှိပြီး ထောင့်တစ်ခုစီတိုင်းမှာ နေရာဠာနခုနှစ်ခု၏ အဓိပ္ပါယ်ကို ဖော်ဆောင်ထားခြင်းဖြစ်သည်ဟု ဆိုကြသည်။
ထိုအတူ ဓာတ်သဘာဝ ခုနှစ်ပါးနှင့် ဂမ်ဘီရတန်ခိုးခုနှစ်ပါးတို့ကိုလည်း ရည်ညွှန်းသည်ဟူ၏။
ထိုကြယ်ကို ကိုင်ဆောင်သူမှာလည်း ကောင်းကျိုးခုနှစ်ပါးကို ရရှိခံစားရပေလိမ့်မည်။
ထို Celtsလူမျိုးတို့သည် ယင်းတို့၏ မျိုးရိုးစဉ်ဆက်တစ်လျှောတ် မှော်ပညာကို လက်ဆင့်ကမ်း ဝေမျှလာပါသော်လည်း ယင်းတို့၏ နဂိုအချိန်ကာလတစ်ခုဆီ ပြန်ရောက်ဖို့ကမူ မဖြစ်နိူင်ပါချေ။
ယခုချိန်ခါတွင် ယင်းတို့အတွက်က ထိုပညာရပ်သည် သဘာဝလွန်စွမ်းအားများအပေါ် ယုံကြည်သက်ဝင်မူများ ဖြစ်ပေါ်စေသည့် အလေ့အကျင့်တစ်ခုကဲ့သို့သာ ရှိပေတေါ့သည်။
Ref:
-Google Books
--ဆရာစံဇာဏီဘို၏ ၂၀၁၉ ခုနှစ် ကန်ရာသီဟောကိန်း
မှတ်ချက်။ ။ဂမ်ဘီရကြယ်စင်ပုံမှာ ဆရာစံဇာဏီဘို၏ ကန်ရာသီအတွက် ဟောကိန်းစာအုပ်မှဖြစ်ပါသည်။
______♥_____♥_______♥______
Tuesday, November 26, 2019
ခရာသံတစ်ခုအကြောင်း
အရှုံးကို ကြိုတွေးတာဟာ
အောင်မြင်မူရဲ့လမ်းစ
မဟုတ်ဘူးဆိုရင်တောင်
ဒါဟာ လောကဓံပါးဝဖို့
ညှင်ညှင်သာသာမှုတ်လိုက်တဲ့
ကိုယ်ပိုင်ခရာသံတစ်ခုပဲ ဖြစ်တယ်မိတ်ဆွေ။
မြင်ဖူး၊ ကြားဖူးတယ်
သစ်ရွက်တွေကြွေခြင်းမှာ
ခရာသံတွေ စီစီဝေ...
ဖျာတစ်ချပ်ပေါ်က အိပ်မက်နိဒါန်းမှာတော့
အနိူင်တွေ ဖြန့်ကြဲထားတဲ့
ကြယ်တစ်သိုက်ရဲ့ ညတွေနဲ့...
သူတို့မှာ သံမဏိတံတိုင်းတွေရှိမယ်
စစ်ရေထူနေတဲ့ အကောင်းဆုံး
စီးတော်ဖိနပ်တွေရှိမယ်
ရန်သူကို အနိူင်ပိုင်းဖို့
အကောင်းဆုံး လျိုဝှတ်မဟာဗျူဟာတွေနဲ့အတူ
သူရဲခိုမှာ ကောင်းသတင်းတွေကလည်း
ဝေဝေဆါဆာရှိမယ်
ဝပ်ကျင်းတွေထဲမှာလည်း အသာစီးရခဲ့တဲ့
အတိတ်သမိုင်းတွေ ရှိသေးတယ်
အနာဂတ်မှာလည်း
လှပလွန်းတဲ့ အင်ပါယာကြီးနဲ့..ပေါ့ ။
ဒါပေမယ့် မြင်းကောင်ခွာလိပ်ပုံပြင်တွေ
သမုဒ်ထဲက ခမ်းနားကြီးကျယ်စွာ နစ်မြှပ်သွားသော
မထင်မှတ်ရင့်နစ်စရာဖြစ်အင်တွေ
ပုံပြင်လှလှလေးဆိုတာထက်.......
ခရာသံမမဲ့ဖို့ ကဗ္ဘည်းတင်ထားတဲ့
ပေလွှာတွေ ဖြစ်ကောင်းဖြစ်နေကြပါစေ...။
အင်း...အရှုံးနဲ့
ကျုပ်သာ ကြုံခဲ့ရရင်တော့
ဒါဟာ လောကဓံပါးဝဖို့
ညှင်ညှင်သာသာမှုတ်လိုက်တဲ့
ကိုယ်ပိုင်ခရာသံတစ်ခုပဲဖြစ်ကြောင်း
ကျုပ်ရင်ဘတ်ထက်မှာ
အလံခပ်လွှင့်လွင့်ထူလိုက်မယ်....။
လောကမှာ..
မကြားလိုက်မိတဲ့..
ခရာသံတွေကိုလည်း..
ကျုပ် တီးတိုးနူတ်ဆတ်စကားဆိုလိုက်မယ်
(ညှင်သာလွန်းတဲ့ ခရာသံနဲ့...)။
Nov21.2019
Minsetwai
Thursday, November 21, 2019
ဥပဏ္ခောတိမ်တိုက်
------------------------
၁။
ဟောဒီမှာလေ...
ငါ မော့မော့ကြည့်ရတဲ့ တိမ်ဖြူတစ်ချို့ရှိတယ်...
ငါ့ ညာဘက်လက်ထဲ
ငါ့ကိုယ့်ငါ မညာဘဲ
သူကို ချောင်းကြည့်နေခဲ့ဖူးတယ်....။
၂။
မာယာတွေနဲ့
ချည်နှောင်ထားသလားပဲ
အသွင်ပြောင်းပြောင်းပြတဲ့
တိမ်ဖြူ ရေ
ခံစားချက်တွေ
ဟိုး...
အနက်ရှိုင်းဆုံးအထိ
တိုး၀င်အမြစ်တွယ်ရင်း
ရုန်းထွက်မရဖြစ်နေရပြီ...။
၃။
လေပြေတွေနဲ့ ဆော့ကစားဖို့
ဟောဒီ မြက်ခင်းစိမ်းစိမ်းတို့မှာ ငေးနေ...
ပန်းချီ ကားတစ်ချပ်လို တိမ်ဖြူဖြူ မာယာစုတ်ချက်တွေက
လှောင်ပြောင်ရယ်မောနေကြသလားလို့...
ခုလို အိမ်အိုဟောင်းလေးထဲက
ချောင်းချောင်းကြည့်ရတာကိုက
ပြက္ခဒိန်ဇာတ်လမ်းတွဲလေးပါပဲ တိမ်ဖြူရယ်.....။
၄။
တိမ်ဖြူ
မင်းဟာ
ငါရေးဖြစ်တဲ့ ငါ့ကဗျာပဲပေါ့
င့ါကဗျာမှာ
မင်းအငွေ့အသက်တွေချည်း
အမည်မသိကြည်နူးမှုအတွက်တော့
ငါတစ်ယောက်ထဲ
ပြုံး..ပြုံးနေမိတယ်လေ...။
၅။
ပြုံးနေမိတဲ့ ငါ့ကို အရူးတစ်ယောက်လို့ ဆိုမှာလား တိမ်ဖြူ
ငါ့က ဥသြတစ်ကောင်ရဲ့ နွေနေ့လည်နဲ့
သံစဉ်အပိုင်းပိုင်းကြားမှာ အလွမ်းထူခဲ့ရသူပါ...
ငါ့ကို ဖေးကူလှည့်ပါ တိမ်ဖြူ
မြက်ကန်သင်းဟာ ခြောက်သွေ့ကောက်ရိုးနှယ် ဆိုပေမယ့်
လောင်စာကောင်းလို ဟုန်းခနဲ တောက်နိူင်တယ်ဆိုတာ
မင်း အသိသားနဲ့
ခုလို လွမ်းမောစေချင်ခဲ့သလားကွယ်
ငါ့မှာ ခြောက်ခြောက်သွေ့သွေ့နဲ့ကို လွမ်းရတယ်။
၆။
တိမ်ဖြူရေ
အလွမ်းရိပ်တွေ မြင်နေလျက်နဲ့
ဥပက္ခာမပေးပါနဲ့...
ငါ့ ချစ်တတ်ခြင်းတွေ
ခံစားမိမှာပါ
ငါ့ရင်ကိုသာ ၀င်ကြည့်လှဲ့ပါတော့
ကမ္ဘာဦးတေးသွားတွေနဲ့
မင်းအလာကို ကြိုနေရစ်နေတယ်ဆိုတာ...။
၇။
မင်းမသိခဲ့ဘူးကွယ်....
မင်း ထွက်ခွာသွားပြီးတဲ့နောက်.....
မင်း ဒိုင်ယာရီလေးက ငိုနေခဲ့တယ် တိမ်ဖြူ
ငါတို့ရဲ့ လှပခဲ့တဲ့အတိတ်နေ့စွဲတစ်ချို့ဟာ
ဒီလိုမျိုး စာအုပ်ကြားထဲမှာ ညှပ်နေဖို့ပဲလားလို့
စဉ်းစားတွေးခေါ်နေခဲ့တဲ့ ဒီကာလဆိုး
ငါတို့ရဲ့ ပျော်ရွှင်မြူးတူးဖွယ် စမ်းချောင်းအိုင်ထက်မှာမှ
ပန်းတွေ ဆိုတာများ
အလိမ့်လိုက် ကြွေကုန်ကြရှာပေါ့...ကွယ်...။
၈။
အလွမ်းရင့်ရင့်အရောင်တွေနဲ့
ရစ်ခြုံထားတဲ့
ငါ့ပစ္စုပ္ပန်တွေဟာ
နွမ်းလျလွန်းနေတယ် တိမ်ဖြူ...
ငိုနေတဲ့ ဒဏ္ဍာရီမှာ
အတိတ်ခြေရာတွေ
လတ်လတ်ဆတ်ဆတ် ရှိနေဆဲ
တကယ်ပါ
ကြည်နူးခဲ့ရတဲ့ စာမျက်နှာဆီကို
မင်းပုံရိပ်တွေနဲ့
တမ်းတမ်းဆွေးဆွေး
တစ်ယောက်ထဲပြန်ငေးနေမိတယ်ဆိုတာ
တိမ်ဖြူ ... မင်းသိရင်သိပ်ကောင်းမှာပဲ...။
၉။
ပြောသာပြောရပါတယ်....တိမ်ဖြူရယ်
အခုထိပေါ့....နံရံ ပေါ်က
ငါ့လက်ရာ နင့်ပန်ချီကားတွေဟာ
ငါ့ကို ကြက်ကန်းဆန်အိုးတိုးပြီး
နင့်အချစ်ကို ရရှိခဲ့သူတစ်ယောက်ရယ်လို့
လက်ညိုးငေါက်ငေါက်ထိုးပြီး
လှောင်ပြောင် ရယ်မောနေတုန်းပဲပေါ့ကွယ်
ဒါပေမယ့်...ငါ ခိုးခိုးနမ်းခဲ့တယ်..။
၁၀။
ရာသီဥတုက
ကိုယ်တို့ကို မျက်နှာသာပေးတဲ့
အဲ့့ဒီနေ့ကို လွမ်းမိတယ်
တွေ့ဆုံခြင်းက
ဂန္တ၀င်ဆန်ဆန်မဟုတ်ခဲ့ပေမယ့်
ဒီလူ့ရင်ထဲ
တစ်သက်တာ
တက်တူးထိုးပေးလိုက်သလိုပဲ
တိမ်ဖြူရေ...
အဲ့ဒီနေ့ကို ငါမေ့လို့မရဘူးပေါ့ဟာ...။
၁၁။
ဘဝတွေရှိပါတယ်.....တိမ်ဖြူ
ဒါပေမယ့် တွန့်လိမ်ခေါက်ကြေသွားခဲ့တယ်နော်
ဘယ်တော့များ... အလွမ်း ဆုံးမှာလဲ
နင်ရော၊ ငါရော အလွမ်းပတ်လည်ဝိုင်းနေတဲ့ ကျွန်းထဲကနေ
ပင်လယ်တစ်ခုထဲ စီးဝင်ဖို့ဆိုတာ
အဲဒီလောက် ခက်နေမယ်မှန်းသိရင်
အစကတည်းက..
ငါ့လိပ်ပြာ ငါလုံအောင် ထိန်းခဲ့ပါတယ်ကွယ်....။
၁၂။
တိုက်ဆိုင်မိတိုင်း
ငါ့ရင်ကတမ်းတခြင်းတွေတော့
မဖယ်ထုတ်နိုင်ခဲ့ပါဘူး
ငါ သိချင်မိတယ်
နင်ကော?
တိုက်ဆိုင်မှုတွေမှာ
နင်ဟန်ဆောင်နေဆဲလားလို့လေ...
တိမ်ဖြူရေ
နင်မှတ်မိမှာပေါ့
အပွင့်လင်းဆုံးနဲ့ရင်ခုန်သံတွေမညာကြေးဆိုတာလေ!
ရင်ခုန်သံတွေကို
အညင်သာဆုံးနဲ့ နင်သတ်သွားခဲ့တယ်နော်
ငါ့မှာတော့ ဒီအရိပ်တွေနဲ့
တိုက်ဆိုင်တိုင်း နင့်နေအောင်ခံစားနေရတုန်းဟာ...။
၁၃။
နင် ကိုယ်ချင်း မစာနာတတ်ခဲ့ဘူးနော်
ချစ်သူဆိုတာလည်း မိသားစုဝင်မဟုတ်ဘူးလားကွယ်
နင်ခြွေချတဲ့ အဆိပ်သီးတိုင်းက
အဲဒီလို သူစိမ်းဆန်ပြတာတောင်
ငါ့မှာ ကောက်ကောက်စားရင်း
အရူးရင့်သထက်ရင့်၊ စိတ်ပဋိပက္ခ ဖြစ်
အသဲတွေ မွှမွှကြေနေပုံများ
အညိုအမဲစွဲနေတဲ့ညတွေက သက်သေခံပါ တိမ်ဖြူရယ်...။
ငါလေ နင့် ရဲ့ နှုတ်ခမ်းထက်ကမှဲ့ကို ချစ်ခဲ့တယ်...
ငါ လေ နင့်ရဲ့ ရယ်သံလွင်လွင်တစ်ချက်ကို ချစ်ခဲ့တယ်
ငါ လေ နင့်ရဲ့ စူးရှတဲ့ အကြည့်တစ်ချက်ကို ချစ်ခဲ့တယ်
အဲလို ငါ့အချစ်မှာ ငါမက်မောဖက်တွယ်နေမိတာ
ငါ သိပ်မှားခဲ့သလား တိမ်ဖြူရယ်....
နင်ကတော့ အဖြေကို ကျောခိုင်းပြခဲ့ပေါ့ကွယ်.....။
၁၄။
သိပ်ချစ်ခဲ့တယ်
အဲ့ဒီချစ်ခြင်းကိုလည်း သိပ်မက်မောခဲ့တယ်
သိပ်မြတ်နိုးခဲ့တယ်
သိပ်ချစ်ခဲ့ရသလို
ချစ်လည်းချစ်နေဆဲပဲ
ဆက်ပြီးလည်းချစ်နေမိဦးမှာ...
တိမ်ဖြူ ရယ်
နင်အပြောင်းအလဲသိပ်မြန်တာပဲဟာ
ဘ၀ဆိုတဲ့ခေါင်းစဉ်အောက်မှာ
ချစ်ခြင်းတွေကို နင် စွန့်ခွာရက်တယ်
အေးအတူပူအမျှ ဆိုတာ
နင်ပဲပြောခဲ့တာလေ
ငါတို့ပျိုးခဲ့တဲ့အိပ်မက်တွေကို
နင်နုတ်ယူသွားတယ်
သိပ်ရက်စက်တာပဲဟာ....။
၁၅။
အင်တိုက်အားတိုက် ပြေးနေတဲ့ နင့်လို လူအတွက်
ငါ့ကြောင့် ခလုတ်တိုက်လဲ မှာကိုလည်း မလိုလားပါဘူး
ပင့်ကူတွေ ပန်းချီကားမှာ အိမ်ဖွဲ့တဲ့အထိ
ငါက ဟောဒီပြတင်းပေါက်နေ နင့်ကိုမျှော်နေမယ်
ဟော...ဟိုက မြက်ပင်ရိုင်းတွေနဲ့ ခရေပင်တွေ
လေအဝှေ့ မှာ လှုပ်ယိမ်းသွားတာတွေ့တိုင်း
ဖြူလွှလွှသဏ္ဍာန်တစ်ခုကို ငါ အာရုံမြင်မက်နေမယ်
စိတ်ချတိမ်ဖြူ....
နှင်းဆီတွေ သေဆုံးခြင်း မရှိသေးပါဘူး
ပွင့်အာခြင်းထဲမှာ နင်ဆိုတာ ပါခဲ့သည်ချည်းပါပဲ.....။
၁၆။
တယုတယထွေးပိုက်မြတ်နိုးထားရခြင်းမှာ
နင့်ဥပက္ခာတွေလည်းပါတယ်. ..တိမ်ဖြူ...
ငါ မဟုတ်တဲ့ တစ်ပါးသူအကြောင်းတွေ
နင် သည်းကြီးမဲကြီးရင်ဖွင့်တိုင်း
ဒီ စွန့်ပစ်ခံ ရပ်၀န်းက
ဥပက္ခာ မပြုရက်ပြန်ဘူးလေ...
နင့် နှလုံးသားနာကျင်ရခြင်းက
ငါ့ကို ပိုနာကျင်စေပါတယ်ဟာ
နင်ရွေးချယ်တဲ့လမ်း
သာယာဖြောင့်ဖြူးပါစေ...။
၁၇။
တကယ်ပါ...တိမ်ဖြူ
ဆုတောင်းခြင်းထဲမှာ ငါ့အတ္တ လုံးဝ လုံးဝကို မပါဝင်ပါဘူးကွယ်
နင် လူတွေကြားမှာ ဂရုစိုက်ပါနော်
သံယောဇဉ်တွေ၊ အထိအတွေ့တွေ တိုးခိုက်ကြတဲ့အခါ
နင့်ရဲ့ ဘယ်လက်တစ်ဖက်ထဲက ငါ့ကို လွှတ်ချပစ်လိုက်ပါ
ဝန်ပေါ့ဖို့အတွက်ဆိုတာ
ငါ.....နားလည်ရပါတယ် တိမ်ဖြူ
အချစ်ထက် ပိုအရေးကြီးတဲ့ အရာတွေ အများကြီးရှိကြောင်း
မင်းကိုယ်တိုင် သက်သေ အခိုင်အမာ ပြနေမှာတော့
ငါ့လို ကဗျာဆရာကို
ပင်လယ်သမုဒ္ဒရာအောက်မှာ နစ်မြှပ်ခဲ့ သဘောင်္ပျက်တစ်စင်းလို
ရှာဖွေဖို့ အကြိမ်ကြိမ်ခက်ခဲနေမယ်ဆိုတာ
ဝန်ခံမပြောလည်း အဖြေမှန်က ထွက်ခဲ့ပြီးသားပါကွယ်
ဒါပေမယ့် ဘာပဲ ဖြစ်ဖြစ်ပေါ့ကွယ်
ငါ့လှိုင်းတွေ ဟာ
နင့်သောင်ပြင်ပေါ်ကို
အကြိမ်ကြိမ် ရောက် လာနေဆဲဆိုတာတော့
နင်... တစ်ချက်ကလေး ကြည့်ပေးပေါ့ကွယ်။
၁၈။
ဟိုး...အမြင့်ကိုပဲ နင်ကလှမ်းကြည့်နေခဲ့တာကိုး
တစ်ချက်ကလေးစောင်းငဲ့ကြည့်ပေးပါ
ရင်ဘတ်ခြင်းထပ်တူကျခဲ့တာ
အပျော်တမ်းရင်ခုန်ခဲ့ကြတာမှမဟုတ်တာ
အနာဂတ်ရင်ပြင်မှာ
အိပ်မက်ကြယ်တွေတလက်လက်တောက်ဖို့လေ
ဟုတ်ပါတယ်လေ တိမ်ဖြူ
ကြယ်ဆိုတာက
နင်ပြောပြောနေတဲ့
နေမင်းလောက်အလင်းရောင်မှမပေးစွမ်းနိုင်တာပဲ...
သာရာမှာသာ သာလိုက်ပါ တိမ်ဖြူ
ညအရိပ်မှာ နားစက်ခိုတိုင်း
အဝေးကနေပဲ
လှမ်းမျှော်ကြည့်ရင်း
ငါ့ရင်တွေ တဖြုတ်ဖြုတ်ကြွေပေးပါ့မယ်...
ဒီညလည်း နင်မှေးစက်ပျော်ပါစေ...။
၁၉။
ဒီလို အလွမ်းနေ့ဆိုးတို့ ကြားမှာပေါ့
ငါ ဆွဲဆွဲဆန့် နေတဲ့ကြိုးက နှောင်ကြိုးတွေတဲ့လား
မျက်ဝန်းအိမ်မှာ မျက်ရည်စို့ရလွန်းလို့
အသဲတို့က တဆစ်ဆစ်ကိုက်ခဲရပါတယ် တိမ်ဖြူ
နင့်နှောင်ကြိုးတွေက ငါ့ကိုယ်ပေါ်မှာ တစ်ရစ်ပြီးတစ်ရစ်
မြဲမြံတဲ့အလွမ်းတွေနဲ့ အတိတ်တွေ ဗဟိုပြုပြီး
ေ့ရှတူရှုမှာ
မာယာမီးတွေထွန်းလို့အလျှံတညီးညီးနဲ့ပါလားလို့
နင်....ပြန်လာပါတော့... တိမ်ဖြူ
နင်ခြယ်သထားတဲ့ အစိမ်းရောင် ပြတင်းဘောင်ထက်က
ငါ တီးတိုးစကားတွေ လျောလျောကျရင်း
ငါပြန်ကြားရတဲ့ ဂီတာခတ်သံကြားမှာ
တိမ်ဖြူဆိုတဲ့ နင့်နာမည်နဲ့ အလံဖြူစိုက်ခဲ့တယ်
တကယ်ပါကွယ်...
ငါ့ကိုယ်ငါ ထုံဆေးထိုးဖို့တော့ လိုကိုလိုနေတယ်။
၂၀။
အခုများ နင်မရှိတဲ့နောက်
မြင်မြင်သမျှဟာ စိတ္တဇဆန်ဆန်ကို ရိုင်းတယ် တိမ်ဖြူ...
ခြံထဲမှာ ပန်းတွေလည်း သေနေကြတယ်
သစ်ရွက်ခြောက်တွေလည်း ဖွာလန်ကြဲနေတယ်
မြက်ပင်ရိုင်းတွေက အုပ်စုတောင့်တောင့်နဲ့
အဲဒီထဲမှာပဲ...
ခွေးတွေ တစ်ချက်၊တစ်ချက် ထိုးထိုးဟောင်နေပုံက
နင့်ကိုမြင်လို့ပဲလားလို့ ငါယောင်ယမ်းတွေးနေတယ်
ယမကာခွက်ထဲမှာ မင်းစကားသံတွေ ပါလာတယ်
မျိုချပြီးတဲ့နောက် မင်းရဲ့တိုးငင်ငင်ရယ်သံကို ကြားတယ်
ပြတင်းပေါက်က လှမ်းမြင်ရတဲ့ စေတီတစ်ဆူက
ပိုလွမ်းမောစရာ ပုံရိပ် ဖြစ်ဖြစ်သွား
အုပ်ဆိုင်းဆိုင်း သစ်ပင်ဝါးပင်တွေအောက်မှာ
နင် ထိုင်နေလို၊ ထိုင်နေငြား
ငါ မီးထိုးထိုးကြည့်ခဲ့ပေမယ့်
ဖြစ်ရပ်မှန်ဟာ ဖြစ်ရပ် မမှန်ဘဲလေ....။
ငါ ဘယ်လောက်ကြာကြာတောင်
မျှော်ငေးမိနေတာလဲ တိမ်ဖြူ
ငါေ့ရှမှာ မိုးတွေရွာလိုက်
နှင်း တွေကျလိုက်၊ နေတွေပူလိုက်နဲ့
နာရီလက်တံတွေကို
ရန်သူကြီးတွေလို ငါရင်မဆိုင်ဘဲ
ငါရပ်တည်နေမိတာဟာ
နင်ဟာ ထာဝရမို့....
နင်ဟာ ထာဝရမို့......
နင်ဟာ ထာဝရမို့.....
တကယ်... ထာဝရမို့ပါ တိမ်ဖြူရယ်။
#Nov #13 #2017
#MinSetwai / #Snow
Hninn
Featured Post
ကဗျာဟူသည်
poetry ကဗျာဟူသည် ကဗျာဆိုသည်မှာ မိမိရောက်နေသောခေတ် အသက်ရှင်နေသောခေတ်၏အတွေးအခေါ်များကို အခြေခံ၍ သက်ရောက်မှုအများဆုံးရှိသော ခံစားမှုကို ဖန်တီးပ...
-
"My Information Gap" Every open mind Every stay in the psychological experience Every want to the psychological liberation Every n...
-
1963AD 1963.sep ထိုကာလတွင် ဗကပတို့သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အမြတ်ထုတ်ရန် သဘောထားခဲ့ကြသည်။ သူတို့သည် အဝေးရောက် ဗဟိုကော်မတီနှင့်...