"အိန္ဒိယပြည်မှမှော်"
အိန္ဒိယသည် ရိုးရာအစဉ်အလာများနှင့်အတူ အယူသီးမှုများစွာရှိခဲ့သည့် ရှေးဟောင်းနိုင်ငံတစ်နိုင်ငံဖြစ်သည်။
လွန်ခဲ့သောရာစုနှစ်များတွင် လူမှုရေးနှင့်အယူသီးမှုများစွာကို ဖျက်သိမ်းခဲ့သည်။
သို့သော်လူ့အဖွဲ့အစည်းကို အမှန်တကယ်ခြိမ်းခြောက်နေသောမကောင်းသောအလေ့အကျင့်အချို့တည်ရှိနေဆဲဖြစ်သည်။
အိန္ဒိယတို ့ ၏ မှော်ဂန္ဓာရီပညာတွင်
ယျာဈနဝိဇ္ဇာ၊
မန္တရဝိဇ္ဇာ၊
ဂန္ဓာရီဝိဇ္ဇာနှင့်
မဟာဂန္ဓာရီဝိဇ္ဇာဟူပြီး၄မျိုးခွဲထားသည်။ယျာဈနဝိဇ္ဇာသည်သက္ကတဝေါဟာရဖြင့်ယဇ်ပူဇော်ခြင်းဟု အဓိပ္ပါယ်ထွက်သည်။
ယင်း၏နည်းလမ်းများမှာ အစီအရင်ပွဲများကျင်းပခြင်း၊ ယဇ်ပူဇော်ခြင်း၊ ပရလောကမှစ နာနာဘဝနှင့် နတ်တို့၏ အကူအညီများဖြင့်သိဒ္ဓိရယူခြင်းတို့ပင်ဖြစ်သည်။
ထိုကြောင့်ဓာတ်ရိုက်ဓာတ်ဆင်ခြင်း၊ယတြာပြုခြင်း၊နတ်ပင့်နတ်ကိုးကွယ်ခြင်း၊နာနာဘဝများကိုမွေးခြင်း၊အောက်လမ်းပညာ၊အင်းပညာစသော ရုပ်ဝထၳူအစီအရင်များနှင့်ပရလောကသားများကို အားကိုး၍တန်ခိုးရရှိအောင်ပြုလုပ်ခြင်းတို့မှာ ယျာဈနဝိဇ္ဇာပညာဟုခေါ်သည်။
မန္တရဝိဇ္ဇာကမူ မန္တာန်များကိုရွတ်ဖတ်သရဇ္ဈာယ်ခြင်းဖြင့် မန္တန်စောင့်နတ်များ၏ အကူအညီကိုရယူခြင်းပင်ဖြစ်သည်။
ဂန္ဓာရီဝိဇ္ဇာမှာ စိတ်တန်ခိုးရရှိရေးအတွတ် ကျင့်ကြံအားထုတ်ပြီးနောက် ထိုစိတ်တန်ခိုးဖြင့် အကြားအမြင်ပေါ်က်ခြင်း၊ ပရလောကနှင့်ဆက်သွယ်နိူင်ခြင်းတို့ပင်ဖြစ်သည်။
မဟာဂန္ဓာရီဝိဇ္ဇာကမူ ဘာသာရေးသက်သက်သာ လိုက်စားပြီးကျင့်ကြံအားထုတ် ပေါ်က်မြောက်လာသူများပင် ဖြစ်သည်။
ထိုအထဲမှ Black magic နွယ်သော ယျဈနဝိဇ္ဇာ
မှော်အတတ်ဆိုင်ရာများနှင့် ပက်သက်၍ Mayong ရွာသည် နာမည်ကြီးလှသည်။ထို Mayongဒေသသည်
Black Magic ၏ Land ဟုလည်းလူသိများပြီး အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ် Morigaonဘက်မှာရှိသော ခရိုင်ရွာလေးတစ်ရွာဖြစ်သည်။ထို Mayong တို့၏ Black of Magic နှင့်စုန်းအတတ်ပညာတွင်လည်း ယင်းတို့၏ မှော်အတတ်နှင့်မှော်အစဉ်အလာလေ့ကျင့်ခြင်းများကို လက်ဆင့်ကမ်း သင်ကြားပေးခဲ့ကြသည်။ သမိုင်းများအရ Narabali သို့မဟုတ်လူသားယဇ်များကို Shakti ၀ တ်ပြုမှုနှင့် ဆက်စပ်၍ ခေတ်သစ်အစောပိုင်းအထိပြုလုပ်ခဲ့ကြသည် ဟူ၏။ မကြာသေးသော ကာလကလည်း အိန္ဒိယနိုင်ငံအရှေ့ပိုင်း Orissa တွင်လူသား ဦး ခေါင်းခွံ ၂၁ ခုကိုတွေ့ရှိခဲ့ပြီး ၎င်းသည် လူတို့အားအနစ်နာခံခြင်း သို့မဟုတ် မှော်အတတ်နှင့်ဆက်နွယ်ခြင်းရှိနေသည်ဟု BBC Newsတွင် Nov24.2014ခုနှစ်က ဖော်ပြခဲ့သည်။
အရိုးများ၊ ဦးခေါင်းခွံများကို
ခြောက်သွေ့နေသောပန်းများ ၊ vermillion အမှုန့်များနှင့်အတူ odishaရှိ Kushbhadra မြစ်ကူးတံတားအောက်တွင် တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ဦး ခေါင်းခွံများအနီးတွင် ခြောက်သွေ့သောပန်းများနှင့် vermillion အမှုန့်များရှိနေခြင်းက စုန်းကဝေနှင့်ဆက်စပ်မှုရှိသည်ဟုဆိုကြသည်။
ထိုအရာများကို ဒေသခံများက ဟိန္ဒူဘာသာရေးထုံးတမ်းများတွင် မျိုးပွားခြင်းသေကတအဖြစ်သတ်မှတ်ထားကာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုကြသည်။
ထိုကဲ့သို ့ "အနက်ရောင်မှော်အတတ်" ကို အိန္ဒိယနိုင်ငံ၏ ဆင်းရဲသောဒေသများတွင် လေ့ကျင့်လေ့ရှိပြီး ကလေးမွေးဖွားသောအခါများ ဖျားနာခြင်းများကိုကုသခြင်းနှင့် မိုးရွာသွန်းမှု ပိုမိုများပြားလာခြင်းကို အထောက်အကူပြုနိုင်သည်ဟု လူအများကယုံကြည်ကြသည်။
ထိုအဖြစ်အပျက်ကြောင့်ပင် odishaသည်လည်း mayongကဲ့သို ့ပင် အနတ်ရောင်မှော်နယ်မြေအဖြစ် သတ်မှတ်ခံခဲ့ရသည်။
Odisha သည် စာတတ်မြောက်မှုနှုန်း နိမ့်ကျသော အဆင်းရဲဆုံးပြည်နယ်ဖြစ်သဖြင့် မှော်အတတ်ဖြင့် ဝင်ငွေရှာဖွေမူများ ရှိခဲ့သည်။
Ref:wikipidia
Search My Blog
Monday, December 2, 2019
အိန္ဒိယပြည်မှမှော်
Subscribe to:
Post Comments (Atom)
Featured Post
ကဗျာဟူသည်
poetry ကဗျာဟူသည် ကဗျာဆိုသည်မှာ မိမိရောက်နေသောခေတ် အသက်ရှင်နေသောခေတ်၏အတွေးအခေါ်များကို အခြေခံ၍ သက်ရောက်မှုအများဆုံးရှိသော ခံစားမှုကို ဖန်တီးပ...
-
နံပါတ်၂၉ ၂၉, ၁၁, ၂ ၂၉၏ ကိုယ်စားပြုသင်္ကေတကို အရိပ်မည်းကြီး လွှမ်းမိုးနေပုံဖြင့် ဖော်ပြတတ်ကြသည်။ ထိုအရိပ်မည်းကြီးဟူသည် မသေချာခြင်းနှင့် ဘေးအန...
-
ဆူမာရီယာန်လူမျိုးများ(Sumerians) ဆူမားရီးယန်းများသည် မက်ဆိုပိုတေးမီးယားတောင်ပိုင်းတွင် ဘီစီ ၆၀၀၀ မှ ၄၀၀၀ အတွင်း နေထိုင်ခဲ့ကြသော လူမျိုးများဖ...
No comments:
Post a Comment