[ငါ/ကဗျာ/စိတ်ဝေဒနာများ-၄]_Minsetwai
"အကွာအဝေးပစ္စုပ္ပန်"
ဒုတိယမြောက် ကျရှုံခြင်းမှာ
မိုးတိမ်တွေတောင် ဝတ်လစ်စလစ်
အခြေအနေနဲ ့ အချိန်အခါတစ်ခု
နောက်ဆုံးအကြည့်တွေ ပုန်းလျိ ုးကွယ်လျိ ုး
ချစ်မေတ္တာတို ့ ညကိုလမ်းသလားဖို ့
သူ ့ဘက်ကိုယ်ဘက် ငဲ့ကွက်ရင်းပျက်
အပိုင်မဟုတ်တော့တဲ့မျော်လင့်မနက်ဖြန်တွေ
ကိုယ်ရည်သွေးတီးလုံးတွေ မတီးခတ်ရဲ
ရှက်ရွံမူ နဲ ့ ဒုတိယငါ
ဘဝနာနေတဲ့ လက်နဲ ့လှေနံဓားထစ်ထား
အနမ်းတစ်ချက်တောင် မရထိုက်မိပေမယ့်
အခါခါနမ်းမိခြင်းမှာတော့ ဆုမွန်ကောင်းတွေနဲ ့ပေါ့။
သိပ်အဆင်မပြေဘူး ကျကွဲလိုက်ချင်ရဲ ့
မဖြစ်ဘူး ကျကွဲစရာ နေရာကမရှိဘူး ကလေး
မချိုမြိန်သော ကိုယ်ထူကိုယ်ထ ဘဝ
လမ်းလွှဲဘက်ကသွားတာကိုပဲ
ရင်နာနာငေးရတာပါ
ဒုတိယအကြိမ်က
ငါ့ကိုယ်ငါ ပစ်ပယ်လိုက်ခြင်းနဲ ့ နားလည်မူ
သူစိမ်းဆန်ခံရတဲ့ နှလုံးသား
ခဏလောက် နမ်းရှိုက်ပွေ ့မှာ ဖြေရင်း
ကြိုးတွေထဲ နစ်မွန်းသွားမလား
ကျယ်ကျယ်ပြန် ့ပြန် ့နဲ ့ပျော်ရွှင်စွာ
ဆော့ကစားနေတာ ကောင်းရဲ ့
ငါက မင်းသိခွင့်မရနိူင်တဲ့ ငါ
အလိုက်အထိုက်တို ့ထဲမှာ
ချောင်းကြည့်ခွင့်တွေကို ကြိုးစားဖွင့်ရင်း။
Dec8.2019
Minsetwai
No comments:
Post a Comment