"ခရာသံတစ်ခုအကြောင်း"
အရှုံးကို ကြိုတွေးတာဟာ
အောင်မြင်မူရဲ့လမ်းစ
မဟုတ်ဘူးဆိုရင်တောင်
ဒါဟာ လောကဓံပါးဝဖို့
ညှင်ညှင်သာသာမှုတ်လိုက်တဲ့
ကိုယ်ပိုင်ခရာသံတစ်ခုပဲ ဖြစ်တယ်မိတ်ဆွေ။
မြင်ဖူး၊ ကြားဖူးတယ်
သစ်ရွက်တွေကြွေခြင်းမှာ
ခရာသံတွေ စီစီဝေ...
ဖျာတစ်ချပ်ပေါ်က အိပ်မက်နိဒါန်းမှာတော့
အနိူင်တွေ ဖြန့်ကြဲထားတဲ့
ကြယ်တစ်သိုက်ရဲ့ ညတွေနဲ့...
သူတို့မှာ သံမဏိတံတိုင်းတွေရှိမယ်
စစ်ရေထူနေတဲ့ အကောင်းဆုံး
စီးတော်ဖိနပ်တွေရှိမယ်
ရန်သူကို အနိူင်ပိုင်းဖို့
အကောင်းဆုံး လျိုဝှတ်မဟာဗျူဟာတွေနဲ့အတူ
သူရဲခိုမှာ ကောင်းသတင်းတွေကလည်း
ဝေဝေဆါဆာရှိမယ်
ဝပ်ကျင်းတွေထဲမှာလည်း အသာစီးရခဲ့တဲ့
အတိတ်သမိုင်းတွေ ရှိသေးတယ်
အနာဂတ်မှာလည်း
လှပလွန်းတဲ့ အင်ပါယာကြီးနဲ့..ပေါ့ ။
ဒါပေမယ့် မြင်းကောင်ခွာလိပ်ပုံပြင်တွေ
သမုဒ်ထဲက ခမ်းနားကြီးကျယ်စွာ နစ်မြှပ်သွားသော
မထင်မှတ်ရင့်နစ်စရာဖြစ်အင်တွေ
ပုံပြင်လှလှလေးဆိုတာထက်.......
ခရာသံမမဲ့ဖို့ ကဗ္ဘည်းတင်ထားတဲ့
ပေလွှာတွေ ဖြစ်ကောင်းဖြစ်နေကြပါစေ...။
အင်း...အရှုံးနဲ့
ကျုပ်သာ ကြုံခဲ့ရရင်တော့
ဒါဟာ လောကဓံပါးဝဖို့
ညှင်ညှင်သာသာမှုတ်လိုက်တဲ့
ကိုယ်ပိုင်ခရာသံတစ်ခုပဲဖြစ်ကြောင်း
ကျုပ်ရင်ဘတ်ထက်မှာ
အလံခပ်လွှင့်လွင့်ထူလိုက်မယ်....။
လောကမှာ..
မကြားလိုက်မိတဲ့..
ခရာသံတွေကိုလည်း..
ကျုပ် တီးတိုးနူတ်ဆတ်စကားဆိုလိုက်မယ်
(ညှင်သာလွန်းတဲ့ ခရာသံနဲ့...)။
Nov21.2019
Minsetwai
Search My Blog
Subscribe to:
Post Comments (Atom)
Featured Post
ကဗျာဟူသည်
poetry ကဗျာဟူသည် ကဗျာဆိုသည်မှာ မိမိရောက်နေသောခေတ် အသက်ရှင်နေသောခေတ်၏အတွေးအခေါ်များကို အခြေခံ၍ သက်ရောက်မှုအများဆုံးရှိသော ခံစားမှုကို ဖန်တီးပ...
-
နံပါတ်၂၉ ၂၉, ၁၁, ၂ ၂၉၏ ကိုယ်စားပြုသင်္ကေတကို အရိပ်မည်းကြီး လွှမ်းမိုးနေပုံဖြင့် ဖော်ပြတတ်ကြသည်။ ထိုအရိပ်မည်းကြီးဟူသည် မသေချာခြင်းနှင့် ဘေးအန...
-
ဆူမာရီယာန်လူမျိုးများ(Sumerians) ဆူမားရီးယန်းများသည် မက်ဆိုပိုတေးမီးယားတောင်ပိုင်းတွင် ဘီစီ ၆၀၀၀ မှ ၄၀၀၀ အတွင်း နေထိုင်ခဲ့ကြသော လူမျိုးများဖ...
No comments:
Post a Comment