"ဖန်တီးသူများ နှင့် ပရိတ်သတ်များ"
တစ်ချို့သော ဖန်တီးမူတွေကို ကြည့်ရတာဟာ ပရိတ်သတ်ကို အတော်အထင်သေးတဲ့ပုံစံမျိုး ဖြစ်သွားစေတာကို ခုနောက်ပိုင်းမှာ ကျွန်တော်သတိထားမိလာပါတယ်။ ဖန်တီးသူရဲ့ ဖန်တီးလိုက်မူတစ်ခုဟာ ပရိတ်သတ်က ငါ့လောက် မသိ၊မတတ်၊အသုံးမကျပါဘူးလို့ အဓိပ္ပါယ်သတ်ရောက်စေတာတွေကို ကျွန်တော် ခဏခဏလည်း တွေ့မြင်ရပါတယ်။
ဥပမာလေးနဲ့ပဲ ရှင်းပြပါရစေ။ ကျွန်တော်တို့ မြန်မာဟာသဗီဒီယို တစ်ခွေကို ကြည့်တယ်ဆိုပါစို့။ တစ်ချို့သော ဟာသပျက်လုံးတွေဟာ ကျွန်တော်တို့ကို ရယ်မောခြင်းသို့ မစွမ်းဆောင်နိူင်ခဲ့ဘဲ ပျက်လုံးကို ဖန်တီးလိုက်တဲ့ သရုပ်ဆောင်ကသာ သူ့ပျက်လုံးကို သူပြန်ရယ်နေတာကို တစ်ခါတစ်ရံမှာ ခင်ဗျားတို့လည်း သတိထားမိလိုက်မယ် ထင်ပါတယ်။
အဲဒီပျက်လုံးတွေမှာ အများအပြားသတိထားမိနေတာကတော့
၁။ စကားပုံများကို ရှေနောက်ပြောင်းပြန်ပြောခြင်း၊ သို့မဟုတ် အကြောင်းအရာ လွှဲပြောခြင်း
၂။ တစ်ဘက်မှပြောလာသော လွဲမှားသည့်စကားစုကို လွဲမှားနေမှန်းသိရက်နှင့် သံယောင်လိုက်၍ ပျက်လုံးထုတ်ခြင်း
၃။ သာမန်စကားများကို မရယ်မနေရအောင် လိင်အောက်ပိုင်းနှင့်ဆက်စပ်၍ ပျက်လုံးများထုတ်ခြင်းတွေပဲ။

ကျွန်တော်က အရမ်းရုပ်ရှင်ကြည့်များပြီး ရုပ်ရှင်ပညာရှင်တစ်ယောက် ဖြစ်နေတာ မဟုတ်ပါဘူး။ သာမန်ကြည့်ရှုသူတစ်ယောက်ပါပဲ။ ဒါကြောင့် အချို့သောကြည့်ရှုသူပရိတ်သတ်တွေလည်း ကျွန်တော်လို့ ခံစားမိနေတယ်ဆိုတာကို ဖန်တီးသူတွေက သတိပြုဖို့တော့ လိုပါတယ်။
မြန်မာစကားပုံတစ်ခုဖြစ်တဲ့ "သားသမီးမကောင်း၊မိဘခေါ်င်း"ဆိုပါတော့ သရုပ်ဆောင်သူက စကားပုံကို "မိဘမကောင်း၊သားသမီးခေါ်င်း"လို့ မှားယွင်းပြောပြီး ဟာသလုပ်တယ်။ ပြီးတော့ သရုပ်ဆောင်က သူမှားမှန်းသိပြီ ဗီဒီယိုထဲမှာ ရယ်တယ်။ သူတို့အထင်တော့ ဒီဟာသမျိုးဟာ ကြည့်ရှုနေတဲ့ပရိတ်သတ်ကို ပွဲကျစေမှာပဲလို့ တွေးတောကြသလားမသိပါဘူး။
တကယ်တော့ ဒီခေတ်မှာ ကြည့်ရှုသူပရိတ်သတ်က အရမ်းအဆင့်မြင့်လာပါပြီ။ ဒီလိုဖန်တရာတေနေတဲ့ပျက်လုံးက ဗီဒီယိုပါးဝနေတဲ့ ပရိတ်သတ်ကို ရယ်မောမူ မဖြစ်စေတော့ပါဘူး။
ထပ်ပြီးတော့ပေါ့..... အဲဒီစကားပုံ အလွဲစကားဖြစ်တဲ့ "မိဘမကောင်း၊သားသမီးခေါ်င်း"ဆိုတဲ့ မရယ်ရတဲ့ပျက်လုံးမျိုးကို နားထောင်ရတဲ့ အခြားသရုပ်ဆောင်တစ်ယောက်ကလည်း...
"အေး..ဟုတ်တယ်..အိမ်ရောက်ရင် ငါ့အမေကို ပြန်ဆုံးမဦးမှ.."ဆိုပြီး အလွဲကို ထပ်မံအလွဲလုပ်ပြီး ပျက်လုံးထပ်လုပ်တယ် ဆိုပါတော့။ နောက်မှ သူ့စကားသူပြန်မှားမှန်းသိသွားပြီး
"ဟာ..မင်းဘာတွေပြောနေတာတုန်း သားသမီးမကောင်း၊မိဘခေါ်င်းပါဟ၊ မင်းလုပ်တာနဲ့ ငါတောင်ယောင်ကုန်ပြီ" ပထမသရုပ်ဆောင်ကို ပြန်ပြောလိုက်တယ်။ ပထမ သရုပ်ဆောင်ကလည်း မှားမှန်သိသွားပြီး
"အေး..ဟုတ်တယ်..ဟုတ်တယ် ။ အဲဒီ သားသမီးမကောင်း၊ မိဘခေါ်င်းဆိုသလိုပေါ့ကွာ"လို့ အမှန်ပြန်ပြင်ပြီး တခြားအကြောင်းအကြားဆက်လက်ပြောပါတယ်။ စဥ်းစားကြည့်ပါ ။ ဒီလိုပျက်လုံတွေ ဟာသဇတ်ကားတစ်ကားထဲမှာ ဘယ်နှစ်ကြိမ်လောက် ဖန်တီးသူက ပြုလုပ်မလဲဆိုတာ။ ဒါတွေက ကြည့်ရှုသူပရိတ်သတ်ကို သူတို့လောက်..မ.....ဘူးလို့ ဆိုလိုရာကိုရောက်ရှိပါတယ်။

နောက်ထပ်လည်းအဲလိုပဲ..။
ယောကျာ်းလေးသရုပ်ဆောင်က အကြောင်းအရာတစ်ခုအပေါ်ဒေါသထွက်ပြီး...
"ငါတော့ စိတ်ရှိလက်ရှိလုပ်လိုက်ရကွာ.."လို့ ကျိန်းလိုက်တယ်ဆိုပါတော့။ ဒါကဘေးနားမှာ ရှိနေတဲ့ အခြားသရုပ်ဆောင်က ထပ်မံပြီး
"ဟယ်...မောင်လေးရယ် ဘယ်လိုတွေပြောနေတာလဲကွယ်။ နားရှက်စရာကြီး"လို့ သူ့ကိုပြောတယ်ထင်ပြီး ပြန်လည်ဟာသဆင်တယ်။ ဆိုခဲ့ပြီးတဲ့ ဟာသတွေအကုန်လုံးက ယနေ့ခေတ်လူတွေက အပြင်မှာတောင် စနောက်ပြောဆိုနေတတ်နေပြီ။ ရိုးလည်း ရိုးအီနေပြီ။ ပြီးတော့ အဲဒါတွေဟာ ဟာသမဆန်ဘူးလို့ သူတို့တွေးမိနေကြပြီ။ ဒါပေမယ့်လည်း သရုပ်ဆောင်တွေဘက်က ယနေ့ချိန်ထိကို ဒီလ်ုပုံစံ ဟာသပျက်လုံးထုတ်မူတွေကို ရိုးအီခြင်း မရှိကြသေးပါဘူး။

ကျွန်တော်ပြောတဲ့ ဖန်တီးသူနဲ့ပရိတ်သတ်ဆိုတာက ဗီဒီယိုလောကတစ်ခုထဲကို ဆိုလိုတာ မဟုတ်ပါဘူး။ ဖန်တီးခြင်းရှိတဲ့ အရာအားလုံးကို ဆိုလိုတာပါ။ ဆိုကြပါစို့ ။ ခင်ဗျားဟာ ဖုန်းထဲမှာ lockလုပ်စရာတွေ ရှိနေလို့ app storeတစ်ခုကနေ lock နဲ့ဆိုင်တဲ့ appတစ်ခုခုကိုရှာဖွေပါတယ်။ lockနဲ့ပတ်သက်တဲ့appတွေ အများကြီးတွေ့ရပါလိမ့်မယ်။ ခင်ဗျားကြိုက်ရာတစ်ခုကို ဒေါ်င်းပါတယ်။ ခင်ဗျားနဲ့ အဲဒီappကီးကိုက်တယ်ဆိုရင် ဒီappဟာ ခင်ဗျားရဲ favouriteဖြစ်သွားပါလိမ့်မယ်။ ဒါကသာမန်ပါ။ ဒါပေမယ့် ခင်ဗျားdownloadလုပ်ခဲ့တဲ့ appဟာ တကယ်အလုပ်လုပ်သလား။ တကယ်ကောင်းမွန်သလားသိချင်ရင်တော့ တွေ့တဲ့ locker app ငါးခု၊ခြောက်ခုလောက်ကို downloadဆဲဲပြီး သုံးကြည့်လိုက်ပါ။ တစ်ချို့appတွေက ခင်ဗျားအတွက် ရယ်စရာကြီးဖြစ်ကောင်းဖြစ်နေနိူင်သလို အလွန်မှ သေသပ်ကောင်းမွန်တဲ့ appတစ်ခုကိုလည်း ခင်ဗျားတွေ့ရှိနိူင်ပါတယ်။ ခင်ဗျားအတွက် ရယ်စရာဖြစ်စေခဲ့တဲ့appကိုတော့ ဖန်တီးသူဒီပလိုမာတွေက ဘယ်လိုဖန်တီးခဲ့လဲ၊ ဘယ်လိုရည်ရွယ်ချက်တွေကြောင့်လဲဆိုတာ သူတို့ကိုယ်တိုင်က အသိဆုံးဖြစ်နေမှာပါ။
စာရေးသူ၊ကဗျာရေးသူတွေလည်း ဒီလိုပါပဲ။" ဖတ်ရှုသူတွေက ငါ့လောက်သိတာမှမဟုတ်တာဘဲ။ ဒီနေရာကတော့ ငါ့နည်းနည်းဖောပြီးရေးမှပဲ"လို့ အတွေးဝင်ပြီး ရေးလိုက်တယ်ဆိုရင် ဒါဖတ်ရှုသူကို စော်ကားတာပါပဲ။ ဆရာမြသန်းတင့်ရဲ့ ကံကောင်းဆိုတဲ့စာအုပ်ထဲမှာလား၊ဒါမှမဟုတ် ဆရာတက္ကသိုလ်ဘုန်းနိူင်ရဲ့ စာအုပ်တစ်အုပ်အုပ်ထဲမှာလား မသိပါဘူး။ ဖတ်ဖူးတဲ့အကြောင်းအရာတစ်ခုက စာဖတ်ပရိတ်သတ်ကို ဆရာလုပ်လိုတဲ့စိတ်မျိုးနဲ့ စာတွေမရေးသင့်ပါဘူး။ စာရေးသူပဲ၊ကဗျာရေးသူပဲဖြစ်ဖြစ် ရိုးသားစွာနဲ့ ရေးဖို့သာလိုပြီး ဖတ်ရှုသူကို မရိုးမသားမဖြစ်စေသင့်ပါဘူး။ အပေါ်ကစာကြောင်းမှာ ကျွန်တော်ရိုးသားစွာ ဖော်ပြထားသလိုပဲ ဖတ်ဖူးတယ် ဘယ်သူ့စာအုပ်ထဲမှာမှန်း မသိတော့တာကြောင့် ဆရာမြသန်းတင့်လား၊တက္ကသိုလ်ဘုန်းနိူင်လား မသိပါဘူးလို့ ရိုးသားစွာထုတ်ဖော်ပြောပြထားတယ်။ ဒါကို စာဖတ်သူတွေ မသိလောက်ပါဘူးဆိုပြီး ကျွန်တော်ပြောလိုက်တဲ့အကြောင်းအရာဟာ ဆရာတက္ကသိုလ်ဘုန်းနိူင်စာအုပ်ထဲကလို မရိုးသားစွာပြောဆိုလိုက်တယ်ဆိုရင်၊ ပြီးတော့ အဲဒီစာအုပ်ဟာ ဆရာမြသန်းတင်စာအုပ်ထဲက ဖြစ်နေတယ်ဆိုရင် ဒီခေတ်စကားနဲ့ပြောရရင် စာဖတ်သူကို ကျွန်တော် ဂျင်းထည့်တာနဲ့အတူတူပါပဲ။
မနေ့က Youtubeမှာ တတ်လာတဲ့ဗီဒီယိုဖိုင်တစ်ခုအကြောင်း ပြောပြပါဦးမယ်။ အောင်လအန်ဆိုင်းနဲ့ John Cenaပုံကို တွဲထားပြီး မသိရင် မကြာခင်ပဲ ထိုးမယ့်ပုံစံမျိုး ကြေညာဖော်ပြထားတယ်။ တင်တဲ့mediaကို ကြည့်လိုက်တော့ ကျွန်တော်followedလုပ်ထားတဲ့ထဲက မဟုတ်ပါဘူး။ ဘယ်လိုဖြစ်ဖြစ် နယ်ပယ်ခြင်း မတူညီတဲ့ သူတို့နှစ်ယောက် ထိုးသတ်ကောင်းထိုးသတ်ဖြစ်နိူင်ပါလိမ့်မယ်။ တစ်ချိန်ချိန်မှာပေါ့။ ဒါပေမယ့် အခုလက်ရှိမှာ ဘယ်လိုဆက်စပ်ပြီး ဖြစ်နိူင်နေရတာလဲ။ ဒီဗီဒီယိုကို ဖန်တီးသူက ကျွန်တော်တို့ကို ဂျင်းထည့်ပါလိမ့်မယ်။ ဒီဗီဒ်ယိုကို ဝင်ကြည့်စရာမလိုပါဘူး။ အဲဒီထဲမှာ ပါ့မယ့်အကြောင်းအရာတွေကို ကျွန်တော်ပြောပြနိူင်ပါတယ်။ ဗီဒီယိုဖန်တီးသူက အောင်လအန်ဆိုင်းထိုပြီးခဲ့တဲ့ပွဲမှတ်တမ်းတွေနဲ့ သူ့အကြောင်းနည်းနည်းဖော်ပြ်ယ်။ ပြီးရင် ဂျွန်စီနာကတော့ ဘာတွေလုပ်ခဲ့ပြီး ယခုလက်ရှိမိာကတော့ ဘာဖြစ်ပါတယ်ဆိုပြီး သူတို့ထိုးဖြစ်ခဲ့ရင် ပရိတ်သတ်ကြီးကကော ဘယ်လိုထင်ပါသလဲ စတာမျိုးတွေပဲ ပါပါလိမ့်မယ်။ ဒါပေမယ့် ဒီလိုဖန်တီးပြုလုပ်မူတွေက ကလေးတွေတောင် သိကောင်းသိနေနိူင်ပါတယ်။ အောင်လက One Chempionက လက်ဝှေ ့ကစားသမားဖြစ်ပြီး John Cenaက WWEက နပမ်းကစားသမားပါ။ နယ်ပယ်ချင်းမတူပေမယ့် တွေ့ဆုံပြီး ထိုးကောင်းထိုးနိူင်ပါတယ်။ အဲဒီဗီဒီယိုဖန်တီးပြုလုပ်ထားမူကတော့ ကြည့်ရှုသူကို သက်သက်မဲ့ လှည့်စားထားမူပဲ ဖြစ်ပါတယ်။
ခင်ဗျားတို့မှာလည်း ဒီလိုဖြစ်ရပ်တွေ အများအပြားကြီး မြင်ခဲ့ ၊ကြုံခဲ့မယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော် အဓိကပြောချင်တာက မည်သည့်နယ်ပယ်ကပဲ ဖြစ်ဖြစ်ပေါ့ ၊ မိမိဖန်တီးပြုလုပ်မူဟာ ပရိတ်သတ်အပေါ် လှည့်စားတာမျိုး မဖြစ်သင့်ဘဲ၊ စေတနာနဲ့ ရိုးသားစွာ ဖန်တီးပြုလုပ်မူမျိုးပဲ ဖြစ်စေချင်မိပါတယ်။ နောက်ဆုံး copyဖြစ်နေရင်တောင် ခင်ဗျားcopyယူလာတာပါလို့ ဝန်ခံပြောကြားတာဟာ ပရိတ်သတ်ကို ခင်ဗျားသိစေချင်လို့ စေတနာနဲ့ copyယူထားကြောင်း ဖြစ်တယ်လို့ ပရိတ်သတ်က ခင်ဗျားကို အကောင်းမြင်တွေးပေးမှာပဲ ဖြစ်ပါတယ်။ ပြီးတော့ ခင်ဗျားရဲ့ဖန်တီးမူကို အားပေးတဲ့ ပရိတ်သတ်တွေကို ခင်ဗျားကိုယ်တိုင် ပြန်လေ့လာကြည့်လိုက်ပါ။ ပြီးရင်တော့ ခင်ဗျားဟာ ခင်ဗျားပရိတ်သတ်ထက် အရမ်းထူးခြားပြီး ပိုတော်နေတဲ့လူမျိုး မဟုတ်ဘူးဆိုတာကို ကိုယ်တိုင် သိမြင်လာပါလိမ့်မယ်။ ကျွန်တော်ကတော့ စစ်မှန်တဲ့ ဖန်တီးမူတွေကိုပဲ အားပေးစေချင်မိတယ်။
No comments:
Post a Comment