နျူမယိုလောဂျီအား လေ့လာခြင်း
Nuumber-7
7, 16, 25, 34, 43
နံပါတ် ၇အကြောင်းကို မဖော်ပြမီ သိစေလိုသည်မှယခု
ဆွေးနွေးထားချက်များတွင်
အမည် ၇ ရသူများ
၇ ရက်နေ့မွေးသူများ
ဘဝ၏ကံကြမ္မာနံပါတ် ၇ ရသူများ
အိမ်နံပါတ် ၇ အပြင်
အခြားသော အကြောင်းအမျိုးမျိုးကြောင့် ထိုနံပါတ်နှင့် ဆက်စပ်နေသူများအားလုံးအတွက် တစုတစည်း ဖော်ပြပေးထားသောကြောင့် ၇ ရက်နေ့မွေးဖွားသူ မဟုတ်သော်လည်း အခြားသက်ဆိုင်မူရှိပါက လေ့လာထားရန် လိုအပ်ပါသည်။ နံပါတ် ၇သည် နတ်ပကျွန်းဂြိုလ်၏ အထိမ်းအမှတ် လက္ခဏဖြစ်သည်။ မည်သည့်လတွင်မဆို ၇ ရက် ၊ ၁၆ ရက် ၊ ၂၅ ရက် မွေးဖွားသောသူများသည် နံပါတ် ၇သမားများချည်းဖြစ်သည်။ နတ်ပကျွန်းဂြိုလ်သည် တနင်္လာဂြိုလ်နှင့် အစဉ်ဆက်စပ်လျှက်ရှိသော ဂြိုလ်လည်း ဖြစ်သည်။ နတ်ပကျွန်းသည် ရေ နှင့် ထူးခြားစွာ ဆက်နွယ်လျှက်လည်း ရှိ၏။ မှတ်တမ်းများအရ ဖော်ပြရလျှင်မူ
သမ္မာကျမ်းစာများနှင့် အီဂျစ်လူမျိုးတို့၏ ဘာသာအယူဝါဒများတွင် ၇ ဂဏန်းကို ဝိညာဉ်တော် သို့ ဘုရားသခင်၏ တန်ခိုးတော်တို့ကို ညွှန်းဆိုဖော်ပြသည့်ဂဏန်းတစ်ခုအဖြစ် တွေ့ရသည်။ ရှေးအကျဆုံးသော ယူဆချက်တစ်ခုမှာမူ ယင်းဂဏန်းသည် အဆုံးအစမရှိသော ကိန်းဂဏန်းကို စားနိူင်ပြီး ၊ ထိုသို့ ဆက်၍ ဆက်၍ စားသွားသဖြင့် ရရှိသည့်ရလဒ်သည် ၁၄၂၈၅၇သာ ဆက်တိုက်ရရှိသွားပြီး ပြန်ပေါ်င်းသော ၉ဂဏန်းချည်း ပြန်ရသည့် အယူအဆဖြစ်သည်။
ရှေးယခင်က ၇ ဂဏန်းကို လ၏ကိုယ်စားပြုဂဏန်းဟု ယူဆခဲ့ကြသည်။ ယနေ့ခေတ်ယူဆချက်ကမူ ၇ဂဏန်းကို နတ်ပကျွန်းဂြိုလ်က စိုးမိုးထားသည်ဟု ယူဆခဲ့ကြသည်။ နတ်ပကျွန်းဂြိုလ်သည် ပင်လယ်၊ သမုဒ္ဒရာများကိုလည်း စိုးမိုးထားသော ဂြိုလ်ဖြစ်သည်။
အနောက်တိုင်းမှ ရှေးဟောင်းအယူအဆတစ်ခုတွင်မူ ၇ ဂဏန်းသည် စိုးမိုးခြယ်လှယ်မူဟု ယူဆပြီး ဟီးဘရူးလူမျိုးများတွင်မူ ကောင်းကင်တမန် ၇ ပါး ပေါ်ထွန်းသည်။
ကမ္ဘာဂန္ဓာရီပညာရပ်များတွင်မူ ဂြိုလ်ကြီးခုနှစ်လုံးနှင့် ဂြိုလ်မင်း ခုနှစ်ပါးရှိ၏။
၇ ဂဏန်းသည်သည် စိတ်ဝိညာဉ်နှင့် ပတ်သက်သည့်သဘော၊ ဖန်တီးမူစွမ်းအင်များကို ကိုယ်စားပြုသော အသွင်များကို ဆောင်သည်။ ယင်းသည် ဖန်တီးမူသဘောကို ဆောင်သောကြောင့် လူသားတို့၏ စိတ်ဓာတ်ရေးရာ တိုးတတ်ဖြစ်ထွန်းမူကို စေ့ဆော်ပေးသည်။ ထိုကြောင့်လားတော့မသိ။ ၇သမားအများစုသည် ဘာသာအယူဝါဒဆိုင်ရာများတွင်လည်း ထူးခြားသော အယူအဆများ ရှိနေတတ်ကြသော သူများလည်း ဖြစ်သည်။ သူတို့သည် ရှေးအစဉ်အလာများအတိုင်း လိုက်နာကျင့်သုံးရသောကိစ္စများကို မနှစ်ငက်ကြပေ။ သူတို့သဘောကျသော အယူဝါဒကိုသူတို့စိတ်အလိုအတိုင်း ပြဋ္ဌာန်းပြီး လိုက်ပါဆောင်ရွက်တတ်ကြသည်။ ထူုးခါးသော လောကီပညာရပ်များကိုလည်း စိတ်ငင်စားတတ်ကြသည်။ ထူးခြားသော အချက်ကမူ သူတို့တွင် အလိုလို ထိုးထွင်းသိမြင်တတ်သော ပါရမီမျိုးရှိနေတတ်ကြပြီး တခြားသူအပေါ် လွမ်းမိုးနိူင်သော ညှို့ဓာတ်များလည်း ရှိကြသည်။ ပိုက်သာဂိုးရပ်စ်သည် ၇ကို စိတ်ပိုင်းဆိုင်ရာစွမ်းအင်ကြီးမားသော နံပါတ်တစ်ခုအနေဖြင့် အလွန်နှစ်ခြိုက် သဘောကျခဲ့သည်။
နံပါတ် ၇ ကို လူအချို့သည် Lucky Sevenဟု ခေါ်ဆိုကြပြီး ယင်းမှာ ငွေကြေးဆိုင်ရာများနှင့် ပက်သတ်သောကံကောင်းမူဟု ထင်ထားကြသည်။ အမှန်တကယ်က ထိုသို့မဟုတ်ပါ။ ၇၏ ကံကောင်းမူဆိုသည်မှာ ငွေကြေးဆိုင်ရာနှင့် ပတ်သက်သည်မျိုး မဟုတ်ဘဲ ခက်ခဲခြင်းများ၊ ကျဉ်းထဲကျပ်ထဲရောက်ရသော အချိန်အခါများတွင် ကံကောင်းတတ်ခြင်းကိုသာ ဆိုလိုခြင်းဖြစ်ပါသည်။ သူတို့သည် ခရီးသွားရခြင်းကို အလွန်နှစ်သက်သူများဖြစ်သည်။ ၇ဂဏန်းသမားအများစုကို လေ့လာကြည့်မည်ဆိုလျှင် အလွန်ဖန်တီးမူ အားကောင်းကြသော ကဗျာဆရာများ၊ ပန်းချီဆရာများ၊ စာရေးဆရာများ နှင့် သရုပ်ဆောင်များဖြစ်နေကြသည်ကို တွေ့ရသည်။ အဘယ်ကြောင့်ဆိုလျှင် သူတို့သည် အလွန်အမင်း စိတ်ခံစားမူပိုင်းတွင် အားကောင်းကြသလို ပြင်းထန်လှသော စိတ်ခံစားချက်ရှိသူများလည်းဖြစ်သည်။ ထိုကြောင့် သူတို့၏ ထူးခြားသောအမြင်၊ ထူးခြားသော အတွေးအခေါ်များကို ယင်းတို့ရေးသားသော စာ၊ ကဗျာ၊ ပန်းချီတို့တွင်လည်း ဖော်ပြတတ်ကြသည်။
၇ဂဏန်းသမားများသည် စီးဟွးရေးအလုပ်အပိုင်များနှင့်ပက်သတ်ပြီး စိတ်ကူးနှင့်အကြံညဏ်ကောင်းများလည်း ရှိတတ်ကြသည်။ သူတို့၏ အလုပ်အကိုင် အခြေအနေ ချောမောပြေပြစ်နေသမျှ ကာလပတ်လုံး မည်မျှသော အလုပ်ပမာဏဖြစ်ပါစေ ပြီးမြောက်အောင် ဆောင်ရွက်နိူင်စွမ်းရှိကြသည်။ သူတို့ စိတ်ပါဝင်စားသော အလုပ်အပေါ်၌ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်တတ်ကြသည်။ လက်ရုံးရည်ထက် နှလုံးရည်က ပိုမိုထက်မြက်ကြသည်။ တခါတရံတွင်လည်း စိတ်ကဆောင်ပြီး ကိုယ်ကမပါသလို ဖြစ်ကြရသည်။ သူတို့၏ ပင်ကိုယ်စရိုက်များမှာ စပ်စုတတ်ခြင်း၊ အမေးအမြန်းထူခြင်း၊ လိမ္မာပါးနပ်ခြင်း၊ ညဏ်ရည်ညဏ်သွေးရှိခြင်း၊ အလောတကြီးနိူင်ခြင်း၊ အေးတိအေးစက်နေတတ်ခြင်း၊ မအိပ်မစားနေတတ်ခြင်း၊ စိတ်လှုပ်ရှားမူမြန်ခြင်း၊ အာရုံကြော ချွတ်ယွင်းခြင်း၊ ဘာသာရေး ယုံကြည်မူ ပြင်းထန်ခြင်းများ ပါဝင်သည်။ တခါတရံတွင်လည်း သူတို့၏ စရိုက်မှန်ကို သူတို့ကိုယ်တိုင် ပြန်လည်သုံးသပ်နေတတ်ကြ၏။ ထိုအချိန်တွင် သူတို့သည် အရှိန်ပြင်းစွာနှင့် တိတ်ဆိတ်ငြိမ်သက်သွားကြကာ ပတ်ဝန်းကျင်အနေအထားမှာ သဟဇာတမဖြစ်နိူင်ကြတော့ချေ။
၇ဂဏန်းသည် ဂုဏ်ထူး၊ ရာထူးရခြင်းတို့၏နိမိတ်ကို ရည်ညွှန်းပြသည့်အပြင် အငြိမ်မနေထိုင်တတ်ခြင်းကိုပြဆိုသော ဂဏန်းလည်ဖြစ်သည်။ အတွေ့အကြုံ များခြင်းကို ဖော်ပြသော နိမိတ်ပုံကိုလည်း ဆောင်သည်။ ထိုဂဏန်းနှင့်သက်ဆိုင်သူအများစုမှာ စိတ်နေစိတ်ထားကောင်းမွန်သူများ ဖြစ်ကြပြီး သရုပ်ခွဲစိစစ်တွေးခေါ်နိူင်သူများလည်း ဖြစ်ကြသည်။ အထူးသဖြင့် အာရုံစိုက်နိူင်စွမ်း အလွန်ကောင်းကြသူများဖြစ်ပြီး လွတ်လွတ်လပ်လပ်တွေးတော လုပ်ကိုင်တတ်ကြသလို ကိုယ်ပိုင်ညဏ်ရှိပြီး ထူးချွန်စွာ ကြံဆလုပ်ကိုင် တတ်ကြသူများလည်း ဖြစ်သည်။ တီထွင်စိတ်ကူးညဏ် ရင့်သန်ပြီး အတွေးကောင်း၏။ သဘောတရားများကိုလည်း ထိုးထွင်းသိမြင်တတ်ကြ၏။ သူတို့ကိုယ်တိုင်မှာလည်း သုတေသနလုပ်ခြင်းနှင့် ပဟေဋိများကို အဖြေရှာရခြင်းအပေါ် အလွန်ဝါသနာပါကြသည်။ သို့သော် သူတို့၏ ဆိုးဝါးသော အချက်အလက်များကမူ အခြေအနေတစ်ခုကို အလွယ်တကူဖျက်စီးပစ်တတ်ခြင်း၊ ကပျက်ကယက်လုပ်ခြင်း၊ တော်လှန်ဆန့်ကျင်လိုစိတ်ရှိခြင်း၊ ပြတ်သားစွာမဆုံးဖြတ်ခြင်း၊ အပြောင်းအလဲမြန်ခြင်းတို့ပင်ဖြစ်သည်။ သူတို့သည် ကိုယ်ပိုင်လွတ်လပ်ခွင့်ကို တန်ဖိုးထားတတ်ကြပြီး အနှောင့်အယှတ်ပေးခြင်းခံရပါက လွန်စွာမှ ဒေါသဖြစ်တတ်ကြသည်။ စိတ်တိုလွယ်သူများလည်း ဖြစ်ကြသည်။
၇ဂဏန်းသမားတို့သည် ပေါ်င်းရသင်းရ လက်ပေါ်က်ကပ်၊ ပြောရဆိုရလက်ပေါ်က်က်သည့်သူလည်းဖြစ်ကြရာ သူတို့၏ဘဝတစ်လျှောတ်တွင် ကံဆိုးစေသော ဆုံးဖြတ်ချက်များကို ခဏ ခဏချမိကြပြီး ဆုံးရှုံးရခြင်းကို မကြာခဏကြုံတတ်ကြသည်။ သူတို့၏ဘဝသည် အမည်တပ်မရသော ခရီးတစ်ခုလည်း ဖြစ်သည်။ တခါတရံ သူတို့၏ ဘဝဖြစ်တည်မူကို အကြောင်းရင်းရှာ စဉ်းစားရင်းဖြစ်လည်း အချိန်ကုန် အလုပ်များနေတတ်ကြသောသူများ ဖြစ်သည်။
၇ရက်နေ့တွင် မွေးဖွားလာကြသော သူများကမူ သူတနု့၏ငယ်ဘဝသည် ခါးသီးနာကျင်ရသော အခြေအနေများစွာတို့ကို ရင်ဆိုင်ခဲ့ကြရသည်။ သူတို့အနေဖြင့် မိမိကိုယ်မိမိ လမ်းမှန်ကမ်းမှန် လျှောတ်လှမ်းနိူင်ဖို့မှာ ငယ်ငယ်ကတည်းက မိမိတို့၏စိတ်ကို ပြုပြင်လေ့ကျင့်ထားကြဖို့လိုသည်။ သူတို့သည် အခက်အခဲများနှင့် မိတ်ဆွေဖွဲ့နေထိုင်သူများ ဖြစ်၏။ သူတို့မွေးဖွားခဲ့သည် မိဘများ၏ဘဝတွင်လည်း အခက်အခဲများကို ရင်ဆိုင်ရတတ်သည်။ သူတို့သည် မိသားစုနှင့် သူငယ်ချင်းများပေါ်တွင် လွန်စွာချစ်ခင်သနားတတ်ကြသည်။ သူတို့၏ ရေရှည် ပေါ်င်းသင်းဆက်ဆံမူမှတဆင့် အခြားသူတို့၏ အထင်ကြီးမူနှင့် ကူညီမူများကို ရရှိတတ်ကြသည်။ သူတို့ ရောက်ရှိရာ မြို့နယ်များတွင်လည်း ရေပန်းစားတတ်ခြင်း နှင့် လူသိများခြင်းတို့ကို ကြုံကြရတတ်သည်။ အထူးသဖြင့် ထိုနေ့ရက်မွေးသူများ၏ ဘဝသည် အသက်၃၄နှစ်နောက်ပိုင်းမှသာ အခြေအနေ အတည်တကျဖြစ်တတ်ကြသည်။
၇ဂဏန်းသည် လျိုဝှတ်သော အဓိပ္ပါယ်များနှင့် ပြည့်နှက်နေသော ဂဏန်းတစ်ခု ဖြစ်သည်။ သူတို့သည် များသောအားဖြင့် သူတို့၏ အသိညဏ်ပိုင်းဆိုင်ရာ သဘောသဘာဝ ပေါ်လွင်ထင်ရှားအောင် လုပ်ဆောင်ပြခြင်းမျိုး မရှိကြပေ။ သူတို့တွင် ခိုင်မာသောစိတ်ဓာတ်ရှိကြသည်မှာ မှန်သော်လည်း သူတို့စိတ်ထဲကအတိုင်း အရာအားလုံးကို လုပ်ဆောင်ဖို့အတွက်ကိုမူ တွန့်ဆုတ်နေတတ်ကြသည်။ အချို့သော ကိစ္စရပ်များတွင်လည်း အလွယ်တကူ ဆုံးဖြတ်နိူင်စွမ်းမရှိကြပေ။ ထိုသို့ဖြစ်ရခြင်းမှာ သူတို့၏ အခြားသူတို့နှင့်ဆိုင်သော စိတ်ခံစားမူများအပေါ် နားလည်တတ်မူကြောင့် အလေးထားနေတတ်သောကြောင့်လည်း ဖြစ်သည်။ မိမိကိုယ်တိုင်ကမူ မိမိစိတ်၏ပျော်ရွှင်မူ အစစ်အမှန်ကိုမေ့ပြီး အတွေးစိတ်ကူးထဲမှာသာ အခြေပြုနေထိုင်နေတတ်ကြသည်။
တခါတရံတွင်မူ သူတို့သည် ကွက်ကျော်မြင်တတ်ကြပြီး အလုပ်တစ်ခုအား အမြန်ပြီးမြောက်စေလိုသော ဇောဖြင့် အခြားသူအပေါ် မထီမဲ့မြင်ပြုခြင်း၊ အခြားသူများ၏ ပင်ပန်းမူများကို မသိချင်ယောင်ဆောင်နေတတ်ခြင်းများလည်း ပြုလုပ်တတ်ကြသည်။ အရက်သေစာနှင့် မူးယစ်ဆေးများကိုလည်း နှစ်သက်သုံးစွဲတတ်ကြပြန်သည်။ ထိုကြောင့် သူတို့သည် အရာရာအပေါ်တွင် သတိထားနေထိုင်တတ်ကြဖို့ လိုသည်။ သူတို့အတွက် နည်းမှန်လမ်းမှန်ကို ညွှန်ပြနိူင်သော၊ ထိန်းသိမ်းပေးနိူင်သောသူများ သူတို့အနီးတွင် ရှိနေလျှင် အလွန်မှကောင်းမွန်ပါလိမ့်မည်။ ထိုသူများအနီးမှာရှိလျှင် သူတို့၏ဘဝသည် ထင်မှတ်မထားလောက်အောင် အောင်မြင်လာတတ်ကြသည်။ ထိုအပြင် များစွာသော ပြဿ နာတို့ကိုလည်း သူတို့၏ ပြောင်းလဲနေထိုင်နိူင်မူစွမ်းအားဖြင့် ဘဝကို ယန္တယားသဖွယ် လည်ပတ်နေထိုင်နိူင်ကြလိမ့်မည်။ သို့သော် သူတို့၏ စိတ်ခံစားချက်များကိုမူ သူတို့ကိုယ်တိုင်ထိန်းချုပ်ခြင်းမှာ တတ်နိူင်မည်မဟုတ်ချေ။ သူတို့သည် အပြင်ပန်းအားဖြင့် ဖရိုဖရဲနှင့်ပရမ်းပတာနေခြင်း၊ မင်းမဲ့စရိုက်ဆန်ဆန်ပြုမူခြင်း စသကဲ့သို့ပုံစံရှိသော်လည်း အတွင်းစိတ်ဓာတ်ကမူ ကောင်းမွန်သော သဘောထားရှိတတ်ကြသည်။ သူတို့သည် များသောအားဖြင့် အခွင့်အရေးယူတတ်သောသူများ မဟုတ်ပေ။ သူတို့က အခွင့်အရေးကို တန်ဖိုးထားတတ်ကြသူများသာ ဖြစ်သည်။
၇ဂဏန်းသမားများသည် များသောအားဖြင့် ပစ္စည်းဥစ္စာများကို ၊ မခင်တွယ် ဂရုမစိုက်ကြသော သူများ ဖြစ်ပြန်သည်။ သူတို့သည် သူတို့၏ ကိုယ်ပိုင် စိတ်ကူး၊ ကိုယ်ပိုင်အမြင်၊ ကိုယ်ပိုင်နည်းလမ်းနှင့် လုပ်ကိုင်ဆောင်ရွက်မူနှင့်ပင် ကြွယ်ဝလာတတ်ကြသည်။ ထိုအခါတွင် သူတို့သည် အလှုအတန်းပေးခြင်းကို ပြုလုပ်တတ်ကြသည်။ သူတို့အတွက် သတိထားသင့်သည်မှာ သူတို့သည် အခြားသူများထက် ပိုပြီးအထီးကျန်စိတ်ရှိတတ်ခြင်း ဖြစ်သည်။ ထိုအချိန်များတွင် သူတို့သည် အလွန်အမင်းတိတ်ဆိတ်ငြိမ်သက်နေလေ့ ရှိကြသည်။ အထူးသဖြင့် ဘဝလမ်းကြောင်း ၇သမားများမှာ ထိုကဲ့သို့ အထီးကျန်မူကြောင့် အစွန်းရောက်သွားတတ်ကြပြီး အဆိုးမြင်မှူင့် အယူသီးမူများကို ဖြစ်ပေါ်လာစေသည်။ ပတ်ဝန်းကျင်နှင့်လည်း အဆင်မပြေ ဖြစ်လာတတ်ကြသည်။ ထိုအတူ သူတို့ကိုယ်သူတို့ အထင်ကရပုဂ္ဂိုလ်အဖြစ် မြင်နေသည်ဆိုလျှင် တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် အတ္တကြီးခြင်းတို့ကိုပါ ပြုလုပ်လာတတ်ကြသည်။ ပျော်စရာများကို အလွယ်တကူရှာဖွေလာတတ်ကြသည်။ သူတို့သည် သူတို့ကိုယ်တိုင်ပြဠာန်းထားသော လမ်းကြောင်းကိုသာလျှင် လျှောတ်ကြသည်။ အမှားနှင့် ကြုံတွေ့ရလည်း ရင်စည်းခံကြသည်။ အကယ်၍ မှန်နေသည်ဆိုလျှင်မူ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဇွတ်တရွတ်ညဉ်ရှိသူပီပီ ဇွတ်လုပ်ဆောင်တတ်ကြသည်။ သို့သော် ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် လောင်းကစားကို လုံးဝမပြုလုပ်မိဖို့မှာ အလွန်အရေးကြီးပါသည်။
၇ရက်နေ့ မွေးဖွားသူများမှာလည်း အခြားသောမွေးဂဏန်းများထက် အရာရာတွင် သတိထားရပေမည်။ ယင်းတို့အတွက် နည်းမှန်၊လမ်းမှန်ကို ညွှန်ပြနိူင်သော ၊ ထိန်းသိမ်းပေးမည့်သူ လိုသည်။ ပြုပြင်စောင့်ထိန်း၍ လမ်းပြကောင်းရှိသူ ၇ဂဏန်းသမားတို့မှာ မှတ်သားရလောက်အောင် အောင်မြင်တတ်ကြသည်။ သို့သော် တခါတရံတွင်မူ သူတို့သည် ကိုယ်ကျိုးအရမ်းကြည့်တတ်ပြီး ခေါ်င်းမာနေတတ်ကြသည်။ မည်သို့သောအလုပ်မျိုးကို လုပ်ဆောင်ကြရသည်ဖြစ်စေ နောက်လိုက်မလုပ်ချင်သော ဆန္ဒများရှိကြသည်။ မရေရာသောနည်းလမ်းများဖြင့် ကြိုးစားအားထုတ်ရသော အခြေအနေများကို မနှစ်သက်ကြပေ။ လွတ်လွတ်လပ်လပ်တွေးတောလုပ်ကိုင်ရခြင်းမျိုးကိုသာ နှစ်သက်ကြသည်။ ခရီးထွက်ခြင်းနှင့် ဗဟုသုတရှာဖွေရခြင်းတို့ကို နှစ်သက်ကြသည်။ သူတို့ရှာဖွေထားသော ဥစ္စာပစ္စည်းများအပေါ်တွင်မူ မခင်တွယ်တတ်ကြ။ လူအများအတွက် လိုက်နာကျင့်သုံးရန် ထုတ်ပြန်ထားသော စည်းကမ်းစနစ်များမှာ သူတို့နှင့် မသက်ဆိုင်ဟု ယူဆထားတတ်ကြ၏။ ရိုးသားစိတ်ရှိသည့်နည်းတူ လာ၍ရိုင်းပျသူအပေါ်တွင်လည်း လက်တုန့်ပြန်ဖို့ လက်မနှေးတတ်ကြပေ။ အထူးသဖြင့် သူတို့သည် သူတို့၏ ကိုယ်ရေးကိုယ်တာကိစ္စများကို ဝင်ရောက်စွတ်ဖတ်တာမျိုးကို အလွန်မုန်းတီးတတ်ကြသည်။ အခြေအနေ အဆင့်အတန်းခွဲခြားခြင်းများမရှိ ၊ လူအားလုံး တန်းသူရည်သူဟုသာ ယူဆကြသည်။ လူအများအပေါ်တွင်လည်း ညှာတာမူ နှင့် စာနာထောက်ထားမူများ ရှိတတ်ကြသည်။
၇ရက်နေ့မွေးဖွားလာသူတို့သည် စိတ်အတွင်း၌ သူတို့အပေါ်မလေးမစားနှင့် နှိမ့်ချဆက်ဆံခဲ့သူများကို နောင်တစ်ချိန်၌ သူတို့အား ပြန်အထင်ကြီးလေးစားစေလိုသော ရှိကြသည်။ သူတို့၏အတိတ်သည် ကံမကောင်းအကြောင်းမလှစွာဖြင့် လူအများ၏နှိမ့်ချဆက်ဆံမူကို ခံခဲ့ကြရသည်။ ငွေရေးကြေးရေးအခြေအနေများမှာလည်း သူတို့အတွက် အားရစရာမရှိချေ။ ဒုက္ခနှင့်ပူဆွေးသောကများသည်သာ သူတို့ဘဝကို လှိုင်းတံပိုးထန်နေစေခဲ့သည်။ လုပ်ဆောင်သမျှတိုင်းမှာလည်း အတားအစီးနှင့်အခက်အခဲများကို ရင်ဆိုင်ကြရသည်။ သူတို့၏ ဘဝအစောပိုင်းသည် ရုန်းကန်ရခြင်း၊ စိတ်ဆင်းရဲရခြင်းများစွာနှင့်ဖြစ်သည်။ သူတို့သည် လူလတ်ပိုင်းအရွယ်သို့ ရောက်ရှိမှသာလျှင် အဆင်ပြေမူများကို တစ်စတစ်စကြုံတွေ့ကြရမည် ဖြစ်သည်။ ထိုအသက်အရွယ်တွင် သူတို့၏လုပ်ဆောင်ချက်များ၌ သမာဓိရှိခြင်းများ၊ စည်ကမ်းရှိ၍ သေသပ်ခြင်းများ ပါဝင်နေသည်ကို ထူးခြားစွာတွေ့မြင်ရလိမ့်မည် ဖြစ်သည်။
နက္ခတ်ဗေဒဆိုင်ရာတွင် ၇ကို Lord North Starဟု ခေါ်ဆိုကြသည်။ ယင်းသည် တီထွင်ဖန်တီးမူများ ရင့်သန်ခြင်းကို ပြသသည်။ ဘဝ၌ သူတို့၏ ကြိုးစားအားထုတ်မူတစ်ခုတည်းကြောင့်သာလျှင် လိုချင်သောဘဝကို တည်ဆောက်နိူင်ကြမည်။ ထိုကြောင့် ဆွေမျိုး၊ အပေါ်င်းအသင်းမိတ်ဆွေများဆီမှ ဘဝအတွက် အကူအညီတောင်းခံနေဖို့ မလိုချေ။ သူတို့စိတ်ထဲမှာလည်း ထိုကဲ့သို့ ဆန္ဒမျိုး မရှိတတ်ကြပေ။ သူတို့သည် အများနှင့်ပူးပေါ်င်းလုပ်ဆောင်ရသော အလုပ်များကို မနှစ်သက်။ ၇ဂဏန်းသမားများသည် လူမျိုးခြားများနှင့် ဆက်စပ်ပြီး ဘဝမှာ အောင်မြင်မူကို ရရှိတတ်ကြသည်။
တရုတ်တို့၏ Feng Shui အယူအဆတွင် ၇ကို လတ်တလောကြုံတွေ့နေရသော ကိစ္စရပ်များအတွက် ကံကောင်းမူဖြစ်စေသော ဂဏန်းဟုပြဆိုသည်။
ဘဝ၏ ကံကြမ္မာဂဏန်း ၇ ကို ပိုင်ဆိုင်ထားသူများအတွက် အိမ်ထောင်ရေးနှင့် အချစ်ရေးဆိုင်ရာမှာ ထိုသူတို့သည် အောင်မြင်သော အိမ်ထောင်တစ်ခုကို တည်ဆောက်နိူင်ကြပြီး ဆန့်ကျင့်ဘက်လိင်အပေါ်တွင်လည်း ကောင်းမွန်သော ကာမဂုဏ်စွမ်းရည်ကို ဖြည့်ဆည်းပေးနိူင်ကြသည်ဟူ၏။
၇ဂဏန်းသမားများသည် အချစ်ဆိုသောအရာကို စတင်တွေ့ရှိသည့် အချိန်မှာပဲ အနှောင့်အယှတ် အတားအစီးများက အချစ်နှင့်အတူ တခါတည်း လိုက်ပါလာတတ်ကြသည်။ အများစုမှာ အသဲကွဲပြီးမှ ချစ်ရသူနှင့် ပြန်လည်ပေါ်င်းဖတ်ကြရသည်။ ၇ဂဏန်းပိုင်ရှင် အမျိုးသမီးများကမူ အနာဂတ်ကို အမြဲတစေ စိုးရိမ်တွေးတောပူပန်တတ်သူများ ဖြစ်သည့်အလျှောတ် လင်ကောင်းသားကောင်း ရရှိတတ်ကြသည်။ ထိုအမျိုးသမီးများအနေနှင့် အချစ်ရေးကောင်းမွန်စေရန် ဒေါ်လ်ဖင်ငါးပုံပါသော ရင်ထိုးကို ဆောင်ကြရမည်ဖြစ်သည်။
၇ရက်နေ့မွေးဖွားသူတို့၏ အချစ်ရေးမှာတော့ The Rometic Loverဟု ခေါ်ဝေါ်သမုတ်ကြသည်။ အချစ်ကို တန်ဖိုးထားတတ်ကြသည်။ ပြီးလျှင် လက်တွေ့ဘဝနှင့် ကင်းကွာပြီး လှပသောစိတ်ကူးယဉ်အိပ်မက်များစွာဖြင့် အချစ်ကို တည်ဆောက်ကြသည်။ အချစ်အတွက်နှင့် အရာရာရင်ဆိုင်ဖို့ အသင့်ရှိတတ်ကြသည်။ တဖန် အချစ်ကို ယစ်မူးဖွယ်စရာကောင်းသော သံယောဇဉ်တို့နှင့် ပေါ်င်းစပ်ကြည့်မြင်ပြီး အချစ်သည် လွမ်းမောခြင်း၊ တွေဝေခြင်းကိုပေးသောအရာဟု သတ်မှတ်ကြသည်။ ထိုသို့ သတ်မှတ်ကြသော်လည်း အသက်အရွယ် အိုမင်းသွားသည့်တိုင်အောင် သူတို့၏အချစ်မှာ ရင်ထဲတွင် ထာဝရနုပျိုလန်းဆန်းနေသောအရာ ဖြစ်နေလေသည်။ တစ်ခုရှိသည်က သူတို့၏စိတ်သည် အထီးကျန်မူကို နှစ်ခြိုက်နေကြသူများဖြစ်ရာ ထိုခံစားမူကို အမှန်ဖြစ်ဖို့ကမူ သူတို့၏စိတ် ငြိမ်သက်မူထားနိူင်သောအချိန်ခဏလောက်မှသာ ဖြစ်ကြပေသည်။ သူတို့သည် ချစ်ခြင်းမေတ္တာဆိုင်ရာ၌ အားနည်းတတ်ကြသည့်အပြင် သူတို့ချစ်မြတ်နိူးသည့်သူများမှာ သူတို့ကို မကြာခဏ ပယ်ထားတတ်ကြသည်။ သူတို့အပေါ် ချစ်မြတ်နိူးမိသူများမှာလည်း သူတို့နှင့်ပတ်သက်ပြီး စိတ်ပျက်ခြင်းကိုသာ ရရှိကြရသည်။ အိမ်ထောင်ရေးတွင်လည်း သူတို့စိတ်ကျေနပ်မူ မရှိကြပါ။ မိသားစုဘဝတွင်လည်း မိသားစုဝင်များက သူတို့၏ လုပ်ဆောင်နိူင်မူစွမ်းရည်များကို အလေးမထား၊ ဂရုမစိုက်တာကို ကြုံကြရပြန်သည်။ အများစုသည် မိသားစုနှင့် ဝေးကွာနေရသော အခြေအနေမျိုးနှင့် ကြုံကြရသည်။
၇ရက်နေ့မွေးဖွားသူများတွင် အများဆုံးဆုံတွေ့ကြရတတ်သည့် ဖူစာရှင်မှာ ၁၁ရက် ၁၂ရက်တွင် မွေးဖွားကြသူများဖြစ်သည်။
အကယ်၍ ၇ဂဏန်းသမားများသည် ၃ဂဏန်းသမားများနှင့် ဖူစာဆုံကြရသည်ဆိုလျှင် ဂဏန်းနှစ်ခုစလုံးမှာ အင်းအားကောင်းမွန်မူရှိကြသည်နှင့်အညီ အောင်မြင်မူကို ကြုံတွေ့ခံစားကြရနိူင်သည်၊ အကယ်၍ ပြဿ နာတစ်စုံတစ်ခုရှိလာလျှင် ၃ဂဏန်းသမားများက ၇ဂဏန်းသမားအပေါ် ကူညီပေးလိမ့်မည်ဖြစ်သည်။ ၇ နှင့် ၃ဂဏန်းသမားတို့သည် စဉ်းစားတွေးခေါ်ပုံတို့မှာ မတူညီကြသော်လည်း တစ်ဦးနှင့်တစ်ဦးအမြဲတစေ လက်ခံသဘောတူလျှက်ရှိကြသည်။ နှစ်ယောက်စလုံးစိတ်ဝင်စားကြသည့် ကိစ္စရပ်များတွင်လည်း အတူတကွ လုပ်ဆောင်တတ်ကြသည်။ ပြန်လည်ပြုပြင်ခြင်းများကို ပိုစိတ်ဝင်စားလာတတ်ကြသည်။ ယင်တို့၏ ပေါင်းဖတ်မူတွင် ၃(အမျိုးသား) နှင့် ၇(အမျိုးသမီး)ဖြစ်ပါက အလွန်ကောင်းမွန်သော ပေါ်င်းစပ်မူဟု ဆိုနိူင်သည်။ ထိုသို့မဟုတ်ဘဲ ၇ဂဏန်းသမားမှာ ယောကျာ်းလေးဖြစ်ခဲ့သည် ဆိုပါက အစတွင် မိန်းခလေး၏ မူယာမာယာများမူကို ခံစားရပြီး နောင်တွင်မူ ကောင်းမွန်စွာ လက်ထပ်ခွင့် ရကြလိမ့်မည်ဖြစ်သည်။
ဒုတိယအများဆုံးဖူစာကံကမူ ၅ရက် ၁၈ရက် ၂၇ရက်မွေးဖွားသောသူများဖြစ်တတ်ကြပြီး ထိုသူတို့နှင့် ဖူစာဆုံပါက ခေတ္တယာယီဝေးကွာနေကြရပြီးမှ ပြန်လည်အဆင်ပြေကြမည် ဖြစ်သည်။ ၇ နှင့် ၉ ဂဏန်းသမားတို့သည် အရေးပါ အရာရောက်ကြသော ဂဏန်းများဖြစ်သည်နှင့်အညီ ၇ဂဏန်းသည် နာမ်ပိုင်ဆိုင်ရာ လောကုတ္တရာကို၎င်း ၉ဂဏန်းသည် လောကီရေးရာကို၎င်း ကိုယ်စားပြုကြသောကြောင့် အမြဲတစေ နှီနှောဆက်သွယ်နေကြလိမ့်မည် ဖြစ်သည်။ ၉ရက်နေ့မွေးဖွားသူများနှင့် အိမ်ထောင်ပြုခဲ့ရလျှင် အိမ်ထောင်ရေးအခြေအနေ အသင့်အတင့်ပင် ဖြစ်၏။
၁၃ရက် ၁၉ရက်နေ့မွေးဖွားသူများနှင့်မူ ဖြစ်နိူင်ချေ နည်းပါးလှသော်လည်း အကယ်၍ ထိုမွေးရက်ရှင်များနှင့် ဖူစာကံကြုံပါက မိမိအသဲကွဲရတော့မည်ကို သိထားဖို့လိုလေသည်။
၈ဂဏန်းသမားများနှင့် အိမ်ထောင်ကျခဲ့လျှင်မူ ဘဝမှာ ခါးသီးစရာတွေ ထပ်မံရောက်လာကြမည်ဖြစ်သည်။
#အိမ်နံပါတ် ၇ ရသောအိမ်များ၏ အဓိပ္ပါယ်ကမူ ထိုအိမ်သည် ရှုပ်ထွေးပွေလီစရာများနှင့် ပြည့်နှက်နေသောအိမ် ဖြစ်သည်။ ငွေရေးကြေးရေးနှင့်ပတ်သက်ပြီး ပြဿ နာဖြစ်ကြရသည်။ ဆေးရုံများသို့လည်း ကျန်းမာရေးကြောင့်ဖြစ်စေ အခြားမိတ်ဆွေများကြောင့်ဖြစ်စေ မကြာခဏ သွားကြရတတ်သည်။ ထိုအိမ်မှလူများသည် စိတ်ဓာတ်ကျနေရသည်က များသည်။ သီအိုရီများအရဆိုလျှင် ရေနှင့်နီးသော နေရာများမှအိမ်ဖြစ်သည်ဆိုပါက အားလုံးအဆင်ပြေစေနိူင်ပါသည်။
၇၏ မိတ်ဖက်ဂဏန်းများ: ၂၊ ၇၊ ၁၊ ၅၊ ၉
၇ဂဏန်းသမားများ ဖြစ်တတ်သောရောဂါ နှင့် ဘေးအန္တရာယ်များ : အလွယ်တကူ ရေဓာတ်ခန်းခြောက်ခြင်းကြောင့် ကျန်းမာရေးထိခိုက်ခြင်း၊ ချွေးထွက်လွယ်ခြင်း၊ အနာများ ရောင်ရမ်းခြင်း၊ ဝက်ခြံများထွက်ခြင်း၊ အရေပြားနှင့်သက်ဆိုင်သည့် ရောဂါဖြစ်တတ်ခြင်း၊ ပြည်တည်နာများ၊ သွေးစုနာများ၊ ယားနာများ၊ ခါးနာခြင်း၊ နှာခေါ်င်းသွေးလျံခြင်း၊ ဦးနှောက်နှင့်အာရုံကြောဆိုင်ရာများ၊ နား၊ ရေဘေးသင့်ခြင်းများ၊ ရေနစ်ခြင်းများ
ကံကောင်းစေသော အရပ်မျက်နှာ:အနောက်မြောက်
ကံကောင်းစေသောအရောင်များ: အစိမ်းရောင်အမျိုးမျိုး၊ ဖျော့တော့သောအရောင်များ၊ အဖြ ၊ အဝါ၊ အပြာ
ရှောင်သင့်သောအရောင်များ: ထိုင်းမှိုင်းသော အရောင်များ၊ ညိုမှိုင်းသောအရောင်များ၊ အနတ်၊ နီရင့်ရင့်အရောင်များ
ကံကောင်းစေသော လ၊ နေ့ နှင့် ရက်များ: Feb, July, Nov, Sat, Sun, Mon, 7, 16, 25, 2, 11, 20, 29, 3
1 နှင့် 2 ပါသော နေ့ရက်များတွင် ပစ္စည်းအသစ် ဝယ်ယူခြင်းများ ပြုလုပ်သည့်အခါ အလွန်ကောင်းသည်။
ကံမကောင်းဖြစ်စေသောနေ့များ: 8, 17, 26, 18, 27
ကံကောင်းစေသော ရတနာများ: ပုလဲ၊ ကျောက်နီ(တစ်မျိုးတည်း)၊ မဟူရာ ၊ ကြောင်မျက်လုံး(cat's eye)၊ milestone၊ ကျားမျက်လုံး(tiger's eye) ထိုရတနာများကို ၇ဂဏန်းသမားများအနေနှင့် လက်သူကြွယ်မှာ ဝတ်ဆင်ပါက ပို၍ထူးခြားမူရှိစေမည်။
Lucky symbols: Lion, Swastik, Yaoli, colours
ဓာတ်စာ: သစ်သီးဖျော်ရည်များ
ထင်ရှားသူများ: စာရေးဆရာ ချားလ်ဒစ်ကင် (ဖေဖာဝါရီ ၇)၊ ကဗျာဆရာ ဝေလီယံဝါ့စ်ဝါ့သ် (ဧပြီ ၇)၊ အဲလီဇဘက် ဘုရင်မ (မေ ၇)
ကိုးကားစာရင်း
#ဆရာစောစံ(B.A)၏ ကိုင်ရို၏ ဂဏန်းဗေဒင်
#ဆရာစံဇာဏီဘို၏ သင့်မွေးရက်နှင့် အချစ်ကံကြမ္မာ
#ဆရာလူဝင်းအောင်၏ ဟိန္နူနည်းစနစ်ဆိုင်ရာ ဂဏန်းဗေဒင်
//vadicastrozone.com
//buildingbeautifulsouls.com
2:01AM
Sep21.2020
Minsetwai