Search My Blog

Monday, October 14, 2019

သံယောဇဉ်တွေထဲကို နားလည်ခြင်းတွေ ပြန်လည် ပေါ်င်းထည့်ကြည့်...

ရဟတ် (ကဗျာစုစည်းမူ)-၁၀၀

သံယောဇဉ်တွေထဲကို
နားလည်ခြင်းတွေ ပြန်လည်
ပေါ်င်းထည့်ကြည့်...


အရင်က ဒီကဗျာကို ကျွန်တော်က
"နားလည်ခြင်းထဲမှာသံယောဇဉ်တွေ
ပေါ်င်းထဲကြည့်" ဆိုပြီး
စတုဂံလွင်ပြင်ထဲမှာ ရေးခဲ့ပါတယ်။

အခုက ရဟတ်မှာ ပြန်လည်ခံစားပြီး
ရေးဖြစ်တဲ့အခါကျတော့
"သံယောဇဉ်တွေထဲကို
နားလည်ခြင်းတွေ
ပြန် ပေါ်င်းထည့်ကြည့်... ဆိုပြီး
ခေါ်င်းစဉ်ပြန်ပြောင်းပေးဖြစ်သွား
ရပါတယ်။

ဘာကွာခြားမူရှိလို့လဲ မေးရင်တော့
ကျွန်တော်စိတ်ထဲမှာ အဲဒီခေါ်င်းစဉ်နှစ်ခုအကြား ကွာဟမူတစ်ခုခုရှိနေတယ်လို့
ကျွန်တော် ယုံကြည်ခံစားရပါတယ်။

တစ်ချို့သော စိတ်ခံစားရမူတွေဟာ
လုံလုံလောက်လောက်ရှင်းပြလို့မရနိုင်ပါဘူး။ နားလည်အောင် ရှင်းပြဖို့ကြိုး
စားလေလေ၊ ဝင်္ကပါ ထဲ ပိုပို ရောက်ရှိသွားလေလေ ဖြစ်နေရတာမျိုးတွေလည်း
ကြုံရတတ်ပါတယ်။

ဒါကြောင့် တစ်ချို့အကြောင်းအရာတွေဟာ မရှင်းပြဘဲ သူ့ချည်းသက်သက်ထား
လိုက်တာက ပိုလေးနတ်ပြီး ပိုပြည်စုံ
သွားစေပါတယ်။

ဒါပေမယ့် ကျွန်တော်က အဲဒီလို မရှင်းပြဘဲ
လေးနတ်နေတဲ့ အရာမျိုးတွေကိုပဲ
လေးနတ်သထက်လေးနတ်အောင် တစ်စစီခြင်းဆွဲထုတ် ၊ ဖြုတ်၊ တပ်၊ ပုံစံမျိုးစုံနဲ့ပဲ
သူ့ဟာသူ လေးနတ်နေတဲ့အရာကြီးဆိုတာကို ကလိချင်တဲ့ လူတစ်ယောက်ပါ။

သာမန်မြင်ကြည့်ရင်တော့ ရှေ့နောက်နေရာလွဲသွားတာကလွဲရင် ခေါ်င်းစဉ်နှစ်ခု
စလုံးရဲ့ လားရာက တစ်ခုတည်းလို
မြင်စရာပါပဲ။

အဲလိုလက်ခံထားတယ်ဆိုရင်လည်း
အောက်မှာရှိတဲ့အကြောင်းအရာတွေကို back နှိတ်ပြီးထွက်လိုက်တာထက်စာရင် ခေါ်င်းကိုက်ခံကြည့်ဦးမှပဲလို့ တွေပြီး ဆက်လက်ဖတ်ပေးပါ့ဦး။

#နားလည်မူ
ဘယ်လောက်ရှိပါတယ်ပြောပြော..ပါ
သံယောဇဉ်မရှိဘူးဆိုရင်......
အဲဒါကို အချစ်လို့
အမည်တပ်လို့ ရပါ့မလား။.
(ဖြေကြည့်ချင်သူများ Commentတစ်ခုလုံး အားလျှက်ရှိပါသည်။)

နားလည်ခြင်းထဲမှာ သံယောဇဉ်တွေကို
ထပ်ပေါ်င်းကြည့်လိုက်ပါ။

တစ်ဘက်လူမှာ ပေါ်င်းစပ်ခြင်းအမူကို
လုပ်နိုင်၏။ မလုပ်နိုင်၏။
ဆုံးဖြတ်ရမူဟာ ပမာဏ
အရမ်းကိုများ
လွန်းနေတယ်ဆိုရင်.........
(ရူးသွားနိုင်လား😁😁)

အကယ်၍
သူ့မှာ သံယောဇဉ် ရှိမနေဘူးဆိုရင်
ဒာဟာ အလွန်ပင်ပန်းရတဲ့ အမူကိုပြုတာနဲ့ အတူတူပါပဲ။

စဉ်းစားကြည့်ပါ။

သူ့ခမျ သံယောဇဉ် မရှိတဲ့သူကို
နားလည်မူပေးထားရတဲ့အပြင်..
နဂိုကတည်းကမှ
မရှိတဲ့သံယောဇဉ်ကိုပါ
ရှိသလိုလို
ဟန်ဆောင်ထပ်ပေါ်င်းပေးရဦးမယ်
ဆိုတော့
သူအတွက် ဒါက
အရမ်းကိုဆိုးဝါးသွားစေမှာ
အသေအချာပါပဲ။

ဒါကြောင့် ကျွန်တော်က ဒီကဗျာကို
"သံယောဇဉ်တွေထဲကို
နားလည်ခြင်းတွေ
ပြန်ပေါင်းကြည့်"လို့
ပြောင်းလိုက်တာပါ.။

တကယ်တော့ ဒီကဗျာက
အရမ်းကြီး ကြီးကျယ်ခမ်းနားတဲ့ ကဗျာကြီးတစ်ပုဒ်တော့မဟုတ်ပါဘူး။

ဒါပေမယ့် ကျွန်တော်ကိုယ့်
ကျွန်တော်ပြန်မြှောက်ပြောရရင်တော့
ကျွန်တော်ရဲ့ ကဗျာခေါင်းစဉ်က
လူရဲ့စိတ်သဘာဝထဲမှာ
ခွဲခြားရခက်နေတဲ့ ဒွိဟတွေကို
မျက်လုံးထဲမြင်အောင်
ပုံ ဆွဲပြလိုက်တာမျိုးနဲ့
တူနေတယ်လို့ မြင်ပါတယ်။

ပြောင်းလဲလိုက်တဲ့ခေါ်င်းစဉ်အရ
အလွယ်တကူပဲတွေးမယ်ဆိုရင် ဒီမှာက
သံယောဇဉ်က
အရင်ဖြစ်တည်ထားပါတယ်။

ဒီတော့ တစ်ဘက်ကလူဟာ
နာလည်းခြင်းတွေ ထပ်ပြီး
ပေါ်င်းပေးနိုင်လား။ မပေးနိုင်ဘူးလား။

ကွာခြားသွားတာလေးကို
မြင်မယ်ထင်ပါတယ်။

ဆုံးဖြတ်ရသူဘက်မှာ ဝန်အများကြီးပေါ့သွားတာကို ခံစားမိမှာပါ။

ဒါများဗျာလို့ ပြောလည်း ခံရမှာပဲဗျာလို့
ကျွန်တော်ပြန်မပြောပါဘူး။

ဘာကြောင့်လဲဆိုတော့...

စိတ်ရဲ့ဝန်က ဘယ်လောက်လေးတယ်ဆိုတာ အဖြေပေးမယ် အဆုံးစီရင်သူတွေဟာ အသက်မှ ရှိမနေကြတော့တာ။

အမှန်တကယ်တော့ ကျွန်တော်က စာကို အရှည်ကြီးလျှောတ်ရေးပြီး အရှည်ကြီး
လျှောတ်ရှင်းပြလိုက်တာပါ။

ဘယ်သူကများ စိတ်ရှည်တဲ့သူတွေ ဖြစ်မလဲဆိုတာလည်း သိချင်တာပေါ့။

အမှန်က..တိုတိုလေးရှင်းပြဖို့အတွက်
ဒီနားရောက်အာင် ကျွန်တော် အတင်းဆွဲခေါ်လာလိုက်တာပါ။

အခု...တိုတိုလေးကို ပြောပြပါရစေ..။

၁။ နားလည်မူထဲ သံယောဇဉ်ထည့်ပေါင်းဖို့ ဆိုသည်မှာ သံယောဇဉ်ဟူသည်မှာ
ချက်ချင်းလက်ငင်း လုပ်ယူရသောအရာ
မဟုတ်ပါ။

၂။ သံယောဇဉ်ထဲ နားလည်မူထပ်ပေါ်င်းဖို့ ဆိုသည်မှာက နားလည်မူဟူသည်
ခိုင်လုံသော အကြောင်းအရာတစ်ခုသာရှိမည်ဆိုလျှင် ချက်ချင်းလက်ငင်းလုပ်ယူ၍ ရနိုင်သောကြောင့်ဖြစ်သည်။

😁ပြီး.😁သေး😁ဘူး😁ကဗျာ😁လည်း😁ဖတ်ပေး😁ပါဦး😁

သံယောဇဉ်တွေထဲကို
နားလည်ခြင်းတွေ ပြန်လည်
ပေါ်င်းထည့်ကြည့်...

_

ရင်ဘတ်ထဲမှာ
တိတ်ဆိတ်သွားခဲ့ရဖူးတယ်။

သူပစ်လိုက်တဲ့ ဗုံးက
နှလုံးသား တည့်တည့်ကိုမှ လာစင်တယ်။

ဗရပွဖြစ်သွားတဲ့ အသားစတစ်ချို့မှာ
သံယောဇဉ်တွေက ပါးလျခြင်း
မရှိလာခဲ့ဘူး။

မယုံကြည်နိုင်ခြင်းလောက်ကိုပဲ
တံခါးဖွင့်ကြည့်ပြီး.. ငါ
လဲကျသေဆုံးပေးခဲ့လိုက်တယ်။

ဒါပေမယ့် နှစ်သိမ့်တဲ့လက်ဖဝါးမှာ
ဝတ္တရားထက် သာတဲ့စကားမျိုးတွေပဲ
ငါ့မကြားအောင် တိတ်တိတ်လေး
တပ်ဆင် အသုံးပြုပေးပါ။

လောင်ကြေးလည်း
လာထပ်ဖို့ မလိုလားပါဘူး..
ငါက အနိုင်များများပေးဖို့လောက်ကိုပဲ
တစ်ယူသန် အာရုံစိုက်ခဲ့ရသူပါ...။

ဒီလို ခင်တွယ်ပြခဲ့တဲ့ .
အကျိုးတရားရလဒ်ကို
အဖိုးအခအနေနဲ့...မင်း..

မှိုတတ်နေတဲ့ ကတိတွေပဲ ပေးပေး

အခြေအနေနဲ့ အချိန်အခါကြောင့်
ပြောင်းလဲ ဖြစ်တည်သွားကြတယ်ပဲ
ပြောပြော
ကို့ဘက်က ထာဝရ
လိုက်စောင်းပေးနေဦးမယ့်
စလောင်းဖုံး... ။

ခုက နားလည်ခြင်းတွေနဲ့
အင်္ဂတေ ကိုင်ခဲ့တယ်ဆိုတာက..
သံယောဇဉ်ကို အုတ်မြစ်ချခဲ့တဲ့
အချစ်ရဲ့မြိုးရိုးစစ်စစ်လေးကိုပါ..။

ဘယ်လိုဖြစ်ဖြစ်
ဓားရိုး
အမြဲကမ်းထားတတ်သူရဲ့လက်နဲ့ပဲ
ခြယ်သထားခဲ့တယ် ဆိုတာတော့ .
စိတ်နှစ်ပြီးတော့သာ ယုံလိုက်ပါ။

ဓားနဲ့စိတ်ရှိလက်ရှိ အထိုးခံပေးပါ့မယ်
(ယုံခဲ့ရင်ပေါ့....)
ကျောတစ်ခင်းစာလေးထဲမှာ
ဝပ်နေရပါစေ..ဦးတော့
ဒီ ချစ်ခြင်းမေတ္တာလေး
အသက်ရှည်နေစေဖို့ကို
ကျောတပြင်လုံးရင်းပြီး
ဒီ သေတမ်းစာတစ်မျိုးကို
စတေးမူနဲ့ ရေးရဲတယ်။

လာပါ...အခုတော့
ကိုယ်တို့အတူတူ
ပေါ်င်းစပ်ကြည့်ရတော့မယ့်
ဆည်းဆာနားမှာ
အမုန်းတွေကို
သွားမောင်းထုတ်လိုက်ကြရအောင်..။

2:00AM
Api 23,2019
Minsetwai

__

posted from Bloggeroid

No comments:

Featured Post

ကဗျာဟူသည်

poetry ကဗျာဟူသည် ကဗျာဆိုသည်မှာ မိမိရောက်နေသောခေတ် အသက်ရှင်နေသောခေတ်၏အတွေးအခေါ်များကို အခြေခံ၍ သက်ရောက်မှုအများဆုံးရှိသော ခံစားမှုကို ဖန်တီးပ...