Search My Blog

Friday, October 11, 2019

အရင်လို မဖြစ်ပါစေနှင့်

"အရင်လို မဖြစ်ပါစေနှင့်"

တစ်ချို့တစ်လေဟာ
ဘဝထဲက ထွက်ပြေးသွားကြတယ်
ကိုယ် ရှာဖွေနေတုန်း ခဏမှာ
နောက်ထပ် အသစ်အသစ်တွေ ပြန်ပေါ်လာစမြဲမို့
အစစ်အမှန်ဆိုတာ ဘယ်မှာလဲ...။

နေဝင်နေတဲ့ ကိုယ့်ဘဝမှာ
အလင်းတစ်စတော့ အလိုရှိမိသေးတယ်
အေးလေ....
ညကမတ်တဲ့အိပ်မက်ထဲမှာ
နတ်သမီးမှ မရှိခဲ့တာ
သူမ အစစ်အမှန်အတွက်
ကိုယ်စီလာဖို့ စဉ်းစားနေတုန်းပဲ။

ကိုယ်သိတယ်..
သူလည်း တစ်နေ့
သူတို့လို ထွက်ပြေးသွားဦးမှာ။

အဲဒီအခါ
ကိုယ့်မှာက
သူမပေးဦးမယ့်
ကဗျာ အသစ်အသစ်တွေနဲ့
နောက်ထပ်.. မိုးစင်စင်လင်းခြင်း..။
MINSETWAI
JUNE 18/2016

posted from Bloggeroid

No comments:

Featured Post

ကဗျာဟူသည်

poetry ကဗျာဟူသည် ကဗျာဆိုသည်မှာ မိမိရောက်နေသောခေတ် အသက်ရှင်နေသောခေတ်၏အတွေးအခေါ်များကို အခြေခံ၍ သက်ရောက်မှုအများဆုံးရှိသော ခံစားမှုကို ဖန်တီးပ...