ရဟတ်
**
ချာချာလည်တယ်...
(ဘဝ၊ အချစ်၊ အမုန်း၊ အရာအားလုံး)
အပေါ်ရောက်သွားလိုက်၊
အောက်ကိုပြန်ဆင်းလာလိုက်
တစ်ဘက်တည်းကို ကမ်းကပ်လို့
မရလောက်အောင်ကို
ချာချာလည်နေတယ်....။
ဟိုး..အပေါ်မှာ ကျွန်တော်မိတ်ဆွေတွေကို မြင်ရတယ်
သူတို့အောက်ကို ငုံကြည့်နေကြတယ်
အဲဒီလို ချာချာလည်နေတယ်...
ဟိုးအပေါ်မှာ ကျွန်တော်အချစ်ဆုံးချစ်သူကို မြင်ရတယ်
သူ ကျွန်တော်ကို ငုံကြည်နေတယ်
အဲဒီလို ချာချာလည်နေတယ်....
ကောင်းကင် နဲ့ နီးသွားလိုက်
မြေပြင်နဲ့ နီးသွားလိုက်
ချာချာလည်ခြင်း သီအိုရီအရ...
သံယောဇဉ်တွေ ချာချာလည်ကုန်တယ်...။
တစ်ချို့က သဘောကျစွာ ရယ်မော
တစ်ချို့က ကြောက်ရွံစွာ ငိုယို
တစ်ချို့က ဘာမှမဖြစ်သလို ခပ်တည်တည်
ခုန်ချခွင့်မရသေးခင်
ကျွန်တော်ပါ လိုက်ပြီး ချာချာလည်လိုက်တယ်....
ခင်ဗျားကော
ချာချာလည်နေရခြင်းကို မြင်လား
ကျွန်တော်တို့ဟာ ရဟတ်စီးသူများဆိုတာ
သေဆုံးသွားတဲ့ ဝိညာဉ်တွေ အော်ပြောနေကြတယ်
ကျွန်တော်တို့ရဲ့
(ဘဝ၊ အချစ်၊ အမုန်း၊ အရာအားလုံး)
ချာချာလည်နေပါသတဲ့...။
အခုကစပြီး...ချာချာလိုက်လည်ကြည့်လိုက်ပါ
နေထိုင်ကောင်းပြီး အဆင်ပြေလာလိမ့်မယ်
ကျွန်တော်လည်း ချာချာလည်ကြည့်လိုက်မယ်
ခုန်ဆင်းခွင့် မရချိန်ထိ..ပေါ့...။
Nov 6.2017
Minsetwai
**
ချာချာလည်တယ်...
(ဘဝ၊ အချစ်၊ အမုန်း၊ အရာအားလုံး)
အပေါ်ရောက်သွားလိုက်၊
အောက်ကိုပြန်ဆင်းလာလိုက်
တစ်ဘက်တည်းကို ကမ်းကပ်လို့
မရလောက်အောင်ကို
ချာချာလည်နေတယ်....။
ဟိုး..အပေါ်မှာ ကျွန်တော်မိတ်ဆွေတွေကို မြင်ရတယ်
သူတို့အောက်ကို ငုံကြည့်နေကြတယ်
အဲဒီလို ချာချာလည်နေတယ်...
ဟိုးအပေါ်မှာ ကျွန်တော်အချစ်ဆုံးချစ်သူကို မြင်ရတယ်
သူ ကျွန်တော်ကို ငုံကြည်နေတယ်
အဲဒီလို ချာချာလည်နေတယ်....
ကောင်းကင် နဲ့ နီးသွားလိုက်
မြေပြင်နဲ့ နီးသွားလိုက်
ချာချာလည်ခြင်း သီအိုရီအရ...
သံယောဇဉ်တွေ ချာချာလည်ကုန်တယ်...။
တစ်ချို့က သဘောကျစွာ ရယ်မော
တစ်ချို့က ကြောက်ရွံစွာ ငိုယို
တစ်ချို့က ဘာမှမဖြစ်သလို ခပ်တည်တည်
ခုန်ချခွင့်မရသေးခင်
ကျွန်တော်ပါ လိုက်ပြီး ချာချာလည်လိုက်တယ်....
ခင်ဗျားကော
ချာချာလည်နေရခြင်းကို မြင်လား
ကျွန်တော်တို့ဟာ ရဟတ်စီးသူများဆိုတာ
သေဆုံးသွားတဲ့ ဝိညာဉ်တွေ အော်ပြောနေကြတယ်
ကျွန်တော်တို့ရဲ့
(ဘဝ၊ အချစ်၊ အမုန်း၊ အရာအားလုံး)
ချာချာလည်နေပါသတဲ့...။
အခုကစပြီး...ချာချာလိုက်လည်ကြည့်လိုက်ပါ
နေထိုင်ကောင်းပြီး အဆင်ပြေလာလိမ့်မယ်
ကျွန်တော်လည်း ချာချာလည်ကြည့်လိုက်မယ်
ခုန်ဆင်းခွင့် မရချိန်ထိ..ပေါ့...။
Nov 6.2017
Minsetwai
No comments:
Post a Comment