Search My Blog
Wednesday, September 30, 2020
Number-43
၄၃၏ အထင်ကရမှတ်တမ်း BC43တွင် ရောမနိူင်ငံရေးသမား၊စာရေးဆရာ စီစီယို ကွယ်လွန်သည်။
ကိုးကား affinumerology.com sunsings.org 3:09AM Sep30.2020 Minsetwai
မှိတ်ထားတဲ့မျက်လုံး
[ငါ/ကဗျာ/စိတ်ဝေဒနာများ-၂၄]
မှိတ်ထားသောမျက်လုံး
မှိတ်ထားသော မျက်လုံးမှာ
ကိုယ်ထည်မပါသော အိပ်မက်တွေ
မှိတ်ထားသော လက်ထဲမှာ
ဗလာလက်ထဲက စိတ်ကမြင်းမူများ
မှိတ်ထားသော မျက်လုံးမှာ
ကိုယ့်ဒဏ်ရာ ကိုယ်ပြန်ခုတ်ထစ်ရင်း ကိုယ်တိုင်ယဇ်ပူဇော်
မှိတ်ထားသော မျက်လုံးမှာ
စိမ်းလန်းမူမဲ့ သံယောဇဉ်တွေဟာ သေ
မှိတ်ထားသော မျက်လုံးမှာ
ကိုယ့်မကျေနပ်မူကို ကိုယ်ပြန်အကြမ်းဖက်
မှိတ်ထားသော မျက်လုံးမှာ
ဇွတ်တရွတ် မိုးပေါ်ပျံတော့
မှိတ်ထားတဲ့မျက်လုံးက ဒြပ်မဲ့။ ။
မှိတ်ထားသော မျက်လုံးမှာ
ကမောက်ကမာနဲ့ အစီအစဉ်မဲ့နေ့စွဲတွေ
မှိတ်ထားသော မျက်လုံးမှာ
ပိုင်ရှင်မဲ့ အမည်မှာ ၁၉ပါသော ပန်းချီတစ်ချပ်
မှိတ်ထားသော မျက်လုံးမှာ
ဇာတ်ဝင်ခန်းထဲ ပုရွက်ဆိတ်တွေ ကမ္ဘာပျက်
မှိတ်ထားသော မျက်လုံးမှာ
လူဝင်ဆန့်ချင်နေသော လူမဆန်ယဉ်ကျေးမူများ
မှိတ်ထားသော မျက်လုံးမှာ
ဒီမိုကရေစီနှင့် ရမ္မက်ထန်ညများ
မှိတ်ထားသော မျက်လုံးမှာ
ပတ်ကြားအက်နေသော ဝါဒများ
မှိတ်ထားသော မျက်လုံးမှာ
မျက်လုံးဟာလည်း ပြန်ဖွင့်မရနိူင်တော့
မှိတ်ထားတဲ့မျက်လုံးက မျက်လုံးသေ။
Sep 7.2020
Minsetwai
Number-7
Monday, September 21, 2020
ရှင်သန်လိုခြင်းအတွက် ရေးဖြစ်တဲ့သေတမ်းစာ
ရှင်သန်လိုခြင်းအတွက်
ရေးဖြစ်တဲ့ သေတမ်းစာ
___________________
၁။ ။
ဒီရေခဲမြစ်ကလေးနဲ့....
ဒီအနာဂတ်ကြယ်ကလေး
အတွက် ..
ကျောရိုးတစ်လျှောတ်
နာကျင်ကိုက်ခဲခြင်းတွေနဲ့...
ပျင်းရိလေးတွဲ့မနက်ဖြန်တွေကို
ငါ
ပြန်သယ်ထုတ်ယူသွားရချိန်....။
၂။ ခံစားထုဆစ်ခဲ့မိတယ်
ကြယ်တွေ၊ လတွေ
သေချင်စော်နံသူတစ်ဦးရဲ့
အဝေးမှာ
ထိန်ထိန်လင်းကြပါစေ...
မုန်တိုင်းပျော်
ဇင်ယော်ဌက်တွေရဲ့
မိသားစုဘဝဆိုတာမျိုးတွေ
တဖြည်းဖြည်းချင်း
ဖြေလျော့ပေးလိုက်ရတဲ့နောက်
မြက်ခင်းရောင်
အခန်းလေးထဲက
တီတီတာတာကလေး
ငယ်တစ်ဦး
စိတ်ကူးထဲထိ
လာလာ အမြစ်တူးဆဲပဲလေ..17.။
၃။ ဒီနေ့က ၆လသားတစ်ဦး
ဘာလုပ်နေမှန်း မသိရတဲ့နေ့
အရင်တုန်းကလည်း မသိရ
နောင်လည်းမသိရ
ဘယ်တော့မှ
ဘာဆိုဘာမှ သိခွင့်မရ
နေဝင်ဆည်းဆာအလှတွေ
ပျောက်ချင်းမလှ
ပျောက်ဆုံးနေခဲ့ရတဲ့နေ့တွေ။ ။
၄။ ။ ဟော့..ဟိုးကဝရံတာမှာ
ချစ်စဖွယ်ကလေး
ဟော့...ဟိုးမှာ စက်ဘီး
အနီရဲရဲလေး
ဟော့..ဟိုးမှာ သားတွေကို
ချီပိုးထားတဲ့
စိတ်ဓာတ်မာတဲ့ ဖခင်တွေရဲ့
အပြုံးလေးတွေ
စောင့်ကြည်အသက်ငင်နေတဲ့
ဂီတာဖြူလေးထဲက
နေတိုးရဲ့
လရောင်ချော့တေးလေး
ထပ်မံ အသက်ဝင်စေ
ချင်မိပြန်သေးတယ်။
၅။ ပြောပြချင်တဲ့ စကားတွေဟာ
ထိုးကြိတ်ပြီးထည့်လဲ
နောက်ဆုံးတွေနဲ့အမျှင်တန်း
ဆုတ်ကိုင်ထားချင်ခဲ့တဲ့
ဟော့ဒီ..လက်မှာ
နာကြင်မှာစိုးတဲ့
သောကဝေဒနာတွေနဲ့
မာန်လျော့လို့
ပျင်းရိတုန့်ဆိုင်းသဏ္ဍာန်နဲ့အတူ
သေတမ်းစာတွေ
အကြိမ်ကြိမ် ရေးနေခဲ့မိတယ်..။
၆။ ပျော်ရွှင်မူရဲ့
အသံထွက်ဆိုခြင်းမှာ
ငါ့စိတ်အာရုံသိမြင်မူက
ချင့်ချိန်ဥပမာ မဲ့နေခဲ့ပြီပဲ
စိတ်....တဲ့
ကွင်းစ ကွင်းပိတ်လေးထဲ
(.............................)
ငါ့ကိုယ်ငါ
လှောင်ပိတ်ခံထားလိုက်မိတယ်။
၇။ ဥပဏ္ခောပြုထား
လိုက်သူတွေရဲ့ နောက်ကွယ်
ဖယောင်းမီးလေး လေမခဖို့
တုန်တုန်ရီရီလက်တွေနဲ့
စွမ်းသလောက်
ကာကွယ်ပေးချင်သေးလည်း
နတ်ဆိုးတွေက
ဆုတောင်းမပြည့်အောင်
ဝိုင်းဝန်းလို့ ငါ့ကို
ကမကထပြုပေးကြပြန်တယ်။
၈။ ကလေးငယ်တစ်ဦးရဲ့
အသက်ရှင်သန်မူထဲမှာ
စေတနာ၊မေတ္တာရဲ့
လှည့်ဖျားမူကြီးစိုးပြီး
အမှန်တရားကို
သဲလွန်စဖျောက်ချင်ကြပုံက
သြချရလောက်အောင်
စိတ်ကုန်လိုက်ချင်လည်း
သြော်..ဒါ.. ကလေးငယ်လေးရဲ့အနာဂတ်အတွက်
ဆုံးဖြတ်ချက်ချမူတွေပဲလေဆိုပြီး
သမိုင်းရေးသူတွေအပေါ်
ဘာကြောင့်အမှန်
မရေးတာလဲလို့
စော်ဒက
ပြန်တတ်ချင်မိသေးတယ်။
(ငဲ့ညှာမူအကြောင်းတရားထဲမှာ ငါမပါ၊ သူမပါ၊ မည်သူ၊ မည်သူမျှ ပါဝင်ပက်သက်ခြင်း မရှိပါ။)
၉။ ဘာဖြစ်ဖြစ်..အခုငါက
ကြိုးဆွဲသူမဲ့သွားတဲ့...
ရုပ်သေးပျက်
ခြေချော်လက်ချော် ပစ္စူပ္ပန်ထဲမှာ
သက်ဝင်မူမဲ့သွားရပြီး...ပဲ
ဖုန်းကလေးထဲက
ကမ္ဘာတစ်ခြမ်းက အတိတ်ကို
ခိုးခိုးကြည့်နေ ရုံပဲ
အဖတ်တင် ကျန်ရစ်တယ်။
၁၀။ အစစ်အမှန်မဟုတ်တဲ့
စိတ်ကူး ကျောက်စရစ်လေးတွေ
တသီးတသန့်
ပွင့်ဝေပေးနေကြတဲ့
အနတ်ရောင်
စံပယ်ပန်းလေး..တွေ
ငါနဲ့ အချိန်ကြာမြင့်စွာ
မတည်ရှိပေးနိူင်ဘူးဆိုတဲ့
မျက်ခုံးထူထူကလေး..
ဖအေမတူဘူးလို့ .
အကြောက်အကန်း
ငြင်းဆန်ခံထားရတဲ့ ကလေး
ငါ့နှလုံးထဲမှာ သွေးကြောတွေ
ပိတ်ဆို့သွားရင်တော့
ကောင်းမယ်ကွယ်။
၁၁။ အခု ပုံထဲမှာ
၆လသားကလေးက
ပြုံးရယ်နေတယ်
ငါ့ရင်ဘတ်ထဲမှာလည်း
နတ်နတ်နဲနဲ
လိုက်လံပြုံးရယ်နေဖြစ်တယ်
အတူတူပြုံးပေမယ့်
အပြုံးချင်းတွေ အတူတူ
မဆုံကြဘူး..
မဆုံမူထဲမှာ သေချာတာ
တစ်ခုလေးပဲ ရှိနေမယ်....။
၁၂။ ပြုံးရယ်ခြင်းထဲမှာ
(အစစ်အမှန်)
ငြိမ်ချမ်းသောပန်းတွေ ပွင့်ဖို့
ထွန်ယက်စိုက်ပျိုးခြင်းတွေပဲ
ရှိတယ်..
ဒီအရှိတရားကို ..
ကျေနပ်စွာ ယုံကြည်
လက်ခံပေးဖို့ဆိုတာ
စိတ်ပိုင်းဆိုင်ရာ
လွတ်မြောက်ပေါ့ပါးဖို့
အတွက်သက်သက်ပဲလို့
သေတမ်းစာရဲ့အောက်မှာ
သေတမ်းစာကို
ပြန်လည်ရုတ်သိမ်းလိုကြောင်း
ယှဉ်တွဲလို့
အတူတူ ရေးထားတယ်
ဒီ foot Noteကို
သူတို့ အရင်ဖတ်ကြည့်ဖို့တော့လိုတယ်ကွယ်..။
May 17,2019
Minsetwai
ဒီကဗျာက
ရဟတ်(ကဗျာစုစည်းမူ)ရဲ့
နောက်ဆုံးကဗျာပါပဲ။
ကျွန်တော်ကဗျာတွေကို
ဖတ်ရှုပေးကြတဲ့
ကျွန်တော်သူ့ငယ်ချင်းအားလုံးကို ကျွန်တော်ကျေးဇူးတင်လျှက် ရှိနေပါ့မယ်။
အခုတော့ စိတ်ပိုင်းဆိုင်ရာ
အားလုံးကျန်းမာ၊ ချမ်းသာကြပါစေခင်ဗျ။
ဂျင်ပေါ်ကထုံးများ
ဂျင်ပေါ်ကထုံးများ
အခုတလော ကြုံတွေရတဲ့ အဖြစ်အပျက်တွေကြောင့် တာရာမင်းဝေရဲ့စကားတစ်ခွန်းကို သွားသတိရမိပါတယ်။ တာရာမင်းဝေက ငါ့နှာခေါ်င်းပေါ်တတ်ပြီး ဘယ်သူ အသက်လာလာရှုနေတာလဲလို့ ရေးဖူးပါတယ်။ ဟုတ်ပါတယ် သူများနှာခေါင်းပေါ်က်ကြီးနဲ့ အသက်ရှုနေတာတော့ မကောင်းပါဘူး။ တစ်နေ့က ခင်မင်ရတဲ့ကဗျာသူငယ်ချင်း ညီမလေးတစ်ယောက်က သူ့ကဗျာတွေကို တခြားလူတွေက ခိုးယူသုံးစွဲတာ ခံရကြောင်းပြောပြပါတယ်။ ယူတဲ့လူက သူ့အထင်ကြီးနေတဲ့ ကဗျာဆရာတစ်ယောက်ဖြစ်နေတော့ သူ့အနေနဲ့က စွပ်စွဲရမှာလည်း ခက်နေပြန်ပါတယ်။ အဲဒီကဗျာနှစ်ပုဒ်ကို ကျွန်တော်ဆန်းစစ်ကြည့်တော့လည်း စကားလုံးအားလုံးနီးပါးဟာ တူညီနေပြီး နာမ်စားသုံးစွဲမူ ကွဲပြားတာလေးပဲရှိတာကို တွေ့ရပါတယ်။ အဲဒီကဗျာလေးကို ကျွန်တော်အတော်မှတ်မိနေတာပါ။
ဘာကြောင့်လဲဆိုတော့ အဲဒီကဗျာဟာ ကျွန်တော်နဲ့လည်း တစ်စိတ်တစ်ဒေသ ဆက်စပ်မူ ရှိလို့ပါ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော့်သူငယ်ချင်း ကဗျာဆရာမလေးက ကျွန်တော်ရေးခဲ့တဲ့ အလွမ်းတွေနဲ့သေနေတဲ့သစ်ပင်ဆိုတဲ့ ဝထ္ထူလေးကို ဖတ်ပြီးနောက် ဒီကဗျာကိုရေးဖို့ စိတ်ကူးရလာလို့ပါ။ ဒီတော့ ဒီကဗျာကို သူအရင်ရေးတယ်ဆိုတော့ အရမ်းထင်ရှားပါတယ်။ ဒါနဲ့တောင် facebookမှာ နာမည်အတော်အသင့်ရနေတဲ့ ကဗျာဆရာတစ်ယောက်က နာမ်စားလေးပဲပြောင်းပြီး သူ့ကဗျာလုပ်လိုက်တာကတော့ လွန်းလွန်ပါတယ်။ ကျွန်တော်ကတောင် သူ့ကို နှစ်သိမ့်ပေးလိုက်သေးတယ်။ ကျွန်တော်ကိုယ်တိုင်အဲလို အဖြစ်မို့ မကြုံဘူးပေမယ့်လို့ ကိုယ်အမြတ်တနိူးထားတဲ့အရာတစ်ခုကို ခိုးယူခံရတာဟာ အလွန်ကြေကွဲဖို့ကောင်းကြောင်း၊ ဒါပေမယ့်နောက်ဆိုရင် ဆင်ခြင်ဖို့လိုကြောင်း သူ့ကိုပြောပြပေးခဲ့ပါတယ်။
ဟော့... နောက်နေ့မနက် ရောက်တော့ အဲလိုအဖြစ်မျိုး ကျွန်တော်ကိုယ်တိုင် ကြုံရတာပါပဲ။ ကျွန်တော်ရေးတဲ့ကကြိုးဆိုတဲ့ ကဗျာစီးရီးထဲက တစ်ပုဒ်ပါ။ တင်မယ့်လူက ကျွန်တော်ဆီမှာ ကော်ပီလာတောင်းပါတယ်။ လေးစားသမူနဲ့ ကျွန်တော်ပေးလိုက်ပါတယ်။ သူ တကယ်တင်တော့ ကျွန်တော်ရဲ့ကဗျာခေါ်င်းစဉ်တွေရော၊ ကျွန်တော်ရဲ့ နာမည် ကိုပါ ဖြုတ်ခဲ့ပါတယ်။ ပြီးတော့ သူ့ကော်မန့်တွေမှာလည်း သူရေးထားသလိုလိုပုံစံမျိုး ဖြေကြားထားပါတယ်။ ဒီလုပ်ရပ်တွေဟာ အသေအချာဆန်းစစ်ရင် စာရေးတဲ့သူ၊ ကဗျာရေးတဲ့သူတွေအပေါ် ကျော်ခွတဲ့ သဘောပါပဲ။ ပြီးတော့ ရှိပါသေးတယ်။ တစ်ဆက်တည်း ပြောပါစေဦး။
ဆိုကြပါစို့ ကျွန်တော်က စာအုပ်တစ်အုပ်ကို ဖတ်တယ်။ အဲဒီစာအုပ်ထဲက စကားလုံးတစ်ခုကို ကြိုက်လို့ facebookပေါ်တင်တယ်။ တင်တဲ့အခါ ကျွန်တော်နာမည်တပ်တာမျိုး ကျွန်တော်မလုပ်ဘူး။ မူရင်း စာအုပ်ရေးတဲ့သူနာ မည်ပဲ ကျွန်တော်တပ်တယ်။ ဒါက ကျွန်တော်ရေးတာလည်းမဟုတ်၊ ကျွန်တော်တွေးတာလည်းမဟုတ်လို့ပါ။ ဒါပေမယ့် အဲဒီစာရေးဆရာရဲ့ အဲဒီစကားလုံးကို ကျွန်တော်ရှာဖွေဖော်ထုတ်တာပါ။ ဒီတော့ ကျွန်တော်ရေးတာ မဟုတ်သော်လည်း ၊ ကျွန်တော်ရှာဖွေဖော်ထုတ်ခြင်း ဖြစ်တာကြောင့် copyယူမယ်ဆိုရင် ကျွန်တော်ရဲ့ဖော်ထုတ်ပြမူကို အသိအမှတ်ပြုရပါမယ်။ ဘာကြောင့်ဆို တခြားလူဆီက ကျွန်တော်ကော်ပီ ယူတင်ထားတာ မဟုတ်လို့ပါ။ ကော်ပီ ယူတင်တဲ့ အကျင့်လည်း ကျွန်တော်ဘယ်တုန်းကမှ မလုပ်ခဲ့ပါဘူး။ ကြိုက်ရင်Shareပါတယ်။ ဒါက မူရင်းတင်တဲ့သူအပေါ် လေးစားရာရောက်ပါတယ်။ ဒါပေမယ့် သေချာတွေးကြည့်တော့လည်း ဒီလူတွေဟာ တကယ့်စာပေသမားစစ်စစ်မဟုတ်လို့သာ ဒီလိုတွေလုပ်နေကြခြင်းဖြစ်တယ်ဆိုတာ အဖြေထွက်ပါတယ်။ ဘာပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် လေးစားမူရှိဖို့က အတော်လိုအပ်ပါတယ်။ စာပေမိတ်ဆွေများ ဆင်ခြင်နိူင်ကြပါစေလို့ ဆန္ဒပြုမိပါတယ်ခင်ဗျ။
Sep23.2017
Minsetwai
Hopeless
Hopeless
Everyday,
Deadly virus
Is it for the biological walfare?
However very disgusting.
The age of confusion
Run with disarray
Keep on running
But
It gets closer and closer.
Now
My mood of expression
I feel agoraphobia
I lucked the force to against it
I lucked the endurance
And i can't brave
Please, help me!
I want to be escape.
Sep11.2020
Minsetwai
Wednesday, September 16, 2020
ယုံကြည်မူတွေအကြောင်း
- ဘယ်အရာအပေါ်မှာ ယုံကြည်ကိုးစားထားလို့ရနိုင်ပါသလဲ။ အဆုံးသတ်တိုင်းဟာ မသေချာတာနှင့် မရေရာတာကြီးပဲ ရှိခဲ့ပြီမို့ မည်သည့်အရာကိုမှ လှေနံဓားထစ် ယုံကြည်နေခြင်း မရှိတော့ပါ။
- ကျွန်တော်၏ ယုံကြည်မူများသည် ကျွန်တော်အလိုမတူပါသော်လည်း ကျွန်တော်ရင်ဘတ်ကို စုံကန်ထွက်ခွာသွားခဲ့ကြသည်။ ထိုသို့နှင့်ပင် ငယ်စဉ်ကအတိုင်း လူတွေ၏အထင်အမြင်ကို မည်သို့မျှ ပြန်လည်ပြောဆိုခြင်း မပြုလုပ်ဖြစ်တော့ပါ။
- ကျွန်တော်အတွက်ကတော့ နေ့ရက်တိုင်းသည် ခွေးသွားစိတ်များပမာ စက်ယန္တယားဆန်ဆန်လည်ပတ်သွားလိမ့်မည် ပိုမိုမှတ်ယူထားဖြစ်သည်။ လူတစ်ဦးသည်လည်း စက်ရုပ်တစ်ရုပ် ဖြစ်နိုင်ကောင်းပါရဲ့ ......။
- အကယ်၍ စက်ရုပ်ဖြစ်ခဲ့သည်ဆိုပါစို့။ ယုံကြည်မူ ...မယုံကြည်မူများသည် ကျွန်တော်နှင့် မည်သို့သော အကြောင်းနှင့်မျှ ပတ်သတ်ဆက်နွယ်လာတော့မည် မဟုတ်ပါ။ ကျွန်တော်အတွက်ရေးပေးထားသော ပရိုဂရမ်တစ်ပုဒ်သည်သာ ကျွန်တော်၏တာဝန်ဝတ္တရားတစ်ခုပမာ ဖြစ်တည်နေမည်သာ ဖြစ်သည်။
- ထိုကိစ္စအပေါ် အရမ်းသဘောကျနေခြင်းမျိုးလည်း ကျွန်တော်မှာမရှိပါ။ အလွယ်ပြောရလျှင် ထိုကိစ္စတွင် မပြီးမြောက်သောကြောင့် ဟိုကိစ္စတစ်ခုသို့ ပြောင်းလုပ်လိုက်ရသည်နှင့်မခြား..။ ထိုအပေါ်မှာ ယုံကြည်ချက်ထားသော မျော်လင့်ချက်များဟူသည်လည်း မတွေးတောထား။ တစ်စုံတစ်ခုများမှ တစ်စုံတစ်ရာတွေ ဖြစ်ပေါ်လာခြင်းများသာ ဖြစ်တော့သည်။
- အမှန်ပြောရလျှင် ဤလောကတွင် သူ့ဘာသာသူပြီးမြောက်အောင်မြင်သွာသော ကိစ္စဟူသည်မရှိပါ။ သို့သော် အားထုတ်ကြိုးပမ်းမူများတိုင်းသည် နောက်ဆုံးတွင်ပန်းတိုင်သို့ရောက်သည်ဟု ကျွန်တော် ယုံကြည်ချက်မထားပါ။ ဤစကားက မျတ်နှာဖုံးမဲ့ခဲ့ပြီ။
- ခုချိန်မှာ ပါးပါးလျလျလေးနှင့် ကျွန်တော်ဦးထုပ်လက်ဆောင်ပေးလိုက်သော ကျွန်တော်၏အရင်းနှီးဆုံးမိတ်ဆွေ အမျိုးသမီးတစ်ဦးထံသို့သာ အဆက်အသွယ်လုပ်လိုစိတ်ရှိပြီး ကျွန်တော်၏စက်ယန္တယားများကို မည်သို့သောပရိုဂရမ်ဖြင့် ထိန်းချုပ်ထားခြင်းဖြစ်ကြောင်း သူကိုစစ်ဆေးကြည့်စေချင်သည်။ သို့သော် ထိုဖြူလွှလွှအမျိုးသမီးသည် ကျွန်တော်ကိုကြောက်ရွံထိတ်လန့်သောကြောင့် တူတူပုန်းလေပြီ။ 4:16AM,16.9.2019,MINSETWAI
Monday, September 14, 2020
တာရာမင်းဝေ၏အနုပညာခံယူချက်များ
တာရာမင်းဝေ၏အနုပညာခံယူချက်များ
တကယ်ပြောတာပါ။ စာပေပညာရှင် တစ်ယောက်ယောက်ကို လေ့လာရတာဟာ အတော်ကလေး စိတ်လှုပ်ရှားစရာကောင်းတဲ့ အလုပ်တစ်ခုပါ။ စာပေပညာရှင်တစ်ယောက်ကို လေ့လာရင်းနဲ့ သူ့ဘဝဖြစ်တည်မူတွေ၊ သူ့ဘဝခံယူမူတွေဟာ အားအင်တွေကိုလည်း ဖြစ်ပေါ်စေခဲ့ပါတယ်။ အထူးသဖြင့် အနုပညာခံယူချက်တွေဟာ လေ့လာသူကို ပိုပြီးရဲရင့်တတ်ကြွစေပါတယ်။
ဆရာတာရာမင်းဝေရဲ့ အနုပညာခံယူချက်တွေကို လေ့လာကြည့်လိုက်တော့ သူဟာ ကဗျာ၊ ပန်းချီ၊ ဂီတ၊ အက အနုပညာပုံစံအားလုံးဟာ အခြေခံအားဖြင့် အတူတူပဲလို့ သတ်မှတ်ထားသူုဖြစ်ကြောင်း တွေ့မြင်ရပါတယ်။ ပြီးတော့ လူတစ်ယောက်ရဲ့ အနုပညာလုပ်ပိုင်ခွင့်အပေါ်မှာ ထိန်းချုပ်ကန့်သတ်တဲ့ အရေးအသားတွေကို မကြိုက်ကြောင်း ဆန့်ကျင်တတ်တဲ့သူပါ။
သူတို့ခေတ်က ကာရံမဲ့ကဗျာများအပေါ် အားပြင်းပြင်းနဲ့ ဝေဖန်တိုက်ခိုက်ကြတဲ့အခါ ဆရာတာရာမင်းဝေက_
(ကဗျာဆရာတို့၏ ကာရန်ဗဟိုပြုဝါဒသည် အလွန်ပင်အားကောင်းပြင်းထန်ခဲ့၏။ ကာရန်ပါလျှင်ကဗျာ၊ ကာရံမပါလျှင် စကားပြေဟု ခွဲခြားကြ၏။ ထိုခွဲခြားချက်တွင် ကဗျာကို ကာရံက ကိုယ်စားပြုနေကြောင်း
ထင်ထင်ရှားရှာ းတွေ့ရလေပြီ။ ကဗျာသစ်တွေထွင်ကြ၏။
ကဗျာသစ်ဟုပြော ကြ၏။ သို့သော် ကာရံသစ်သာဖြစ်ခဲ့
သည်။
ကဗျာဆရာကိုယ်တိုင်ပင်လျှင် ကဗျာနှင့်ကာရံကို ထပ်လျှက်ကျနေသယောင် လုံးထွေးမြင်ယောင်ခဲ့သည်။
ကာ၇ံတစ်ခုရိုအီလာလျှင် ကာရံပုံစံနောက်တစ်ခုကို
တီထွင်ကြ
သည်။ ကဗျာပဒေသာကျမ်းကြီးမှာလည်း မာတိကာတိုး၍ စာမျတ်နှာထူလာသည်။ထိုသို့ဖြင့် ကဗျာသည် ကာရံဟူသော
အရာတစ်ခု၏ ပုံစံမျိုးစုံနှင့်လှည့်ပတ်တုတ်နှောင်မူကို
မရူမလှခံလာရပါတော့သည်။ ထိုသည်ကိုသတိပြုမိသော ကဗျာဆရာအချို့က တွေးခေါ်ဆင်ခြင်လာကြသည်။ ကဗျာဆိုသည်မှာအဘယ်နည်း။
ထိုပြင် ကာရံဆိုသည်မှာအဘယ်နည်း။pg- 102)
( ပြိုင်မြင်းတို့၏ခွာသံ)
ဟူ၍ရေးသားထားသည်။
ထိုရေးသားထားမူအရ သူဟာ
ကိုယ်တိုင်ကဗျာဆရာဖြစ်ခဲ့သူပီပီ ခေတ်သစ်ကဗျာအပေါ် ကာရံ၏ခြယ်လှယ်မူများကို တွန်းလှန်နေတာကို မျက်စိစပါးမွှေး စူးခဲ့တယ် ထင်မိရဲ့။ မော်ဒန်ကဗျာများ ပေါ်ပေါ်က်လာသောအခါ
ရှေးရိုးစွဲကဗျာပုံစံနှင့် များစွာကွဲလွဲသောကြောင့် က
ဗျာဆရာများကြား ခံယူချက်တိုက်ပွဲများဖြစ်ခဲ့ကြရပါတယ်။ တချို့ကဗျာဆရာများက ကာရံပါမှကဗျာ၊ တချို့ကဗျာဆရာများက ကာရံရှိမှကဗျာမဟုတ်၊ စသကဲ့သို့ ခံယူမူအမျိုးမျိုးဖြင့် ကဗျာတော်လှန်ရေးကြီးဆင်နွဲကြကုန်ပါတယ်။ အဲဒီထဲမှာ ဆရာတာရာမင်းဝေက ကာရံမရှိလည်းကဗျာဖြစ်သည်ဟူသော မော်ဒန်ကဗျာဆရာများဘက်မှ ရဲရဲဝံ၀ံတိုက်ပွဲ၀င်ခဲ့
သူတစ်ယောက်ပါပဲ။ ဒါပေမယ့် သူ့ရင်ထဲမှာ အနုပညာနဲ့ပတ်သက်တဲ့ ဘယ်အရာအပေါ်ကိုမှ ဒေါသမဖြစ်ချင်မိသလို ဒုက္ခပေးချင်တာမျိုးလည်းမရှိပါဘူး။ သူက သူ့ဟာသူ ဂူတစ်ခုထဲမှာပဲ အဆိပ်ပြင်းတဲ့ ကျည်ဆန်တစ်တောင့်လို ရှိချင်ခဲ့သူပါ။ ပြီးတော့ အနုပညာကို အကောင်းဘက်ကကြည့်ပြီး အပြုသဘောဝေဖန်တာမျိုးကိုပဲ လိုလားခဲ့တာပါ။ အဟောင်း အသစ်ခွဲခြားဆက်ဆံတာမျိုးတွေကို သူ အလိုမရှိခဲ့ပါဘူး။ သူခံယူချက်စကားတွေကတော့ အောက်ပါအတိုင်း ရဲရဲရင့်ရင့်ရင့်ရှိနေတာကိုတော့ တွေ့မြင်နိူင်ကြပါလိမ့်မယ်။
၁။ လျှာပေါ် မြက်ပေါ်က်ရုံမကလို့ လျှာဖောက်ပြီး အာခေါ်င်မှာ ကန္တရဆူးပင် ပေါက်ပလေ့စေ။ ဒီလမ်းမှာပဲ ဆက်လျှောတ်နေမယ်။
၂။ မိမိခံစားချက်ဖြင့် မိမိပုံဖော်ခဲ့သော အနုပညာပစ္စည်းက သူတစ်ပါးပြုလုပ်ထားသော ပစ္စည်းနှင့် တူကောင်တူပေလိမ့်မည် ။ သို့သော် မိမိပြုလုပ်ထားသော အနုပညာပစ္စည်းက မိမိကိုယ်ပိုင်ပစ္စည်းပင် ဖြစ်သည်။
အတုမဟုတ်။
(ပြိုင်မြင်းတို့၏ခွာသံမှ)
၃။ "ငါကလည်း ခက်တယ်
ကဗျာတစ်ပုဒ်နဲ့
နေမဝင် အင်ပါယာ
ဘယ်ဟာယူမလဲလို့ မေးလာရင်
ဒုတိယအရာကို ငါငြင်းတယ်....။"
(မီးတောက်ရစ်သမ် ကဗျာမှ)
၄။
ငါက သာမညလူ
ငါက ယေဘုယျလူ
ဆပ်ပြာပူဖောင်းလို
အရေခွံ တစ်ထပ်ခွာလိုက်ရင်ပဲ
အထဲမှာ
ဘာမှ ကျန်မှာမဟုတ်တဲ့လူ
(အ
ေ့ရှမြို့ရိုးမှ မိုးရေစက်များ)
ဒီလိုစကားလုံးတွေနဲ့အတူ ဆရာတာရာမင်းဝေဟာ သူရဲ့အသက်ရှုခြင်းထဲမှာ ယုံကြည်ရဲရင့်ခြင်းတွေကို မြဲမြံအောင် သံမှိုစွဲထားခဲ့ပြီး သူဟာ သူရဲ့အိပ်မက်တွေကို လက်တွေ့ပြုလုပ် ရှင်သန်နိူင်ခဲ့ပါတယ်။ ဒီနောက် ကွယ်လွန်
သွားခဲ့သည့်အထိ ခံယူချက်ကိုမကျိုးပေါ်က်အောင်
ထိန်းထားနိူင်ခဲ့ပြီး ကွယ်လွန်သွားသည့်အထိ အနု
ပညာအပေါ် ရူးသွပ်ပြနိူင်ခဲ့ပြန်ပါတယ်။ သူ့လိုလူအတွက်တော့ သူ့နာမည်က အမြဲတစေအဓွန့်ရှည်လျှက် ရှိနေပါလိမ့်မယ်ဆိုတာ ကျွန်တော်ယုံကြည်နေမိပါတယ် ခင်ဗျ။
The End
2:13AM
Aug13.2020
#Minsetwai
အရိပ်သုံးပါးမဲ့သံ
အရိပ်သုံးပါးမဲ့သံ
အာရုံဝင်စားမူဟာ နယ်မြေချ့ဲ
ကောင်းကင်ဘုံ ပန်းချီကားချပ်
အဲဒီရဲ့ အလယ်ဗဟိုတည့်တည့်
ရူခင်းကိုမမြင်မီ နူတ်သော့ခတ်
ဖြည်းဖြည်းချင်းပဲ ေ့ရှဆက်နေ။
အနှေးပြကွက်ကို တယုတယထားကြည့်
ပေပွအနာဂတ်ဟာ အထင်ကရဆန်ဆန်နဲ့
ဆည်းဆာမဲ့
ဇင်ယော်များမဲ့
အလျားလိုက်သေနေသော မြစ်တွေနဲ့
အထီးကျန်ဆန်ဆန် ပက်ကြားအက်။
တံလျှပ်၊ မိုးကြိုး၊ မုန်းတိုင်းများ
ရဲဆေးတင် ဝတ်မှုန်ကူးမိ
စိတ်ကူးထဲရှိသည့် ဘုရားဆီ
ငြိမ်သက်မူတရားနဲ့ လက်နတ်ချ
စိမ်းလန်းမူကင်းမဲ့ခြင်းမှသည်
ရှေးဒဏ္ဍာရီများဆီထိတိုင်။
ပျက်စီးယိုယွင်းမူ ခပ်များများနဲ့
သပ်လျိူရိုက်ထားခြင်းမှာ
ပျော်ရွှင်ခြင်း ခပ်များများကို
အစားထိုး လဲလှယ်ပေးပါ
စောင့်မျှော်သူလူသားတို့ ကိုယ်စားပန်ကြား
ဘာမှမကြားရသော ဘုရားက
ဘာမှလည်း ပြန်မမိန့်တော့မူမှ
ငါလည်း ငါ့ဝရံတာမှ
သတိလည် နိူးထ။
Aug 8.2020
Minsetwai
THE END
Featured Post
ကဗျာဟူသည်
poetry ကဗျာဟူသည် ကဗျာဆိုသည်မှာ မိမိရောက်နေသောခေတ် အသက်ရှင်နေသောခေတ်၏အတွေးအခေါ်များကို အခြေခံ၍ သက်ရောက်မှုအများဆုံးရှိသော ခံစားမှုကို ဖန်တီးပ...
-
"My Information Gap" Every open mind Every stay in the psychological experience Every want to the psychological liberation Every n...
-
1963AD 1963.sep ထိုကာလတွင် ဗကပတို့သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အမြတ်ထုတ်ရန် သဘောထားခဲ့ကြသည်။ သူတို့သည် အဝေးရောက် ဗဟိုကော်မတီနှင့်...