[ငါ/ကဗျာ/စိတ်ဝေဒနာများ-၁၀]_Minsetwai
"သစ်ရွက်နဲ ့လေပြင်းများ"
အတိတ်ရဲ့ ဥပစာထဲမှာ
မြေခွေးတစ်ကောင်ရဲ့ မျက်လုံးဟာ
ဘယ်တုန်းကများ တဝင်းဝင်းလတ်နေတာ
မြင်ဖူးလို ့လဲ။
အဲဒီကောင်က သူတို ့အသေသတ်တာတောင်
တိုးတိတ်စွာနဲ ့ပဲ နာကျင်ခြင်းကို
ရင်ထဲမှာ ချက်ချင်းပွင့်ဝေကြွေပစ်လိုက်တဲ့ကောင်
ကုန်သွားတဲ့ သဲတစ်ဆုပ်စာအတွက်လည်း
နောက်ထပ် သဲတစ်ဆုပ်ကို ဖမ်းဆီးမထားချင်တဲ့ကောင်
ကျောတွေရင်တွေ ဘီလူးဆိုင်းတီးခံရတာတောင်
ရသစုံဖြစ်ရပ်တွေနဲ ့ စိတ်ကူးထဲမှာသာ ယောက်ယက်ခတ်ရင်း
ဆန် ့ကျင်ဘက်ကခြေသံတွေ
အဇ္ဈတ္တထဲထိရောက်အောင်
လက်သည်းစိပ်မလပ် အစူူးခံပြခဲ့
ဒါဓမ္မဓိဋ္ဌာန်မကျဘူးလို ့ ညည်းရင်း ညည်းရင်းနဲ ့
ဋ္ဌာန်းကရိုဏ်းမဲ့ စာနာမူများ
နတ်ဆိုးများရဲ့ မီးတမြိုက်မြိုက်ဂီတ
ဆန်ချင်သလောက် ဆန်နေလိုက်ကြ
ဒီအချိန် ဒီကာလနဲ ့ ဒီဒေသ
ငါ ပိုင်ဆိုင်တဲ့ ကန္တရ။
အထင်သေးမူကို သပ်သပ်ရပ်ရပ်လေးထုပ်ပိုးထားပြီး
တိတ်တဆိတ်လေး ငေးကြည့်ကြ
မချိပြုံးလေးလည်း ပြုံးထား
ဒါက ခင်ဗျားတို ့ပိုင်တဲ့ အိုအေစစ်ဘဝ။
Jan 22.2020
Minsetwai
____________________________________
[ငါ/ကဗ်ာ/စိတ္ေဝဒနာမ်ား-၁၀]_Minsetwai
"သစ္ရြက္နဲ ့ေလျပင္းမ်ား"
အတိတ္ရဲ့ ဥပစာထဲမွာ
ေျမေခြးတစ္ေကာင္ရဲ့ မ်က္လံုးဟာ
ဘယ္တုန္းကမ်ား တဝင္းဝင္းလတ္ေနတာ
ျမင္ဖူးလို ့လဲ။
အဲဒီေကာင္က သူတို ့အေသသတ္တာေတာင္
တိုးတိတ္စြာနဲ ့ပဲ နာက်င္ျခင္းကို
ရင္ထဲမွာ ခ်က္ခ်င္းပြင့္ေဝေႀကြပစ္လိုက္တဲ့ေကာင္
ကုန္သြားတဲ့ သဲတစ္ဆုပ္စာအတြက္လည္း
ေနာက္ထပ္ သဲတစ္ဆုပ္ကို ဖမ္းဆီးမထားခ်င္တဲ့ေကာင္
ေက်ာေတြရင္ေတြ ဘီလူးဆိုင္းတီးခံရတာေတာင္
ရသစံုျဖစ္ရပ္ေတြနဲ ့ စိတ္ကူးထဲမွာသာ ေယာက္ယက္ခတ္ရင္း
ဆန္ ့က်င္ဘက္ကေျခသံေတြ
အဇၩတၱထဲထိေရာက္ေအာင္
လက္သည္းစိပ္မလပ္ အစူူးခံျပခဲ့
ဒါဓမၼဓိ႒ာန္မက်ဘူးလို ့ ညည္းရင္း ညည္းရင္းနဲ ့
႒ာန္းကရိုဏ္းမဲ့ စာနာမူမ်ား
နတ္ဆိုးမ်ားရဲ့ မီးတျမိဳက္ျမိဳက္ဂီတ
ဆန္ခ်င္သေလာက္ ဆန္ေနလိုက္ႀက
ဒီအခ်ိန္ ဒီကာလနဲ ့ ဒီေဒသ
ငါ ပိုင္ဆိုင္တဲ့ ကႏၲရ။
အထင္ေသးမူကို သပ္သပ္ရပ္ရပ္ေလးထုပ္ပိုးထားျပီး
တိတ္တဆိတ္ေလး ေငးႀကည့္ႀက
မခ်ိျပံဳးေလးလည္း ျပံဳးထား
ဒါက ခင္ဗ်ားတို ့ပိုင္တဲ့ အိုေအစစ္ဘဝ။
Jan 22.2020
Minsetwai
____________________________________
Search My Blog
Subscribe to:
Post Comments (Atom)
Featured Post
ကဗျာဟူသည်
poetry ကဗျာဟူသည် ကဗျာဆိုသည်မှာ မိမိရောက်နေသောခေတ် အသက်ရှင်နေသောခေတ်၏အတွေးအခေါ်များကို အခြေခံ၍ သက်ရောက်မှုအများဆုံးရှိသော ခံစားမှုကို ဖန်တီးပ...
-
"My Information Gap" Every open mind Every stay in the psychological experience Every want to the psychological liberation Every n...
-
1963AD 1963.sep ထိုကာလတွင် ဗကပတို့သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အမြတ်ထုတ်ရန် သဘောထားခဲ့ကြသည်။ သူတို့သည် အဝေးရောက် ဗဟိုကော်မတီနှင့်...
No comments:
Post a Comment