Search My Blog

Saturday, January 4, 2020

ဘီးများ

[ငါ/ကဗျာ/စိတ်ဝေဒနာများ-၇]_Minsetwai

"ဘီးများ"

'လ' က ကားနောက်က ဖြည်းဖြည်းချင်း
ကြယ်တစ်ချို ့ကတော့ ဘယ်ဘဝ ဘယ်ဌာန
တိုးလာတဲ့ လေပြေထဲ အမောပြေနမ်းရှိုက်ချင်တယ်ဆိုမှ
ရာဘာနံတွေကလည်း တထောင်းထောင်းထတယ်။

ကားကတော့ သူ ့သခင်အတိုင်း မူးလို ့
အသက်ကို ဖက် နဲ ့ထုတ်ပြီး
ဝမ်းစာရှာရတဲ့ဘဝတဲ့လား
မုန်းတယ်။

နှာခေါ်င်းနားသီနေတဲ့ အန္တာရာယ်ရနံကြား
ကိုယ့်အသက် သူများလက် ဝကွက်အပ်ထားရတာ
စိတ်မနှံချင်ဘူးရယ်။

လူတွေမှာ
ကိုယ်ချင်းစာတရားဟာ
အောက်က ကားဘီးလို
တဝီဝီလည်နေရင် သိပ်ကောင်းမယ်။

ဒီစကား
လ က လွဲလို ့
ဘယ်သူမှလည်း မကြားစေချင်ပါဘူး။

အားလုံးက
ငါဟာ ငါ့ကိုယ်ငါတော့ အကောင်းမြင်တတ်သူလို ့
တွေးထင်နေမှာလောက်
ငါ ရှက်ရွံတာ မရှိသေးဘူးရယ်။


နေပါစေတော့
ကားဘီးဟာ
ကားဘီးအတိုင်းပဲ လည်နေပါစေတော့လေ။

Jan1,2020
Minsetwai

No comments:

Featured Post

ကဗျာဟူသည်

poetry ကဗျာဟူသည် ကဗျာဆိုသည်မှာ မိမိရောက်နေသောခေတ် အသက်ရှင်နေသောခေတ်၏အတွေးအခေါ်များကို အခြေခံ၍ သက်ရောက်မှုအများဆုံးရှိသော ခံစားမှုကို ဖန်တီးပ...