[ငါ/ကဗျာ/စိတ်ဝေဒနာများ-၆]_Minsetwai
"ပုံစံမကျသော ပုံစံခွက်"
ဘယ်သူ့ကိုမှ မရည်စူးမိဘူး
ငါဟာ ပြတိုက်
ရာစုနှစ်များစွာထိကို ပေါက်လွတ်ပဲစားနိူင်တယ်။
ဘေးကျပ်နံကျပ်ထဲ ငါ့ကိုပစ်ချလိုက်တဲ့နောက်
'မင်းဘာတတ်နိူင်သေးလဲ'တဲ့
ငါ နေသားကျအောင် ကြိုးစားနေတယ်။
လှောင်ချိုင့်လား
အပြင်က စောင့်ကြည့်နေတဲ့သူတွေကိုပဲ သနားတယ်
နာရီလက်တံတွေမှာ သူတို ့ပျောက်ဆုံးနေတယ်။
အင်အားကြီးမှ အနိူင်ထယူတတ်တဲ့
လူတွေက သူရဲကောင်းတဲ့
ဘဝမှာ ဆေးမြီတိုတွေလည်း မလိုချင်တော့။
ချွင်းချက်တွေကိုတော့ အပြဲမမြင်အောင်ချုပ်ကြ
ဒီလိုနဲ ့ ကိုယ့်ထောင်တဲ့ထောင်ချောက်မှာ
ကိုယ်ပြန်မိနေကြရပြန်ပြီကော။
ငါက သိပ်ရွံတတ်သူ
ဒီတော့ အပြင်မထွက်တော့
ငါ့ကိုယ်ငါပဲ 'လ' သာထားရင်း
ထည့်ထားတဲ့ ချိုင့်ခွက်ထဲ
အအိပ်မက်နေလိုက်ပါတယ်။
Jan1,2020
Minsetwai
ပန်းချီ
#SnowHninn
Search My Blog
Subscribe to:
Post Comments (Atom)
Featured Post
ကဗျာဟူသည်
poetry ကဗျာဟူသည် ကဗျာဆိုသည်မှာ မိမိရောက်နေသောခေတ် အသက်ရှင်နေသောခေတ်၏အတွေးအခေါ်များကို အခြေခံ၍ သက်ရောက်မှုအများဆုံးရှိသော ခံစားမှုကို ဖန်တီးပ...
-
နံပါတ်၂၉ ၂၉, ၁၁, ၂ ၂၉၏ ကိုယ်စားပြုသင်္ကေတကို အရိပ်မည်းကြီး လွှမ်းမိုးနေပုံဖြင့် ဖော်ပြတတ်ကြသည်။ ထိုအရိပ်မည်းကြီးဟူသည် မသေချာခြင်းနှင့် ဘေးအန...
-
ဆူမာရီယာန်လူမျိုးများ(Sumerians) ဆူမားရီးယန်းများသည် မက်ဆိုပိုတေးမီးယားတောင်ပိုင်းတွင် ဘီစီ ၆၀၀၀ မှ ၄၀၀၀ အတွင်း နေထိုင်ခဲ့ကြသော လူမျိုးများဖ...

No comments:
Post a Comment