Search My Blog

Monday, January 25, 2021

အလင်းမဲ့

အလင်းမဲ့

ရင်ထဲက အသံမဲ့ဗေဒ
နာကျည်းစဖွယ်အတိတ်များနဲ့
ပစ်ပေါ်က်ခံခဲ့ရ အလင်းတစ်စခမျ
ရုပ်ပိုင်းဆိုင်ရာ တုန့်ပြန်မူများမှာ မသိစိတ်၏ မောင်းနှင်းအားများလျော့ကျ
နုံချာသွားသော အဖြစ်သနစ်မှာ မသတီစရာကောင်းသော အရိပ်မည်းများလည်း
ညကန့်လန့်ကာနောက်မှာ အကြမ်းဖက်ခံရပြီး အကျဉ်းကျ အရင်လိုမဖြစ်ချင်ခဲ့သမျှ ကတ်သီးကတ်သပ် ဆုတောင်းအခါခါရှိရ ခိုးလို့ခုလု ဖြစ်ခဲ့ရသမျှ အကြောင်းမရှိ အကြောင်းရှာကြည့်ပြန်ရ တစ်ချို့တစ်လေတွေက အသစ် အသစ်တွေက အတင်းအကျပ် နားလည်မူပေးသမျှတွေက
နှလုံးသား အနုကြမ်းစီးခံရခြင်းတွေက
ပုံသေနည်းဆန်စွာ အမြတ်ထုတ်ခံရခြင်းတွေက နေဝင်ချိန် အထူးပြုထားသော ယဉ်ကျေးမူမဲ့လွန်းသည့် 
ငါ့ဘဝ ညတိုင်း ငါ့မှာ ယုယသိမ်းဆည်းရတာ ပန်းတွေ ပွင့်နေသလိုလို လိပ်ပြာတွေ ပျံဝဲနေသလိုလိုနဲ့ အမှောင်ထဲ နောက်ထပ် မိုးစင်စင်လင်းမူမဲ့နေလည်း ရခဲ့ပြီ အလင်းတွေလည်း ရုတ်ရုတ်သဲသဲကို ထွက်ပြေးသွားခဲ့ကြတာ သိခဲ့ပြီ 
ငါ့မှာသာ ဒါပေမယ့် ကြေကွဲစို့နင့်နေရတဲ့ အမှောင်မှတ်တမ်းနဲ့ ငါမမြင်ခဲ့ဘူးလို့ 
ငါပြန်လှည့်စားနေတဲ့ ကမ္ဘာတစ်ခြမ်းထဲမှာ မိုးရွာပြီးစထွက်တဲ့ သက်တန့်နဲ့နိူင်းပြလို့ရတာက 
အမှောင်ဟာလည်း နေတတ်တော့လည်း 
နေပျော်ဖို့ ရှိနိူင်တာပဲမို့ပါ။ 
  • Jan10.2021 
  • Minsetwai 
  • ညကဗျာနှင့်အထီးကျန်အက်ဆေးများ-7

Sunday, January 17, 2021

စိတ်၏အထားအသိုများ

 စိတ်၏အထားအသိုများ



လောကကြီးရဲ့တရားအရ အမှန်တကယ် လိုအပ်တဲ့အရာကိုသာ ဖြေးဖြေးမှန်မှန်အားထုတ်ရယူခြင်းက ငါ့ဘဝရဲ့ အဓိပ္ပါယ်ကို ပိုလေးနက် စေတယ်ဆိုတာ ငါ စောစောစီးစီး သိခဲ့ရင် ကောင်းမှာ။ ငါ့ ထပ်ပြီး အဆုံးရှုံးမခံနိူင်ပါဘူး။ ငါဟာ အဲဒီစိတ်နဲ့ အတင်းအကျပ်နှစ်ပါးသွားရင်း အချိန်တွေ လုံးပါးပါးခဲ့ရသူပါ။ အတိအကျပြောပြရရင်တော့ ငါ့စိတ်ဟာ အလွန်မှနားလည်ရ ခက်လှလွန်းနေတာပါ။ တစ်ခါတစ်လေမှာ လူတွေနားမလည်နိူင်တဲ့ ငါ့ရဲ့စိတ်ကို ငါကိုယ်တိုင်တောင် နားလည်၇ပြန်ခက်ခဲနေတာလည်း ငါဝန်ခံရမှာပဲ။ တစ်ခါတစ်ခါမှလည်း ငါဟုတ်နေသလိုလို၊ ငါမဟုတ်သလိုလိုနဲ့ အလွန်မှထူးဆန်းတဲ့ သတ္တဝါတစ်ကောင်ပုံ ပေါ်က်နေသလိုလည်း ငါ့ဟာငါ ပြန်ခံစားမိပါတယ်။ ဒါကြောင့်ပဲ ငါဟာ ဒီလို စိတ်ချို့ယွင်းမူ တစ်ခုထဲမှာ ငါ့ကိုယ်ငါ ပြန်ရှာကြည့်နေမိတော့တာပေါ့။ အဲဒီ ရင်းမြစ် အကြောင်းတ၇ားဟာ အလွန်မှ အပုန်းကောင်းတဲ့အ၇ာတစ်ခုလိုမျိုးပဲ။ ငါ ရှာတွေ့ဖို့ ခက်ခဲလွန်းတယ်။ ငါ စွန့်ထားခဲ့မိတဲ့ နံနက်ခင်းတွေထဲမှာလည်း အော်ဟစ်နေတဲ့ ငါ့အသံကို ငါကောင်းကောင်းပြန်ကြားရရင်တောင် ငါဟာ ငါမဟုတ်တော့သလို ထပ်ခံစားကြည့်နေပြန်တယ်။ တစ်ခါတလေကျပြန်တော့လည်း ငြိမ်ငြိမ်လေးထိုင်ပြီး လူဆိုတာ မာနတွေ၊အတ္တတွေနဲ့ ထုဆစ်ထားတဲ့ ဖယောင်းရုပ်တွေပဲလို့ စဉ်းစားကြည့်မိပြန်ရော။ ပြီးရင်တော့ အရာအားလုံး ငါ ဆုံးရှုံးသွားခဲ့ရပြီးပြီပဲလို့ မရေရွတ်ချင်သလိုလိုနဲ့ ငါရွတ်ဆိုနေမိတယ်။ အချိန်တွေ ကြာလာတော့လည်း ငါ့အတ္တကို ငါထမ်းထားရတာ မောလာသလိုလို ခံစားလာရပေါ့။ အဝေးမှာ ပြတ်ကျကျန်ခဲ့ပြီးဖြစ်တဲ့ နေဝင်နေထွက်မရှိသော ရင်ခုန်သံပြတိုက်တစ်ခု၊ ပြီးတော့ အဆုံးမရှိ၊ အစလည်းမရှိတဲ့ ခရီးလေးတစ်ခု ဒါမှမဟုတ် နယ်မြေလေးတစ်ခု ၊ ပြီးတော့ မြို့ရွာဒေသ အမည်များ သိပ်နီးနေသလိုလိုလည်း ပြန်ခံစားလာရပေါ့။ ဒီလို သတိတရဖြစ်မိတာနဲ့ ငြိမ်ငြိမ်လေးထိုင်ပြီး ငါဟာ ညင်သာလွင့်ပါးသွားတဲ့ နှင်းရဲ့ ခြေသံတွေကို နားစွင့်နေခဲ့ရတာပေါ့။ ငါ့အတွက်တော့ အလွန်မှထူးဆန်းတဲ့ နှင်းတွေပေါ့။ သူနဲ့့စကားပြောဖြစ်ခဲ့ရင်တော့ ငါရှာဖွေနေတာဟာ ငါဘေးမှာ ပြန့်ကြဲကျလာသလိုမျိုးကို ဖြစ်လိမ့်မယ်ထင်မိရဲ့။ အထီးကျန်ဝေဒနာဆိုးတွေနဲ့တော့ ငါ ပြန်မအိပ်စက်ချင်လှပါဘူး။ ဘယ်လိုလုပ် အိပ်နိုင်တော့မှာလဲ။ အားအင်ပြတ်တောက်မူတွေနဲ့ ငါဟာ ရေဓာတ်ခမ်းခြောက်နေတဲ့ စမ်းချောင်းအိုတစ်ခုပဲ မှတ်လား။ သစ်ရွက်တစ်ရွက် ဖျတ်ခနဲ ကြွေသွားခဲ့သလိုမျိုးပဲပေါ့ ငါ့ရဲ့ အချိန်ကာလတွေခမျ ပူပင်ခြင်းနဲ့အတူ အားလုံး စုပုံမီးရှို့ဖျက်စီးပစ်လိုက်မှ မျက်နှာစာအသစ်မှာ စိုက်ခင်းတစ်ခု ဖြစ်တည်လာနိူင်မှာ။ ကုစားခြင်းထဲမှာ အဝေးပြေး လမ်းမပေါ်လည်း ငါ ထပ်မလျှောတ်ဖြစ်ခဲ့၊ နာကျင်ခဲ့ရသမျှကို အသေးစိတ် မှတ်တမ်းတင်ဖို့လည်း ငါမလိုလား၊ ပြန်လာမယ်လို့ ပြောခဲ့သူများလည်း ငါမစောင့်မျှော်ချင်တော့။ ငါ ပျက်ကွက်ခဲ့တာတွေအတွက် ငါပျောက်ကွယ်ပေးခဲ့ပြီးပြီမို့ ငါ ထပ်ပြီး ကျိုးကြေနေဖို့ မလိုတော့ဘူး ထင်မိရဲ့လေ။ ဒီထက် ထပ်ဖျော့စရာမရှိတော့တဲ့ မီးခိုးရောင်တိမ်မျှင်တွေလိုမျိုးပဲ၊ ကောင်းကင်တစ်ခုလုံးနဲ့ယှဉ်ရင် ပြောစမှတ် ဖြစ်လောက်တာမှ မဟုတ်တာပဲလေ။ ဒီတော့လည်း တစ်စုံတစ်ရာ ရှာဖွေနေတဲ့ ငါဟာ ရုတ်တရတ် နေရောင်ခြည်ထိုးခံလိုက်ရသလိုမျိုး တဖျောက်ဖျောက်လင်းလက်တဲ့ ခံစားမူကို ရဖို့ မျှော်လင့်ချက် ထားနိူင်ရမှာပေါ့။ ကြမ်းပြင်ပေါ် အရုပ်ကြိုးပြတ်ကနေ ငါ့ခြေထောက်တွေက တာရိုးမရှိတဲ့ မြစ်တစ်စင်းဆီ ချက်ချင်း ငါ့ကိုဆွဲခေါ်ထုတ်သွားကြတာ။ တငြိမ့်ငြိမ့်လေးနဲ့ရယ်။ နွေလို လူတစ်ယောက်အဖြစ်ဟာ လှပနေတဲ့ မေတ္တာ၊ အလင်းရောင်အောက်မှာ ထပ်ပြီး လှပနိူင်စရာ ရှိနိူင်ဦးမှာပဲ။ လူ့ဘ၀ဟာ ခါးတယ်ဆိုတဲ့အကြောင်းတောင် ငါ မေ့ကောင်းမေ့သွားနိူင်သေးတယ်။ တွေ့ ရှိမူအတွတ် ငါဟာ လူသားအသစ်တစ်ယောက်အဖြစ် ပြန်လည်နိူးထလာရတယ်။ ချစ်ခင်မြတ်နိူးမူရဲ့ အဆုံးမှာ ကောင်းကင်ဟာ တစ်နေ့နေ့တော့ သူ့ကျယ်ပြန့်မှုအတိုင်းအတာကြားကနေ မြူနှင်းကို ငါဆီ ဆောင်ယူခဲ့ပေးမှာပဲ။ လွမ်းဆွတ်မှုတွေထဲက ရုန်းကန်ခဲ့ရင်း မီးတောက်တပွင့်က လှပမူပုံစံတစ်မျိုးနဲ့ နောက်ထပ် ကမ္ဘာတစ်ခုမှာ ငါ့ကို ပြန်စီးဆင်းခိုင်းနေသလိုပဲမို့ ငါ့အတွက် တကယ် အတိုင်းထက်အလွန်ပဲလို့ ထင်မိတယ်။ ငါ့ရဲ့ စိတ်ချို့ယွင်းမူကိုတော့ လက်ကျန်အသက်နဲ့ လူတစ်ယောက်လိုမျိုး စစ်မှန်မူရှိတဲ့ အချစ်အကြောင်း တဖွဖွပြောရင်း ငါ့ရဲ့အနားသတ်မျဉ်းတလျှောက်လုံးကို လတစ်စင်းလို ငါ အကြိမ်ကြိမ်လင်းပြလိုက်နိူင်ရင်း ပျောက်ကင်းသွားမယ်ဆိုတာ ငါယုံကြည်မူအသစ်တစ်ခုပဲပေါ့။ 


1:45AM

Jan5.2021

Minsetwai


ညကဗျာနှင့်အထီးကျန်အက်ဆေးများ-6

Saturday, January 2, 2021

သင်းကွဲ၏အပ်ဖျားများ...

 သင်းကွဲ၏အပ်ဖျားများ...


ငါက သင်းကွဲတစ်ကောင်ပါ လီယိုနက္ခတ်နဲ့ ကောင်မလေးရေ။ ငါလိုသင်းကွဲရဲ့ အထီးကျန်ဆန်ဆန် လမ်းတွေကိုမှ မင်းရဲ့နားလည်ခြင်းတွေက မနက်ခင်းအသစ်စက်စက်တွေလိုမျိုး အနားမှာ ဖူးပွင့်လိုဝေဆာပြနေတာ ငါအံသြရလွန်းတဲ့အရာပဲပေါ့။ ဒီအတွက်ကိုပဲ၊ ငါ စိုးရိမ်ပူပန်နေမိတာပါ။ ငါရဲ့ တွယ်တာမူထဲမှာ မင်းလည်း ထိခိုက်ဒဏ်ရာ မဖြစ်စေရအောင် ငါဘယ်လိုနေထိုင်ဖြစ်တည်နေသင့်သလဲလို့ ငါကိုယ်တိုင် ပြန်စဉ်းစားနေခဲ့ရသူပါ ။




လီယိုနက္ခတ်နဲ့ ကောင်မလေးရေ..

တကယ်တော့...ငါ့ဘဝမှာ လိုအပ်တာတွေ အများကြီးရှိနေတာကို မင်းရိပ်စားမိသေးသလား။   ငါက လိုချင်တာ တစ်ခုကို ဇွတ်အတင်းကြိုးစားလေလေ ငါပဲ အမှန်တရားနဲ့ဝေးလေလေ ဖြစ်ခဲ့ရတဲ့ကောင်မျိုးပါ။ ဒါပေမယ့် လောကမှာ တစ်ချို့တစ်ဝက်ကိုတော့ ငါ မှတ်သားဖြစ်ခဲ့မိပါတယ်။ ပြီးတော့ အချစ်မေတ္တာဆိုတာ နှစ်သက်မြတ်နိူးဖွယ်ကောင်းတဲ့ စကားဖြစ်သလို လူတွေ ပေါ့ပေါ့တန်တန်သုံးစွဲတဲ့ စကားလည်း ဖြစ်တယ်လို့ ဆရာဦးအေးမောင်ရဲ့ စိတ်ပညာနှင့်ကိုယ်ကျင့်တရားစာအုပ်မှာလည်း ဖတ်ခဲ့ရပြန်သေးတယ်။ ငါနဲ့ဝေးနေတဲ့ အမှန်တရားကို ငါမတောင့်တလိုသော်လည်း ငါတော့ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်တဲ့စကားမျိုးကိုတော့ ပေါ့ပေါ့တန်တန် မပြောဆိုတတ်တာ အမှန်ပါ။ အဲဒါကပဲ ငါရဲ့ဗီဇလို့ ဆိုနိူင်ပါတယ်လေ။

မင်းတော့ ငါလို အထီးကျန်ဆန်တဲ့ သင်းကွဲမဖြစ်နိူင်တာ ငါ့မသိစိတ်ထဲထိ အရိုးစွဲနေသလိုကို မြင်ရပါတယ် လီယိုနက္ခတ်နဲ့ ကောင်မလေးရယ်။ ငါနဲ့လူတွေကြားမှာ အရမ်းခက်ခဲတဲ့ကိစ္စကတော့ လတစ်ဦးတစ်ယောက် ယုံကြည်လာစေဖို့အတွက် ယုံကြည်အောင်လုပ်ပြဖို့ဆန္ဒငါ့မှာခေါင်းပါးနေခြင်းပါပဲ။ သူတို့အနေနဲ့ င့ါကို မုန်းမယ်ဆိုလည်း တစ်ဖက်ကမ်းခတ် ရောက်အောင်မုန်းနေပါစေ။ ငါ့အနား မနေချင်လို ထွက်သွားကြမယ်ဆိုရင်လည်း ပြန်လှည့်မလာနိူင်လောက်တဲ့ထိ အဝေးတကာ့ အဝေးဆုံးရောက်အောင် သွားနေကြပါစေ။ ငါတော့ဖြင့် ငါ့ကိုယုံကြည်လာအောင် ဘယ်တော့မှ မလုပ်ပြတတ်တဲ့ကောင်ပါပဲကွယ်။ ဒါဟာ သင်းကွဲတစ်ကောင်ရဲ့ တစ်လွဲမာနလို့ မင်း ယူဆလို့ ရပါတယ်။ ဒါပေမယ့် ငါ့အထီးကျန်ခြင်းတွေနဲ့တော့ မင်းညကို သံယောဇဉ် မဖြစ်ထွန်းစေချင်မိဘူးကွယ်။ ငါ ဘာကိုဆိုလိုမှန်း မင်းသိမှာပါ လီယိုမလေးရယ်။


ငါဟာ လူငယ်လေးတစ်ယောက်ဘဝကို ကျော်လွန်းလာခဲ့တာ အတော်ကိုကြာပြီပေါ့ လီယိုမလေးရယ်။  ငယ်စဉ်ကတည်းကတော့ မနက်ခင်းတိုင်းမှာ အပူအပင်မဲ့စွာနိူးထလာပြီး ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းသွားဖို့သာ  ငါတွေးနေခဲ့တာပါ။ အခုချိန်မှာတော့ ငါ့အတွက် လူငယ်ဘဝတုန်းက ယုံကြည်မူတွေကို ပြန်လည် တည်ဆောက်ဖို့ဆိုတာ အတော်ကိုမှ ခက်ခဲတဲ့အရာဖြစ်လာခဲ့ပြီလေ။ ငါ့အမှားတွေကို အတတ်နိူင်ဆုံးတော့ ရေစုန်မျှောကြည့်မိပါသေးတယ်။ လုံးဝ ပကတိမသန့်စင်ရင်တောင် အကောင်းဆုံး ထဲက တစ်ခုခုလောက်လေး မျှော်လင့်ရင်း  မိမိကိုယ်မိမိ အာမခံချက်လေး တစ်ခုကို ငါရှာတွေ့လို့ ရှာတွေ့ငြားနဲ့ပေါ့။  ဒါပေမယ့်လည်း ငါ့ဘဝက အချိန်တွေ ကြာမြင့်သွားတဲ့ထိအောင် ဘာမှ ထူးထူးခြားခြားမရှိလာခဲ့သလို ခမ်းခမ်းနားနားလည်း ဘာမှ ထပ်မံ မဖြစ်ပေါ်လာတော့ပါဘူး။ 


လီယိုနက္ခတ်နဲ့ ကောင်မလေးရေ

ခွင့်လွှတ်ခြင်းဆိုတာက အချစ်ရဲ့ နောက်ဆုံးသရုပ်ပဲတဲ့။
 Forgiveness is the final form of love.
             -Reinhold Niebuhr(1892-1971)

မင်းက ငါ့ကို ဘယ်လောက်ကြာကြာ အကောင်းမြင်နိူင်မှာမို့လဲကွယ်။ အဖြေမရှိ..အဖြေမသိရတဲ့ လူတစ်ယောက်ရဲ့ ရင်ဘတ်ထဲမှာ လူငယ်တစ်ယောက်လို အပူအပင် ကင်းပစ်လိုက်ချင်တဲ့ အတ္တတွေဟာ အရိုးစွဲစေခဲ့ပေမယ့်လည်း ငါ့ရဲ့ဟန်ဆောင်မူတိုင်းဟာ.. တကယ်တော့ ရေရှည်မခံခဲ့တာ အမှန်ပဲပေါ့။ မင်းနဲ့တွေ့တဲ့အခါမှာတော့ ငါခံစားရတာက ရေငတ်နေတဲ့ လူတစ်ယောက် ရေတွင်းကြီးထဲ ပြုတ်ကျသွားသလိုမျိုးကို ခံစားရတယ်။ ငါ့ဘဝမှာ ရေငတ်ခဲ့တဲ့ရက်တွေကို လက်ချိုးရေကြည့်လိုက်တဲ့အခါ သက္ကရာဇ်မနည်းခဲ့ဘူးပဲလေ။ အခု ရေတွေ့ရလို့ ငါ ပျော်ပါတယ်။ အားရဝမ်းသာနဲ့ ခပ်ဖို့ ကြိုးစားချိန်မှာ ရေတွင်းထဲ ငါလိုအမှိုက် ပြုတ်ကျသွားရင် ဘယ်လိုလုပ်မလဲကွယ်။ ဒါကြောင့် မင်းဘက်ကကြည့်မြင်ရင်တော့ ငါဟာ ကြက်ခြေခတ်ကိုခေါ်င်းခုအိပ်၊ မရေရာခြင်းကို လက်မှာကိုင်စွဲလို့ မသေချာခြင်းနဲ့ပေါ်င်းသင်းပြီး လမ်းလျှောတ်ထွက်တတ်တဲ့လူလို့ မြင်မှာပဲ။  အခု ပြန်တည်ဆောက်လိုက်တဲ့ ငါ့အခြေအနေမှာ အသစ်ချွတ်ချွတ် စိတ်အသစ်တွေလည်း ရှိမနေခဲ့ပါဘူး။ ငါ့ အဟောင်းသက်သက်ကသာ ပူးပေါ်င်းပါဝင်လာခဲ့ပြီး မင်းခံစားကြည့်ဖို့ အကောင်းဆုံးအရာ ငါ့မှာ မရှိသလောက်ရှားပါတယ် လီယိုလေးရေ။ ဒါကြောင့် အတိတ်လက်ထဲမှာပဲ ငါ့ဘဝနဲ့ ငါ့ဘာသာ ရှိနေပါစေတော့ကွယ်။ မင်းလည်း မင်းအနာဂတ်နဲ့မင်း သစ်လွင်ဖူးပွင့်ပါစေတော့။


Jan1.2021

Minsetwai

Tuesday, December 15, 2020

အနာမကျက်တဲ့ပင့်ကူ

 ရဟတ် (ကဗျာစုစည်းမူ)-၁၆

အနာမကျက်တဲ့ပင့်ကူ

***************


ဖြစ်လာဖို့ အများကြီး ရှိတာကြောင့် 

ငါကြိုတွေးမိ

ရေခဲချောင်းတွေ အချိန်တန်တော့ အရည်ပျော်သွားချိန်

ငါစိတ်က ဓာတ်ခဲလိုသလားတွေးပြီး 

ပင့်ကူတစ်ကောင်လိုကျင့်

ဆားမပေါ်က်ဖို့တော့ လိုနေတယ်

(ကောင်းကောင်း ထိန်းသိမ်းစောင့်ရှောက်ပါ။)

၁။ စိတ်အချဉ်ပေါ်က်တိုင်း ပတ်ဝန်းကျင် က နားဒုက္ခရောက်

၂။ ပင်အပ်တစ်ချောင်းနဲ့ ကိုယ့်နူတ်ခမ်းကိုယ်ထိုးဖောက်

၃။ အိမ်သာထဲမှာ ပင့်ကူတွေ အများကြီးတွေ့တယ်

ကောင်းပါပြီ။ 

ငါဟာ ရာသီဥတုနဲ့ ကင်းလွတ်ပြီး 

အိမ်ယက်ဖောက်ခဲ့...

သင်ခိုး ကြည့်နေတယ်။ ဖယ်ရှားမကြည့်နိူင်သေးတာကို စိတ်တိုကောင်းတိုမယ်။ 

ခါးသီးလွန်းတဲ့ကော်ဖီခွက်ထဲ 

ငါခုန်ဆင်းခဲ့မယ်

ဆုတောင်းတွေ တသီကြီး ရွတ်ထားပေါ့...။

၁။ ငါးစာသည် ဘယ်တော့မှ ငါမဟုတ်

၂။ အပျင်းပြေချင် အရုပ်နဲ့ဆော့

၃။ ငါ့ကိုကျဆုံးချင်ရင် ငါကိုမေးခွန်းထုတ်

အရမ်းသေးငယ်တဲ့ မျှော်လင့်ချက်နဲ့တော့ ထောင်ချောက်ကို ခလုတ်မဖြုတ်နဲ့တော့..

စိတ်တွေ သေအောင်ရွက်လွင့်

ငါက နံရံမှာ မျှော်လင့်ချက်တွေ ကပ်မယ်

လာမနမ်းနဲ့ မုသားဟာ 

ငါ့အစားအစာမဟုတ်တာ သေချာတယ်

ကဲ..ငါကစောင့်ကြည့်ရမလား 

ပြော...သင်က စောင့်ကြည့်မလား

သေသေချာချာတော့တွေး

ငါက ပင့်ကူတစ်ကောင်တော့ ဖြစ်မယ်..။

2012

Minsetwai

Sunday, November 22, 2020

မျော

မျော


တိုးလျိုပေါ်က်က ချောင်းကြည့်မိတော့ 

ငါတို့ဟာ..

ကွင်းပြင်ကြယ်ကြီးတဲ့ ပြေးလွှားနေကြတဲ့ ပုရွက်ဆိတ် တွေလို

အချိုအဆိမ့်နဲ့ 

အီတဲ့အရသာတွေကို ပိုက်ထွေးပြီး

ကိုယ့်အိမ်ကလေးထဲ 

အိပ်မောကျနေသူတစ်ချို့ 

စကားစမြည်းပြောကြ..

ရယ်ကြ၊ ငိုကြ

နောက်..တံခါးဖွင့်သံကြားမိတဲ့အခါ

ဝင်လာသူလား၊ ထွက်သွားသူလား 

နားစွင့်လိုက်မိကြ..

များပြားထွေပြားတဲ့

အဖြစ်သနစ်တွေကြား

မျတ်နှာမွဲမဟုတ်ကြောင်း 

ကိုယ့်ဂုဏ်ကိုယ်ဖော်လိုက်ကြ

တကယ်က

မျောချင်တိုင်းမျောပါနေရတဲ့

ဇာတ်ကောင်တွေဆိုတာ 

ဘဝ ဝပ်ကျင်းများက အသိပါ။

May9.2012

Minsetwai

ပြတ်ရှဒဏ်ရာများနှင့်ည

 ပြတ်ရှဒဏ်ရာများနှင့်ည



သစ်ပင်သေပမာ

နေရောင်ပျောက်နေခဲ့သော နူတ်ခမ်းများ

ခိုးထွက်လာလှည့်ပါလား တစ္ဆေရယ်။


ငါတည်သော

မီးပြတိုက် ညများ

ဘဝချင်း ခြားနားပြနေတာတောင်

အလွမ်းတွေ ထိန်ထိန်လင်းပြဆဲ။ 


လွမ်းဓာတ်ခံနေရသော ပင်လယ်

အပူမိ ပိုးဖလံတောင်ပံမဲ့ရသလို

လှိုင်းတွေထဲ တဖျပ်ဖျပ်လူးပြ

မျက်ရည်စို့ရပါသော ဂီတ။


 ခေါ်င်မြီးခြုံထားတဲ့ လင်းနို့များ

 ညနေစိမ်းလေး မရှိတော့လို့

 အသိညဏ်မဲ့တဲ့ထိကို ငိုယို။

 

ဌက်တေလေ လ

ချောင်းကြည့်ပေါ်က်နားက မခွာ

အိပ်ချင်ယောင်ဆောင်ကာ လွမ်းပျပျ

အာရုဏ်ကြောက်နေရှာသော ည့ဉ်များ


ဒီလိုနဲ့ အချိန်စျာပန

တစ္ဆေမလေးရယ် မေ့ရက်သွား

သင် ကိုယ်ထင်မပြ

မနိူးထခဲ့တဲ့ ညဟာ

နှလုံးသား ပြတ်ရှဒဏ်ရာနဲ့

လဲလျောင်းအိပ်စက်သွားရသော ငါနဲ့။


Oct2.2020

Minsetwai

ညကဗျာ နှင့် အထီးကျန်အက်ဆေး-၁

Sunday, November 15, 2020

White Clouds

White Clouds…


White Clouds…

If i die 

May you continue to shine

Like a star in my universe

Because you

Is my world , my moon, my star and planet. 











White Clouds…

If i die

I want to be Closest to your universe

Let it happen again like Epsilon Eridani

Because I want to reconnect

With some of your kindness. 


White Clouds…

If i die

When i become a supernova

You are add fuel to the flame

Encourage me like that

Until i became a White Dwarf. 


White Clouds…

In the truth of my like

Pencil scratches in your painting

Event those things couldn't be forgetten

In my mind

When i finally die

In my dealth

Let me take your name to my heart

When i was born again

With your name, my love will live again

In the wonderful universe

And to your paintings

With a loving heart

Let's paint together. 


White Clouds…

If i die

Do not think

That my heart and my memory

Will die too

In many of my existance

I will always carry your image

But i need one

That's just some of your kindness.

 

THE END

Nov15.2020

Minsetwai

Friday, November 13, 2020

I want to be a robot-2

I want to be a robot -2


If only i were an insensitive robot

Them my life will be better

When that did not happen,

I peeked through the peep-hole

Lips, eyes and blood vessles

From the pain and suffering the forest

After i couldn't take care myself

I am with heavy burdens. 










If only i were a painless robot

Then my life will be better

When that did not happen,

It invades my sense

Love, feel and pain

In the dark days of misconceptions

I am with irreversible love. 


If only i were a ruthless robot

Then my life will be better

When that did not happen,

I drank alcohol everyday

Numbness, dizziness and dissatisfaction

In the dishonest life of an demon

After stealing myself

I am with meaningless tomorrows. 


Nov11.2020

Minsetwai

I want to be a robot

I want to be a robot 










I want to be a robot

Living with abominable values of human beings

Duties and benefits

After learning through bindings such as

Behind the scenes with empathy

fists clinging silently

I did not dare to fight again

Living by their orders

Going to the place indicated by them

In my desires and thoughts

Really,

I want to be a robot.


My brain is forever numb

I want to keep it out forever

Their empathy was lacking

My heart is asleep forever

In the source of people's minds

By the hiding of man living ago

I want a maching for them

Everyday,i would work non stop

Really,

I want to be a robot.


I want to tell my father about it

And then

I also want to tell the sea

I also want to tell the horizon

I also want to tell the ants

That are carrying food

Really,

I want to be a robot.


Sep23.2020

Minsetwai

Featured Post

ကဗျာဟူသည်

poetry ကဗျာဟူသည် ကဗျာဆိုသည်မှာ မိမိရောက်နေသောခေတ် အသက်ရှင်နေသောခေတ်၏အတွေးအခေါ်များကို အခြေခံ၍ သက်ရောက်မှုအများဆုံးရှိသော ခံစားမှုကို ဖန်တီးပ...