Number4
ဒီ၄ဂဏန်းမှာတော့ ၄ရက်နေ့မွေးသူ၊၁၃ရက်နေ့ မွေးသူ၊ ၂၂ရက်နေ့ မွေးသူ၊ ၃၁ရက်နေ့မွေးသူ၊ အမည်ဂဏန်း ၄ ရသူ၊ ဘဝ၏ ကံကြမ္မာဂဏန်း၄ ရသူများသာမက အခြား ၄နဲ့သက်ဆိုင်သမျှများကို စုစည်းဖော်ပြပေးပါမည်။
နံပါတ်၄သည် ယူရေးနပ်စ်ဂြိုလ်ကို ကိုယ်စားပြုပေးသော နံပါတ်ဖြစ်သည်။ လူအများစုက ၄ကို ကံမကောင်းစေသောနံပါတ်တစ်ခုအဖြစ် သတ်မှတ်ထားသော်လည်း တရုတ်တို့ကမူ ၄ကို ကံကောင်းခြင်းနံပါတ်တစ်ခုအဖြစ် သတ်မှတ်ကြသည်။ ယင်းဂဏန်းသည် ရုပ်ဝထ္ထူများနှင့် သက်ဆိုင်နေပြီး ခိုင်မာတောင့်တင်းမူများကိုလည်း ကိုယ်စားပြုသည်။ စရိုက်လက္ခဏာအားဖြင့် နံပါတ်၄သည် အခြေခံအုတ်မြစ်ချခြင်း၊ စိတ်အားထက်သန်ခြင်း၊ အားစိုက်ထုတ်တတ်ခြင်း၊ တည်ငြိမ်လေးနတ်မူရှိတတ်ခြင်း၊ အခွင့်အာဏာရရှိခြင်းတို့နှင့် ပတ်သက်သည်။ ယင်းဂဏန်း၏ သဘောမှာမူ ရန်မလိုသော်လည်း အများနှင့် အစစအရာရာ ဆန့်ကျင့်နေတတ်ခြင်း၊ မကောင်းကြံသော ရန်သူများစွာ ရှိတတ်ခြင်းနှင့် အစဉ်အလာ စည်းကမ်း ဥပဒေတို့ကို ပြုပြင်ပြောင်းလဲလိုကြသူများဖြစ်သည်။ ၎င်းတို့၏စရိုက်အရ အာဏာကိုဖီဆန်၍ အုပ်ချုပ်ခြင်းအသစ်၊ မင်းအသစ်ကို လိုလားကြ၏။ တိုင်းပြည်ရေးရာကိစ္စများတွင် ဝါသနာပါ၏။ အယူအဆမှာ positiveဖြစ်ရမည်။ မဖြစ်မနေရဆိုသော စိတ်မျိုးရှိကြသည်။
ဆိုရလျှင် ၄သမားအများစုတွင် ခေါ်င်းမာခြင်း တဇွတ်ထိုးလုပ်တတ်ခြင်း ၊ ပြန်မပြော နားမထောင်ခြင်း၊ ကိုယ်ထင်ရာကိုယ်စိုင်းခြင်း၊ ချုပ်ကိုင်မူကို မလိုလားခြင်း စသော အကျင့်စရိုက်များ ရှိတတ်ကြသည်။ ထိုအတူ တိုးတတ်သော အယူအဆများ ရှိကြပါသည်။ သူတို့သည် ဟောင်းနွမ်းနေသော အတွေးအခေါ်အယူအဆများနှင့် လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်၍ အသစ်အဆန်းကိုလက်ခံရန် ဝန်မလေးသူများ ဖြစ်သောကြောင့် ခေတ်ရေစီးကြောင်းနှင့် အလိုက်သင့်ကူးပြောင်းနိူင်စွမ်းရှိကြပြန်သည်။
၄ဂဏန်းသမားများသည် စည်းမျဉ်းစည်းကမ်းများကို ရေးဆွဲလေ့ရှိပြီး တစ်ချိန်တည်းမှာပင် အရာအားလုံးသေချာအောင်လုပ်ဆောင်တတ်ကြသည်။ ပရမ်းပတာ လုပ်ဆောင်ခြင်းကိုလည်း မုန်းတီးတတ်ကြသည်။ အခြေအနေတစ်ခုခုသည် သူတို့ကို ထိန်းချုပ်ထားသလို ခံစားကြရသောအခါ သူတို့သည် အဆင်မပြေမူကို ပြင်းထန်စွာ ခံစားတတ်ကြသည်။ မကြာခဏအားဖြင့်မူ သူတို့ရည်ရွယ်ထားသောအရာကို သူတို့၏ ဇွဲရှိမူကြောင့် ရရှိတတ်ကြသည်။ ထိုသို့ သူတို့စိတ်ထဲကအတိုင်း တစ်ခုခုကို အောင်မြင်အောင် လုပ်ဆောင်နိူင်သည့်အခါ သူတို့ အလွန် ပျော်ရွှင်ကြည်နူးတတ်ကြသည်။ သူတို့သည် အလွန်သိလွယ်၊တတ်လွယ်ကြပြီး တစ်ထွာပြလျှင် တစ်လံမြင်သူများ ဖြစ်ကြသည်။ ထိုအပြင် အကင်းပါးကြ၏။
သို့သော်လည်း အချို့ လေးဂဏန်းပိုင်ရှင်များမှာ စိတ်ဓာတ်ခိုင်မာမူမရှိ၊ အပြောင်းအလဲ မြန်သူများဟု အပြောခံကြရတတ်သည်။ အမှန်စင်စစ် ထိုသို့ဖြစ်ရခြင်း၏ အဓိက ကြောင်းရင်းမှာ သူတို့၏ စိတ်နေစိတ်ထားမှာ သိရခက်လှသောကြောင့် ဖြစ်သည်။ ထိုကြောင့်လည်း သူတို့တွင် အများစုမှာ မိတ်ဆွေနည်းပါးကြကုန်သည်။ ၄ဂဏန်းအမျိုးသမီးများမှာမူ အားသာချက်တစ်ခုအနေဖြင့် ချွေတာ၍ လက်တွေ့ကျကျလုပ်ဆောင်တတ်ကြသည်။ အချို့အမျိုးသမီးများကမူ အချိန်ဆွဲပြီး အလုပ်လုပ်တတ်ကြသည်လည်း ရှိ၏။ မည်သို့ဖြစ်ဖြစ် ယင်းတို့တွင် မဖြစ်မနေစိတ်မျိုး ရှိကြသော်လည်း ရည်မှန်းချက် ပျက်ပြယ်ခြင်း၊ အောင်မြင်သော်လည်း အကျိုးမခံစားရခြင်း ၊ အပြိုင်အဆိုင်များခြင်း စသကဲ့သို့ အခြေအနေများကို ကြုံရတတ်ပြန်သည်။ အချို့သော ကိစ္စရပ်များတွင်လည်း သူတို့သည် အရာရာတိုင်းအပေါ် လေးလေးနတ်နတ်ရှုမြင်ပြီး ချဉ်းကပ်နေတတ်ကြသောကြောင့် ဘဝတွင်ပျော်စရာအချိန်များကို လက်လွှတ်ဆုံးရှုံးနေတတ်ကြသည်။
အထူးသဖြင့် ၄ဂဏန်းသမားတို့သည် အစဉ်လိုလိုပင် အများနှင့်သဘောထားအယူအဆများ ကွဲလွဲနေတတ်ကြသည့်အပြင် ဆန့်ကျင်ဘက်များကို ပြုလုပ်တတ်ကြသောကြောင့် အငြင်းဟွးမူ၊ အတိုက်အခံဖြစ်မူများကြောင့် ရန်သူများရှိလာတတ်ကြသည်။ ထိုအတူ အရာရာကို အများတကာနှင့် ခြားနားစွာ ရူမြင်တတ်ခြင်းမှာလည်း ယင်းတို့၏ပြဿနာဖြစ်နေခဲ့သည်။ အခြားသောလူတစ်ဦးတစ်ယောက်သည် သူတို့နှင့် မမြင်၊ အယူအဆနှင့်သဘောထားများ သဟဇာတ မဖြစ်သောအခါ ထိုတစ်ဦးတစ်ယောက်အား ညှီနိူင်းမူပြုလုပ်ဖို့ကို သူတို့မကြိုးစားတတ်ကြပေ။ ထိုကြောင့်ပင် သူတို့၏ လုပ်ငန်းဆောင်တာများမှာ အထစ်အငေါ့ ဖြစ်ရခြင်း ၊ အတားအဆီးရှိခြင်း ၊ အပြောအဆို ခံရခြင်း၊ ဂုဏ်သိက္ခာ ကျခြင်း၊ စကားများရခြင်း၊ လုပ်ငန်းများ ပိတ်ဆို့ခြင်း၊ တော်လှန်ခံရခြင်းတို့နှင့် အဆင်မပြေဖြစ်ရခြင်းများကို ကြုံတွေ့ကြရသည်။ အဓိကအကြောင်းရင်းကမူ သူတို့၏ ခေါ်င်းမာသော အကျင့်စရိုက်ကြောင့်ပင် ဖြစ်သည်။ ထိုသို့ အဆင်မပြေသော အခြေအနေမျိုး၌ ၄သမားတို့သည် မိမိ၏ ချို့ယွင်းချက်များအပေါ်တွင် စိတ်ထိခိုက်ခံစားလွယ်ပြီး အလွန်အမင်း ခံစားနေတတ်ကြသူများလည်း ဖြစ်သည်။ ၎င်းတို့ အများစုသည် စိတ်ထိခိုက်ခံစားလွယ်ပြီး အလွယ်တကူ စိတ်ဆင်းရဲတတ်ခြင်း၊ အထီးကျန်အဖော်မဲ့သည်ဟု တွေးမြင်ခံစားတတ်ခြင်း ၊ စိတ်ညစ်လွယ်ခြင်းတို့ကို လက်ကိုင်ထားတတ်ကြ၏။ထို၄ဂဏန်းသမားတို့သည် တစ်ရွာမပြောင်း ၊ သူကောင်းမဖြစ်ဆိုသလိုပင် မိမိဇာတိမြို့တွင် အဆင်မပြေတတ်ကြဘဲ မြို့ကြီး၊ပြကြီးနှင့် နိူင်ငံခြားများသို့ သွားရောက်အလုပ်လုပ်ကိုင်သောအခါမှသာ အဆင်ပြေကြသည်ကလည်း ပိုများပြားပါသည်။
၄ရက်နေ့မွေးသူများကမူ တစ်ခါတစ်ရံ ရှေးရိုးဆန်နေတတ်ကြသူများ ဖြစ်သည်။ ယင်းတို့သည် စိတ်ဓာတ်ပိုင်းဆိုင်ရာတွင် စိတ်ဓာတ်တည်ကြည်ပြီး စည်းစနစ်ကျကျနှင့် ပီပီပြင်ပြင် လုပ်ဆောင်တတ်သူများ ဖြစ်သည်။ တာဝန်နှင့်ဝတ္တရားအပေါ် ခေါ်င်းရှောင်မနေဘဲ လျှင်မြန်စွာပြီးမြောက်အောင် ကြိုးစားလုပ်ကိုင်လိုစိတ်ရှိကြသည်။ အလွယ်တကူ အရှုံးပေးလိုစိတ်မရှိကြဘဲ အချိန်တိကျမူကိုလေးစားကြသည်။ အိမ်တွင်းရေး အဆင်မပြေတတ်ကြသော်လည်း အမွေရကိန်းများ ရှိတတ်ကြသည်။ စီးဟွးရေးအပိုင်း၌ ကျွမ်းကျင်ကြပြီး လက်တွေ့သမားများဖြစ်သောကြောင့် အခြေခံကောင်းများကို တည်ဆောက်ထားတတ်ကြသည်။ အရာရာအပေါ်၌ အသေးစိတ်သိချင်ကြသည်။ သူတို့သည် ယုတ္တိကျကျ စဉ်းစားတွေးခေါ်တတ်ကြပြီး ထိုအတွေးများပေါ် အခြေပြု၍ ယုံကြည်စိတ်ကို တည်ဆောက်တတ်ကြသည်။
ဘဝ၏ကံကြမ္မာဂဏန်း(၄)ရသူများမှာလည်း လက်တွေ့သမားများပင်ဖြစ်ကာ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိူင်ကြသည်။ အတွေးအမြင် ပဓာနဝါဒီများ မဟုတ်ကြသော်လည်း ကမ္ဘာလောကကြီးကို ပိုမိုကောင်းမွန်လာအောင် လက်တွေ့ကျကျနည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်လိုသူများဖြစ်သည်။ ထိုအတူ စည်းစနစ်ကျစွာဖြင့်မိမိကိုယ်မိမိ ထိန်းချုပ်နိူင်သူများဖြစ်ကာ အခက်အခဲများကို ဖြေရှင်းရာတွင် တိကျပြတ်သားပြီး တစ်ဆင့်ချင်းစီနှင့်စနစ်တကျ ဖြေရှင်းတတ်ကြသည်။ တစ်စုံတစ်ခုလုပ်မည်ဟု ဆုံးဖြတ်ပြီးလျှင် အရှုံးမပေးတတ်ကြသော သူများလည်း ဖြစ်သလို ဖြတ်လမ်းနည်းကို လိုက်သောသူများလည်း မဟုတ်ကြပေ။ သူတို့က လုပ်ငန်းတစ်ခုကို အချိန်ကြာမြင့်စွာ အချိန်ယူပြီး အခြေခိုင်အောင် ကြိုးစားပမ်းစားဖြင့် တည်ဆောက်ကြသောသူများ ဖြစ်သည်။ တိကျခြင်း၊ ဇွဲနပဲကြီးမားခြင်းတို့က သူတို့အတွက် အောင်မြင်မူကိုရရှိစေသည့် စွမ်းအားများပင်ဖြစ်သည်။ သို့သော် သတိပြုသင့်သည်မှာ သူတို့သည် မိမမ၏အကြံအစည်များနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ကို အလျှင်စလိုမချမှတ်ရန်လိုပါသည်။ ထိုအတူ သူတပါးအပေါ် ဆရာလုပ်လိုသောစိတ်နှင့် ရိုင်းပျစွာ ဆက်ဆံချင်သောစိတ်တို့ကို ချုပ်တီးထားသင့်သည်။ သူတို့သည် အလုပ်ကို ချစ်မြတ်နိူးသူများဖြစ်သောကြောင့် ငယ်ရွယ်စဉ်ဘဝကတည်းကပင် အလုပ်ခွင်ထဲသို့ ရောက်ရှိနေတတ်ကြသူများဖြစ်ရာ မည်သည့်လုပ်ငန်းတွင်မဆို သူတို့၏ အလုပ်ကြိုးစားမူနှင့် လက်တွေ့ကျမူတို့ကြောင့် အကျိုးကျေးဇူးများကို ရရှိခံစားကြရသောသူများပင် ဖြစ်သည်။
အမည်နံပါတ် ၄ ရရှိကြသူများအတွက်မှာ သူတို့သည် နေ့စဉ်လောကတွင် သူတို့၏အရည်အချင်းများကို အသုံးချ၍ အလုပ်လုပ်ကြသူများ ဖြစ်ကာ အလုပ်နှင့်ပတ်သက်၍ လုံ့လဝီရိယရှိသော အလုပ်သမားတစ်ဦးဟု ဆိုနိူင်သည်။ သူတို့သည် မည်သည့်စီမံကိန်းကိုမဆို ပြီးစီးရန်ကြိုးစားလိုစိတ်ရှိကြသည်။ ထိုကြောင့် သူတို့သည် အလုပ်နှင့်ပတ်သက်၍ သည်းခံခြင်းနှင့်အတူ အသေးစိတ်ကြည့်ရူ လေ့လာတတ်ကြသည်။ သူတို့၏လုပ်ဆောင်သမျှမှာလည်း စနစ်ကျ၍ လက်တွေ့ဆန်ကျသည်။ ထိုကြောင့်လည်း သူတို့သည် အလုပ်များကို ပြီးမြောက်အောင်မြင်အောင်လုပ်ဆောင်နိူင်ကြပြီး အောင်မြင်မူကို ရရှိတတ်ကြသည်။ သူတို့၏ စည်းကမ်းနှင့်ရိုးသားမှုများသည် သူတို့ကို နာမည်ကောင်းရရှိစေသည့်အပြင် သူတို့သည် အလုပ်များအတွက် ယုံကြည်စိတ်ချရပြီး လေးနက်သည့်စိတ်ထားရှိသူများဖြစ်ကြ၏။ သို့သော် သူတို့သည် သူတို့လုပ်သမျှအားလုံးမှာ လူတိုင်းအတွက်အကောင်းဆုံးဖြစ်သည်ဟုခံစားမြင်တတ်ကြပြီး အခြားသော လူအများစုအပေါ် တင်းကြပ်သောစည်းကမ်းချက်များ ထုတ်ပြန်တေတ်လေ့ရှိကြသည်။ ထိုအချက်ကို သူတို့သတိပြုကြဖို့ လိုသည်။ အခြားသူများမှာလည်း သူတို့၏စံနူန်းဖြင့် သူတို့ ရှိနေကြသည်ကို အမည်နံပါတ် ၄သမားများ သိရှိထားကြဖို့လိုပါသည်။
၄ဂဏန်းသမားများ အားလုံးအတွက် အချစ်ရေးနှင့်အိမ်ထောင်ရေးတွင်မူ သူတို့ကို The Dispassionate Loverဟု သတ်မှတ်ကြပြီး သူတို့ကို ကိုယ်ကျိုးမငဲ့ အရာရာကို စွန့်လွှတ်နိူင်ကာ ပကတိဖြောင့်မတ်ရိုးသားပြီး တည်ကြည်သော အချစ်ပိုင်ရှင်များဖြစ်သည်ဟု ဆိုကြသည်။ သို့သော်လည်း သူတို့၏ ဘဝလမ်းကြောင်းတွင် ကိုယ်ကချစ်ရသလောက် တူညီသောမေတ္တာကို ပြန်ရရှိရန် ခဲယဉ်းတတ်ကြပြီး များသောအားဖြင့် အိမ်ထောင်ရေး အဆင်မပြေ ဖြစ်တတ်ကာ အချို့မှာ လူပျိုကြီး ၊ အပျိုကြီးများလည်း ဖြစ်သွားတတ်ကြသည်။ သို့သော် ယင်းတို့သည် အတွင်းစိတ် အလွန်ပျော့၍ သိမ့်မွေ့ကာ ပေးဆပ်သော နှလုံးသားကို ပိုင်ဆိုင်ကြသည်။ ရင်နင့်အောင် ချစ်တတ်ကြသည်။ ၅၂၈၊ ၁၅၀၀မေတ္တာ အလုံးစုံတွင် သူတစ်ပါးထက်သာလွန်သော သံယောဇဉ် ရှိတတ်ကြသည်။ သို့သော် သူတို့ဘဝတွင် မိသားစုနှင့် အိမ်ထောင်ရေးပြဿ နာများကလည်း သူတို့ကို ကြီးမားသော စိတ်ခံစားမူ ဖြစ်ပေါ်စေကာ အထီးကျန်ဝမ်းနည်းနေစေတတ်သည်။ ထိုအခြေအနေသည်လည်း သူတို့ကို တစ်ကိုယ်ရည်သမားဖြစ်စေဖို့ တွန်းပို့နေခြင်းတစ်ခုလည်း ဖြစ်သည်။ မည်သို့ပင်ဖြစ်ဖြစ် ၄ဂဏန်းသမားတို့သည် မေတ္တာရေးပဋိပက္ခများ နှင့် မျက်ရည်များကြောင့် စိုစွတ်ခဲ့သည့်နေရက်တို့ကို ကျော်လွန်ပြီးလျှင်မူ အေးချမ်းသော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်ခွင့်ရရှိမည်မှာ အမှန်ပင်ဖြစ်သည်။
ထို၄ဂဏန်းသမားတို့၏ ချစ်ခြင်းမေတ္တာကို ရရှိပိုင်ဆိုင်ရသူတို့သည် အလွန်ကံကောင်းသောသူများပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော ၄ဂဏန်းသမားတို့သည် အချစ်တတ်ဆုံးသောသူများ ဖြစ်သောကြောင့်ပါပင်။ အထူးသဖြင့် ၄ဂဏန်းပိုင်ဆိုင်သော အမျိုးသားအများစုသည် အချစ်အပေါ် နားလည်မူ၊ ခံစားသိမြင်တတ်မူနှင့်အတူ အချစ်၏အရင်းအမြစ်ကို တိတိကျကျ နားလည်တတ်ကြသောသူများ ဖြစ်သည်။ ထိုယောကျာ်းတို့သည် မမျှော်လင့်ဘဲ မထင်မှတ်ဘဲနှင့် မိမိနှင့် အယူအဆ၊ သဘာဝမတူညီသော ခြားနားသောပတ်ဝန်းကျင်မှ နေထိုင်သူနှင့် မေတ္တာမျှတတ်ကြပြီး ပဋိပက္ခများစွာကြားကပင် မေတ္တာနှင့်အိမ်ထောင်ရေးကို ဖန်တီးတည်ဆောက်ကြသောသူများ ဖြစ်ကြပေသည်။
၄ရက်နေ့မွေးဖွားသူများ၏ အချစ်ကမူ သန့်စင်သောနှလုံးသား ၊ ရာဂလှုံဆော်မူ ကင်းမဲ့ခြင်း၊ မြင့်မြတ်သောမေတ္တာ ချစ်သူအပေါ် အလေးထားတတ်သောသူများ ဖြစ်သည်။ ချစ်ခဲသည် ချစ်မိကလည်း မပျက်ပြယ်တတ်ကြပေ။ အချစ်ရေးတွင် မှန်ကန်မူကိုသာ လိုလားပြီး အပြောင်းအလဲများခြင်းကို မနှစ်သက်ကြပေ။ သူတို့သည် ချစ်မိပြီဆိုလျှင် မပျက်ပြယ်သောအချစ်နှင့် ချစ်တတ်ကြပြီး သူတို့၏အချစ်ကို တည်မြဲနေစေသောသူများ ဖြစ်သည်။ သို့သော်လည်း သူတို့သည် အချစ်ရေးတွင်မူ မနာလိုမူများ၊ သွေးခွဲသော ဘေးစကားများ၊ ချစ်သူ၏နိူင်လိုမင်းထက်ဆက်ဆံမူများကို ခံစားကြရတတ်သည်ဆိုသော်လည်း သူတို့သည် အနှောင့်အယှတ်မည်မျှရှိပါစေ သူတို့၏ သန့်စင်သောနှလုံးသားဖြင့် ရန်အားလုံးကိုကျော်ဖြတ်နိူင်သည်ဆိုပါက အေးချမ်းသော အချစ်နှင့်အိမ်ထောင်ရေးကို တည်ဆောက်နိူင်ကြလိမ့်မည် ဖြစ်ပါသည်။
၄ နှင့် ပတ်သက်သူအားလုံးအတွက် အထူးသတိပြုရန်အချက်တစ်ခုကို နောက်ဆုံးအနေဖြင့် ဖော်ပြပေးချင်ပါသည်။ နံပါတ် ၄သည်လည်း နျူမယိုလောဂျီပညာရပ်တွင် စိတ်ဝင်စားစရာကောင်းသော နံပါတ်တစ်ခုပင်ဖြစ်၏။ ထိုနံပါတ် ၄သည် ပထဝီ၊ ဝါယော၊ အာပေါ၊ တေဇောဆိုသော မူလဘူတဓာတ်ကြီး၄ပါးကိုလည်း အထူးပြုထားသည်။ မြန်မာဗေဒင်ပညာရပ်တွင် ၄ကို ဗုဒ္ဓဟူးဂြိုလ်၏ ကိုယ်စားပြုနံပါတ်အဖြစ် ဖော်ပြပြီး အနောက်တိုင်း နျူမယိုလောဂျီတွင်မူ ၄မှာ ယူရေးနပ်စ်ဂြိုလ်ကို ကိုယ်စားပြုပေးသောနံပါတ်အဖြစ် ဖော်ပြသည်။ ထူဆန်းသည်မှာ မြန်မာဗေဒင်အယူအဆတွင် ၄ကိုနှစ်ဆဟွးပါက ၈ရရှိပြီး ထိုနံပါတ်၈မှာ ရာဟုဂြိုလ်ကို ကိုယ်စားပြုဖော်ပြလေရာ ဗုဒ္ဓဟူးဂြိုလ်နှင့်ရာဟုဂြိုလ်မှာ လုံးဝကို မတည့်သော ရန်ဘက်ဂြိုလ်များဖြစ်နေသည်ကို တွေ့ရသည်။ ထိုကဲ့သို့ပင် နျူမယိုလောဂျီတွင် ၈မှာ စနေဂြိုလ်ကို ကိုယ်စားပြုဖော်ပြပြီး ယူရေးနပ်စ်နှင့်စနေဂြိုလ်မှာလည်း လုံးဝမတည့်သော ရန်ဘက်ဂြိုလ်များ ဖြစ်နေသည့်ကို အလွန်တိုက်ဆိုင်စွာတွေ့ရသည်။ ထိုကြောင့် ၄သည် ၈ နှင့်တွေ့သောအခါတိုင်း ပြဿ နာများကို ကြုံကြရသည်။ ထိုကဲ့သို့ ပြဿ နာဖြစ်တိုင်း နောက်ဆုံး၈က အနိူင်ရသွားသည်ကိုလည်း အံသြစွာတွေ့ရပြန်သည်။ ဥပမာပြရလျှင် ဗိုလ်ချုပ်အောင်ဆန်းမှာ ၄သမားဖြစ်ပြီး ဂဠုန်ဦးစောမှာ ၈သမားဖြစ်သည်။ ထို့ကြောင့် ၄နှင့် ပတ်သက်နေသူအားလုံးသည် နံပါတ်၈နှင့်သက်ဆိုင်သည့် အရာများကို သတိထားကြရန် အထူးလိုအပ်သည်။ အသက်နှင့်ကြည့်မည်ဆိုလျှင် ၁၇နှစ်၊ ၂၆နှစ်၊ ၃၅နှစ်၊ ၄၄နှစ် စသကဲ့သို့သော အသက်အပိုင်းအခြားများတွင် ကံဆိုးမူများ ဖြစ်ပေါ်စေတတ်သည်။ ထိုအတူ ၄နှင့်၈တွဲနေသော ၄၈နှစ်ကိုလည်း အထူးဂရုစိုက်ရမည် ဖြစ်သည်။ သက္ကရာဇ်နှင့်ကြည့်မည်ဆိုလျှင် ၂၀၀၆ခုနှစ်၊ ၂၀၂၄ခုနှစ် စသကဲ့သို့သော ခုနှစ်များကို သတိပြုသင့်ပေသည်။ ထိုသက္ကရာဇ်များတွင် ၄သမားများသည် ကျန်းမာရေးအလွန်ညံဖျင်းတတ်၏။
ဂဏန်းများပေါ်င်းစပ်မူအနေဖြင့် ၄နှင့်၇ဂဏန်းတို့၏ ပေါ်င်းစပ်မူသည် ရလဒ်အနေဖြင့် ၄ဂဏန်းသမားတို့အတွက် ၇ဂဏန်းသမားများမှာ အကျိုးအမြတ်ကိုမမျှော်ကိုးဘဲ အင်အားပေးစွမ်းသူများဖြစ်သည့်အပြင် မိတ်ဆွေဖက်၊ စီးဟွးဖက်၊ အိမ်ထောင်ဖက်အဖြစ်သို့ ရွေးချယ်ရန်သငိ့တော်လှသည်။ ၇ဂဏန်းမှာ အမျိုးသမီးဖြစ်၍ ၄ဂဏန်းမှာအမျိုးသားဖြစ်ပါက အလွန်မှပျော်စရာကောင်းသောအတွဲဟုပင် ဆိုနိုင်ပါသည်။
၄ဂဏန်းနှင့်၆ဂဏန်းပေါ်င်းစပ်ခြင်းကမူ နှစ်ဦးစလုံးမှာ ငွေကြေးကို မလိုအပ်ဘဲ ဖြုန်းတီးတတ်ကြသူများဖြစ်သောကြောင့် စီးဟွးဖက်ဖြစ်ပါက အရှုံးပေါ်ကြရလိမ့်မည်။ ထိုအတူ အိမ်ထောင်ဘက်အဖြစ်နှင့်လည်း အဆင်မပြေသည်က များတတ်ကြလိမ့်မည်ဖြစ်သည်။
အိမ်နံပါတ် ၄။ အိမ်နံပါတ်များပေါ်င်းခြင်းအားဖြင့် ၄ရရှိသောအိမ်သည် ဘယ်အရာကိုမှ ကြိုတင်ခန့်မှန်းပြ၍မရနိူင်သော အိမ်အမျိုးအစားပင်ဖြစ်သည်။ ထိုအိမ်အမျိုးအစားသည် စိတ်လှုပ်ရှားဖွယ်ရာ ကောင်းသလို၊ အန္တရာယ်များနှင့် ကစားနေတတ်သောအိမ်လည်း ဖြစ်သည်။ ထိုအိမ်တွင်နေထိုင်သူအများစုမှာ စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်သူများ ဖြစ်ကြသည်။ ထိုအိမ်သို့ရောက်ရှိလာသူများသည် ဘဝ၏ပုံစံများပါ ပြောင်းလဲသွားတတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဘဝ၏အပြောင်းအလဲများစွာတို့သည် သူတို့အား စိန်ခေါ်ကြလိမ့်မည်ဖြစ်သောကြောင့်ဟူ၏
၄ဂဏန်းတို့၏ ရာသီခွင်မှာ သိလ်ရာသီဖြစ်သည်။
ဖြစ်တတ်သည့်ရောဂါများအနေဖြင့်မူ ၄ဂဏန်းသမားများသည် သာမန်ရောဂါ စိစစ်ခြင်းမျိုးနှင့် မလွယ်ကူသည့် ရှုပ်ထွေးထူးဆန်းသော ရောဂါများကို ခံစားကြရတတ်သည်။ ယင်းတို့တွင် စိတ်အာရုံ နောက်ကျိတတ်သည့်ရောဂါ၊ သွေးဆုတ်ယုတ်သည့် ရောဂါ၊ ဦးခေါ်င်းနှင့်ပတ်သက်သောရောဂါ၊ ဆီးအိမ်နှင့် ကျောက်ကပ်တို့တွင် နာကျင်ကိုက်ခဲသည့်ရောဂါများ၊ သွေးနှင့်ပတ်သက်သည့်ရောဂါများ၊ သွေးတိုး၊ လေဖြတ်ခြင်းနှင့် ထိခိုက်ရှနာများ၊ လိပ်ခေါ်င်းရောဂါများ နှင့် အသက်ရူလမ်းကြောင်းဆိုင်ရာရောဂါများ အများဆုံး ဖြစ်ဟွးတတ်ကြသည်ကို တွေ့ရှိရပါသည်။
တွေ့ကြုံနိူင်သော ဘေးအန္တရာယ်အားဖြင့် မီးဘေးအန္တရယ်များနှင့် အက်စီဒင့်များ ကြုံကြရတတ်သည်။
၄သမားတို့အတွက် အကောင်းဆုံးဖြစ်သည့် ဓာတ်စာများမှာ ပဲ၊ စပျစ်၊သံပုရာ၊ လိမ္မောတို့ပင်ဖြစ်သည်။ သတိပြုရမည်မှာ ယင်းတို့အနေဖြင့် ရာသီပေါ်သီးနှံများကို အလွန်အမင်းစားသုံးခြင်းမျိုး မပြုလုပ်ကြရန်ပင် ဖြစ်သည်။
ကံကောင်းစေသောအရောင်အားဖြင့် ၄သမားများသည် ဖျော့တော့တော့ အရောင်များ၊ ပြာလဲ့လဲ့အရောင်များ၊ အညိုရောင်နှင့် မီးခိုးရောင်များကို အသုံးပြုသင့်သည်။
ကံကောင်းစေသော ရတနာအားဖြင့် နီလာ (အညိုမှိုင်းရောင်)၊ ရွှေ တို့ကို ဝတ်ဆင်သင့်သည်။ လက်စွပ်အနေဖြင့်မူ လက်သန်းတွင် ဝတ်က ကံကောင်း မူကို ပိုရရှိစေတတ်သည်။
သူတို့အတွက် ကံဆိုးမူကို ဖြစ်စေနိူင်သော အရောင်များကမူ အနီရင့်နှင့်အနတ်ပင်ဖြစ်သည်။
ကံကောင်းမူကို ဖြစ်စေတတ်သော လများမှာ ဇန်နဝါရီ၊ဧပြီနှင့်သြဂုတ်တို့ ဖြစ်ကြသည်။
ကံကောင်းစေသောနေ့များမှာ တနင်္ဂနွေနှင့် တနလာင်္နေ့တို့ပင် ဖြစ်သည်။
ထင်ရှားသော ၄ရက်နေ့ မွေးဖွားသူများမှာ
တွေးခေါ်ပညာရှင် ဖရန်စစ်ဘေကွန်း(May 4)၊ ပန်းချီဆရာလော့လိုင်တန်(Dec 4)၊ တွေးခေါ်ပညာရှင်သောမတ်စ်ဟတ်စ်လေ(May 4)၊
စာရေးဆရာနသာနီယမ်ဟောသွန်(July 4)
ကိုးကား
ဆရာစံဇာဏီဘို၏ သင့်မွေးရက်နှင့် အချစ်ကံကြမ္မာ
#ဆရာလူဝင်းအောင်၏ ဟိန္နူနည်းစနစ် ဂဏန်းဗေဒပညာ
#ဆရာစောစံ(B.A)၏ ကိုင်ရို၏ဂဏန်းဗေဒင်
Oct17.2020
Minsetwai