Search My Blog

Saturday, February 15, 2020

လူနှင့ျနညျးပညာ

#လူနှင့်နည်းပညာ

(၂)

"Alias"

ကျွန်တော်ဆီကို ပို ့တဲ့ Email ထဲမှာ Aliasဆိုတဲ့ စကားလုံးကို ကျွန်တော်သတိထားမိပါတယ်။ အဲဒီစကားလုံးကို ရှာဖွေကြည့်လိုက်တော့ ဆင်တူရိုးမှားပုံစံတွေနဲ ့အတူ လုပ်ဆောင်မူတွေ အများကြီးတွေ ့ရပါတယ်။ အဲဒီထဲ အဖြစ်နိူင်ဆုံးလေးတွေကို ရွေးထုတ်ပြီး ပါဝင်တဲ့အကြောင်းအရာတွေကို မာတိကာလုပ် လေဘယ်တပ်လိုက်တော့ အောက်ပါ
အတိုင်းတွေ ့ရပါတယ်။

Alias(SQL)
Email Alias
Alias Systems Corporation
Alias (Mac Os)
Alias (Command)

အဲဒီကျွန်တော်မသင်္ဏာ အဖြစ်ဆုံးကတော့ Email Alias နဲ ့ Alias(SQL)တို ့ပါ။

ဦးဆုံး Email Aliasကို လေ့လာကြည့်ပါမယ်။

"Email Alias"

သူနဲ ့ပတ်သက်ဆက်နွယ်နေတာတွေကတော့

Mail Server
UNIX
Blind Carbon Copy
Email Backscatter
Electronic Mailing List
Ip Address
Spam တို ့ပါ။

email aliasဆိုတာက အလွယ်တကူပေးထားတဲ့ နာမည်ပြောင် လိပ်စာတစ်ခုပါပဲ။ တစ်ခါတစ်ရံမှာ အီးမေးလ်လွှဲပြောင်းခြင်းမှာ တိကျတဲ့ နည်းလမ်းကိုညွှန်ပြပေးထို ့အတွက် alias ကို တိုးချဲ့ခြင်းဆိုတဲ့ ဝေါဟာရအဖြစ် အသုံးပြုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အီးမေးလ်အတိုကောက်အသုံးအနှုန်းရဲ့ ရိုးရှင်းလွယ်ကူသောနည်းလမ်းအနေနဲ ့ အသုံးပြုဖို ့အတွက် အီးမေးလ် alias ကိုဖန်တီးပါတယ်။ ဘယ်လိုဖန်တီးသလဲဆိုတော့ အီးမေးလ်နာမည်ပြောင် (mail alias) ကို စာပို့မူ လုပ်ဆောင်တဲ့ ဆာဗာမှာ ဖန်တီးနိုင်ပါတယ်။

2.1_ မေးလ်ဆာဗာ(Mail Server)ဟာ
အီးမေးလ် အတိုကောက်အမည်ရှိတဲ့ အခြားအီးမေးလ်တစ်ခုသို့ ပေးပို ့ရာမှာ ကြိုတင်သတ်မှတ်ထားတဲ့ အီးမေးလ်လိပ်စာကိုသာ ပေးပို့ပေးပါတယ်။ ရှည်လျားတဲ့ သို့မဟုတ် မှတ်မိရန်ခက်ခဲတဲ့ မှတ်မိလွယ်တဲ့ အီးမေးလ်လိပ်စာတစ်ခုကို ရိုးရှင်းသော အစားထိုးတစ်ခုပြုလုပ်ဖို ့အတွက်လည်း အီးမေးလ်နာမည်ပြောင်ကိုသုံးကြပါတယ်။ယေဘူယျအားဖြင့် ၎င်းကို webmaster@example.com နှင့် info@example.com ကဲ့သို့ အီးမေးလ်လိပ်စာတစ်ခုကိုလည်း ပြုလုပ်နိုင်ပါတယ်။

UNIXကဲ့သို့သော စနစ်မှာတော့ အီးမေးလ်နာမည်အတိုကောက်များကိုဖိုင်အနေနဲ ့ / etc / aliases ဆိုတဲ့ လမ်းကြောင်း ထဲသို့ ထည့်သိမ်းဆည်းတဲ့ ပုံစံမျိုး ထားရှိပါတယ်။ အဲဒီစနစ်ပုံစံကိုတော့ သိပေမယ့် မဖော်ပြလိုက်ပါဘူး။ အကယ်၍ သိချင်တယ်ဆိုရင်ဖြင့် wikipedia မှာ Email aliasလို ့ ရိုက်ထည့်ပြီး ရှာနိူင်ပါတယ်။

ဒါပေမယ် သတိပေးနိူင်တဲ့ အခြားကုဒ်တစ်ခုကိုတော့ ဥပမာဖော်ပြပေးပါမယ်။ အဲဒါကအခြေခံနည်းလမ်းလို ့ ဆိုနိူင်ပါတယ်။

[NOTICE:]

nicknameနေရာမှာ aliasမဟုတ်ဘဲ အခြား
တစ်ခုခုဖြစ်နေရင်းလည်း ထည့်သွင်း သုံးစွဲနိူင်ပါတယ်။
အီးမေးလ်အတိုကောက်အားဖြင့် ပေးပို့တဲ့ စာတိုများကို မူရင်း SMTP စာပေးပို့သူနှင့် လက်ခံသူရဲ့ ပုံစံအတိုင်း ဆာဗာက ဆက်လက်ထားရှိပါလိမ့်မယ်။ အကယ်၍ အဲဒီ မက်ဆေ့ခ်ျဟာ မမြင်ရတဲ့

2.3_ ကာဗွန်ကော်ပီ(blind Carbon Copy) တစ်ခုဖြစ်နေမယ်ဆိုရင် လက်ခံသူရဲ့ စာမှာ ခေါင်းစီးများကို စစ်ဆေးခြင်းအားဖြင့် alias က ဖြတ်၍ ပို့ခြင်းရှိမရှိ မသိရှိနိူင်ပါဘူး။ အမည်ပြောင်အီးမေးလ်တွေဟာ စာလက်ခံသူကို ခေါင်းစီးများ၌ ဖော်ပြရန်ပြဌာန်းထားခြင်းမျိုး မရှိပါဘူး။

အဲဒါကြောင့်ပဲ aliasထံက စာကိုလက်ခံရရှိသူများဟာ နောက်ဆုံးစာကို မည်သည့်အီးမေးလိပ်စာနဲ ့ ပို ့သလဲဆိုတာကို ကိုပြန်လည်ရယူနိုင်စွမ်း မရှိပါဘူး။

အသုံးပြုသူဟာ လိပ်စာကိုမစစ်ဆေးနိုင်အောင် လုပ်ဆောင်ထားတာကြောင့် လက်ခံရရှိသူများဟာ ပေးပို့သူအားပေးပို့ခြင်းကိုရပ်တန့်ရန်တောင်းဆိုလို ့လည်းမရနိူင်ပြန်ပါဘူး။ အဘယ့်ကြောင့်ဆိုသော် ပေးပို့သူဟာ သူတို့ရဲ့ လက်ရှိအီးမေးလ်လိပ်စာကို ပို့သည့်အသုံးပြုသောလိပ်စာနှင့် ဆက်စပ်ချိတ်ဆက်ထားခြင်းမျိုး မရှိလို ့ပါပဲ။ အသုံးပြုသူများရဲ့ ပေးပို့ရန်အတွက်အသုံးပြုသော လိပ်စာအတိအကျကိုသိရှိနိုင်ရင်တောင် ၎င်းတို့၏စာပို့မူမှတုန့်ပြန်ချက်ဟာ ပေးပို့သူလိပ်စာအနေနဲ ့အသုံးပြုသော အကြောင်းအရာအအဖြေကို ဖော်ပြပေးမှာမဟုတ်ပါဘူး။

ဒီအတွက် ဆာဗာမှ အသိပေးဖို ့အတွက် ကျွန်တော်ဖော်ပြပေးတဲ့ ကုဒ်ကို အသုံးပြုနိူင်ပါတယ်။
တစ်နည်းအားဖြင့်တော့ Email Aliasဆိုတာဟာ ပေးပို့သူရဲ့ စာမှာ ယုံကြည်စိတ်ချရတဲ့အခြေအနေ လုံးဝမပါဝင်လို ့ ဖယ်ထုတ်ထားရမယ့် အခြေအနေနဲ ့ လုံးဝသက်ဆိုင်ပါတယ်။

ဒီအလွဲသုံးစားမှုပြဿ နာမှာ လက်ခံသူရဲ့ SMTP server ဟာ forwarding system ရဲ့ IP address ကိုသာမြင်နိူင်ပြီး forwarding system က ထုတ်လုပ်မူ(Opt-out)ကိုတော့ မမြင်နိူင်ပါဘူး။ ဒါကြောင့် စာလက်ခံရှိသူများဟာ spam နှင့် alias လိပ်စာတွေကို ယုံကြည်စိတ်ချစွာနဲ ့ခွဲခြား
ပြလို ့မရပါဘူး။

လက်ခံသူက သူရဲ့ ISP ဆီကို ယခုမေးလ်ဟာ spam ဖြစ်ကြောင်း သတင်းပို့ထားမယ်ဆိုရင်တော့ ISPက aliasကို spamအဖြစ် forwarding systemမှ ထည့်သွင်း အသိအမှတ်ပြုပေးထားပါလိမ့်မယ်။ ဒါကြောင့် အဆင့်နိမ့်တဲ့ အလွဲသုံးစားလုပ်မူတွေကို ISP ဟာ forwarding system ကနေ email ကိုစတင်ပိတ်ဆို့ထားပေးနိူင်ပါတယ်။ Email Aliasကို မေးလ်စာရင်းများ တိုးချဲ့အောင် ဆန့်ကျင်ဘက် လုပ်ဆောင်မူ တစ်ခုအဖြစ် သတ်မှတ်ပါတယ်။

အထူးသဖြင့် ဘယ်သူကိုဖို့ ဆိုပြီး လိပ်စာနဲ ့တကွ ရောက်လာတတ်တဲ့ bounceမတ်ဆေ့စ်တွေဟာ အစားထိုး လုပ်ဆောင်ထားတာဖြစ်ပြီး အဲဒီလုပ်ဆောင်မူဟာ တကယ့်အီးမေလ်းအစစ်တွေနဲ ့ အဓိကခြားနားချက်ဖြစ်ကြောင်းကို သတိပြု ရှောင်ရှားနိူင်ပါတယ်။

ဒီမှာပါဝင်ထားတဲ့ အချက်တွေက ကျွန်တော်ကြုံရတဲ့ အခြေအနေအတော်ကလေးဆင်တူပါတယ်။ ဒါပေမယ့် ဒီထဲမှာ ဖော်ပြထားသလိုပါပဲ။ လက်သည်တရားခံကိုတော့ ရှာဖွေလို မရနိူင်ခဲ့ပါဘူး။

Ref:Wikipedia

Feb6.2020
Minsetwai

ခြောက်ကြိမ်မြောက်အတွေး

[ငါ/ကဗျာ/စိတ်ဝေဒနာများ-၁၃]_Minsetwai

"ခြောက်ကြိမ်မြောက်အတွေး"

ပြေးလမ်းကြောင်းပေါ်
တစ်စုံတစ်ခုနဲ ့
ထိုးကျသွားသော မာန
တိုက်ပွဲကျခဲ့သော ကမ်ဘာဟာ
တစ်စုံတစ်ယောက်ရဲ့ နေမဝင်အင်ပါယာကြီးထဲ
မျက်စိမှောက် လမ်းပျောက်
အမှောင် အတိပြီးသော 'ချောက်'လို။

တန်ဖိုးမဲ့နေရတဲ့ အခြေအနေဆိုးမျိုး
လွှတ်ခနဲ ့ထွက်မိသွားတဲ့ စကား
ခု တန်ဖိုးမထားလို ့လားတဲ့…
ခု အဲဒီလို ဖြစ်နေသလားတဲ့…
ဒီလိုပဲ ထပ်ပြီး အလျော့ပေးလိုက်ရပေါ့
[…………………………………။ ။]




















နေထိုင်စပ်ယှတ်မူ ပြီးစီးခဲ့ပြီးလား
သဘောတူညီကြောင်း ထောက်ခံအဆိုပြုချက်များ
ရီုအီနေခဲ့သော အားပေးစကား
ခဏ ခဏကြားရခြင်းထဲမှာ ထုံ ့ဆေးမိရင်း
ဒါတွေပဲ ထပ်ခါ ထပ်ခါ
နောက်နေ ့ရက်များစွာတိုင်အောင်
ထပ်ခါ ထပ်ခါ။

ဘာလုပ်ရမှာလဲ မသိတော့
အကောင်းမြင်ကြည့်ရမလား
အဆိုးကို ဆက်လက်သင့်ခံရမလား
လူတွေကြားက ထွက်ပြေးချင်ခဲ့သော ဟိုးအရင်မှာ
ဒါကို ကိုယ်တိုင် လက်ပြကြိုဆိုခဲ့တာ
ပြောပြီး____မပြီးဆုံးနိူင်တော့သော ဘဝ
ပြောပြီး____ပြီးသွားတဲ့ လူကို
ရုပ်ဝထ္တူအတွက် သက်သက်ပဲ
ရွေးခြယ်လက်သင့်ခံလိုက်ခြင်းမှာ
အခါခါ ပြုတ်ကျနေရတော့တာ။

ဖြစ်စဉ်ပေါ်က စိတ်ဝေဒနာ
လှိုင်းတွေလို တလိမ့်လိမ့်တတ်
လက်ပြကြိုဆိုခဲ့မိတဲ့ အချိန်တွေအတွက်
လက်ပြနူတ်ဆက် ထွက်ခွာသွားချင်ပါရဲ့
ဒီစိတ်ကူးတွေလည်း
တဘုန်းဘုန်းနဲ ့ အခါခါပြုတ်ကျ
သေဆုံးနေကြဆဲ။

ပြန်လည်နိူးထမူများ
အတူနိူးထားလာပြန်တာဟာ
ထွက်ပြေးချင်နေခဲ့သောစိတ်များ
ပြီးတော့ တစ်နေရာရာ
ခြောက်နာရီထိုးဖို ့ ငါးမီနစ်အလိုမှာ
ဒီတစ်ခေါ်က် တကယ်ပြုတ်ကျ
သေဆုံးလိုက်ရင် ကောင်းမလား
ခြောက်ကြိမ်မြောက်ပြီဖြစ်တဲ့ အတွေး
ဝတ္တရားတွေကို ချက်ပြုတ်ခြင်းထဲမှာ
ဒီလိုပဲ နေမဝင်အင်ပါယာထဲ
ပြုတ်ကျနေခဲ့ခြင်းတွေဟာ အထပ်ထပ်အခါခါ။
Feb12.2020
Minsetwai
________________________________

Tuesday, February 11, 2020

လူနှင့်နည်းပညာ

လူနှင့်နည်းပညာ

(၁)

အခုရေးတဲ့အကြောင်းအရာတွေက သူများတွေအတွက်
ထူးခြားချင်မှလည်း ထူးခြားပါလိမ့်မယ်။

ဒါပေမယ့် ကျွန်တော်အတွက်တော့ ခေါ်င်းအတော်ကလေးကို ခြောက်ခဲ့ရတဲ့
ဖြစ်ရပ်တွေ ဖြစ်တာကြောင့် မသိသေးသူတွေအနေနဲ့ ကြုံလာရတဲ့အခါတစ်စုံတစ်ခု အထောက်အပံဖြစ်စေဖို ့ မျှော်လင့်မိပါတယ်။

ဒါက ဘာကိစ္စလဲလို့ မေးရင်
တိတိကျကျ ရေရေရာရာ
မပြောနိူင်သေးပါဘူး။

တောင်ရောက်လိုက်၊ မြောက်ရောက်လိုက်
လိုက်ဖမ်းနေရတဲ့အရာမျိုးပါပဲ။

ဒါပေမယ့် ဟိုနည်းနည်းဒီနည်းနည်းနဲုဆက်စပ်ပြီးတော့
ရေးရင်းနဲ့ ရှာဖွေမူပြုလုပ်သွားမယ်ဆိုရင် တိကျ
လုံလောက်တဲ့အဖြေကို ထုတ်နိူင်လိမ့်မယ် ထင်ပါတယ်။ အဓိကကတော့
Trackingပိုင်းနဲ ့ ပတ်သက်လိမ့်မယ်လို ့
ထင်ပါတယ်။

ကျွန်တော် အရင်က telecom installationပိုင်းမှာ အလုပ်လုပ်ကိုင်သူတစ်ဦးပါ။ တစ်ခါတစ်လေမှာ Laptopနဲ့ Comissioning လုပ်ရတဲ့အခါမျိုးတွေရှိပါတယ်။ မလုပ်နိူင်တဲ့အပိုင်းကိုတော့ လုပ်တတ်တဲ့သူဆီကို အကူအညီတောင်းပြီး Team viewer softwereနဲ ့ချိတ်ဆတ်ကာ
သင်ကြားအလုပ်လုပ်ဆောင်ပါတယ်။

ဒါကြောင့် ကျွန်တော်ရုံးကပေးတဲ့ laptopထဲက Team Viewer Sofewereကို ထည့်ထားပြီး Account ဖွင့်ထားပါတယ်။

တစ်နေ့တော့ ထူးဆန်းစွာနဲ့ပဲ Team Viewerက ကျွန်တော်ရဲ့ kglaypoem@gmail.comကို mailပို့လာပါတယ်။

အရင်က ကျွန်တော်သတိမထားမိလို့လား မသိဘူး။ Team viewerက ကျွန်တော်ဆီ mailပို့ထားတာမျိုး တစ်ခါမှ မတွေ့မိဘူးရယ်။ ပို့ထားတဲ့mailက ဒီလိုပါ။

"April 2,2019"
----------------

Team viewer
-User PC,Antivirus, Active Again
- product, IT brain, Anti Malwere
Definitions
Alias -user pc
ID 663760412

ရိုးရှင်းပါတယ်။

သတိထားပြီး မစုံစမ်းဘဲလဲ ဒီMailကို ကျွန်တော်ကျော်သွားကောင်း ကျော်သွားနိူင်ပါတယ်။

ဒါပေမယ့် ဒီMailကို ကျွန်တော်သတိထားမိပြီး စူးစမ်းမိခဲ့ပါတယ်။ ပုံမှန်အားဖြင့်ကြည့်ရင်တော့ ထုတ်ကုန်တစ်ခုကို ကြေညာတာထက် ဘာမှပိုမထူးခြားပါဘူး။ ဒါပေမယ့် ကြေညာတစ်ခုဟာ ဒီလိုစာသားသက်သက်ချည်းပဲ ရှိသင့်ပါသလား။ အထူးသဖြင့် နာမည်ကြီးလှတဲ့ ကုမ္မဏီတွေနဲ ့ပတ်သက်ရင်ပေါ့ဗျာ။ အဲဒီကစပြီးစူးစမ်းမိရာကနေ အခုရေးမယ့် အကြောင်းအရာတွေကို ဆက်လက်ဖြစ်ထွန်းလာစေခဲ့တာပါ။

"Team Viewer"

သူနဲ ့အတူ ပါဝင်ဆက်နွယ်တာတွေကတော့

_ Remote Control
_ Desktop Sharing
_ Web Conferencing
_ File Transfer
_ Antivirus
_ Antimalware
_ IT brain
_ Alias
_ Microsoft
_ ransomware စသဖြင့်ပါ။

ဒါက အများကြီးထဲကမှ ကျွန်တော် ရွေးထုတ်ထားတဲ့အချက်တွေပါ။ ဒီ Team Viewer Softwareကို ဂျာမနီကုမ္မဏီ Team Viewer GmbHက ထုတ်လုပ်ခဲ့တာပါ။

မကောင်းသော လူတစ်ချို ့က ဒီTeam Viewer ကို အသုံးချပြီး နည်းပညာပံပိုးမူကို ရယူကာ လိမ်လည်မူတွေကို ကျူးလွန်ကြပါတယ်။ ကျူးလွန်သူတွေဟာ ကွန်ပျူတာ အထောက်အပံ ဝန်ဆောင်မူတွေကို အသုံးချပြီး သူတို ့ကျူးလွန်မယ့်သူတွေရဲ့ ကွန်ပျူတာထဲကို malwareတွေ ထည့်သွင်းကြပါတယ်။

အထူးသဖြင့် မိုက်ခရိုဆော့ခ် ကုမ္မဏီနာမည်ကို ကိုယ်စားပြုပုံစံပြပြီး နောက်ကွယ်မှာ နာမည်အတုတွေနဲ ့ ဝင်ရောက်လာကြပါတယ်။ ဒီနောက်မှာတော့ သူတို ့ထည့်သွင်းထားတဲ့ Malwareကတစ်ဆင့် ကိုယ်ရေကိုယ်တာဖိုင်များကို ဖြတ်တောက်ခြင်း ကူးယူခြင်းများကို ပြုလုပ်ပါတယ်။

ဒီလိုလုပ်ဆောင်ဖို ့အတွက် အဝေးကနေ ထိန်းချုပ်ခွင့်ရအောင် ကွန်ပျူတာ ဝန်ဆောင်မူ တစ်ခုခုကို ဗန်းပြပြီး ကွန်ပျူတာကို ထိန်းချူပ်ခွင့်ပေးရန် တောင်းဆိုပါတော့တယ်။ ဒီလိုမှ မဟုတ်ရင်လည်း သူတို ့ဟာ အခြားအခြားသော နည်းတွေနဲ ့လည်း ထိန်းချုပ်ခွင့်ရဖို ့ ကြိုးစား ဝင်ရောက်လာတတ်ကြပါတယ်။

ဒီအချက်အလတ်တွေနဲ ့ပတ်သက်ပြီး Wiredက သတင်းသမားတစ်ယောက်က Team Viewerကို အသုံးချပြီး malwareကူးစက်ခံရအောင် လုပ်ဆောင်တဲ့ ကွန်ပျူတာတွေဟာ အလွန်ဝေးလံခေါ်င်ဖျားတဲ့ နေရာဒေသကနေတောင် လှမ်းပြီးထိန်းချုပ်နိူင်ဖို ့အတွက် Ransomware programများကို အသုံးပြုကြတယ်လို ့ အစီရင်ခံခဲ့ပါတယ်။

အဲဒါကြောင့် United Kindomက အင်တာနတ်ဝန်ဆောင်မူတစ်ခုဖြစ်တဲ့ Talk Talkဟာ Team Viewerသုံး၍ အလွန်ဝေးလံတဲ့နေရာက ချိတ်ဆက်မူတွေကို ဝန်ဆောင်မူပေးခြင်းရန်မှ ကာကွယ်နိူင်ဖို ့အတွက် ကိရိယာအချို ့ကို သုံးပြီးပိတ်ဆို ့ခဲ့ပါတယ်။ ဒီပိတ်ဆို ့ထားမူဟာ 2011ဧပြီလကနေ ၂၀၁၉ခုနှစ်အထိ ကြာမြင့်ခဲ့ပါတယ်။

၂၀၁၆ခုနှစ် ဇွန်လမှာတော့ Team Viewerကို အသုံးပြုနေတဲ့ ရာပေါ်င်းများစွာသော Userတွေရဲ့ ကွန်ပျူတာတွေဟာ Userတွေရဲ့ ခွင့်ပြုချက်မပါဘဲနဲ ့
တရုတ်နိူင်ငံရှိ လိပ်စာများကို ဝင်ရောက်ကြည့်ရူခဲ့ကြောင်းနဲ ့ ဘဏ်အျကာင့်များကိုပါ အလွဲသုံးစား လုပ်ခံခဲ့ရကြောင်း သတင်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။

ဒါပေမယ့် Team Viewerကတော့ သူတို ့ဟာ ဖောက်ထွင်းဝင်ရောက်ခြင်း မရှိသကဲ့သို ့ ဆော့ဝဲလ်မှာလည်း လုံခြုံရေးဟာပေါ်က်များ မရှိကြောင်းနှင့်အတူ လုံခြုံစွာ အသုံးပြုနိူင်ရန်အတွက် သင့်လျော်သော လုံခြုံရေး အစီအမံများပါရှိကြောင်း ပြန်လည်ကာကွယ်ပြောဆိုခဲ့ပါတယ်။ သက်သေသာဓကများအရ အလွဲသုံးစားလုပ်ဆောင်မူများအပေါ် ဝန်ဆောင်မူပေးခဲ့ခြင်းများ ရှိခဲ့တာကြောင့် Team Viewerဟာ နာရီပေါ်င်းများစွာ Offlineဖြစ်သွားရပါတော့တယ်။

ဒီနောက်မှာတော့ ကုမ္မဏီက ဖြစ်ပျက်သမျှကို အကျဉ်းချုပ်ဖော်ပြမူနဲ ့အတူ သုံးစွဲသူများအနေဖြင့် မည်သို ့ကာကွယ်ရန်လိုကြောင်းကို သူတို ့ရဲ့ဝက်ဆိုဒ်တွေမှာ ရေးသားဖော်ပြခဲ့ပြီး ဇာတ်လမ်းကိုပြည်ဖုံးကာ ချလိုက်ပါတော့တယ်။

Ref:Wikipedia

1:26AM
Feb6.2020
Minsetwai
___________________________

Wednesday, January 29, 2020

အဲလဂျီ(Elegy)

#ကဗျာဖြင့်မွေ ့လျော်ခြင်း

#အဲလဂျီ(Elegy)

အဲလဂျီဆိုသည်မှာ ဂရိစာပေသမိုင်းမှ ပေါ်ပေါ်က်လာသော ကဗျာအမျိုးအစားတစ်ခုဖြစ်သည်။

ယင်းကို ဂရိတို ့က elegicဟု ခေါ်ဆိုပြီး lyric poetryအမျိုးအစားနှင့် ခပ်ဆင်ဆင်တူသည်။

ဂရိတို ့သည် ထိုကဗျာပုံစံကို အစကနဦးက ဈာပနအခမ်းအနားများတွင် အသုံးပြုခဲ့ကြသည်။ ထိုမှတဆင့် Archilochusသည် စစ်ပွဲ ခရီးသွားခြင်း အတွေးအခေါ် စသဖြင့် အကြောင်းအရာများ တိုးချဲ့ရေးစပ်ခဲ့သည်။

ဘီစီ ၇ရာစုအကုန်တွင် Colophonမှ Mimnermus သည် ကျမ်းစာများကို poetryအတွက်အသုံးပြုရန် ဆန်းသစ်တီထွင်ပြန်သည်။ သူသည် မိန်းခလေးNannoအပေါ် သူ၏ချစ်ခြင်းမေတ္တာကို ဂုဏ်ပြုသည့် အလှပြဇာတ်များကို ရေးဖွဲ ့ခဲ့သည်။

ကဗျာပုံစံအားဖြင့် Tyrtaeusသည် spartan ပရိတ်သတ်များအတွက် စစ်ပွဲတစ်ပွဲ၏ ဂုဏ်ယူဖွယ်အသွင်များကို ရေးစပ်ပြခဲ့သည်။

ထိုသို ့ဖြင့် ခေါ်င်းဆောင်ကြီးများမှာလည်း လူကြိုက်များသော elegy၏ ရေးစရာအကြောင်းအရာ ဖြစ်လာခဲ့သည်။ ထိုအချိန်က အဲလဂျီသည် လွမ်းချင်း ငိုချင်းဆန်ဆန်အဖွဲ ့မျိုး မဟုတ်ပေ။

မြန်မာကဗျာများတွင်တွေ ့ရသော မော်ကွန်းသံဆန်ဆန်အဖွဲ ့မျိုးနှင့် ဆင်ခဲ့သည်။

ထိုနောက်တွင်မူ အလတ်ဇန္ဒီးယားကျောင်းမှ အဲလဂျီကို ရှည်လျားသော မော်ကွန်းပုံစံမှတဆင့် တိုတောင်း၍ ပိုကောင်းသောပုံစံသို ့ ပြောင်းလဲရေးဖွဲ ့ခဲ့သည်။

ထိုကျောင်းကို ထူထောင်သူမှာ Philitus of Cosဖြစ်ပြီး ကျောင်း၏အထင်ရှားဆုံးသော Callimachusနှင့်အတူ သူတို ့ လေ့လာသင်ယူကြသော ဇာတ်ကောင်များနှင့် အနုစိတ်အနုပညာ များမှာ ရောမလူမျိုးများအပေါ် အကြီးအကျယ်လွှမ်းမိုးနိူင်ခဲ့သည်။

သို ့ဖြင့် ရောမတို ့ကလည်း အဲလဂျီကို ဂရိတို ့၏ပုံစံမှတဆင့် မိမိတို ့၏ ကိုယ်ပိုင်ပုံစံတစ်ခုဖြစ်လာအောင် ပြုပြင်ဖန်တီးကြပြန်သည်။

ရောမကဗျာဆရာများက အဲလဂျီတွင် ယင်းတို ့၏ချစ်ရေးချစ်ရာများအကြောင်းကို ဦးစားပေးကာ ပိုမိုရေးသားဖော်ပြခဲ့ကြသည်။

ရောမတို ့၏ ရေးစပ်ပုံမှာ ဂရိမူရင်းပုံစံနှင့်မတူသောအချက်သည် ရောမကဗျာဆရာများသည် ကဗျာထဲတွင် ကိုယ်တိုင်ဇာတ်ကောင်အဖြစ် ရှိနေပြီး ယင်းတို ့၏ ချစ်ခြင်းမေတ္တာအကြောင်းကို အလွန်သန် ့ရှင်းသောအရာကဲ့သို ့ ရေးသားဖော်ပြကြခြင်းပင် ဖြစ်သည်။

ထိုသို ့ဖြင့် ရောမတို ့၏ အဲလဂျီ ကဗျာအဖွဲ ့သည် ချစ်ခြင်း၏ ရိုးရာ ဖြစ်သော ဆုံးရှုံးခြင်းနှင့်အတူ အားပြင်းသော စိတ်ခံစားမူတို ့ ပါဝင်ရောစပ်လာခဲ့သည်။

ဥပမာ ပြရလျှင် ရောမကဗျာဆရာ Ovid၏ သူရဲကောင်းများကဗျာသည် အယောင်ဆောင်ထားသော ချစ်ခြင်းမေတ္တာအကြောင်း ကို ရေးစပ်ပြထားသည်။

Ovid၏ နောက်ထပ် ထင်ရှားသော Fasti ဟူသော ကဗျာရှည်ကြီးမှာလည်း ထင်ပေါ်ကျော်ကြားသော ချစ်ခြင်းမေတ္တာဖွဲ ့ အဲလဂျီ ကဗျာတစ်ပုဒ်ပင် ဖြစ်သည်။

အင်ပါယာကျဆုံးပြီးနောက် အလယ်ခေတ်သို ့ ရောက်သောအခါ စာရေးဆရာမ Maximianus သည် အဲလဂျီ အခန်းငယ်ပုံစံများဖြင့် ရေးဖွဲ ့စပ်ဆိုလေသည်။

သူမရေးဖွဲ ့သော ပုံစံကို ခရစ်ယာန် ဘာသာရေးဆရာများက ကြိုက်နှစ် သဘောကျသောကြောင့် နောင်တွင် သူမ၏ အဲလဂျီပုံစံကို ဓမ္မသီချင်းများထဲတွင်ပါ ထည့်သွင်း ရေးဖွဲ ့ခဲ့ကြသည်။

ထိုသို ့ဖြင့် အဲလဂျီသည် တမ်းတခြင်းသဘော လွမ်းရခြင်းသဘော ငိုကြွေးပူပန်ရခြင်းသဘော စသဖြင့် ပုံစံအမျိုးမျိုးကိုဆောင်ခဲ့ပြီးနောက် ဥရောပတွင် တမ်းချင်းကဗျာများအဖြစ် ထပ်မံခေတ်စားလာခဲ့သည်။

အေဒီ၁၀၀၀ခုနှစ်တွင် Wanderer,Seafarerနှင့် The wife's lamentကဲ့သို ့ လူသိများသော အဲလဂျီကဗျာများပါသည့် Exeterဆိုသော ကဗျာစာအုပ်မှာ ထင်ရှားလာခဲ့သည်။

ယင်းတို ့ခေတ်တွင် အဲလဂျီသည် စိတ်၏သဘာဝကို ရောင်ပြန်ဟပ်ပြနိူင်သော ကဗျာအမျိုးအစားတစ်ခု ဖြစ်လာခဲ့သည်။ အထူးသဖြင့် အဲလဂျီတွင် နောင်တရခြင်း သို ့မဟုတ် အနာဂတ်အတွက် လိုလားခြင်းများကို ခံစားကြရပြီး ဝမ်းနည်းခြင်းနှင့် ချစ်ခြင်းမေတ္တာတို ့မှာလည်း အဲလဂျီ၏ အဓိက ကဗျာအကြောင်းရင်း ဖြစ်လာခဲ့တော့သည်။

3:25AM
Jan 29.2020
Minsetwai


Ref::Wikipidia
_________________________________

Saturday, January 25, 2020

သစ်ရွက်နဲ ့လေပြင်းများ

[ငါ/ကဗျာ/စိတ်ဝေဒနာများ-၁၀]_Minsetwai
"သစ်ရွက်နဲ ့လေပြင်းများ"

အတိတ်ရဲ့ ဥပစာထဲမှာ
မြေခွေးတစ်ကောင်ရဲ့ မျက်လုံးဟာ
ဘယ်တုန်းကများ တဝင်းဝင်းလတ်နေတာ
မြင်ဖူးလို ့လဲ။

အဲဒီကောင်က သူတို ့အသေသတ်တာတောင်
တိုးတိတ်စွာနဲ ့ပဲ နာကျင်ခြင်းကို
ရင်ထဲမှာ ချက်ချင်းပွင့်ဝေကြွေပစ်လိုက်တဲ့ကောင်
ကုန်သွားတဲ့ သဲတစ်ဆုပ်စာအတွက်လည်း
နောက်ထပ် သဲတစ်ဆုပ်ကို ဖမ်းဆီးမထားချင်တဲ့ကောင်
ကျောတွေရင်တွေ ဘီလူးဆိုင်းတီးခံရတာတောင်
ရသစုံဖြစ်ရပ်တွေနဲ ့ စိတ်ကူးထဲမှာသာ ယောက်ယက်ခတ်ရင်း
ဆန် ့ကျင်ဘက်ကခြေသံတွေ
အဇ္ဈတ္တထဲထိရောက်အောင်
လက်သည်းစိပ်မလပ် အစူူးခံပြခဲ့
ဒါဓမ္မဓိဋ္ဌာန်မကျဘူးလို ့ ညည်းရင်း ညည်းရင်းနဲ ့
ဋ္ဌာန်းကရိုဏ်းမဲ့ စာနာမူများ
နတ်ဆိုးများရဲ့ မီးတမြိုက်မြိုက်ဂီတ
ဆန်ချင်သလောက် ဆန်နေလိုက်ကြ
ဒီအချိန် ဒီကာလနဲ ့ ဒီဒေသ
ငါ ပိုင်ဆိုင်တဲ့ ကန္တရ။

အထင်သေးမူကို သပ်သပ်ရပ်ရပ်လေးထုပ်ပိုးထားပြီး
တိတ်တဆိတ်လေး ငေးကြည့်ကြ
မချိပြုံးလေးလည်း ပြုံးထား
ဒါက ခင်ဗျားတို ့ပိုင်တဲ့ အိုအေစစ်ဘဝ။

Jan 22.2020
Minsetwai
____________________________________




အတိတ်ရဲ့ ဥပစာထဲမှာ
မြင်ဖူးလို့ လဲ။

လက်သည်းစိပ်မလပ် အစူးခံပြခဲ့


Jan 22.2020
Minsetwai
____________________________________

Friday, January 17, 2020

Black Of Black

I'm Not Child-9
"Black Of Black"

Black
Black of impure.

Installed in the blank of black
The deceptive dreams,
Tha hystric eyes,
The exaceribotaion pain.

Black of feels
Black of clefts
Black of tricks
Black of tears
All conflicts was black.

I got black omans
Out of the secret dark
Out of the confused meaning
Out of the cage
Out of the sense.

Sure,
black is endless.

12:02AM
Jan16.2020
Minsetwai
______________________________

Monday, January 13, 2020

ဆိုင်မွန်(Simon)

ဆိုင်မွန်(Simon)



ဥရောပတိုက် ထွန်းကားခြင်းခေတ်တွင် မှော်ဆရာများသည် အစီအရင်ပိုင်းဆိုင်ရာနှင့်အတူ မှော်ပညာများကို လေ့လာလ်ုက်စားမူသည် မပေါ်ပေါ်က်မီ မှော်ဆရာများကဲ့သို ့ ထူးခြားသော တတ်ခိုးစွမ်းအင်ရှိသူများသည် မြေထဲပင်လယ် အေ့ရှဘက်ကမ်းခြေရှိ နယ်မြေများတွင် ပေါ်ထွက်လာခဲ့ဖူးသည်။

ထိုပေါ်ထွက်လာသူတို ့၏ လေ့လာလိုက်စားမူများသည်
မကြာခဏဆိုစလိုပင် အညှောင့်ထွက်ခါစ ဘာသာရေးယုံကြည်ချက်များနှင့် ထိပ်တိုက်တွေ ့ဆုံကြရသည်။

ထိုသူများထဲမှာ ဆိုင်မွန်ဟု ခေါ်သော မှော်ဆရာတစ်ယောက်လည်း အပါအဝင် ဖြစ်ခဲ့သည်။

တမန်တော်ကျမ်းအရ ဆိုင်မွန်သည် အေဒီ ၁ ရာစုတွင် ဘာသာရေးခေါင်းဆောင်ဖြစ်ပြီး ခရစ်ယာန်ဘာသာသို့ကူးပြောင်းသူများကို နှစ်ခြင်းပေးသောဆရာတစ်ယောက်ဟုလည်း ဆိုကြသည်။

နောက်ပိုင်းတွင် ဆိုင်မွန်သည် ပေတရုနှင့်စကားများခဲ့သည်မှာ အစပြုပြီး ၂ရာစုတွင် ဆိုင်မွန်က သူ ့ကိုယ်သူလူမျိုးဂိုဏ်းကို တည်ထောင်သူအဖြစ် ခံယူလိုက်သည်။

ယင်းကို သူ၏နောက်လိုက်များဖြစ်သောရှိမိုယန်က အပိုလိုမက်ဂေးလ်သို့မဟုတ်ဂရိတ်ကြေညာစာတမ်းမှာ ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ဒုတိယရာစုမှ စာရေးဆရာများသည် ဆိုင်မွန်၏မှတ်တမ်းများကို အတည်မပြုနိုင်သေးသော်လည်း ဆိုင်မွန်နှင့် ပတ်သက်သောရှင်သန်ထုံးတမ်းစဉ်လာများအရ
၎င်းကို စတင်တည်ထောင်သူအဖြစ်မကြာခဏဖော်ပြလေ့ရှိပြီး ဘုရားရှိခိုးကျောင်းမှဖာသာတစ်ဦးအဖြစ်သတ်မှတ် ထားကြသည်။

အစောပိုင်းဘုရားရှိခိုးကျောင်းမှခွဲခြမ်းစိတ်ဖြာလေ့လာသူများ၏အဆိုအရဆိုင်မွန်သည်ပျောက်ဆုံးနေသောကျမ်းစာစောင်များကိုရေးသားခဲ့သူ ဖြစ်သည်ဟုလည်း ယူဆကြသည်။ထိုအပြင် စာပေများတွင် ဆိုင်မွန်သည် အလိုလျှောတ် ပျံသန်းနိုင်ခြင်းစွမ်းရည်ရှိသူလည်း ဖြစ်သည်ဟူ၏။

ထိုအတူ အခြားကျမ်းဂန်များအရ ဆိုင်မွန်မှာ သူ၏ မှော်အစီအရင်ကို မြို ့ထဲတွင် ဆောင်ရွက်ကာ ဆူမာရီယာန်နိူင်ငံတော်ကို အံသြသင့်စေခဲ့သူ ဖြစ်ပြီး ကိုယ်ပျောက်စွမ်းရည်လည်း ရှိ၏။ အသွင်ပြောင်းနိူင်စွမ်းလည်း ရှိ၏။ မီးတောက်မီးလျံနှင့် ကျောက်သားနံရံများကိုလည်း ဖောက်ထွင်းသွားလာနိူင်သည်ဟု ဆိုကြသည်။

ထိုကြောင့် သူ့ကိုမကြာခဏ“ Bad Samaritan” ဟုလည်း ခေါ်ဆိုကြသည်။

ဆိုင်သည် ခရစ်တော်၏ တရားတော်များကို ဆန့်ကျင်သူလည်း ဖြစ်သည်။ သူသည်အလက်ဇန်နီးယားမြို့ရှိ ဂရိစာပေကိုလေ့လာခဲ့ပြီးမှော်အတတ်ဖြင့် စွမ်းအားများအပြင်သူသည်ကမ်ဘာကြီးကိုဖန်ဆင်းတော်မူသော ဘုရားသခင်ထက်ပင် အမြင့်ဆုံးသောအင်အားကြီးဟု ယူဆခံလိုသောကြောင့် အလွန်ရည်မှန်းချက်ကြီးလာခဲ့သူ ဖြစ်သည်။

တစ်ခါတစ်ရံ သူသည်မိမိကိုယ်ကို“ ခရစ်တော်” ဟုခေါ်ကာ မိမိကိုယ်ကို“ ခရစ်တော်” ဖြစ်ကြောင်း“ အရိပ်အမြွက်” ပြောဆိုခဲ့သည်။ သူသည် အစဉ်အမြဲရပ်တည်မည်၊ ကိုယ်ခန္ဓာပျက်စီးယိုယွင်းခြင်းအတွက် သူ ့မှာအကြောင်းမရှိဟု ဆိုခဲ့သည်။
ဆိုင်မွန်က ကမ်ဘာကြီးကိုဖန်ဆင်းတော်မူသောဘုရားသခင်သည် အမြင့်ဆုံးဖြစ်ကြောင်း၊ သေလွန်ခြင်းမှ ရှင်ပြန်ထမြောက်သည်များကို ကို မယုံကြည်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော သူကိုယ်ဆိုင်က သေခြင်းမှ ပြန်လည်နိူးထလာခဲ့သောကြောင့်ဖြစ်သည်။ ဧကရာဇ်ဘုရင် နီဇိုးသည် တစ်ခါက သူ ့ကို သေဒဏ်ပေးပြီး ခေါ်င်းဖြတ်သတ်ခဲ့ဖူးသည်။

သို ့သော် မသေဘဲ သူသည်ပြန်လည်ရောက်ရှိလာခဲ့ပြန်သည်။ထိုသို ့ဖြင့် ခရစ်ယာန်များ၏ခရစ်တော်အစား သူသည် မိမိကိုယ်ကို ခရစ်တော်ဖြစ်ကြောင်းကြေငြာခဲ့သည်။

ထိုအတူ သူကိုယ်တိုင်ထင်မြင်ယူဆချက်များနှင့်အညီ သူတင်သွင်းသည့် တရားတော်များနှင့်ဥပဒေများကိုလည်းဖော်ပြခဲ့သည်။ သူသည် မကြာမီ ဖြောင့်မတ်ခြင်းနှင့်အညီ တရားစီရင်ခြင်းအကြောင်းကို အမှန်ပင်ဟောခဲ့သည်။
ထိုနောက် ဆိုင်မွန်သည် သူ့ကိုယ်သူဘုရားဖြစ်ကြောင်းသက်သေပြနိုင်ရန်အတွက် လူအများေ့ရှတွင် မှလေထဲသို့ပျံတက်ပြခဲ့သည်။

ယင်းမှာ သူ၏အကျအနာဆုံးဖြစ်ရပ်ဖြစ်ခဲ့လေသည်။ ထိုဖြစ်ရပ်တွင် သူသည် တမန်တော် ပေတရုကို မှော်ပညာပြိုင်ရန် စိန်ခေါ်မူ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး သူကိုယ်တိုင်မိုးပေါ်ပျံတတ်ပြခဲ့လေသည်။

ထိုအချိန်တွင် တမန်တော်ပေတရုသည် သူ၏ပျံသန်းမှုကိုရပ်တန့်ရန် ဘုရားသခင်ထံဆုတောင်းခဲ့သည်။ ထိုကြောင့်ပင် ဆိုင်မွန်သည် လေထဲမှ မြေပြင်ပေါ်သို ့ ဇောက်ထိုးပြုတ်ကျခဲ့သည်။ ပြုတ်ကျလျှင်
ယခင်က သူ၏ရန်သူမဟုတ်ခဲ့သောလူအုပ်ကြီးသည် သူ့ကိုကျောက်ခဲနှင့်ပေါက်သတ်ကြသည်။

ထိုသို ့ဖြင့် သူသည်ပြင်းထန်စွာဒဏ်ရာရရှိသွားသောအခါ သူအား ညအချိန်၌ ရောမမြို့မှ Ariccia သို့ သယ်ဆောင်သွားခဲ့ကြသည်။ ထို့နောက် အိပ်ယာမှာထားကာ ဆရာဝန်နှစ် ဦး ၏ အပြင်းအထန်နှိပ်စက်ညှင်းပန်းခြင်းကိုခံစေခဲ့ပြီး ဆိုင်မွန်အား သေဆုံးစေခဲ့သည်ဟု ပညာရှင်အချို ့ကာ ယူဆခဲ့ကြလေသည်။

Jan13.2020
Minsetwai

Ref:wikipidia

Thursday, January 9, 2020

Style Of Dancing-3

"ကကြိုး-၃"

တစ်နေ့တည်းမှာ
ရာသီဥတု သုံးခါထက်မနည်း
ပြောင်းလဲနေလို့လည်း ဂရုမစိုက်ပါဘူး

အမှန်တရားက
နေ့ခင်ကြောင်တောင်ထဲလည်း
လင်းတယ်​။

May4.2019
Minsetwai
______________________

"Style Of Dancing-3"

On the same day
At least three times the weather!
I don't care about change

The truth is
even in the afternoon
It's Shining.

Jan7.2020
Minsetwai

Monday, January 6, 2020

စိတ် တွန် ့ကြေမူ

[ငါ/ကဗျာ/စိတ်ဝေဒနာများ-၈]_Minsetwai

"စိတ် တွန် ့ကြေမူ"

မီးလောင်ရာ လေပင့်ပေးနေသော နေ ့များ
အပ်နဲ ့ထွင်းကြည့်ရင်း
ပုဆိန်နဲ ့ ထွင်းကြည့်ရင်း
သွေးလေခြောက်ခြားနေရတဲ့ ငါ။

အမှားမကင်းသော လူတစ်ယောက်၏ထောင့်ချိုး
မျက်နှာချိုမသွေးပြခဲ့မိ
ပေါ်က်ပန်းလေးဆယ်များနဲ ့အတိတ်အနာများ
အသံမပါတဲ့ဂီတလို နားထဲရုန်းရင်းဆန်ခတ်မို ့
တစ်ကိုယ်စာပါပဲ မီးခိုးထွက်နေခဲ့တဲ့ ငါ။

ထောင်ကျနေလိုက်ပါရဲ့
ငါ့ကိုယ်ငါလည်း သော့အထပ်ထပ်ခတ်ရဲ့
ရမ္မက်တွေက အစ
အဇ္ဈတ္တတွေ အဆုံးထိ
အခြားအခြားသောသူတို ့၏
တစ်နေ ့တည်း ရာသီသုံးခါ ပြောင်းမူ ကြုံနေပါစေဦး
အမှန်တရားက နေ ့ခင်းကြောင်တောင်ထဲလည်း
လင်းစေချင်နေမိတဲ့ ငါ။

အနှိမ်ခံဇာတ်သရုပ်ဖော်ပုံအရ
ကျောကဒဏ်ရာတွေကို ကော်ပီကူး
ဦးနှောက်တွေးခေါ်မူမဲ့ဖူးတဲ့ နှလုံးသားအိမ်ထက်
စိတ်ချို ့ယွင်းစွာနဲ ့ paste ပြန်ချကြည့်လိုက်တယ်
စေတန်ရဲ့ နေ ့ရက် ဆိုး ဖန်တီးမူများမှာ
အဆုံးစီရင်ချင်စရာ ကောင်းလောက်အောင်ပါပဲ
မျက်ကန်းတစေၧပုံစံနဲ ့ ငါ့မှာ ဒယီဒယိုင်ဖြစ်ရင်း
လူတွေထဲ လူတွေနဲ ့
အဆက်ပျက်နေမိတဲ့ ငါ။

4:30AM
Jan 6,2020
Minsetwai

Featured Post

ကဗျာဟူသည်

poetry ကဗျာဟူသည် ကဗျာဆိုသည်မှာ မိမိရောက်နေသောခေတ် အသက်ရှင်နေသောခေတ်၏အတွေးအခေါ်များကို အခြေခံ၍ သက်ရောက်မှုအများဆုံးရှိသော ခံစားမှုကို ဖန်တီးပ...