Search My Blog

Saturday, August 8, 2020

Two ropes

What ever happens, do not lose hold on the two main ropes of life hope and faith.
(Zig ziglar)

Tuesday, August 4, 2020

Style Of Dancing-5

Style Of Dancing

(5)
You move forward a little
I do not plan traps
I am also a prisoner
That's why I smiled.

Monday, July 6, 2020

[ငါ/ကဗျာ/စိတ်ဝေဒနာများ-၁၉]-Minsetwai

ပင်လယ်တစ်ရာ တောင်တစ်ထောင်

အတိတ်ခြေရာတွေ
ဖျောက်ပစ်လိုက်လည်း ကိစ္စမရှိ
ရင်ထဲ ဆီမီးက ထိန်ထိန်သာဆဲ
မြစ်ကျိုးအင်းတစ်ခုလို
အဆက်ပြတ်စေခဲ့လည်း ကိစ္စမရှိ
ဗေဒါတွေအစား ကြာပန်တွေ လှိုင်လှိုင်ဝေဆဲ
ပိုင်ဆိုင်မှုက နေရာလွှဲပြောင်း
ရယူသွားခဲ့လည်း ကိစ္စမရှိ
တန်ပြန်မူတရားတွေက
ခေတ်အဆက်ဆက် ပဲ့တင်ထပ်ဆဲ။


ပျင်းတိုင်းလည်း
ကဗျာတွေကို အလွမ်းနဲ့ စပ်ဖောက်မယ်
ကိုယ်တိုင်ပုံဖော်ခဲ့မိတဲ့ ရှည်လျားညတွေမှာ
ဗီဒီယိုတွေ ခပ်များများကြည့်မယ်
မွန်းကြပ်ခြင်းတွေတောင်
ရုပ်ဝထ္ထူအပေါ် မတွယ်တာတော့
လွတ်လပ်ခြင်းမရှိတဲ့ နေ့ရက်တွေထဲ
ငါ့ကိုယ်ငါ့လည်း ဖမ်းချုပ်မထည့်တော့
အချစ်ဆိုတာလည်း မမက်မောတော့
မလှပစွာနဲ့ဆိုတော့ အချစ်သည်လည်း
ပင်လယ်တစ်ရာ တောင်တစ်ထောင်။
Jul 5.2020
Minsetwai

Friday, June 26, 2020

ကကြိုး-15

ကကြိုး(၁၅)

ကျွန်တော်က..

သူ့ နားလည်ပေးမူထဲ

အိပ်မောကျနေချိန်မှာ

ရုတ်တရတ် မျိုချခံလိုက်ရတဲ့ ဖားသတ္တဝါ..။

May18.2017

Minsetwai

Until

I'm Not Child-12
Until

Lie
Until you lie yourself again.

Love
Untail you love yourself again.

Hate
Untail you hate yourself again.

When it is over

See
Untail you see yourself again.

4:18AM
June26.2020
Minsetwai

Friday, June 12, 2020

Images Of The Mind

I'm Not Child-11
#Images Of The Mind  
A calm sea He will be intention or hate Because they ignored his emotions. 
 A gentle breeze
He will be the fire of hatred or curses Because they betrayed him. 
An emotionalist
What does he have?
His heart had the fire of ignorance Because he couldn't change the restrictions. 
 An deceitful woman
What does she still want to crack-down
A calm sea?
A gentle breeze?
An emotionalist?
Her eyes have the fire of lust
Because they doubted and raped her.

She.....
By the life of feeling and the mood of expression
Look like the abstract art
Look like a beautiful vase
Look like a poisonous snake And look like an innocent child.

But No one will notice
She could be......
She could be a calm sea
She could be a gentle breeze
She could be an emotionalist.

Jun11.2020
Minsetwai

Sunday, May 24, 2020

သူနှင့်ပြိုင်မြင်းတို့၏ခွာသံ- ၂

#တာရာမင်းဝေအားလေ့လာခြင်း
#သူနှင့်ပြိုင်မြင်းတို့၏ခွာသံ- ၂

(ယနေ့ခေတ်သည် အသိပညာခေတ်၊
အတတ်ပညာခေတ်တို့ကို လွန်မြောက်ပြီးသော နည်းပညာခေတ်ဖြစ်သည်။ သိပ္ပံကမ္ဘာမှာ ယနေ့ခေတ်လူတို့၏ အသိညဏ်မှာ ပိုမြင့်မားလာခဲ့သည်။ အာရုံ၏အချက်အလတ် (sensory data)တွေ များပြားလာသည်။ ထိုကြောင့်အနုပညာတစ်ဦး၏ အနုပညာအာရုံ၀င်စားမူ
(Inspiration) သည်လည်း လျိုဝှတ်ဆန်ပြားလာသည်။ အချို့ကဗျာ၊အချို့၀ထ္ထူများသည် မျဉ်းသဘော၊ အကွတ်သဘောတို့ကိုကျော်လွန်ကာ ပင့်ကူအိမ်သဘောကိုပင် ဆောင်သည်အခါဆောင်လာ၏။pg.8)

ဒါက ပြိုင်မြင်းတို့ရဲ့ခွာသံထဲမှာ ဆရာတာရာမင်းဝေ
ဖော်ပြထားတဲ့ စာပိုဒ်တစ်ခုပါ၊ ခေတ်ကြီးလျှင်မြန်
တိုးတတ်လာသလို စာပေပုံစံတွေဟာ လိုက်ပါစီးဆင်း ပြောင်းလဲသွားကြပါတယ်။ ဒါပေမယ့် အကုန်လုံး ပြောင်းလဲသွားသလာဆိုတော့ မဟုတ်ပါဘူး။
ကျန်ခဲ့တဲ့ အရာတွေက သူ့အဟောင်းအတိုင်းပဲ
လှပသေသပ်စွာကျန်ခဲ့ပါတယ်။








ထပ်မံအားထုတ်တဲ့ အသစ်တွေကသာ
လိုက်ပါစီးမျောပြောင်းလဲ ကုန်ကြတာပါ။ ဆရာတာရာ
မင်းဝေ ဆိုလိုတဲ့သဘောကို နားလည်ဖို့လည်း လိုပါတယ်။ အဟောင်းကို ချစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ခေတ်မှာလည်း ထပ်မံပြုလုပ်တဲ့အရာဟာ အဟောင်းဖြစ်နေလို့တော့ မရတော့ပါဘူး။ ခံစားမူကိုပဲ ဆန်းသစ်ချဲ့ထွင်နေဖို့လည်း လိုပါတယ်။ အခုဆို လူတစ်ချို့ဟာလည်း အွန်လိုင်းပေါ်မှာ စာဖတ်လာကြပါပြီ။ ဒီလိုဖတ်တော့ ရေးပုံရေးနည်း အသစ်တွေ အကြောင်းအရာအသစ်တွေကို တွေ့ရှိလာကြပါတယ်။ ဒီလိုတွေ့ရှိမူများစွာထဲမှာ ခုချိန်ထိ အမြင်ဆန်းနေသေးတဲ့ မော်ဒန်ဝထ္ထူတို ဆရာတွေ အကြောင်းကိုလည်း ဒီစာအုပ်ထဲမှာ ပြောပြထားပါသေးတယ်။

(သစ်သားပန်းပုဆရာက သူ၏ အနုပညာ
ကြားခံပစ္စည်းဖြစ်သော သစ်သားကို အမျိုးမျိုး
ထွင်းထုပြုလုပ်သော...သူ၏ပန်းပုပညာကို
ချ့ဲထွင်သည်။ မော်ဒန်ဝထ္ထူတိုကလည်း သူ၏ စကားလုံးကြားခံပစ္စည်း(Verval medium)ကို အမျိုးမျိုးထွင်းထု ပုံဖော်ကာ မော်ဒန်အနုပညာကို အသက်သွင်း၏ ။
ထိုသို့ဖြင့် သူ၏ဝထ္ထူတိုများသည်
ဆန်းသစ်သည်နှင့်အမျှ အသိရခက်သော (Mystification)သဘောကို ဆောင်လာသည်။ pg-9)

ဆရာတာရာမင်းဝေက မော်ဒန်ပနုပညာကို နားလည်လာအောင် တစ်ဆင့်ပြီးတစ်ဆင့် ပြောပြပါတယ်။ မော်ဒန်အနုပညာဖန်တီးမူဟာ သာမန်နယ်ထဲက ဘယ်လိုဖြစ်ပေါ်လာရသလဲဆိုတာကို ကျွန်တော်တို့ မြင်ယောင်ကြည့်လို့ ရနေပါတယ်။ ဒါပေမယ့် မော်ဒန် ေ့ရွလျားမူဟာ လွယ်လွယ်ကူကူတော့ ဖြစ်ပေါ်မလာခဲ့ပါဘူး။ ဝေဖန်မူတွေဟာ မော်ဒန်အနုပညာ စီးကြောင်းထဲမှာ မြစ်ထဲက ဗေဒါများလို စီးမျော်လိုက်ပါရင်းနဲ့ အမှားရှာဖွေခံနေခဲ့ပါတယ်။
ဒီအမှားရှာသူတွေကို သူက သူ့ရဲ့အကြောင်းကို ရိုးသားစွာပဲ ဖွင့်ပြောပြထားပြန်ပါတယ်။

( ကျွန်တော်သည် စာပေလောကထဲသို့
လွတ်လပ်ရှင်းလင်းစွာ ဝင်ရောက်လာသူဖြစ်ပါသည်။ ကျွန်တော်မှာ (ဆရာ၊ တပည့် ၊ အုပ်စု ၊ ဒေသစွဲ ၊ ဝါဒစွဲ၊ လူကိုးကွယ်မူ ..) ဘာတစ်ခုမှ မရှိပါ။ ခေတ်လူငယ်
တို့ ဘာသာဘာဝ မော်ဒန်အနုပညာကို စိတ်ဝင်စားပါသည်။ မော်ဒန်ဝထ္ထူတိုလေးများကို ရေးပါသည်။
သို့သော် နိူင်ငံတကာ မော်ဒန်အနုပညာရှင်များ၏
နည်းနာများကို တိုက်ရိုက်ယူခြင်း၊ မှီငြမ်းယူခြင်း
မဟုတ်ဘဲ၊ မိမ်ဘာသာ ဆန်းသစ်တီထွင်ခြင်းကိုသာ အားပြုခဲ့ပါသည်။ pg-10 )

ဆရာတာရာမင်းဝေအနေနဲ့ ဒီလို ထုတ်ဖော်ပြောကြား
ခဲ့ခြင်းတွေဟာ အကြောင်းရင်းတွေတော့ ရှိခဲ့လိမ့်မယ်ထင်မိပါတယ်။ တစ်ချိန်က ဝေဖန်ရေးဆရာတွေက ဆရာတာရာမင်းဝေရဲ့ ဝထ္ထူတိုတွေက နိူင်ငံခြားကဟာတွေလို စွပ်စွဲခဲ့ဖူး ကြပါတယ်။ ဒါပေမယ့် ဆရာတာရာမင်းဝေက ဘယ်လိုဝေဖန်ရေးဆရာကြောင့်နဲ့မျှ သူရဲ့ခြေလှမ်းတွေကို မယိမ်းယိုင်ပစ်လိုက်ပါဘူး။ သူရဲ့ဝထ္ထူတိုတွေက ပိုပြီးတော့တောင် အရင်ကထက် လက်ဆက်လို့လာခဲ့ပါတယ်။ ဒါ့အပြင် ဒီလိုဖြစ်ရပ်တွေကိုလည်း
သူအကောင်းဆုံး ခွန်းတုန့်ပြန်နိုင်ခဲ့ပြန်ပါတယ်။ သူရဲ့ပြန်လည်ချေပချက်ကတော့ လှပနဲ့ ဓားတစ်စင်းလို သေသေသပ်သပ်ဖြစ်ခဲ့ပါတယ်။

( လေးသည်တော်ကောင်းတစ်ယောက်
ကျော်ကြားခြင်းသည် သူ၏ မြှားကြောင့်မဟုတ်။
သူ၏ ချိန်သားကိုက်မူကြောင့် ဖြစ်သည်ဟူသော
သိုးဆောင်းစကားပုံတစ်ခု ရှိပါသည်။ ကျွန်တော်လည်း ထိုသဘောမျိုးသာ ဖြစ်ပါသည်။ သရုပ်မှန်လော၊ မော်ဒန်လောဟူသည့် မြှားက ကျွန်တော်အတွက်
အဓိကမကျပါ။ ကိုယ့်ဝထ္ထူတိုကို အနုပညာရသမြောက်အောင် ၊ ချိန်သားကိုက်အောင် ပစ်လွှတ်
နိူင်ဖို့သာ ကျွန်တော့်ကြိုးစားပါသည်။ ထိုသို့ အနုပညာရသမြောက်ရန်အတွက်၊ ချိန်သားကိုက်ရန်အတွက်
အထောက်အကူဖြစ်စေမည့် သင့်တော်ရာမြှားကို
သင့်တော်သလို ဆွဲယူတပ်ဆင်သွားပါမည်။ pg-11)

အနုပညာရသမြောက်ဖို့ဆိုသည့်စကားက အရာအားလုံးကို ရှင်းလင်းပြတ်သားသွားစေခဲ့ပါတယ်။ ခံယူချက် ရဲဝံစွာရှိတာကို အထင်းသားပေါ်လွင်စေခဲ့ပါတယ်။ ဒီအတိုင်းပါပဲ။ ကျွန်တော်တို့ အားလုံးဟာ ဝေဖန်မူကို တုန်လှုပ်နေလို့ကတော့ ဘဝရဲ့အောင်မြင်မူတွေ ရပ်တန့်သွားမှာ အမှန်ပါပဲ။

ဘဝရဲ့စာမျတ်နှာထဲမှာ ဝေဖန်မူတွေကို မကြောက်မရွံဘဲ ဆရာတာရာမင်းဝေဟာ ေ့ရှဆက်လျှောတ်လှမ်းနိူင်ခဲ့တာကြောင့် သူဟာ ခုလိုမော်ဒန်စာပေမှာ သူရဲကောင်း တစ်ယောက် ဖြစ်နေရခြင်းလည်း ဖြစ်ပါတယ်။ ဒီလိုဖြစ်ဖို့အတွက် သူကြိုက်နှစ်သက်ရာတွေကို ကိုယ်တိုင် ရွေးခြယ်တပ်ဆင်နိူင်ခဲ့တယ်ဆိုတာ အထင်အရှားဖြစ်ပါကြောင်း။

Jan 30.2019
#Minsetwai

Thursday, April 23, 2020

နတ်ကိုးကွယ်ခြင်း

#မှော်
#နတ်ကိုးကွယ်ခြင်း

နတ်ကိုးကွယ်ခြင်းနှင့် ပတ်သက်၍ ဆရာကြီး ပါရဂူ၏ စကားအရဆိုရလျှင် မည်သည့်လူမျိုးမှ နတ်မဆင်းရဲဟူ၏။ အဘယ်ကြောင့် မဆင်းရဲရပါသနည်းဟု ဆိုလျှင် ကမ္ဘာဦးကာလ၌ လူတို့ သည် ဘေးရန်အန္တရာယ်အမျိုးမျိုးတို့ ကို ကြောက်ရွံကြသည်ဖြစ်ရာ ထိုအတွက် ယင်းတို့ ၏ မသိစိတ်၌ ကိုးကွယ်မူကို ရှာဖွေခဲ့ကြကုန်သည်။ ထိုအချိန်ကာလက လူသားတို့ ၏ ဘေးဒုက္ခမှာ ယနေ့ ခေတ် လူသားများထက် ပိုမိုကြီးမားမည်ဟု ထင်မိသည်။

ထိုကာလက ဖြစ်ပေါ်ခဲ့သော မိုးခေါ်င်ခြင်း ရေကြီးခြင်း ငလျှင်လှုပ်ခြင်း မိုးကြိုးပစ်ခြင်း တောမီးလောင်ခြင်း ရောဂါဘယဖြစ်ဟွးခြင်း စသော ဘေးအန္တရာယ်အမျိုးမျိုးကို ရင်ဆိုင်ကြရသောအခါ လူသားတို့ မှာ အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်းဟု တွေးတောကြကုန်သည်။

လူသားတို့ သည် မိမိတို့ ညဏ်မီသလောက် အဖြေထုတ်မိသည်မှာ တစ်စုံတစ်ဦးသည် မိမိတို့ ကို မနှစ်မြို့ သောကြောင့် ဒဏ်ခတ်သည့်အနေနှင့် အပြစ်ပေးခြင်းဖြစ်သည်ဟု ယူဆခဲ့ ကြသည်။ ထိုယူဆမူနောက်တွင် ထိုတစ်စုံတစ်ဦးကို မိမိတို့  ပြုမိမှားမိသော အပြစ်တို့ မှ ကင်းလွတ်ခွင့်ပေးရန် တောင်းပန်ခယမူများ ပြုလုပ်ကြတော့သည်။

ထိုမှတဆင့် သက်ဆိုင်ရာ အာဏာပိုင်စိုးကြသော တစ်စုံတစ်ဦးကို တန်ခိုးရှင် သို့ မဟုတ် နတ်အဖြစ် ယူဆလာကြပြီး မိမိတို့ ဘဝရှိ အမြတ်တနိုးထားရာတို့ နှင့် ပူဇော်ပသခြင်းများကို ပြုလုပ်ကြပြီး ထိုတန်ခိုးရှင်နတ်မှ မိမိတို့ အပေါ် ကောင်းချီမင်္ဂလာ အဖြာဖြာ ယူဆောင်ပေးလိမ့်မည်ဟု ယုံကြည်လာခဲ့ကြသည်။ ထိုမှအစပြု၍ လူသားတို့ သည် မိမိဝန်းကျင်ရှိ မြင်မြင်သမျှ တော တောင် ရေ မြေ လေ မီး ကောင်းကင် ဂြိုလ် နက္ခတ် စသဖြင့် ရုပ်ဝထ္တူတို့ အား မိမိတို့ ၏ ကံကြမ္မာကို ဖန်တီးပေးသော တန်ခိုးရှင်များကဲ့သို့  ကိုးကွယ်လာကြသည်။

ထိုသို့ မှ မကိုးကွယ် မပူဇော်ဘူးဆိုလျှင် ထိုနတ်တို့ သည် မိမိတို့ အား ရောဂါကပ်ဆိုးများနှင့် သဘာဝဘေးအန္တာရာယ်များကို ဖန်တီးပြီး မိမိတို့ အား အပြစ်ပေးလိမ့်မည်ဟုလည်း ယူဆကြသည်။ ထိုယူဆချက်ကြောင့်ပင် ထိုနတ်များအပေါ် မယုံကြည်သူများမှာ ကြီးမားသောပြစ်ဒဏ်ဖြစ်သည်ဟု လက်ခံလာကြသည်။ ထိုကြောင့် လူအမျိုးမျိုး နတ်အထွေထွေဆိုသည့်စကားအတိုင်း လူမျိုးတိုင်း လူမျိုးတိုင်းတွင် ယင်းတို့  ယုံကြည်ကြသော နတ်များ ရှိလာကြကုန်သည်။

ရှေးခေတ်က အုပ်စုဖွဲ့ ၍ နေထိုင်လေ့ရှိသော အီဂျစ်လူမျိုးတို့ မှာလည်း သစ်တောက်ဌက်နတ် မိကျောင်းနတ် ခွေးနတ် ကြောင်နတ် သိန်းဌက်နတ် လင်းတနတ် နေနတ် နိုင်းမြစ်နတ် စသည့်တို့ ကို ကိုးကွယ်လာခဲ့ကြသည်။ ဆူမာရီယာန်တို့ သည်က စိုက်ပျိုးရေးသမားများဖြစ်သောကြောင့် မြေစောင့်နတ် လယ်စောင့်နတ် ကောင်းကင်စောင့်နတ်တို့ ကို ကိုးကွယ်ခဲ့ကြသည်။

အဆီရီယာန်တို့ သည် အာဆူးခေါ် စစ်နတ်ဘုရားကို ကိုးကွယ်ကြပြီး ချာလ်ဒီယာန်တို့ သည်က ယင်းတို့ ၏ ခေတ်တွင် ရှာဖွေတွေ့ ရှိခဲ့ကြသော ဂြိုလ်ကြီးငါးလုံးနှင့် နေနတ်ဘုရား ၇ပါးကို ကိုးကွယ်ခဲ့ကြသည်။ ထိုသို့  ကိုးကွယ်မူများသည် မှော်ဆိုင်ရာ အကြောင်းအရာတို့ ၏ အစပျိုးရာ တစ်ခုလည်း ဖြစ်တော့သည်။

#Minsetwai

Thursday, April 2, 2020

၂၀ (သို့) ပြန်လည်ရှင်သန်ခြင်း

၂၀ (သို့) ပြန်လည်ရှင်သန်ခြင်း
**************************
ပတ်သက်သူများ
**************
_၂၀ရက်နေ့ မွေးသူများ
_ တွဲဂဏန်း ၂၀ရသောသူများ
- ၂၀၂၀ခုနှစ်

နျုမယိုလောဂျီကို ပြန်ရေးမယ့်လုပ်တော့ တိုက်ဆိုင်စွာနဲ့ပဲ ၂၀၂၀ခုနှစ်ထဲမှာ ကိုဗစ်ဗိုင်းရပ်စ်က သောင်းကျန်းနေတာမို့  ၂၀ဂဏန်းကို ပြန်လည်ပြင်ဆင်ရေးသားဖို့  ဆန္ဒဖြစ်လာရပါတယ်။ ဒီ၂၀၂၀ခုနှစ်ဟာ ပေါ်င်းခြင်း၎ဂဏန်းရှိတာမို့  ၄ရဲ့အကျိုးသက်ရောက်မူတွေရှိလိမ့်မယ် ဆိုတာလည်း ဟုတ်ပါတယ်။ ဒါပေမယ့် ထပ်ပြီးဖြန့် စဉ်းစားဦးမယ်ဆိုရင် ပေါ်င်းခြင်း၎ဂဏန်းဟာ ဘယ်က ရောက်ရှိလာပါသလဲ။ ပေါ်င်းခြင်း၎ဂဏန်းဟာ ၂၀+၂၀ကနေ ရောက်ရှိလာတယ်ဆိုတာ အသေအချာပါပဲ။ ၂၀၂၀ကို တွဲဂဏန်းဘက်က ကြည့်ရင် ၂၀ဟာ ၂ကြိမ်ပါဝင်နေတာမို့  အကျိုးရလဒ်တွေဟာ ၂ဆ ဒါမှမဟုတ် ၂ခါ စသဖြင့် ပိုခံစားရစေပါတယ်။ ဒါကြောင့် ၂၀ရဲ့ဖော်ပြချက်တွေကို ကြည့်မြင်လိုက်တော့ အောက်ပါအတိုင်း တွေ့ မြင်ရပါလိမ့်မယ်။

ကိုယ်စားပြုသင်္ကေတ
******************
အတောင်ပါသော နတ်ကညာတစ်ပါးသည် ကောင်းကင်မှ နတ်ခရာတစ်ခုကို မှုတ်လျှက်ရှိပါတယ်။ ထိုအခါမှာ မြေပြင်ရှိသင်င်္ချုင်းက လူသေကောင်များတွေ ပြန်လည်အသက်ဝင်ကာ နိုးထလာကြပါတယ်။ ပြီးတော့ လူသေကောင်တွေဟာ သူတို့ရဲ့ လက်တွေကို ကောင်းကင်းသို့မြှောက်ထားပြီး ဝမ်းမြောက်ဝမ်းသာဖြစ်နေကြပါတယ်။ သေသောသူတွေ ပြန်ရှင်သန်သည်မယ်ဆိုတဲ့ နိမိတ်သဘော ကိုဆောင်နေပါတယ်။ ဒါပေမယ့် ဒီ၂၀က ရုပ်ဒြပ်နှင့်ဆိုင်သော ဂဏန်းမဟုတ်။ နိုးကြား တတ်ကြွခြင်းနှင့် ဆိုင်ပြီး တရားစီရင်မူကို ပြုလုပ်တဲ့ အချိန်အခါလည်း ဖြစ်ပါတယ်။ ဒီအချိန်မှာ လူတွေရဲ့ အကောင်းမြင်တရားတွေ သေဆုံးနေပြီဖြစ်တဲ့ စိတ်ကို ပြုပြင်ပြောင်းလဲဖို့  အချိန်ကျရောက်လာခဲ့ပြီလို့ လည်း ဆိုနိုင်ပါတယ်။ လူတွေအကုန်လုံးဟာ လောကကြီးတစ်ခုလုံးကို အကောင်းဘက်ကမြင်ကြည့်မယ်ဆိုရင် လောကကြီးကလည်း လူတွေအပေါ် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မူတွေ ပြန်လည်ပေးအပ်လိမ့်မယ်လို့  ယုံကြည်ထားရမယ့် အချိန်အခါပါပဲ။ သေဆုံးသူတွေ ပြန်လည်ရှင်သန်လာတယ်လို့  ဆိုထားတာကြောင့် အကောင်းဘက်ကမြင်ကြည့်ရင် ဗိုင်းရပ်စ်ကူးစက်ခံရသူတွေ နောက်ဆုံးမှာ ပြန်လည်ကောင်းမွန်လာမယ်လို့  မျှော်လင့်လို့ ရသလို နောက်တနည်းစဉ်းစားကြည့်ရင် စာနာမူတရား သေဆုံးနေတဲ့ လူသားတွေမှာ စာနာမူတရားတွေ ပြန်လည်ရှင်သန်လာလိမ့်မယ်လို့ လည်း ထင်မြင်မိပါတယ်။

"တွဲဂဏန်း ၂0"
ပညာရှင်တွေရဲ့ ဖော်ပြခဲ့မူတွေအရ ၂၀ဟာ ဂြိုလ်အားလုံးရဲ့ စွမ်းအားတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ပြီးတော့ ဒါဟာ မာန်နတ်နဲ့သက်ဆိုင်တဲ့ ဂဏန်းလို့ လည်း ဆိုပါတယ်။ ၂ဝဟာ ၂နဲ့ ဝ ပေါ်င်းစပ်ထားခြင်း ဖြစ်တာကြောင့်မို့  ဒီဂဏန်း၂ခုရဲ့ အကျိုးသက်ရောက်မူတွေနဲ့  ရပ်တည်နေပါတယ်။ ၂ဂဏန်းဟာ တနင်္လာဂြိုလ်ကို ကိုယ်စားပြုပြီး လကို ကိုယ်စားပြုပါတယ်။ လဂြိုလ်ဟာ အမျိုးသမီးတွေရဲ့စိတ်နဲ့  တူညီတဲ့အရည်အသွေးတွေ ရှိပါတယ်။ ဒါကြောင့် ၂၀ဂဏန်းပိုင်ဆိုင်သူတွေမှာ သိမ်မွေ့ခြင်းတွေ စိတ်အားထက်သန်မူ လျော့ခြင်းတွေ တွေရပါလိမ့်မယ်။ ဘဝနဲ့ ချီလာရင်တော့ မရေရာခြင်း မသေချာခြင်းတွေနဲ့  ပတ်သက်ဆက်နွယ်နေပြီး လက်တွေ့ အကောင်အထည်ဖော်မူ အားနည်းရခြင်းတွေကို ကြုံရတတ်ပါတယ်။ ၂ ရဲ့ အဓိက ထင်ရှားတဲ့ ဂုဏ်ရည်လက္ခဏတွေကို ကြည့်ရင်တော့ မျှတမူ သဟဇာတဖြစ်မူ ပူးပေါ်င်းဆောင်ရွက်ကြမူတွေကြောင့် အောင်မြင်မူ ပန်းတိုင်ကို ရောက်ရှိတတ်ကြပါတယ်။ ဒါကြောင့် ၂၀၂၀မှာက ဗိုင်းရပ်စ်ပြဿ နာတွေကို ကျော်လွှားဖို့  ဆိုတာဟာလည်း လူတွေအကုန်လုံး ပူးပေါ်င်းပါဝင်ဆောင်ရွက်မူကို ၂ဆပိုလုပ်လိုက်မယ်ဆိုရင် ခဏလေးနဲ့  ပြဿ နာကြီး ပြီးဆုံးသွားလိမ့်မယ်လို့  မျှော်လင့်မိပါတယ်။ ကျန်တဲ့ သုညကိုတော့ စကြာဝဠာဆိုင်ရာနဲ့ ပက်သတ်ပြီး နတ်ရှိုင်းသော အသိညဏ် နဲ့ အတူ အဆုံးအစမဲ့ခြင်းတို့ ကို ပြဆိုပါတယ်။ သူက ပလူတိုဂြိုလ်ကို ကိုယ်စားပြုပြီး အသစ်ရှာဖွေ ဖန်တီးပြုလုပ်ရခြင်းတွေကို အထုံပါပါတယ်။ ဒါပေမယ့် တခါတရံမှာတော့ ဂရုဏမဲ့တဲ့ အပြုအမူဆိုင်ရာလေးတွေ ရှိနေတတ်ပါတယ်။ ဒီတော့ နှစ်ခုပေါ်င်းစုံခြင်းဖြစ်တဲ့ ၂၀ကို နာမ်ဝိညာဉ်ရေးရာနှင့် ပက်သတ်သော ပင်ကိုယ်သိစိတ်လို့  အဓိပ္ပာယ် ဖွင့်ဆိုကြပါတယ်။
ယင်း ၂၀ ဂဏန်းပိုင်ဆိုင်ကြသူတွေဟာ အလွန်အမင်းစိတ်ထိခိုက်ခံစားလွယ်ကြပါတယ်။ အလှတရားနဲ့ သဟဇာတ ချစ်ခြင်းမေတ္တာတွေကိုတန်ဖိုး ထားတတ်ကြပါတယ်။ အလုပ်တွေကိုတော့ဖြင့် ထပ်ခါတလဲလဲ မကြာခဏ ပြန်ပြန်လုပ်ဆောင်ကြရပါတယ်။ ဆုံးရှုံးထားသမျှ ပြန်လည်ရရှိခြင်း။ မိမိကိုဖိနှိတ်ထားသူများ သဘောထားပြောင်းလဲသွားကြခြင်း။ ကံတရားက မိမိသွားချင်သောပန်းတိုင်းသို့ ပို့ပေးနိုင်ခြင်းတို့ကို ဖော်ပြပါတယ်။ ဒီတော့ စိတ်ရှည်ရှည်နဲ့ သည်းခံစိတ်ကို မွေးမြူရပြီး စောလျှင်တဲ့ ဆုံးဖြတ်ချက်တွေကို မချမိဖို့  လိုပါတယ်။ ဒီနောက်မှာ အတွေးအမြင်တွေ ပိုပြီးကျယ်ပြန့် လာပါလိမ့်မယ်။ လူတွေရဲ့ ကောင်းကျိုး ဆိုးကျိုး ပြုလုပ်မူသမျှတိုင်းဟာ တန်ပြန် ပြန်ရောက်လာလိမ့်မယ်ကို လူတွေပိုသိလာပါလိမ့်မယ်။ ဒါကြောင့် ၂၀၂၀မှာလည်း ပြဿ နာ တစ်ခုခုကို ဖြေရှင်းတဲ့အခါ လူတွေက သံတမန်စွမ်းရည်ကို ပိုပြီး အရှိန်အဟုန် မြှင့်တင်သင့်ပါတယ်။ တရုတ်နဲ့ အမေရိကန်လို ရန်ဖြစ်နေကြလို့ တော့ မရပါဘူး။ ဒါက ပြဿ နာတွေကို ပိုပြီး ဖိတ်ခေါ်သလို ဖြစ်လာပါလိမ့်မယ်။ ဘာကြောင့် ကျွန်တော်ဒီလိုပြောနိုင်သလဲဆိုရင်တော့  ကိန်းဂဏန်းတွေနဲ့  ခုနှစ်သက္ကရာဇ်တွေမှာ အဓိပ္ပာယ်တစ်စုံတစ်ရာရှိကြတယ်လ်ု့  ယုံကြည်မိလို့ ပါပဲ။ တိုက်ဆိုင်မိတိုင်းဟာ အကြောင်းမဲ့ ဖြစ်လာတယ်လို့  ကျွန်တော် မထင်ပါဘူး။
၂၀၂၀ နဲ့ ၂၀၀၂
ဒီနှစ်ခု ဘာကွာခြားလဲဆိုရင် အရေအတွက်အကြီးအသေး ကွာသွားတာကလွဲရင် ပါဝင်တဲ့ကိန်းဂဏန်းတွေဟာ ဘာမှကွာခြားမူ မရှိတာကို မြင်နိုင်ပါလိမ့်မယ်။
၂၀၀၂ ခုနှစ် SARS ရောဂါ တရုတ်နိုင်ငံကနေပဲ စတင်ပြန့် ဟွးခဲ့ပါတယ်။
အခု COVID-19ဟာ ၂၀၁၉မှစတင်ဖြစ်ပေါ်လာတယ် ဆိုပေမယ့် အဲဒါက အစပျိုးပေရုံသာ ရှိပြီး တကယ့်တကယ်ဖြစ်ဟွးနေတာက ပစ္စုပန်ကာလဖြစ်တဲ့ ၂၀၂၀ထဲမှာပဲ ဖြစ်ပါတယ်။ ကျွန်တော် အထူးတလည် ပြောချင်တာက ၄ ထက် ၂ ဂဏန်းသမားတွေက အရေးတကြီးကို ဂရုတစိုက်နေထိုင်ကြဖို့ လိုပါတယ်။ ဘာလို့ လဲ ၂၀၂၀ဆိုတော့ ၂နှစ်ခါပါလို့ လားလို့  မေးချင်စရာ ရှိပါလိမ့်မယ်။ ဒီအချက်လည်း ပါပါတယ်။ နောက်ထပ်အချက်တွေလည်း ရှိပါတယ်။ ၂ရယ် ၃ရယ် ၅ရယ် ၇ရယ် ၈ရယ် တို့ ဟာ တခြားဂဏန်းတွေထက် ကူးစက်ရောဂါတွေကို ပိုခံစားရတဲ့ သဘောရှိပါတယ်။ ဘယ်ဆရာသမားရဲ့ အယူအဆမှတော့ မဟုတ်ပါဘူး။ ဒါ ကျွန်တော်အယူအဆသက်သက်ဖြစ်တာကြောင့် မှားကောင်းမှားနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ၂ အတွက် သေချာပြောပြနိုင်တဲ့အချက်ကတော့ ၂တွေဟာ စိတ်ဓါတ်ကြံခိုင်မူပိုင်းမှာ အနည်းငယ်အားနည်းကြသလို ကိုယ်ခံအားအပိုင်းမှာလည်း အားနည်းကြပါတယ်။ ၂ ရဲ့ သဘောသဘာဝကိုက တစ်ခုတည်း ရပ်တည်နေတာမျိုး အခြားတစ်ခုနဲ့ ပူးပေါ်င်းမှ အောင်မြင်ပြီးစီးတဲ့ သဘောကို ပြသတာပါ။ ဒါကြောင့် ၂ဟာ ကိုယ်ခံအားလည်း နည်းတတ်တဲ့သူတွေဖြစ်တာကြောင့် ကူးစက်တဲ့ ဘယ်လိုရောဂါမျိုးပဲဖြစ်ဖြစ် နောက်ဆုံး ပွေး ဝဲ စတာတွေကအစဗျာ ဖြစ်တဲ့ဝေဒနာရှင်တွေနဲ့  ဆက်ဆံရတဲ့အခါ သတိထားရပါမယ်။ အထူးသဖြင့် ဒီ ၂၀၂၀ထဲမှာ ပိုပြီးသတိထားရပါတယ်။ ၂၀အကြောင်းကို ပြန်ဆက်ပါ့မယ်။


၂၀ရက်နေ့မွေးဖွားသူများ
**************************
၂၀ရက်နေ့ မွေးဖွားလာသူများတွေဟာ မျိုးချစ်စိတ်ဓာတ် ရှင်သန်တတ်ကြွကြပြီး ကောင်းစားစရာရှိလျှင် လျှမ်းလျှမ်းတောက်အောင်မြင် ကျော်ကြားသွားတတ်တဲ့သူတွေ ဖြစ်တတ်ကြပါတယ်။ ဒါပေမယ့် သူတို့ ဟာ မိမိကိုယ်မိမိ ယုံကြည်စိတ်ရှိအောင် မွေးမြူကြရမှာဖြစ်ပြီး ဆုံးဖြတ်ချက်ချတဲ့အခါမှာလည်း မပြတ်မသားမဖြစ်စေဖို့ လိုပြီး ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေကို ချနိုင်ဖို့ လိုပါတယ်။ အချစ်နဲ့ တွေ့ ဆုံတဲ့အခါ သတ္တိကြောင်စိတ်မွေးမိရင် လျှင်လျှင်မြန်မြန် ကျရှုံးရလိမ့်မယ်ဆိုတာကို သတိပြုပါ။ လွတ်လွတ်လပ်လပ် နေချင်စိတ်ကြောင့် မိမိတာဝန်ယူပြီး လက်ခံဆောင်ရွက်နေရတဲ့ အလုပ်တွေကို ရက်ရွေ့ ဆိုင်းတာတွေ အလုပ်အကြွေးထားတာမျိုးတွေ ကို ရှောင်ကြဉ်ပါ။ အလုပ်တစ်ခုကို ပြီးဆုံးတဲ့အထိပြုလုပ်ပါ။ အလုပ်မပြီးဘဲ ထထွက်သွားခြင်းမျိုးတွေ မလုပ်ပါနဲ့ ။ အထူးသဖြင့် ၂နဲ့သက်ဆိုင်သူတွေဟာ အလုပ်နဲ့ အနည်းငယ်လောက် အဆက်ပြတ်သွားရင်ပဲ အလုပ်အပေါ်စိတ်ဝင်စားမူ ပျောက်ဆုံးသွားတာမျိုး လျော့ပါးသွားတာမျိုးတွေ ရှိတတ်ကြပါတယ်။
အနာဂတ်
********
ယင်းဂဏန်းရရှိချိန်တွင် ကိုယ်ကျင့်တရားကို စောင့်ထိန်းသင့်သည်။ မိမိတို့၏ စိတ်ဓာတ်ရေးရာကို ပြုစုပျိုးထောင်ပေးနိုင်လျှင် အောင်မြင်ဖွယ် ရှိပြီး နေ့ချင်းညချင်းတိုးတတ်လာနိုင်ပါတယ်။ ဒါပေမယ့် အနှောင့်အယှတ်များ၊ ဘေးရန်များကိုတော့ ကျော်ဖြတ်ရပါလိမ့်မယ်။ ဒါကလည်း လောကဓမ္မပဲမို့  ထူးတော့မထူးခြားဘူးဆိုပေမယ့် အဲဒီမထူးခြားမူကိုပဲ သတိပြုနိုင်ဖို့ က လူတိုင်းလူတိုင်းမှာ လိုအပ်ပါတယ်။ ဘာဖြစ်ဖြစ် ၂၀ ရက်နေ့  မွေးဖွားသူတွေ အနေနဲ့ က အလုပ်ကို ပြီးချင်စိတ်နဲ့ လည်း မြန်မြန်ဆန်ဆန်မလုပ်ပါနဲ့ ။ စိတ်အရမ်းပင်ပန်းလာတဲ့အခါမျိုးတွေမှာ မလိုအပ်ဘဲ စိတ်ကို မတင်းထားပါနဲ့ ။ စိတ်ကို အနားပေးပါ။ ကျန်တဲ့ ရှောင်ရန် ဆောင်ရန်အချက်အလက်တွေ ကတာ့ ၂ဂဏန်းနဲ့ အတူတူပဲမို့ ကျန်းမာရေးဆိုင်ရာတွနဲ့  အခြားရှုထောင့်တွေအတွက် ၂ဂဏန်းအကြောင်းကို ဖတ်ရှုကြပါခင်ဗျ။
ကိုးကား
ဆရာလူဝင်းအောင်(ဧချမ်းသူတို့  ပျော်စံရာ)၏ ဟိန္နူနည်းစနစ် ဂဏန်းဗေဒင်
Apri2.2020
Minsetwai

Featured Post

ကဗျာဟူသည်

poetry ကဗျာဟူသည် ကဗျာဆိုသည်မှာ မိမိရောက်နေသောခေတ် အသက်ရှင်နေသောခေတ်၏အတွေးအခေါ်များကို အခြေခံ၍ သက်ရောက်မှုအများဆုံးရှိသော ခံစားမှုကို ဖန်တီးပ...