[ငါ/ကဗျာ/စိတ်ဝေဒနာများ-၁၉]-Minsetwai
ပင်လယ်တစ်ရာ တောင်တစ်ထောင်
အတိတ်ခြေရာတွေ
ဖျောက်ပစ်လိုက်လည်း ကိစ္စမရှိ
ရင်ထဲ ဆီမီးက ထိန်ထိန်သာဆဲ
မြစ်ကျိုးအင်းတစ်ခုလို
အဆက်ပြတ်စေခဲ့လည်း ကိစ္စမရှိ
ဗေဒါတွေအစား ကြာပန်တွေ လှိုင်လှိုင်ဝေဆဲ
ပိုင်ဆိုင်မှုက နေရာလွှဲပြောင်း
ရယူသွားခဲ့လည်း ကိစ္စမရှိ
တန်ပြန်မူတရားတွေက
ခေတ်အဆက်ဆက် ပဲ့တင်ထပ်ဆဲ။
ပျင်းတိုင်းလည်း
ကဗျာတွေကို အလွမ်းနဲ့ စပ်ဖောက်မယ်
ကိုယ်တိုင်ပုံဖော်ခဲ့မိတဲ့ ရှည်လျားညတွေမှာ
ဗီဒီယိုတွေ ခပ်များများကြည့်မယ်
မွန်းကြပ်ခြင်းတွေတောင်
ရုပ်ဝထ္ထူအပေါ် မတွယ်တာတော့
လွတ်လပ်ခြင်းမရှိတဲ့ နေ့ရက်တွေထဲ
ငါ့ကိုယ်ငါ့လည်း ဖမ်းချုပ်မထည့်တော့
အချစ်ဆိုတာလည်း မမက်မောတော့
မလှပစွာနဲ့ဆိုတော့ အချစ်သည်လည်း
ပင်လယ်တစ်ရာ တောင်တစ်ထောင်။
Jul 5.2020
Minsetwai
Search My Blog
Monday, July 6, 2020
Subscribe to:
Post Comments (Atom)
Featured Post
ကဗျာဟူသည်
poetry ကဗျာဟူသည် ကဗျာဆိုသည်မှာ မိမိရောက်နေသောခေတ် အသက်ရှင်နေသောခေတ်၏အတွေးအခေါ်များကို အခြေခံ၍ သက်ရောက်မှုအများဆုံးရှိသော ခံစားမှုကို ဖန်တီးပ...
-
နံပါတ်၂၉ ၂၉, ၁၁, ၂ ၂၉၏ ကိုယ်စားပြုသင်္ကေတကို အရိပ်မည်းကြီး လွှမ်းမိုးနေပုံဖြင့် ဖော်ပြတတ်ကြသည်။ ထိုအရိပ်မည်းကြီးဟူသည် မသေချာခြင်းနှင့် ဘေးအန...
-
ဆူမာရီယာန်လူမျိုးများ(Sumerians) ဆူမားရီးယန်းများသည် မက်ဆိုပိုတေးမီးယားတောင်ပိုင်းတွင် ဘီစီ ၆၀၀၀ မှ ၄၀၀၀ အတွင်း နေထိုင်ခဲ့ကြသော လူမျိုးများဖ...

No comments:
Post a Comment