Search My Blog

Saturday, March 13, 2021

ကဗျာဟူသည်

poetry

ကဗျာဟူသည်



ကဗျာဆိုသည်မှာ မိမိရောက်နေသောခေတ်
အသက်ရှင်နေသောခေတ်၏အတွေးအခေါ်များကို အခြေခံ၍
သက်ရောက်မှုအများဆုံးရှိသော ခံစားမှုကို ဖန်တီးပေးရန်ဖြစ်သည်။


(မြန်မာကဗျာစာတမ်း ဒုတိယတွဲ)


မြန်မာကဗျာစာ​ပေ​ခေတ်များ


မြန်မာနိူင်ငံ၏ ကဗျာစာပေခေတ်များကို


  • ဝံသာနု ကဗျာခေတ်(၁၉၂၀)

  • ​ခေတ်စမ်းကဗျာခေတ်(၁၉၃၀)

  • စာပေသစ်ကဗျာခေတ်(၁၉၅၀)

  • မိုးဝေ ကဗျာခေတ်(၁၉၇၀)

  • ခေတ်ပြိုင်ကဗျာခေတ် (၁၉၉၀)


ဟူ၍ ခွဲခြားသတ်မှတ်ထားပါသည်။


နိူင်ငံတစ်နိူင်ငံ၏ ယဉ်ကျေးမူအဆင့်အတန်း မြင့်မားခြင်းကို ပြဆိုသောအရာများထဲတွင် ကဗျာဟူသော အနူပညာမှာလည်း အဓိကကျသော အရာတစ်ခုဖြစ်သည်။ မြန်မာကဗျာခေတ်များကို ကြည့်မည်ဆိုလျှင်တစ်ခေတ်နှင့်တစ်ခေတ်သမိုင်းသံကြိုးကွင်းများဖြင့် ချိတ်ဆက်ဆက်နွယ်ထားသည်ကို မြင်တွေ့ကြရမည်ဖြစ်သည်။

Tuesday, February 23, 2021

1963AD

1963AD

1963.sepထိုကာလတွင် ဗကပတို့သည် ငြိမ်းချမ်း​ရေး​ဆွေး​နွေးပွဲကို အမြတ်ထုတ်ရန် သ​ဘောထားခဲ့ကြသည်။ သူတို့သည် အ​ဝေး​ရောက် ဗဟို​ကော်မတီနှင့် ဆက်စပ်မိ​ရေး၊ ​မြေ​ပေါ်ဆူပူ​ရေးလုပ်ငန်းများကိုသာ အထူးအ​လေးထားခဲ့ကြသည်။ ထိုအချိန်က ယင်းတို့သည် ပစ္စည်းမဲ့တစ်ပါတီအာဏာရှင်စနစ်ကိုသာလက်ခံခဲ့ကြသည်။

ထိုသို့ဖြင့် ၁၉၆၃ ဒီဇင်ဘာ၂၅ရက်နေ့တွင်ဗမာ့ကွန်မြူနစ် တပ်မတော်ပါတီသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြားရခြင်းနှင့်ပတ်သက်ပြီး ယင်းတို့၏ သုံးသပ်ချက်တစ်ရပ်ကို နိူင်ငံရေးဦးဆောင်းသော အဖွဲ့များ၏ အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်။ ထိုဆွေးနွေးပွဲကို
  1. သခင်သန်းထွန်
  • ရဲဘော်ဘတင်(ဂိုရှယ်)
  • သခင်ချစ်
  • ရဲဘော်ဌေး

  • ဗဟိုကော်မတီဝင်များဖြစ်သော
    • ရဲဘော်အောင်ကြီး
  • သခင်ပု
  • ဗိုလ်ဇေယျ

  • တို့မှ တတ်ရောက်ခဲ့ကြသည်။ထို​ဆွေး​နွေးပွဲတွင် သခင်သန်းထွန်းမှ ငြိမ်းချမ်း​ရေး​ဆွေး​နွေးပွဲ ပျက်ရခြင်းသည် စစ်အစိုးရမှ အကြပ်ကိုင်ပြီး အတင်းအဓမ္မအညံခံခိုင်း​သော​ကြောင့် ဖြစ်သည်ဟုဆိုခဲ့သည်။

    Monday, February 15, 2021

    Save Myanmar






    Feb15.2021

    ပြည်သူများကို စစ်ကြေညာပြီ


    နိုင်ငံ အတွင်း အင်တာနက်ကို ဖြတ်တောက်လိုက်ပြီး ရန်ကုန်၊ မြစ်ကြီးနား၊ စစ်တွေ နှင့် မန္တလေး မြို့ကြီးများသို့ တင့်ကားများ ဝင်ရောက်လာမှု နှင့် အတူ မင်းအောင်လှိုင် သည် ပြည်သူများ အကြား အကြောက်တရား နှင့် နိုင်ငံတွင်း မတည်ငြိမ်မှုများကို အဆိုးဆုံး မြှင့်တင်လိုက်ပြီ ဖြစ်သည်။

    မင်းအောင်လှိုင်၏ ရက်စက်ကြမ်းကြုပ်သော လုပ်ရပ်များကို တကမ္ဘာလုံးမှ စောင့်ကြည့်နေကြောင်း သံတမန်များက ကြေညာချက်များ အသီးသီး ထုတ်ပြန်ခဲ့ကြသည်။ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် အင်အားကို အကြီးမားဆုံး ထုတ်သုံးလာခြင်းပင် ဖြစ်သည်။

    အမေရိကန် သံရုံးမှ သံချပ်ကာ ကား သုံးစီးနှင့် အတူ စစ်သားများ အပြည့် သယ်ဆောင်လာသော ထရပ်ကားများ တွေ့လာနေသဖြင့် “စစ်တပ်၏ လှုပ်ရှားမှုများ” ရှိနေပြီး အင်တာနက် ဖြတ်တောက်ရန် ရှိကြောင်းနှင့် ၎င်း၏ နိုင်ငံသားများကိုလည်း လွတ်ရာကျွတ်ရာတွင် ပုန်းနေကြရန် တနင်္ဂနွေ ညပိုင်းတွင် ကြေညာချက် ထုတ်ပြန် ခဲ့သည်။

    အီးယူနိုင်ငံများ၊ အမေရိကန်၊ ဗြိတိန် နှင့် ကနေဒါ သံအမတ်ကြီးများ စုစည်းကာ ကြေညာချက်များ ထုတ်ပြန် လာပြီး တရားဝင် အစိုးရအား ဖြုတ်ချ အာဏာသိမ်းခြင်းကို ကန့်ကွက်နေသည့် တက်ကြွလှုပ်ရှားသူများ၊ အစိုးရ ဝန်ထမ်းများ နှင့် နိုင်ငံရေး ခေါင်းဆောင်များ အား ဖမ်းဆီးရန် ကြိုးပမ်းလာမှု အပေါ် စိုးရိမ်ပူပန်ကြောင်း နှင့် မြန်မာပြည်သူများ၏ ဒီမိုကရေစီ အရေး၊ လွတ်လပ်ခွင့်၊ ငြိမ်းချမ်းသာယာဝပြောရေး ရရှိရန် ကြိုးပမ်းနေမှုများကို ထောက်ခံကြောင်း ကြေညာချက်ကို လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြသည်။

    ကုလ လူ့အခွင့်အရေး အထူး သံတမန် တွမ် အင်ဒရူးမှ စစ်တပ်သည် “ပြည်သူများ အပေါ် စစ်ကြေညာသည့် လုပ်ရပ်” အဖြစ် ပြောဆိုလိုက်ပြီး ကမူးရှူးထိုး ဖြစ်လာသော ၎င်းတို့၏ လုပ်ရပ်များအတွက် အပြည့်အဝ တာဝန်ခံရလိမ့်မည်ဟု ဆိုသည်။

    ဆက်သွယ်ရေး ဝန်ထမ်း များ အဆိုအရ အင်တာနက်ကို ည တစ်နာရီ မှ တနင်္လာနေ့ မနက် ကိုးနာရီ အထိ ဖြတ်တောက်သွားရန် ရှိသည်ဟု သိရသည်။

    စစ်သားများက အိမ်များကို ညပိုင်းတွင် စတင်ဝင်ရောက် စီးနင်းခဲ့ကြသည်။ ဆန္ဒပြ ကန့်ကွက် မှုများ တွင် ခေါင်းဆောင်နေသူများ၏ အိမ်များကို ဝိုင်းထားခဲ့ကြသည်။ အားလုံးက ၎င်းတို့၏ မိုဘိုင်း ဖုန်းများကို ပိတ်ကာ တိမ်းရှောင်သွားကြသည်ဟု သိရသည်။ မနေ့ညက ပြည်သူတို့၏ အိမ်မက်ဆိုးများမှာ လက်တွေ့ ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်သည်။

    စစ်သားများသည် မြစ်ကြီးနား ရှိ ဓါတ်အားပေးစက်ရုံ တဝိုက်တွင် ဖြန့်ကျက် ချထားလာမှုကြောင့် လျှပ်စစ် ဓါတ်အား ဖြတ်တောက်ရန် ကြံစည်မှု ဟု ဆိုကာ ဖယ်ရှားပေးရန် ဆိုကာ လူထုနှင့် ထိတ်တိုက်ရင်ဆိုင်လာခဲ့ကြသည်။ စစ်သားများက လူအုပ်ကို ဖြိုခွဲရန် ပစ်ခတ်ခဲ့ကြသည်။ အဆိုပါ အရေးအခင်းကို တိုက်ရိုက် ထုတ်လွှင့်ပေးနေသော 74 Media မှ သတင်းသမား နှစ်ဦး အပါအဝင် အခြား သတင်းထောက် သုံးဦးကိုလည်း ဖမ်းဆီးခဲ့ကြသည်။

    ရန်ကုန် နှင့် မန္တလေး မြို့ကြီးများ ရှိ ပြည်သူများက ၎င်းတို့ ရပ်ကွက်အချို့ကို အမည်မသိ လူများက မီးကွင်းများ ပစ်ကာ ထွက်ပြေးသွားကြသည်ကို နေရာအနှံ့ တွင် ထိတ်လန့်တကြား တွေ့လာခဲ့ကြရသည်။ အာဏာသိမ်း ခေါင်းဆောင်များက ၎င်းတို့အား ညဖက် အထိတ်တလန့် နှင့် အိပ်မရအောင် စိတ်ဓါတ်စစ်ဆင်ရေး ဆိုက်ဝါးများ ကျင့်သုံးလာနေကြခြင်း ဖြစ်သည်။ သို့သော် အစိုးရမှ ထုတ်ပြန်သော ကြေညာချက်တွင်မူ ပြည်သူများ လုံခြုံစိတ်ချစွာ အိပ်စက်နိုင်ရန် လုံခြုံရေး တပ်ဖွဲ့ဝင်များက နေ့ရော ညပါ တာဝန်ယူ ဆောင်ရွက်နေသည်ဟု ဆိုသည်။

    သို့သော် နေပြည်တော်ရှိ အစိုးရ အိမ်ယာ များထဲမှ ဝန်ထမ်းများသည် အိမ်ပြတင်းပေါက်များထဲမှ ၎င်းတို့ အိမ်ယာများသို့ ချဉ်းကပ်လာနေသော စစ်သားများကို ချောင်းကြည့်နေကြသည်ဟု သတင်းများတွင် ဖေါ်ပြထားသည်။

    ည ၁း၃၀ ခွဲခန့်တွင် နိုင်ငံ အတွင်း အင်တာနက် သုံးစွဲမှုသည် ၁၄% အထိ ကျဆင်းသွားသည်ဟု Netblock မှ ကြေညာချက် ထုတ်ပြန်လိုက်သည်။ တနင်္ဂနွေ့နေ့ မနက်ပိုင်းတွင် အစိုးရ မီဒီယာ သတင်းဌာနတခုကို ဟက်ကာ များမှ ထိုးဖောက် ဖျက်ဆီးခဲ့ပြီး ကြွေးကြော်သံများ ဝင်ရောက် ရေးသားခဲ့ကြသည်။

    လက်ရှိတွင် ဘဏ်အလုပ်သမားများ၊ ဆရာဝန်များ၊ အစိုးရဝန်ထမ်းများက စစ်ကောင်စီ လက်အောက်တွင် အလုပ်လုပ်ရန် ငြင်းဆန်နေသဖြင့် အုပ်ချုပ်ရေး ယန္တယား တခုလုံး နည်းပါး ရပ်တန့်သွားပြီ ဖြစ်သည်။

    တနင်္လာနေ့သည် တတိုင်းပြည်လုံးရှိ လူ ၅၂ သန်း အား ဆယ့်ငါးနှစ်ခန့် နောက်ပြန်ဆွဲ‌ ခေါ်ရန် လုံးပမ်းနေသည့် အာဏာသိမ်း အဖွဲ့ကို ဆန့်ကျင်အာခံရေးတွင် အရေးကြီးဆုံးသော နေ့လည်းဖြစ်၍ စည်းလုံးညီညွတ်ကြဖို့ အရေးကြီးပေသည်။

    ၎င်း၏ အာဏာသိမ်းမှုကို နှစ်ရက် သုံးရက်ခန့် ကျိုးတို့ကျဲတဲ ဆန္ဒပြပြီး အဆုံးသတ်သွားလိမ့်မည်ဟု ထင်နေ ရှာသော မင်း အောင်လှိုင်သည် နိုင်ငံတဝှမ်း သန်းချီသော လူထုကြီး၏ ကိုးရက်မြောက်နေ့ ဆန္ဒပြပွဲကြီးနှင့် ရင်ဆိုင်ခဲ့ရပြီး ကမ္ဘာတဝှမ်း အရှက်ရစေမည့် စစ်အင်အားကို နောက်ဆုံး လက်နက်အဖြစ် ထုတ်သုံးရသည့် အခြေအနေ ဆိုက်ရောက်သွားခြင်းကပင် ပြည်သူတို့ အောင်ပွဲခံနိုင်ခဲ့ခြင်းပင် ဖြစ်သည်။

    ထိုအကြောင်းများကို ပြည်ပ သတင်းမီဒီယာများက မြန်မာပြည်သူတို့၏ စစ်အာဏာသိမ်း အဖွဲ့၏ သန်းခေါင်ယံ လူဖမ်းပွဲများ၊ လူဆိုးလူမိုက်များ ရန်မှ ကာကွယ်ရန် အလှည့်ကျ ကင်းစောင့်ကြရပုံများကို ဝေဝေဆာဆာ ဖြင့် နေရာပေးကာ ဖေါ်ပြလာနေကြလေသည်။

    မင်းအောင်လှိုင်၏ ရည်ရွယ်ချက်မှာ ရိုးသားစွာ လုပ်ကိုင်စားသောက်နေကြသော ပြည်သူများကို ဆူပူလိုသူများက စိတ်မထင်လျှင်မထင်သလို ဖမ်းဆီး ခေါ်ဆောင်ကာ နှိပ်စက်မှုများ နေရာအနှံ့တွင် ကျူးလွန်လာကြသဖြင့် မာရှယ်လော ကို ကြေညာပြီး၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းလိုက်ရပြီဖြစ်သည်ဟု ဆိုပေတော့မည်။

    ယင်းနှင့်အတူ စစ်တပ်က လမ်းများပေါ်တွင် တရားဝင် နေရာယူခွင့် ရလာတော့မည် ဖြစ်သဖြင့် ထိုခြေလှမ်းများကို အားလုံးက သတိကြီးစွာ ထားရမည်လည်း ဖြစ်သည်။

    မင်းအောင်လှိုင်သည် ယခုအခါ အသက် အစိတ်ခန့်သာ ရှိသော မထင်မရှား ဗေဒင်ဆရာလေးတဦး၏ ရွတ်ဖတ်ပူဇော်သံကို CDM ထက်ပင် ထိတ်လန့်နေရှာသည်။ အဆိုပါ သတင်းသည် နိုင်ငံတကာ သတင်း
    စာမျက်နှာ‌များပေါ်တွင် ပျံ့နှံ့နေပြီ ဖြစ်သည်။ သူ၏ အားနည်းချက်ကို ဗေဒင် နက္ခတ် ပညာရှင်များ အနေနှင့် အခွင့်အရေး အဖြစ် အသုံးချသင့်သည်။

    နတ်ဝင်သည်များက ၎င်းတို့၏ ၃၇ မင်းနတ်အပေါင်း၏ မျက်နှာသည် ညှိုးရိပ်ထင်လာနေကြပြီး မင်းအောင်လှိုင်ကို
    ကျိန်စာတိုက်တော့မည် ဟု ကြွေးကြော်ကာ လူထု အုံကြွမှုကြီးတွင် ပါဝင်လာကြပြီဖြစ်သည်။

    တရုတ် "ပင်လယ်စာ" များ အကူအညီဖြင့်မြန်မာတို့၏ လွတ်လပ်ခွင့်ကို ထိန်းချုပ်ရန် ကြိုးပမ်းလာနေကြသည်။

    တဖက်တွင် နိုင်ငံသားများ၏ လွတ်လပ်ခွင့်ကို ဖျက်သိမ်းလိုက်သော ကြေညာချက်သည်လည်း လက်နက် ကိုင်များအဖို့ ရပ်ကွက်လူကြီးများ မပါဘဲ ကြိုက်သည့် အိမ်သို့ တက်ကာ စိတ်ရှိလက်ရှိ မွှေနှောက်ကာ
    လိုချင်သည်များကို ယူပိုင်ခွင့်ရှိသွားပြီဖြစ်သည်။ ၎င်းတို့လုပ်ရပ်ကို မည်သူကိုသွား၍ တိုင်တန်းလို့ ရနိုင် ပေဦးမည်နည်း။

    ကိုမင်းကိုနိုင် အပါအဝင် ထင်ရှားကျော်ကြားသူ ခုနှစ်ဦးအားလည်း ဖမ်းဝရမ်းထုတ်လိုက်ပြီး ပြည်သူများက လက်ခံမထားရန်နှင့် သတင်းပေးရန် အထိ ပြောလာကြသည်ကို ကြည့်၍ ၎င်းတို့နှင့် ပြည်သူများမှာ ဘက်နှစ်ဖက် အဖြစ် ရပ်တည်နေကြသည်မှာ သိသာထင်ရှားလာရသည်။

    ကိုမင်းကိုနိုင်မှ ယခုလာမည့် တပတ်သည် အဆုံးအဖြတ်ပေးမည် ဖြစ်၍ CDM ကိုတောင့်ခံထားရန် လိုသည်ဟု live လွှင့်၍ တိုက်တွန်းသွားခဲ့ပြီ ဖြစ်သည်။

    CDM သည် လုံးဝ အောင်ပွဲခံနေပြီ ဖြစ်၍ ပါဝင်သူများကို ဖမ်းဆီးနေသည်ဟု သတင်းမှားများ ဖြန့်ချီပြီး လက်လှမ်းမီသလောက် အဖမ်းပြကာ ချောက်လှန့်မှု များ ဆိုက်ဝါးများ ပြုလုပ်လာနေကြသည်။

    နိုင်ငံတော် အတိုင်ပင်ခံ၏ ဖမ်ဆီးထားသည့် ဝေါ်ကီတော်ကီ အမှုသည် တနင်္လာနေ့တွင် ကုန်ဆုံးတော့ မည်ဖြစ်သည်။ တဆက်တည်းလို ဖမ်းဆီးခံထားရသူ အရည်အတွက်သည် ၃၈၄ ဦးအထိ မြင့်တက် လာနေသည်။

    တနင်္ဂနွေနေ့တွင် တိုကျို မြို့လယ်ခေါင်ရှိ လူစည်ကားရာ အရပ်ဖြစ်သော ရှီဘူရား နှင့် အိုမိုတက်ဆန်ဒို တွင် လူပေါင်း ၄,၀၀၀ ခန့်သည် "ကျွန်တော်/ကျွန်မတို့ကို ကူညီပြီး မြန်မာပြည်ကို ကယ်တင်ပေးကြပါ" နှင့် "လူသားများ အပေါ် ကျူးလွန်နေသော ရာဇဝတ်မှု များ ရပ်" ဆိုသော ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ငြိမ်သက်စွာ စီတန်းလှည့်လည်ခဲ့ကြသည်။

    အမေရိကန် နှင့် အနောက်နိုင်ငံသားများ၏ ကြေညာချက် အရ ၎င်းတို့၏ နိုင်ငံသားများကို ကယ်တင်ရန် ဆိုကာ ဝင်ရောက်လာနိုင်ရန် ပြင်ဆင်နေလောက်ပြီ ဖြစ်သည်။

    အရေးတော်ပုံ အောင်ရမည်!!!
    #Hla Soe Wai


    Feb13.2021

    Myanmar generals blindsided by Gen Z protest

    ဘာတန် လစ်တနာ ပြောသော
    Gen-Z တို့၏ အောင်ပွဲ


    အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင် သည် လူငယ်များ၏ ဒေါသမာန်ကို ကြိုတင် တွက်ဆထားခဲ့ခြင်းမရှိ
    သည်မှာ လုံးဝ သိသာ ထင်ရှားလာနေရသည်။ ယခုအခါ Gen-Z လူငယ်များ ဦး
    ဆောင်သည့် နိုင်ငံအနှံ့ လမ်းပေါ်ဆန္ဒပြပွဲ
    များ အရှိန်အဟုန် နှင့် ဖြစ်ပွားနေသည်ကပင် နောက်တကြိမ် အာဏာပြန်ရလာသော စစ်ဗိုလ်ချုပ်ကြီးများအဖို့ ခေတ်မှီ တိုးတက်လာမှုများအား မည်မျှ အထိ လိုက်မမီ ဖြစ်လာနေသည်ကို ထုတ်ဖေါ်ပြလိုက်သလို ဖြစ်သွားခဲ့ရ‌ ပေသည်။

    မင်းအောင်လှိုင်သည် ရုပ်မြင်သံကြားရှေ့
    ပထမဦးဆုံး အကြိမ် ထွက်လာခဲ့သည့်
    ဖေဖေါ်ဝါရီ ၈ ရက်နေ့တွင် စိုးရိမ်စိတ် ရှိနေပုံရသော်လည်း ယုံကြည်မှု အပြည့်ရှိနေ
    သည့် အသွင် တွေ့ရသည်။ ထိုအချိန်တွင်
    တွင် တနိုင်ငံလုံးသို့ ဆန္ဒပြမှုများ ပျံ့နှံ့လာနေပြီလည်း ဖြစ်သည်။

    ထိုဆန္ဒပြပွဲများက ၁၉၈၈ တုန်းကလို လက်နက်မဲ့ လူအုပ်ကြီးထဲသို့ စစ်သားများက ‌အော်တိုမက်တစ် ရိုင်ဖယ်များ ဆွဲမွှေ့ကာ ပြစ်ခတ်၍ နှိမ်နှင်းလို့ ရမည့် ခေတ်မ
    ဟုတ်တော့၊ ၂၀၀၇ တုန်းကကဲ့သို့လည်း
    စစ်သားများကို သုံး၍ ရိုက်နှက် နှိမ်နှင်း၍
    လည်း မဖြစ်နိုင်တော့ပြန်ပေ။

    Gen-Z လူငယ်များ ဆိုသည်ကား ဆိုရှယ်
    မီဒီယာ နှင့် အင်တာနက် ခေတ်ကြီးတွင်
    လူဖြစ် မွေးဖွားလာကာ မည်သို့ အသုံးချရ
    မည်ကို ကျွမ်းကျင်စွာ သိနားလည်ထားကြ
    သော "ဒီဂျစ်တယ် ဌာနေ" တိုင်းရင်းသားများပင် ဖြစ်သည်။

    Gen - Z တို့သည် သတင်းများအား ပိတ်ဆို့ထားမှုကို ကျော်လွှားနိုင်ခဲ့ယုံမျှမက လူထု လှုပ်ရှားမှုကြီး ဖြစ်ပေါ်လာအောင် ဟောင်ကောင် နှင့် ထိုင်းနိုင်ငံတို့မှ လှုပ်ရှားတက်ကြွသူများနှင့် နေ့စဉ်လို ထိတွေ့ဆက်သွယ်ကာ ၎င်းတို့၏ အကူအညီဖြင့် စည်းရုံးဦးဆောင်လာနိုင်ခဲ့သည်။

    ယခုလာမည့် တနင်္လာနေ့သည် ဒီမိုကရေစီ
    နည်းလမ်းဖြင့် ရွေးချယ်တင်မြှောက်ထား
    သည့် အစိုးရအား စစ်တပ်မှ ဖြုတ်ချခဲ့သည်မှာ နှစ်ပတ်တင်းတင်း ပြည့်မည့်နေ့
    လည်း ဖြစ်ပေသည်။ သို့သော် အမျိုးသမီးငယ်လေးများစွာ ပါဝင်သည့် နည်းပညာ
    ကျွမ်းကျင်သော လူငယ်တက်ကြွလှုပ်ရှား
    သူများ ဦးဆောင်သည့် လူထုဆန္ဒပြပွဲများ
    ကတော့ စစ်တပ်၏ ခြိမ်းခြောက်မှုများ
    ကြားမှ အရှိန်လျော့ကျသွားမည်ကား မဟုတ်ပေ။

    လျော့ကျမသွားသည့်အပြင် မြန်မာပြည်ရှိ
    မြို့နယ် ၃၃၀ အနက် မြို့နယ်ပေါင်း ၂၀၀
    ကျော်တွင် အင်အား ကောင်းသည်ထက်
    ကောင်းလာနေပြီ ဖြစ်သည်။ ထိုမြို့နယ်
    များရှိ ပြည်သူလူထုက ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ
    အဖွဲ့ချုပ် မှ သောင်ပြိုကမ်းပြို အနိုင်ရရှိ
    ခဲ့သည်ကို စစ်တပ်မှ မသမာသော နည်း
    ဖြင့် အနိုင်ရရှိမှုဟုဆိုကာ လုပ်ကြံဇာတ်ခင်းလာသည်များကို တညီတညွတ်တည်း လက်မခံ ဆန့်ကျင်လာနေကြပြီ ဖြစ်သည်။

    အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် နောက်ထပ် ငါးနှစ် သက်တမ်းအတွက်ဒုတိယအကြိမ် အစိုးရ ဖွဲ့ခွင့် ရရှိထားပြီး
    ဖြစ်သည်။

    သို့သော် လူငယ်များအဖို့က NLD နှင့် အဖမ်းဆီးခံထားရသော ခေါင်းဆောင်ဖြစ်သူ
    ဒေါ်အောင်ဆန်းစုကြည် အတွက်ကြောင့်သာ မဟုတ် ပြင်ပကမ္ဘာသို့ စတင် တံခါးဖွင့်ပေးခဲ့သည့် ၂၀၁၂ မှစ၍ ရရှိလာခဲ့သော ၎င်းတို့၏ လွတ်လပ်စွာ ထုတ်ဖေါ် ပြောဆို နိုင်ခွင့်ဆုံးရှုံးရတော့မည့် အရေးအတွက် ရုန်းကန်တိုက်ပွဲဝင်နေခြင်းလည်း ဖြစ်သည်။

    ယခုအခါ စစ်တပ်သည် ဆိုက်ဘာ လုံခြုံ
    ရေး ဟုဆိုကာ ပြင်းထန်လှသော
    ဥပဒေကို ပြဠာန်းကာ ဆင်ဆာ လုပ်မည့်
    စနစ်ကို ပြန်လည်သွတ်သွင်းချင်လာကြ
    သည်။ ထိုဥပဒေဖြင့် ဆိုရှယ်မီဒီယာ ကွန်
    ယက်များသည် ၎င်းတို့ တောင်းဆိုသည့်
    လူများ၏ ကိုယ်ရေး အချက်အလက်များ
    ကို ထုတ်ပေးရတော့မည် ဖြစ်သည်။

    သို့သော် Gen-Z များနှင့် တက်ကြွလှုပ်ရှားသူများသည် ဆင်းကပ်အမျိုးမျိုး နှင့် VPN ကွန်ယက်များသုံးကာ စစ်တပ်၏
    ထိရောက်မှု မရှိသော လူမှုကွန်ယက်များကို
    ပိတ်ပြစ်ခြင်းနှင့် ဝင်ရောက်ခွင့် ကန့်သတ်
    လာမှုများကို ဖေါက်ထွက်နိုင်ခဲ့ကြသည်။

    ထိုသို့ ဖေါက်ထွက်နိုင်ခဲ့သည့် လမ်းကြောင်းများမှတဆင့် ရဲအဖွဲ့၏ ရက်စက်ကြမ်းကြုတ်စွာ ပြုကျင့်နေမှုများကို ဖြန့်ဖြူးပေးနိုင်ခဲ့ကြသည်။ အခကြေးငွေပေး၍ ငှားရမ်းထားသော
    လူမိုက်များ တုတ်ဓါးများ ကိုင်ကာ ထရပ်
    ကားများပေါ်မှ ဆင်းလာကြသည့် မြင်
    ကွင်းကို ကားရှေ့မှန်မှတဆင့် အမိအရ မှတ်တမ်းတင်နိုင်ခဲ့ကြသည်။

    အင်းလေး ကန်ရေပြင်တွင် အသံချဲ့စက်
    များ၊ သစ်သား ဆိုင်းဘုတ်များ ကိုင်ကာ
    လှည့်လည် ဆန္ဒပြနေသည့် မြင်ကွင်းများကလည်း ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့
    သွားခဲ့ရပြန်သည်။ အလားတူ တရုတ်နယ်စပ်မြို့ ဖြစ်သည့် နမ်းခမ်းတွင်
    မော်တော်ဆိုင်ကယ် ယာဉ်တန်းရှည်ကြီးများဖြင့် အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြမှူအားလည်း မြင်တွေ့ခွင့်ရခဲ့ပြန်သည်။ မကွေးနှင့် လွိုင်ကော်တွင် ရဲအဖွဲ့ဝင်များ ဆန္ဒပြသူများနှင့် ပူးပေါင်းလာသည်ကို လည်း သိရှိနိုင် ခဲ့ကြသည်။

    Gen-Z လူငယ်များသည် ဖန်တီးနိုင်သည့်
    အတွေးအခေါ်ရှိသူများ ဖြစ်သည်ဟု အနည်းဆုံးတော့ ပြောလို့ရပေသည်။ စစ်တပ်မှ လူငါးဦးထက် ပို၍ မစုဝေးရ အမိန့်ထုတ်ထားသည်ကိုပင် လူငါးဦး တစု စည်းဝိုင်းများ ပြုလုပ်ပြီး မလှမ်းမကမ်းတွင် ခြား၍ ထိုင်ကာ တုန့်ပြန်ခဲ့ကြသည်။ ထိုစည်းဝိုင်းများက တမြို့လုံး အနှံ့ ဖြစ်လာခဲ့သည်။

    လူငယ်များက တစ္ဆေသူရဲ အသွင် ဝတ်ကာ
    "စစ်တပ်သည် ကျွန်တော်တို့ထက် ပိုကြောက်ဖို့ကောင်းသည်" ဟု စာတမ်းများ
    ကိုင်ဆောင်လာကြပြန်သည်။ အလှမယ်ပြိုင်ပွဲ ဝင်သူများကဲ့သို့ အဝတ်အစား ရောင်စုံများ အပြိုင်ဝတ်ကာ အာဏာရ
    ဗိုလ်ချုပ်ကြီးများကို လှောင်ပြောင်သရော်ခဲ့ကြသည်။



    တောင်ပြုန်းပွဲတွင် ဝတ်ဆင်ထားသည့်
    နတ်ဝတ်နတ်စားများဖြင့်လည်း စီတန်း
    လှည့်လည်ခဲ့ကြပြန်သည်။ နတ်ဝင်သည်
    များကလည်း မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်
    ကြီးများကို ဖယ်ရှားပေးရန်နှင့် မကောင်းသော နမိတ်ဆိုးများ ကျရောက်စေရန် နတ်ပွဲများ ပြုလုပ်လာကြသည်။

    လောကီ ပိုင်းတွင်လည်း ဆေးရုံဝန်ထမ်းများက သပိတ်တွင် ပါဝင်လာကြပြီး လူထု၏ ကျန်းမာရေး ပိုင်း မနစ်နာရ
    အောင် တဖက်က အထူးဂရုတစိုက် စီမံခဲ့
    ကြသည်။ ဘုန်းကြီးကျောင်းများထဲတွင်ပင် လူနာများကို ကုသပေးခဲ့ကြသည်။

    စက်ရုံများနှင့် သတ္ထုတွင်း အလုပ်သမား
    များလည်း စီဒီအမ်ဟု အတိုကောက်ခေါ်
    သည့် မြို့ပြအာဏာဖီဆန်ရေး လှုပ်ရှားမှု
    တွင် ပါဝင်လာကြသည်။

    ထိုသို့ ဆို၍ ၎င်းတို့၏ လှုပ်ရှားမှုများသည်
    ပျော်စရာအတိပြီးနေသည်ဟု ပြောလိုချင်းမဟုတ်ပေ၊ ဖေဖေါ်ဝါရီ ၉ ရက်နေ့တွင်
    နေပြည်တော်၌ ရဲများ၏ ပစ်ခတ်မှုကြောင့် အသက် ၁၉ နှစ် အရွယ် အမျိုး
    သမီးငယ်လေးတဦး ဦးခေါင်းတွင် ကျည်ဆံထိမှန်ခဲ့ရပြီး ယခုအချိန်အထိ ဆေးရုံ
    တွင် အသက်လုနေရဆဲ ဖြစ်သည်။

    ဆိုရှယ်မီဒီယာများပေါ်၌ တွေ့ရသော
    ဗီဒီယို ကလစ်များတွင် ဒေါသထွက်လာ
    သော ဆန္ဒပြသူများက ရဲကားများအား ကျောက်ခဲများဖြင့် ပြစ်ပေါက်နေသည်ကို တွေ့ခဲ့ရသည်။ ရဲများ တားထားသော စည်းများနှင့် ရေ အမြှောက်ကားများပင် နောက်သို့ ဆုတ်သွားခဲ့ရသည်။ ရေအမြောက်ကားများ ရှိနေခြင်းကပင် Gen-Z လူငယ်များအား ကိုယ်ထိလက်ရောက် ကျုးလွန်ရန် ပစ်မှတ်ထားလာခြင်းပင် ဖြစ်သည်။

    လုံခြုံရေးတပ်ဖွဲ့များ၏ ကားများတွင်
    တရုတ်မှ ထောက်ပံ့ထားသော ‌ထောက်လှမ်းရေး ကင်မရာများ၊ ပိုက်ခေါင်းများစွာပါရှိသော ရေပိုက်များ တပ်ဆင်ထားသည်ကို တွေ့ရသည်၊ ဟောင်ကောင် ဆန္ဒပြသူများကို ဖြိုခွင်းရာတွင်
    အသုံးပြုခဲ့သည့် ပစ္စည်းများနှင့် တပုံစံ
    တည်း ဖြစ်နေသည်။

    ရန်ကုန်ရှိ တရုတ်သံရုံးရှေ့တွင်လည်း ဆန္ဒပြသူများ စုရုံးရောက်ရှိလာကြသည်။
    အတော်များများက ရော်ဘာကျည်ဆံများရေပိုက်များထက်ပို၍ အင်အားအသုံးပြုလာမည့် အရေးကို စိုးရွံ့လျက် ရှိနေကြသည်။ ဖေဖေါ်ဝါရီ ၁၂ ရက်နေ့တွင်
    မင်းအောင်လှိုင်သည် နိုင်ငံတဝှမ်းရှိ အကျဉ်းထောင်များမှ ထောင်သား နှစ်သောင်းကျော်ကို လွှတ်ပေးလိုက်ပြီ ဖြစ်သည်။

    ၎င်းတို့အား ဆန္ဒပြသူများကို နှိမ်နှင်းရာ
    တွင် အသုံးပြုမည်လော၊ သို့တည်းမဟုတ်
    တနိုင်ငံလုံး တွင် ကသောင်းကနင်းများဖြစ်
    အောင် ဖန်တီးမည်လား ဆိုသည်က ရှင်းရှင်းလင်းလင်း ထွက်ပေါ်မလာသေးပေ။
    သို့သော် ထိုကဲ့သို့ ဖြစ်ရပ် များက ၁၉၈၈ တွင် အတိအကျ ဖြစ်လာခဲ့ပြီး ဖြစ်သည်၊ သေချာသည်က အာဏာပိုင်များက ဆန္ဒပြ ခေါင်းဆောင်ဟု ယူဆနေသူများကို ပြစ်မှတ်ထားနေခြင်းပင် ဖြစ်သည်။

    အဖမ်းအဆီးများက NLD အမတ်များ၊ နိုင်ငံရေးသမားများကိုသာမကပဲ အင်တာ
    နက်ကို အန္တရာယ်ကင်းစွာ မည်သို့ အသုံးပြုရမည်ကို လူငယ်များအား သင်
    ကြားပြသနေသူများကိုပါ ပြစ်မှတ်ထား
    လာကြသည်။

    ထိုအထဲတွင် အထင်ရှားဆုံး က စစ်ကိုင်းတိုင်း ဒေသကြီး ကွန်ပြူတာ ပညာရှင်များ အသင်းဥက္ကဌ ဖြစ်သူ ကိုဇော်သူရိန်ထွန်းပင် ဖြစ်သည်။ ၎င်းသည်ထင်ရှားသော တက်ကြွလှုပ်ရှားသူ တဦးလည်း ဖြစ်သည်။ သို့သော် အိမ်နီးချင်းများ နှင့် ဆွေမျိုးများ အကူအညီဖြင့် တိမ်းရှောင်သွားနိုင်ခဲ့သည်။

    လက်ရှိတွင် နိုင်ငံရေး အကျဉ်းသားများ
    အကူအညီပေးရေး အဖွဲ့၏ စာရင်းအရ
    ဖမ်းဆီးခံထားရသူ အနည်းဆုံး ၂၀၀ ခန့်
    ရှိနေပြီ ဖြစ်သည်။

    ယခုအချိန်အထိတော့ အာဏာသိမ်းအဖွဲ့
    သည် ဆန္ဒပြမှုများကို နှိမ်နှင်းရန် ရဲတပ်ဖွဲ့ဝင်များကိုသာ‌ စေလွှတ်ထားဆဲဖြစ်သည်။
    ၎င်းတို့နှင့် မအောင်မြင်ပါက ထိခိုက်သေ
    ကြေရန် အင်အား အသုံးမပြုဟု အတတ်
    မပြောနိုင်ပေ၊ ထိုသို့ ဖြစ်လာခဲ့လျင်လည်း
    ၁၉၈၈ နှင့် ၂၀၀၇ များကလို ဖြစ်လာမည်
    တော့ မဟုတ်ပေ။

    ၁၉၈၈ တွင် ၎င်းတို့ သတ်ဖြတ်နေသည့်
    မြင်ကွင်းများကို မှတ်တမ်းတင်နိုင်ခဲ့သည့်
    ဓါတ်ပုံသမား အနည်းငယ်မျှသာ ရှိခဲ့သည်။
    ရိုက်ကူးခဲ့သော ဖလင်လိပ်များကိုလည်း
    ထိုင်းသို့ ခိုးကြောင်ခိုးဝှက် သယ်ယူကာ
    ကူးဆေးခဲ့ရသည်၊ ၂၀၀၇ တွင် မြန်မာ၌
    အင်တာနက် အသုံးပြုနေပြီ ဖြစ်သော်လည်း မီဒီယာကို အမှောင်ချထားခဲ့
    မှုကြောင့် အကန့်အသတ်နှင့်သာ သုံး၍ရ
    သေးသည်။ အချို့ကိုသာ ပြင်ပကမ္ဘာသို့
    ပို့ပေးနိုင်ခဲ့သည်။

    ယခုအခါတွင်တော့ စစ်တပ်မှ သွေးထွက်
    သံယို ဖြစ်အောင် ပြစ်ခတ်လာပါက အသေးစိတ်ကို စနစ်တကျ မှတ်တမ်းတင်
    နိုင်ယုံတွင်မက ပြင်ပကမ္ဘာသို့ ချက်ခြင်း
    လို ပျံ့နှံ့သွားအောင် စွမ်းဆောင်နိုင်တော့
    မည်လည်း ဖြစ်သည်။ မင်းအောင်လှိုင်နှင့်
    အပေါင်းအပါ ဗိုလ်ချုပ်ကြီးများအဖို့က
    ၎င်းတို့၏ အထက်လူကြီးများကို ရင်ဆိုင်
    စရာ မလိုသော်လည်း တစုတစည်းတည်း
    ဖြစ်လာသော Gen-Z မျိုးဆက်သစ်များ
    နှင့် အနိုင်ကျဲကြရပေတော့မည်။

    (၂၀၂၁ ဖေဖေါ်ဝါရီ ၁၂ ရက်နေ့ Asia Times တွင်ပါရှိသော ဘာတန်လစ်တနာ၏ "Myanmar generals blindsided by Gen Z protest" ဆောင်းပါးကို ပြန်ဆိုသည်)
    #creadit:Hla Soe Wai


    The webpage at https://minsetwaibooks.wordpress.com/2021/01/24/313/?preview=true could be loaded because:
    net::LOADED_CONNECTION_CONNECTED

    Monday, January 25, 2021

    အလင်းမဲ့

    အလင်းမဲ့

    ရင်ထဲက အသံမဲ့ဗေဒ
    နာကျည်းစဖွယ်အတိတ်များနဲ့
    ပစ်ပေါ်က်ခံခဲ့ရ အလင်းတစ်စခမျ
    ရုပ်ပိုင်းဆိုင်ရာ တုန့်ပြန်မူများမှာ မသိစိတ်၏ မောင်းနှင်းအားများလျော့ကျ
    နုံချာသွားသော အဖြစ်သနစ်မှာ မသတီစရာကောင်းသော အရိပ်မည်းများလည်း
    ညကန့်လန့်ကာနောက်မှာ အကြမ်းဖက်ခံရပြီး အကျဉ်းကျ အရင်လိုမဖြစ်ချင်ခဲ့သမျှ ကတ်သီးကတ်သပ် ဆုတောင်းအခါခါရှိရ ခိုးလို့ခုလု ဖြစ်ခဲ့ရသမျှ အကြောင်းမရှိ အကြောင်းရှာကြည့်ပြန်ရ တစ်ချို့တစ်လေတွေက အသစ် အသစ်တွေက အတင်းအကျပ် နားလည်မူပေးသမျှတွေက
    နှလုံးသား အနုကြမ်းစီးခံရခြင်းတွေက
    ပုံသေနည်းဆန်စွာ အမြတ်ထုတ်ခံရခြင်းတွေက နေဝင်ချိန် အထူးပြုထားသော ယဉ်ကျေးမူမဲ့လွန်းသည့် 
    ငါ့ဘဝ ညတိုင်း ငါ့မှာ ယုယသိမ်းဆည်းရတာ ပန်းတွေ ပွင့်နေသလိုလို လိပ်ပြာတွေ ပျံဝဲနေသလိုလိုနဲ့ အမှောင်ထဲ နောက်ထပ် မိုးစင်စင်လင်းမူမဲ့နေလည်း ရခဲ့ပြီ အလင်းတွေလည်း ရုတ်ရုတ်သဲသဲကို ထွက်ပြေးသွားခဲ့ကြတာ သိခဲ့ပြီ 
    ငါ့မှာသာ ဒါပေမယ့် ကြေကွဲစို့နင့်နေရတဲ့ အမှောင်မှတ်တမ်းနဲ့ ငါမမြင်ခဲ့ဘူးလို့ 
    ငါပြန်လှည့်စားနေတဲ့ ကမ္ဘာတစ်ခြမ်းထဲမှာ မိုးရွာပြီးစထွက်တဲ့ သက်တန့်နဲ့နိူင်းပြလို့ရတာက 
    အမှောင်ဟာလည်း နေတတ်တော့လည်း 
    နေပျော်ဖို့ ရှိနိူင်တာပဲမို့ပါ။ 
    • Jan10.2021 
    • Minsetwai 
    • ညကဗျာနှင့်အထီးကျန်အက်ဆေးများ-7

    Sunday, January 17, 2021

    စိတ်၏အထားအသိုများ

     စိတ်၏အထားအသိုများ



    လောကကြီးရဲ့တရားအရ အမှန်တကယ် လိုအပ်တဲ့အရာကိုသာ ဖြေးဖြေးမှန်မှန်အားထုတ်ရယူခြင်းက ငါ့ဘဝရဲ့ အဓိပ္ပါယ်ကို ပိုလေးနက် စေတယ်ဆိုတာ ငါ စောစောစီးစီး သိခဲ့ရင် ကောင်းမှာ။ ငါ့ ထပ်ပြီး အဆုံးရှုံးမခံနိူင်ပါဘူး။ ငါဟာ အဲဒီစိတ်နဲ့ အတင်းအကျပ်နှစ်ပါးသွားရင်း အချိန်တွေ လုံးပါးပါးခဲ့ရသူပါ။ အတိအကျပြောပြရရင်တော့ ငါ့စိတ်ဟာ အလွန်မှနားလည်ရ ခက်လှလွန်းနေတာပါ။ တစ်ခါတစ်လေမှာ လူတွေနားမလည်နိူင်တဲ့ ငါ့ရဲ့စိတ်ကို ငါကိုယ်တိုင်တောင် နားလည်၇ပြန်ခက်ခဲနေတာလည်း ငါဝန်ခံရမှာပဲ။ တစ်ခါတစ်ခါမှလည်း ငါဟုတ်နေသလိုလို၊ ငါမဟုတ်သလိုလိုနဲ့ အလွန်မှထူးဆန်းတဲ့ သတ္တဝါတစ်ကောင်ပုံ ပေါ်က်နေသလိုလည်း ငါ့ဟာငါ ပြန်ခံစားမိပါတယ်။ ဒါကြောင့်ပဲ ငါဟာ ဒီလို စိတ်ချို့ယွင်းမူ တစ်ခုထဲမှာ ငါ့ကိုယ်ငါ ပြန်ရှာကြည့်နေမိတော့တာပေါ့။ အဲဒီ ရင်းမြစ် အကြောင်းတ၇ားဟာ အလွန်မှ အပုန်းကောင်းတဲ့အ၇ာတစ်ခုလိုမျိုးပဲ။ ငါ ရှာတွေ့ဖို့ ခက်ခဲလွန်းတယ်။ ငါ စွန့်ထားခဲ့မိတဲ့ နံနက်ခင်းတွေထဲမှာလည်း အော်ဟစ်နေတဲ့ ငါ့အသံကို ငါကောင်းကောင်းပြန်ကြားရရင်တောင် ငါဟာ ငါမဟုတ်တော့သလို ထပ်ခံစားကြည့်နေပြန်တယ်။ တစ်ခါတလေကျပြန်တော့လည်း ငြိမ်ငြိမ်လေးထိုင်ပြီး လူဆိုတာ မာနတွေ၊အတ္တတွေနဲ့ ထုဆစ်ထားတဲ့ ဖယောင်းရုပ်တွေပဲလို့ စဉ်းစားကြည့်မိပြန်ရော။ ပြီးရင်တော့ အရာအားလုံး ငါ ဆုံးရှုံးသွားခဲ့ရပြီးပြီပဲလို့ မရေရွတ်ချင်သလိုလိုနဲ့ ငါရွတ်ဆိုနေမိတယ်။ အချိန်တွေ ကြာလာတော့လည်း ငါ့အတ္တကို ငါထမ်းထားရတာ မောလာသလိုလို ခံစားလာရပေါ့။ အဝေးမှာ ပြတ်ကျကျန်ခဲ့ပြီးဖြစ်တဲ့ နေဝင်နေထွက်မရှိသော ရင်ခုန်သံပြတိုက်တစ်ခု၊ ပြီးတော့ အဆုံးမရှိ၊ အစလည်းမရှိတဲ့ ခရီးလေးတစ်ခု ဒါမှမဟုတ် နယ်မြေလေးတစ်ခု ၊ ပြီးတော့ မြို့ရွာဒေသ အမည်များ သိပ်နီးနေသလိုလိုလည်း ပြန်ခံစားလာရပေါ့။ ဒီလို သတိတရဖြစ်မိတာနဲ့ ငြိမ်ငြိမ်လေးထိုင်ပြီး ငါဟာ ညင်သာလွင့်ပါးသွားတဲ့ နှင်းရဲ့ ခြေသံတွေကို နားစွင့်နေခဲ့ရတာပေါ့။ ငါ့အတွက်တော့ အလွန်မှထူးဆန်းတဲ့ နှင်းတွေပေါ့။ သူနဲ့့စကားပြောဖြစ်ခဲ့ရင်တော့ ငါရှာဖွေနေတာဟာ ငါဘေးမှာ ပြန့်ကြဲကျလာသလိုမျိုးကို ဖြစ်လိမ့်မယ်ထင်မိရဲ့။ အထီးကျန်ဝေဒနာဆိုးတွေနဲ့တော့ ငါ ပြန်မအိပ်စက်ချင်လှပါဘူး။ ဘယ်လိုလုပ် အိပ်နိုင်တော့မှာလဲ။ အားအင်ပြတ်တောက်မူတွေနဲ့ ငါဟာ ရေဓာတ်ခမ်းခြောက်နေတဲ့ စမ်းချောင်းအိုတစ်ခုပဲ မှတ်လား။ သစ်ရွက်တစ်ရွက် ဖျတ်ခနဲ ကြွေသွားခဲ့သလိုမျိုးပဲပေါ့ ငါ့ရဲ့ အချိန်ကာလတွေခမျ ပူပင်ခြင်းနဲ့အတူ အားလုံး စုပုံမီးရှို့ဖျက်စီးပစ်လိုက်မှ မျက်နှာစာအသစ်မှာ စိုက်ခင်းတစ်ခု ဖြစ်တည်လာနိူင်မှာ။ ကုစားခြင်းထဲမှာ အဝေးပြေး လမ်းမပေါ်လည်း ငါ ထပ်မလျှောတ်ဖြစ်ခဲ့၊ နာကျင်ခဲ့ရသမျှကို အသေးစိတ် မှတ်တမ်းတင်ဖို့လည်း ငါမလိုလား၊ ပြန်လာမယ်လို့ ပြောခဲ့သူများလည်း ငါမစောင့်မျှော်ချင်တော့။ ငါ ပျက်ကွက်ခဲ့တာတွေအတွက် ငါပျောက်ကွယ်ပေးခဲ့ပြီးပြီမို့ ငါ ထပ်ပြီး ကျိုးကြေနေဖို့ မလိုတော့ဘူး ထင်မိရဲ့လေ။ ဒီထက် ထပ်ဖျော့စရာမရှိတော့တဲ့ မီးခိုးရောင်တိမ်မျှင်တွေလိုမျိုးပဲ၊ ကောင်းကင်တစ်ခုလုံးနဲ့ယှဉ်ရင် ပြောစမှတ် ဖြစ်လောက်တာမှ မဟုတ်တာပဲလေ။ ဒီတော့လည်း တစ်စုံတစ်ရာ ရှာဖွေနေတဲ့ ငါဟာ ရုတ်တရတ် နေရောင်ခြည်ထိုးခံလိုက်ရသလိုမျိုး တဖျောက်ဖျောက်လင်းလက်တဲ့ ခံစားမူကို ရဖို့ မျှော်လင့်ချက် ထားနိူင်ရမှာပေါ့။ ကြမ်းပြင်ပေါ် အရုပ်ကြိုးပြတ်ကနေ ငါ့ခြေထောက်တွေက တာရိုးမရှိတဲ့ မြစ်တစ်စင်းဆီ ချက်ချင်း ငါ့ကိုဆွဲခေါ်ထုတ်သွားကြတာ။ တငြိမ့်ငြိမ့်လေးနဲ့ရယ်။ နွေလို လူတစ်ယောက်အဖြစ်ဟာ လှပနေတဲ့ မေတ္တာ၊ အလင်းရောင်အောက်မှာ ထပ်ပြီး လှပနိူင်စရာ ရှိနိူင်ဦးမှာပဲ။ လူ့ဘ၀ဟာ ခါးတယ်ဆိုတဲ့အကြောင်းတောင် ငါ မေ့ကောင်းမေ့သွားနိူင်သေးတယ်။ တွေ့ ရှိမူအတွတ် ငါဟာ လူသားအသစ်တစ်ယောက်အဖြစ် ပြန်လည်နိူးထလာရတယ်။ ချစ်ခင်မြတ်နိူးမူရဲ့ အဆုံးမှာ ကောင်းကင်ဟာ တစ်နေ့နေ့တော့ သူ့ကျယ်ပြန့်မှုအတိုင်းအတာကြားကနေ မြူနှင်းကို ငါဆီ ဆောင်ယူခဲ့ပေးမှာပဲ။ လွမ်းဆွတ်မှုတွေထဲက ရုန်းကန်ခဲ့ရင်း မီးတောက်တပွင့်က လှပမူပုံစံတစ်မျိုးနဲ့ နောက်ထပ် ကမ္ဘာတစ်ခုမှာ ငါ့ကို ပြန်စီးဆင်းခိုင်းနေသလိုပဲမို့ ငါ့အတွက် တကယ် အတိုင်းထက်အလွန်ပဲလို့ ထင်မိတယ်။ ငါ့ရဲ့ စိတ်ချို့ယွင်းမူကိုတော့ လက်ကျန်အသက်နဲ့ လူတစ်ယောက်လိုမျိုး စစ်မှန်မူရှိတဲ့ အချစ်အကြောင်း တဖွဖွပြောရင်း ငါ့ရဲ့အနားသတ်မျဉ်းတလျှောက်လုံးကို လတစ်စင်းလို ငါ အကြိမ်ကြိမ်လင်းပြလိုက်နိူင်ရင်း ပျောက်ကင်းသွားမယ်ဆိုတာ ငါယုံကြည်မူအသစ်တစ်ခုပဲပေါ့။ 


    1:45AM

    Jan5.2021

    Minsetwai


    ညကဗျာနှင့်အထီးကျန်အက်ဆေးများ-6

    Saturday, January 2, 2021

    သင်းကွဲ၏အပ်ဖျားများ...

     သင်းကွဲ၏အပ်ဖျားများ...


    ငါက သင်းကွဲတစ်ကောင်ပါ လီယိုနက္ခတ်နဲ့ ကောင်မလေးရေ။ ငါလိုသင်းကွဲရဲ့ အထီးကျန်ဆန်ဆန် လမ်းတွေကိုမှ မင်းရဲ့နားလည်ခြင်းတွေက မနက်ခင်းအသစ်စက်စက်တွေလိုမျိုး အနားမှာ ဖူးပွင့်လိုဝေဆာပြနေတာ ငါအံသြရလွန်းတဲ့အရာပဲပေါ့။ ဒီအတွက်ကိုပဲ၊ ငါ စိုးရိမ်ပူပန်နေမိတာပါ။ ငါရဲ့ တွယ်တာမူထဲမှာ မင်းလည်း ထိခိုက်ဒဏ်ရာ မဖြစ်စေရအောင် ငါဘယ်လိုနေထိုင်ဖြစ်တည်နေသင့်သလဲလို့ ငါကိုယ်တိုင် ပြန်စဉ်းစားနေခဲ့ရသူပါ ။




    လီယိုနက္ခတ်နဲ့ ကောင်မလေးရေ..

    တကယ်တော့...ငါ့ဘဝမှာ လိုအပ်တာတွေ အများကြီးရှိနေတာကို မင်းရိပ်စားမိသေးသလား။   ငါက လိုချင်တာ တစ်ခုကို ဇွတ်အတင်းကြိုးစားလေလေ ငါပဲ အမှန်တရားနဲ့ဝေးလေလေ ဖြစ်ခဲ့ရတဲ့ကောင်မျိုးပါ။ ဒါပေမယ့် လောကမှာ တစ်ချို့တစ်ဝက်ကိုတော့ ငါ မှတ်သားဖြစ်ခဲ့မိပါတယ်။ ပြီးတော့ အချစ်မေတ္တာဆိုတာ နှစ်သက်မြတ်နိူးဖွယ်ကောင်းတဲ့ စကားဖြစ်သလို လူတွေ ပေါ့ပေါ့တန်တန်သုံးစွဲတဲ့ စကားလည်း ဖြစ်တယ်လို့ ဆရာဦးအေးမောင်ရဲ့ စိတ်ပညာနှင့်ကိုယ်ကျင့်တရားစာအုပ်မှာလည်း ဖတ်ခဲ့ရပြန်သေးတယ်။ ငါနဲ့ဝေးနေတဲ့ အမှန်တရားကို ငါမတောင့်တလိုသော်လည်း ငါတော့ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်တဲ့စကားမျိုးကိုတော့ ပေါ့ပေါ့တန်တန် မပြောဆိုတတ်တာ အမှန်ပါ။ အဲဒါကပဲ ငါရဲ့ဗီဇလို့ ဆိုနိူင်ပါတယ်လေ။

    မင်းတော့ ငါလို အထီးကျန်ဆန်တဲ့ သင်းကွဲမဖြစ်နိူင်တာ ငါ့မသိစိတ်ထဲထိ အရိုးစွဲနေသလိုကို မြင်ရပါတယ် လီယိုနက္ခတ်နဲ့ ကောင်မလေးရယ်။ ငါနဲ့လူတွေကြားမှာ အရမ်းခက်ခဲတဲ့ကိစ္စကတော့ လတစ်ဦးတစ်ယောက် ယုံကြည်လာစေဖို့အတွက် ယုံကြည်အောင်လုပ်ပြဖို့ဆန္ဒငါ့မှာခေါင်းပါးနေခြင်းပါပဲ။ သူတို့အနေနဲ့ င့ါကို မုန်းမယ်ဆိုလည်း တစ်ဖက်ကမ်းခတ် ရောက်အောင်မုန်းနေပါစေ။ ငါ့အနား မနေချင်လို ထွက်သွားကြမယ်ဆိုရင်လည်း ပြန်လှည့်မလာနိူင်လောက်တဲ့ထိ အဝေးတကာ့ အဝေးဆုံးရောက်အောင် သွားနေကြပါစေ။ ငါတော့ဖြင့် ငါ့ကိုယုံကြည်လာအောင် ဘယ်တော့မှ မလုပ်ပြတတ်တဲ့ကောင်ပါပဲကွယ်။ ဒါဟာ သင်းကွဲတစ်ကောင်ရဲ့ တစ်လွဲမာနလို့ မင်း ယူဆလို့ ရပါတယ်။ ဒါပေမယ့် ငါ့အထီးကျန်ခြင်းတွေနဲ့တော့ မင်းညကို သံယောဇဉ် မဖြစ်ထွန်းစေချင်မိဘူးကွယ်။ ငါ ဘာကိုဆိုလိုမှန်း မင်းသိမှာပါ လီယိုမလေးရယ်။


    ငါဟာ လူငယ်လေးတစ်ယောက်ဘဝကို ကျော်လွန်းလာခဲ့တာ အတော်ကိုကြာပြီပေါ့ လီယိုမလေးရယ်။  ငယ်စဉ်ကတည်းကတော့ မနက်ခင်းတိုင်းမှာ အပူအပင်မဲ့စွာနိူးထလာပြီး ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းသွားဖို့သာ  ငါတွေးနေခဲ့တာပါ။ အခုချိန်မှာတော့ ငါ့အတွက် လူငယ်ဘဝတုန်းက ယုံကြည်မူတွေကို ပြန်လည် တည်ဆောက်ဖို့ဆိုတာ အတော်ကိုမှ ခက်ခဲတဲ့အရာဖြစ်လာခဲ့ပြီလေ။ ငါ့အမှားတွေကို အတတ်နိူင်ဆုံးတော့ ရေစုန်မျှောကြည့်မိပါသေးတယ်။ လုံးဝ ပကတိမသန့်စင်ရင်တောင် အကောင်းဆုံး ထဲက တစ်ခုခုလောက်လေး မျှော်လင့်ရင်း  မိမိကိုယ်မိမိ အာမခံချက်လေး တစ်ခုကို ငါရှာတွေ့လို့ ရှာတွေ့ငြားနဲ့ပေါ့။  ဒါပေမယ့်လည်း ငါ့ဘဝက အချိန်တွေ ကြာမြင့်သွားတဲ့ထိအောင် ဘာမှ ထူးထူးခြားခြားမရှိလာခဲ့သလို ခမ်းခမ်းနားနားလည်း ဘာမှ ထပ်မံ မဖြစ်ပေါ်လာတော့ပါဘူး။ 


    လီယိုနက္ခတ်နဲ့ ကောင်မလေးရေ

    ခွင့်လွှတ်ခြင်းဆိုတာက အချစ်ရဲ့ နောက်ဆုံးသရုပ်ပဲတဲ့။
     Forgiveness is the final form of love.
                 -Reinhold Niebuhr(1892-1971)

    မင်းက ငါ့ကို ဘယ်လောက်ကြာကြာ အကောင်းမြင်နိူင်မှာမို့လဲကွယ်။ အဖြေမရှိ..အဖြေမသိရတဲ့ လူတစ်ယောက်ရဲ့ ရင်ဘတ်ထဲမှာ လူငယ်တစ်ယောက်လို အပူအပင် ကင်းပစ်လိုက်ချင်တဲ့ အတ္တတွေဟာ အရိုးစွဲစေခဲ့ပေမယ့်လည်း ငါ့ရဲ့ဟန်ဆောင်မူတိုင်းဟာ.. တကယ်တော့ ရေရှည်မခံခဲ့တာ အမှန်ပဲပေါ့။ မင်းနဲ့တွေ့တဲ့အခါမှာတော့ ငါခံစားရတာက ရေငတ်နေတဲ့ လူတစ်ယောက် ရေတွင်းကြီးထဲ ပြုတ်ကျသွားသလိုမျိုးကို ခံစားရတယ်။ ငါ့ဘဝမှာ ရေငတ်ခဲ့တဲ့ရက်တွေကို လက်ချိုးရေကြည့်လိုက်တဲ့အခါ သက္ကရာဇ်မနည်းခဲ့ဘူးပဲလေ။ အခု ရေတွေ့ရလို့ ငါ ပျော်ပါတယ်။ အားရဝမ်းသာနဲ့ ခပ်ဖို့ ကြိုးစားချိန်မှာ ရေတွင်းထဲ ငါလိုအမှိုက် ပြုတ်ကျသွားရင် ဘယ်လိုလုပ်မလဲကွယ်။ ဒါကြောင့် မင်းဘက်ကကြည့်မြင်ရင်တော့ ငါဟာ ကြက်ခြေခတ်ကိုခေါ်င်းခုအိပ်၊ မရေရာခြင်းကို လက်မှာကိုင်စွဲလို့ မသေချာခြင်းနဲ့ပေါ်င်းသင်းပြီး လမ်းလျှောတ်ထွက်တတ်တဲ့လူလို့ မြင်မှာပဲ။  အခု ပြန်တည်ဆောက်လိုက်တဲ့ ငါ့အခြေအနေမှာ အသစ်ချွတ်ချွတ် စိတ်အသစ်တွေလည်း ရှိမနေခဲ့ပါဘူး။ ငါ့ အဟောင်းသက်သက်ကသာ ပူးပေါ်င်းပါဝင်လာခဲ့ပြီး မင်းခံစားကြည့်ဖို့ အကောင်းဆုံးအရာ ငါ့မှာ မရှိသလောက်ရှားပါတယ် လီယိုလေးရေ။ ဒါကြောင့် အတိတ်လက်ထဲမှာပဲ ငါ့ဘဝနဲ့ ငါ့ဘာသာ ရှိနေပါစေတော့ကွယ်။ မင်းလည်း မင်းအနာဂတ်နဲ့မင်း သစ်လွင်ဖူးပွင့်ပါစေတော့။


    Jan1.2021

    Minsetwai

    Tuesday, December 15, 2020

    အနာမကျက်တဲ့ပင့်ကူ

     ရဟတ် (ကဗျာစုစည်းမူ)-၁၆

    အနာမကျက်တဲ့ပင့်ကူ

    ***************


    ဖြစ်လာဖို့ အများကြီး ရှိတာကြောင့် 

    ငါကြိုတွေးမိ

    ရေခဲချောင်းတွေ အချိန်တန်တော့ အရည်ပျော်သွားချိန်

    ငါစိတ်က ဓာတ်ခဲလိုသလားတွေးပြီး 

    ပင့်ကူတစ်ကောင်လိုကျင့်

    ဆားမပေါ်က်ဖို့တော့ လိုနေတယ်

    (ကောင်းကောင်း ထိန်းသိမ်းစောင့်ရှောက်ပါ။)

    ၁။ စိတ်အချဉ်ပေါ်က်တိုင်း ပတ်ဝန်းကျင် က နားဒုက္ခရောက်

    ၂။ ပင်အပ်တစ်ချောင်းနဲ့ ကိုယ့်နူတ်ခမ်းကိုယ်ထိုးဖောက်

    ၃။ အိမ်သာထဲမှာ ပင့်ကူတွေ အများကြီးတွေ့တယ်

    ကောင်းပါပြီ။ 

    ငါဟာ ရာသီဥတုနဲ့ ကင်းလွတ်ပြီး 

    အိမ်ယက်ဖောက်ခဲ့...

    သင်ခိုး ကြည့်နေတယ်။ ဖယ်ရှားမကြည့်နိူင်သေးတာကို စိတ်တိုကောင်းတိုမယ်။ 

    ခါးသီးလွန်းတဲ့ကော်ဖီခွက်ထဲ 

    ငါခုန်ဆင်းခဲ့မယ်

    ဆုတောင်းတွေ တသီကြီး ရွတ်ထားပေါ့...။

    ၁။ ငါးစာသည် ဘယ်တော့မှ ငါမဟုတ်

    ၂။ အပျင်းပြေချင် အရုပ်နဲ့ဆော့

    ၃။ ငါ့ကိုကျဆုံးချင်ရင် ငါကိုမေးခွန်းထုတ်

    အရမ်းသေးငယ်တဲ့ မျှော်လင့်ချက်နဲ့တော့ ထောင်ချောက်ကို ခလုတ်မဖြုတ်နဲ့တော့..

    စိတ်တွေ သေအောင်ရွက်လွင့်

    ငါက နံရံမှာ မျှော်လင့်ချက်တွေ ကပ်မယ်

    လာမနမ်းနဲ့ မုသားဟာ 

    ငါ့အစားအစာမဟုတ်တာ သေချာတယ်

    ကဲ..ငါကစောင့်ကြည့်ရမလား 

    ပြော...သင်က စောင့်ကြည့်မလား

    သေသေချာချာတော့တွေး

    ငါက ပင့်ကူတစ်ကောင်တော့ ဖြစ်မယ်..။

    2012

    Minsetwai

    Sunday, November 22, 2020

    မျော

    မျော


    တိုးလျိုပေါ်က်က ချောင်းကြည့်မိတော့ 

    ငါတို့ဟာ..

    ကွင်းပြင်ကြယ်ကြီးတဲ့ ပြေးလွှားနေကြတဲ့ ပုရွက်ဆိတ် တွေလို

    အချိုအဆိမ့်နဲ့ 

    အီတဲ့အရသာတွေကို ပိုက်ထွေးပြီး

    ကိုယ့်အိမ်ကလေးထဲ 

    အိပ်မောကျနေသူတစ်ချို့ 

    စကားစမြည်းပြောကြ..

    ရယ်ကြ၊ ငိုကြ

    နောက်..တံခါးဖွင့်သံကြားမိတဲ့အခါ

    ဝင်လာသူလား၊ ထွက်သွားသူလား 

    နားစွင့်လိုက်မိကြ..

    များပြားထွေပြားတဲ့

    အဖြစ်သနစ်တွေကြား

    မျတ်နှာမွဲမဟုတ်ကြောင်း 

    ကိုယ့်ဂုဏ်ကိုယ်ဖော်လိုက်ကြ

    တကယ်က

    မျောချင်တိုင်းမျောပါနေရတဲ့

    ဇာတ်ကောင်တွေဆိုတာ 

    ဘဝ ဝပ်ကျင်းများက အသိပါ။

    May9.2012

    Minsetwai

    ပြတ်ရှဒဏ်ရာများနှင့်ည

     ပြတ်ရှဒဏ်ရာများနှင့်ည



    သစ်ပင်သေပမာ

    နေရောင်ပျောက်နေခဲ့သော နူတ်ခမ်းများ

    ခိုးထွက်လာလှည့်ပါလား တစ္ဆေရယ်။


    ငါတည်သော

    မီးပြတိုက် ညများ

    ဘဝချင်း ခြားနားပြနေတာတောင်

    အလွမ်းတွေ ထိန်ထိန်လင်းပြဆဲ။ 


    လွမ်းဓာတ်ခံနေရသော ပင်လယ်

    အပူမိ ပိုးဖလံတောင်ပံမဲ့ရသလို

    လှိုင်းတွေထဲ တဖျပ်ဖျပ်လူးပြ

    မျက်ရည်စို့ရပါသော ဂီတ။


     ခေါ်င်မြီးခြုံထားတဲ့ လင်းနို့များ

     ညနေစိမ်းလေး မရှိတော့လို့

     အသိညဏ်မဲ့တဲ့ထိကို ငိုယို။

     

    ဌက်တေလေ လ

    ချောင်းကြည့်ပေါ်က်နားက မခွာ

    အိပ်ချင်ယောင်ဆောင်ကာ လွမ်းပျပျ

    အာရုဏ်ကြောက်နေရှာသော ည့ဉ်များ


    ဒီလိုနဲ့ အချိန်စျာပန

    တစ္ဆေမလေးရယ် မေ့ရက်သွား

    သင် ကိုယ်ထင်မပြ

    မနိူးထခဲ့တဲ့ ညဟာ

    နှလုံးသား ပြတ်ရှဒဏ်ရာနဲ့

    လဲလျောင်းအိပ်စက်သွားရသော ငါနဲ့။


    Oct2.2020

    Minsetwai

    ညကဗျာ နှင့် အထီးကျန်အက်ဆေး-၁

    Sunday, November 15, 2020

    White Clouds

    White Clouds…


    White Clouds…

    If i die 

    May you continue to shine

    Like a star in my universe

    Because you

    Is my world , my moon, my star and planet. 











    White Clouds…

    If i die

    I want to be Closest to your universe

    Let it happen again like Epsilon Eridani

    Because I want to reconnect

    With some of your kindness. 


    White Clouds…

    If i die

    When i become a supernova

    You are add fuel to the flame

    Encourage me like that

    Until i became a White Dwarf. 


    White Clouds…

    In the truth of my like

    Pencil scratches in your painting

    Event those things couldn't be forgetten

    In my mind

    When i finally die

    In my dealth

    Let me take your name to my heart

    When i was born again

    With your name, my love will live again

    In the wonderful universe

    And to your paintings

    With a loving heart

    Let's paint together. 


    White Clouds…

    If i die

    Do not think

    That my heart and my memory

    Will die too

    In many of my existance

    I will always carry your image

    But i need one

    That's just some of your kindness.

     

    THE END

    Nov15.2020

    Minsetwai

    Friday, November 13, 2020

    I want to be a robot-2

    I want to be a robot -2


    If only i were an insensitive robot

    Them my life will be better

    When that did not happen,

    I peeked through the peep-hole

    Lips, eyes and blood vessles

    From the pain and suffering the forest

    After i couldn't take care myself

    I am with heavy burdens. 










    If only i were a painless robot

    Then my life will be better

    When that did not happen,

    It invades my sense

    Love, feel and pain

    In the dark days of misconceptions

    I am with irreversible love. 


    If only i were a ruthless robot

    Then my life will be better

    When that did not happen,

    I drank alcohol everyday

    Numbness, dizziness and dissatisfaction

    In the dishonest life of an demon

    After stealing myself

    I am with meaningless tomorrows. 


    Nov11.2020

    Minsetwai

    I want to be a robot

    I want to be a robot 










    I want to be a robot

    Living with abominable values of human beings

    Duties and benefits

    After learning through bindings such as

    Behind the scenes with empathy

    fists clinging silently

    I did not dare to fight again

    Living by their orders

    Going to the place indicated by them

    In my desires and thoughts

    Really,

    I want to be a robot.


    My brain is forever numb

    I want to keep it out forever

    Their empathy was lacking

    My heart is asleep forever

    In the source of people's minds

    By the hiding of man living ago

    I want a maching for them

    Everyday,i would work non stop

    Really,

    I want to be a robot.


    I want to tell my father about it

    And then

    I also want to tell the sea

    I also want to tell the horizon

    I also want to tell the ants

    That are carrying food

    Really,

    I want to be a robot.


    Sep23.2020

    Minsetwai

    Wednesday, November 11, 2020

    ငါ့ကိုယ်ငါ ခတ်ခဲ့တဲ့ လက်ထိတ်

    ငါ့ကိုယ်ငါ ခတ်ခဲ့တဲ့ လက်ထိတ်


    ကိုယ်ရဲ့စိတ္တဇ ကုတ်ခြစ်ရာတွေနဲ့ 

    မင်းရဲ့နာမည်တွေ အရာထင်နေလိမ့်မယ် 

    ပူစီဖောင်းလို ရုတ်တရတ်ထပွက်လာတဲ့ စိတ်ကူးထဲ 

    ကိုယ့်အတ္တကို လက်နက်ချလိုက်တယ်...

    ဘုရင်မလေးရယ်..ငါကိုခေါစာမပစ်ပါလိုက်ပါနဲ့ 

    အမှောင်ထဲမှာ တီးတိုးသံတစ်ချို့ ကျကွဲသွားတယ် 

    မင်းမျက်မှန်လေးကို အဟောင်းတွေကြားမှာရှာရင်

    ဟော့..မင်းနှုတ်ခမ်းထက်ကမှဲ့က ငါ့လှောင်ပြုံးနေခဲ့တယ်။




    အေးကွယ်..

    မင်းမြှောက်မှ ဘုရင်ဖြစ်မယ့် ငါက

    မင်းကြိုက်တဲ့ စတော်ဘယ်ရီသီးတွေနဲ့ 

    အလွမ်းတွေ လှိုင်လှိုင်ဝေရင်း

    ရင်ဘတ်ပေါ် ပင့်ကူတက်လာသလို

    ငါ တိုးတိုးတိတ်တိတ် မျိုချ..

    မင်းဖြစ်ချင်တဲ့ ဘုရင်မက

    ငါ့ဘဝနဲ့မှ မဟုတ်တော့တာပဲ

    ခုတော့ ငါသိတာပေါ့

    ငါလိုနိမ့်တဲ့သစ်ပင်လည်း လေဒဏ်ခံခဲ့ရပြီ

    မာန=ဆူးတွေမှာ 

    ရင်ဘတ်ကအနာတွေ သွေးစက်စက်ယိုခဲ့ပြီ

    အိပ်ဆေးခွက်တို့နဲ့ပဲ အိပ်ရေးပျက်နေခဲ့ပြီလေ။

    ဘုရင်မလေးရေ..

    ကန္တရပင်တွေမှာ ဆူးတွေရှိသတဲ့လား

    ငါ ဆူးသင့်ခဲ့သူပါကွယ်..

    အခု..

    မင်းက အိပ်မက်ထဲလည်း ရောက်မလာချင်တော့ဘူးဆိုတော့

    လက်ကမ်းကြိုရသူ ငါမှာ

    ကယောင်ကတမ်းနဲ့ လွင်တီးခေါင်လို

    နွေကျဲကျဲတစ်ခုဟာ 

    ရင်ဘတ်ကိုမှ တစ္ဆေခြောက်ရတယ်လို့။

    ကြောက်လွန်းလို့ ငါလေ

    မင်းအရိပ်လေးထဲ..ပုန်းနေခဲ့မိတယ်

    မင်းအတွက်ရေးတဲ့ကဗျာရယ်

    မင်းအတွက်ရေးတဲ့ စာတွေရယ်က

    သဲလွန်စ ပေးနေလိုက်ကြပုံများ

    ငါ အချစ်တို့နဲ့ ကမ္ဘ္ဘာတည်သလိုလို..။


    March1.2017

    Minsetwai

    ရှင်သန်လိုခြင်းအတွက် ရေးဖြစ်တဲ့ သေတမ်းစာ

    ရှင်သန်လိုခြင်းအတွက် ရေးဖြစ်တဲ့ သေတမ်းစာ


    ၁။ ။

    ဒီရေခဲမြစ်ကလေးနဲ့....

    ဒီအနာဂတ်ကြယ်ကလေး

    အတွက် ..

    ကျောရိုးတစ်လျှောတ် 

    နာကျင်ကိုက်ခဲခြင်းတွေနဲ့...

    ပျင်းရိလေးတွဲ့မနက်ဖြန်တွေကို

    ငါ

    ပြန်သယ်ထုတ်ယူသွားရချိန်....။ 


    ၂။ ခံစားထုဆစ်ခဲ့မိတယ်

     ကြယ်တွေ၊ လတွေ

    သေချင်စော်နံသူတစ်ဦးရဲ့ 

    အဝေးမှာ 

    ထိန်ထိန်လင်းကြပါစေ...

    မုန်တိုင်းပျော် 

    ဇင်ယော်ဌက်တွေရဲ့

    မိသားစုဘဝဆိုတာမျိုးတွေ 

    တဖြည်းဖြည်းချင်း 

    ဖြေလျော့ပေးလိုက်ရတဲ့နောက်

    မြက်ခင်းရောင် 

    အခန်းလေးထဲက

    တီတီတာတာကလေး

    ငယ်တစ်ဦး

    စိတ်ကူးထဲထိ 

    လာလာ အမြစ်တူးဆဲပဲလေ..17.။


    ၃။ ဒီနေ့က ၆လသားတစ်ဦး

    ဘာလုပ်နေမှန်း မသိရတဲ့နေ့

    အရင်တုန်းကလည်း မသိရ

    နောင်လည်းမသိရ

    ဘယ်တော့မှ 

    ဘာဆိုဘာမှ သိခွင့်မရ

    နေဝင်ဆည်းဆာအလှတွေ

    ပျောက်ချင်းမလှ

     ပျောက်ဆုံးနေခဲ့ရတဲ့နေ့တွေ။ ။


    ၄။ ။ ဟော့..ဟိုးကဝရံတာမှာ 

    ချစ်စဖွယ်ကလေး

    ဟော့...ဟိုးမှာ စက်ဘီး

    အနီရဲရဲလေး

    ဟော့..ဟိုးမှာ သားတွေကို 

    ချီပိုးထားတဲ့ 

    စိတ်ဓာတ်မာတဲ့ ဖခင်တွေရဲ့ 

    အပြုံးလေးတွေ

    စောင့်ကြည်အသက်ငင်နေတဲ့ 

    ဂီတာဖြူလေးထဲက

    နေတိုးရဲ့

    လရောင်ချော့တေးလေး 

    ထပ်မံ အသက်ဝင်စေ

    ချင်မိပြန်သေးတယ်။ 


    ၅။ ပြောပြချင်တဲ့ စကားတွေဟာ

    ထိုးကြိတ်ပြီးထည့်လဲ

     နောက်ဆုံးတွေနဲ့အမျှင်တန်း

    ဆုတ်ကိုင်ထားချင်ခဲ့တဲ့ 

    ဟော့ဒီ..လက်မှာ

    နာကြင်မှာစိုးတဲ့

     သောကဝေဒနာတွေနဲ့

    မာန်လျော့လို့ 

    ပျင်းရိတုန့်ဆိုင်းသဏ္ဍာန်နဲ့အတူ

    သေတမ်းစာတွေ

    အကြိမ်ကြိမ် ရေးနေခဲ့မိတယ်..။


    ၆။ ပျော်ရွှင်မူရဲ့ 

    အသံထွက်ဆိုခြင်းမှာ

    ငါ့စိတ်အာရုံသိမြင်မူက 

    ချင့်ချိန်ဥပမာ မဲ့နေခဲ့ပြီပဲ

    စိတ်....တဲ့

    ကွင်းစ ကွင်းပိတ်လေးထဲ

    (.............................)

    ငါ့ကိုယ်ငါ 

    လှောင်ပိတ်ခံထားလိုက်မိတယ်။ 


    ၇။ ဥပဏ္ခောပြုထား

    လိုက်သူတွေရဲ့ နောက်ကွယ်

    ဖယောင်းမီးလေး လေမခဖို့

    တုန်တုန်ရီရီလက်တွေနဲ့

    စွမ်းသလောက် 

    ကာကွယ်ပေးချင်သေးလည်း

    နတ်ဆိုးတွေက 

    ဆုတောင်းမပြည့်အောင်

    ဝိုင်းဝန်းလို့ ငါ့ကို

    ကမကထပြုပေးကြပြန်တယ်။ 


    ၈။ ကလေးငယ်တစ်ဦးရဲ့ 

    အသက်ရှင်သန်မူထဲမှာ

    စေတနာ၊မေတ္တာရဲ့ 

    လှည့်ဖျားမူကြီးစိုးပြီး

    အမှန်တရားကို 

    သဲလွန်စဖျောက်ချင်ကြပုံက

    သြချရလောက်အောင် 

    စိတ်ကုန်လိုက်ချင်လည်း

    သြော်..ဒါ.. ကလေးငယ်လေးရဲ့အနာဂတ်အတွက်

    ဆုံးဖြတ်ချက်ချမူတွေပဲလေဆိုပြီး

    သမိုင်းရေးသူတွေအပေါ် 

    ဘာကြောင့်အမှန် 

    မရေးတာလဲလို့

    စော်ဒက

     ပြန်တတ်ချင်မိသေးတယ်။

    (ငဲ့ညှာမူအကြောင်းတရားထဲမှာ ငါမပါ၊ သူမပါ၊ မည်သူ၊ မည်သူမျှ ပါဝင်ပက်သက်ခြင်း မရှိပါ။)


    ၉။ ဘာဖြစ်ဖြစ်..အခုငါက

    ကြိုးဆွဲသူမဲ့သွားတဲ့...

    ရုပ်သေးပျက်

    ခြေချော်လက်ချော် ပစ္စူပ္ပန်ထဲမှာ

    သက်ဝင်မူမဲ့သွားရပြီး...ပဲ

    ဖုန်းကလေးထဲက 

    ကမ္ဘာတစ်ခြမ်းက အတိတ်ကို

    ခိုးခိုးကြည့်နေ ရုံပဲ

    အဖတ်တင် ကျန်ရစ်တယ်။ 


    ၁၀။ အစစ်အမှန်မဟုတ်တဲ့ 

    စိတ်ကူး ကျောက်စရစ်လေးတွေ

    တသီးတသန့် 

    ပွင့်ဝေပေးနေကြတဲ့ 

    အနတ်ရောင် 

    စံပယ်ပန်းလေး..တွေ

    ငါနဲ့ အချိန်ကြာမြင့်စွာ

    မတည်ရှိပေးနိူင်ဘူးဆိုတဲ့

    မျက်ခုံးထူထူကလေး..

    ဖအေမတူဘူးလို့ .

    အကြောက်အကန်း

    ငြင်းဆန်ခံထားရတဲ့ ကလေး

    ငါ့နှလုံးထဲမှာ သွေးကြောတွေ

    ပိတ်ဆို့သွားရင်တော့ 

    ကောင်းမယ်ကွယ်။


    ၁၁။ အခု ပုံထဲမှာ

    ၆လသားကလေးက

     ပြုံးရယ်နေတယ်

    ငါ့ရင်ဘတ်ထဲမှာလည်း 

    နတ်နတ်နဲနဲ 

    လိုက်လံပြုံးရယ်နေဖြစ်တယ်

    အတူတူပြုံးပေမယ့်

    အပြုံးချင်းတွေ အတူတူ

    မဆုံကြဘူး..

    မဆုံမူထဲမှာ သေချာတာ 

    တစ်ခုလေးပဲ ရှိနေမယ်....။ 


    ၁၂။ ပြုံးရယ်ခြင်းထဲမှာ

    (အစစ်အမှန်)

    ငြိမ်ချမ်းသောပန်းတွေ ပွင့်ဖို့

    ထွန်ယက်စိုက်ပျိုးခြင်းတွေပဲ 

    ရှိတယ်..

    ဒီအရှိတရားကို ..

    ကျေနပ်စွာ ယုံကြည် 

    လက်ခံပေးဖို့ဆိုတာ

    စိတ်ပိုင်းဆိုင်ရာ 

    လွတ်မြောက်ပေါ့ပါးဖို့

    အတွက်သက်သက်ပဲလို့

    သေတမ်းစာရဲ့အောက်မှာ

    သေတမ်းစာကို 

    ပြန်လည်ရုတ်သိမ်းလိုကြောင်း

    ယှဉ်တွဲလို့ 

    အတူတူ ရေးထားတယ်

    ဒီ foot Noteကို 

    သူတို့ အရင်ဖတ်ကြည့်ဖို့တော့လိုတယ်ကွယ်..။


    May 17,2019

    Minsetwai 


    ဒီကဗျာက 

    ရဟတ်(ကဗျာစုစည်းမူ)ရဲ့

     နောက်ဆုံးကဗျာပါပဲ။ 

    ကျွန်တော်ကဗျာတွေကို 

    ဖတ်ရှုပေးကြတဲ့ 

    ကျွန်တော်သူ့ငယ်ချင်းအားလုံးကို ကျွန်တော်ကျေးဇူးတင်လျှက် ရှိနေပါ့မယ်။ အားလုံးကျန်းမာ၊ ချမ်းသာကြပါစေခင်ဗျ။

    Tuesday, November 3, 2020

    Number-4

    Number4


    ဒီ၄ဂဏန်းမှာတော့ ၄ရက်နေ့မွေးသူ၊၁၃ရက်နေ့ မွေးသူ၊ ၂၂ရက်နေ့ မွေးသူ၊ ၃၁ရက်နေ့မွေးသူ၊ အမည်ဂဏန်း ၄ ရသူ၊  ဘဝ၏ ကံကြမ္မာဂဏန်း၄ ရသူများသာမက အခြား ၄နဲ့သက်ဆိုင်သမျှများကို စုစည်းဖော်ပြပေးပါမည်။ 


    နံပါတ်၄သည် ယူရေးနပ်စ်ဂြိုလ်ကို ကိုယ်စားပြုပေးသော နံပါတ်ဖြစ်သည်။ လူအများစုက ၄ကို ကံမကောင်းစေသောနံပါတ်တစ်ခုအဖြစ် သတ်မှတ်ထားသော်လည်း တရုတ်တို့ကမူ ၄ကို ကံကောင်းခြင်းနံပါတ်တစ်ခုအဖြစ် သတ်မှတ်ကြသည်။ ယင်းဂဏန်းသည် ရုပ်ဝထ္ထူများနှင့် သက်ဆိုင်နေပြီး ခိုင်မာတောင့်တင်းမူများကိုလည်း ကိုယ်စားပြုသည်။ စရိုက်လက္ခဏာအားဖြင့် နံပါတ်၄သည် အခြေခံအုတ်မြစ်ချခြင်း၊ စိတ်အားထက်သန်ခြင်း၊ အားစိုက်ထုတ်တတ်ခြင်း၊ တည်ငြိမ်လေးနတ်မူရှိတတ်ခြင်း၊ အခွင့်အာဏာရရှိခြင်းတို့နှင့် ပတ်သက်သည်။ ယင်းဂဏန်း၏ သဘောမှာမူ ရန်မလိုသော်လည်း အများနှင့် အစစအရာရာ ဆန့်ကျင့်နေတတ်ခြင်း၊ မကောင်းကြံသော ရန်သူများစွာ ရှိတတ်ခြင်းနှင့် အစဉ်အလာ စည်းကမ်း ဥပဒေတို့ကို ပြုပြင်ပြောင်းလဲလိုကြသူများဖြစ်သည်။ ၎င်းတို့၏စရိုက်အရ အာဏာကိုဖီဆန်၍ အုပ်ချုပ်ခြင်းအသစ်၊ မင်းအသစ်ကို လိုလားကြ၏။ တိုင်းပြည်ရေးရာကိစ္စများတွင် ဝါသနာပါ၏။ အယူအဆမှာ positiveဖြစ်ရမည်။ မဖြစ်မနေရဆိုသော စိတ်မျိုးရှိကြသည်။ 


    ဆိုရလျှင် ၄သမားအများစုတွင် ခေါ်င်းမာခြင်း တဇွတ်ထိုးလုပ်တတ်ခြင်း ၊ ပြန်မပြော နားမထောင်ခြင်း၊ ကိုယ်ထင်ရာကိုယ်စိုင်းခြင်း၊ ချုပ်ကိုင်မူကို မလိုလားခြင်း စသော အကျင့်စရိုက်များ ရှိတတ်ကြသည်။ ထိုအတူ တိုးတတ်သော အယူအဆများ ရှိကြပါသည်။ သူတို့သည်  ဟောင်းနွမ်းနေသော အတွေးအခေါ်အယူအဆများနှင့် လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်၍ အသစ်အဆန်းကိုလက်ခံရန် ဝန်မလေးသူများ ဖြစ်သောကြောင့် ခေတ်ရေစီးကြောင်းနှင့် အလိုက်သင့်ကူးပြောင်းနိူင်စွမ်းရှိကြပြန်သည်။ 

    ၄ဂဏန်းသမားများသည် စည်းမျဉ်းစည်းကမ်းများကို ရေးဆွဲလေ့ရှိပြီး တစ်ချိန်တည်းမှာပင် အရာအားလုံးသေချာအောင်လုပ်ဆောင်တတ်ကြသည်။ ပရမ်းပတာ လုပ်ဆောင်ခြင်းကိုလည်း မုန်းတီးတတ်ကြသည်။ အခြေအနေတစ်ခုခုသည် သူတို့ကို ထိန်းချုပ်ထားသလို ခံစားကြရသောအခါ သူတို့သည် အဆင်မပြေမူကို ပြင်းထန်စွာ ခံစားတတ်ကြသည်။ မကြာခဏအားဖြင့်မူ သူတို့ရည်ရွယ်ထားသောအရာကို သူတို့၏ ဇွဲရှိမူကြောင့် ရရှိတတ်ကြသည်။ ထိုသို့ သူတို့စိတ်ထဲကအတိုင်း တစ်ခုခုကို အောင်မြင်အောင် လုပ်ဆောင်နိူင်သည့်အခါ သူတို့ အလွန် ပျော်ရွှင်ကြည်နူးတတ်ကြသည်။ သူတို့သည် အလွန်သိလွယ်၊တတ်လွယ်ကြပြီး တစ်ထွာပြလျှင် တစ်လံမြင်သူများ ဖြစ်ကြသည်။ ထိုအပြင် အကင်းပါးကြ၏။ 


    သို့သော်လည်း အချို့ လေးဂဏန်းပိုင်ရှင်များမှာ စိတ်ဓာတ်ခိုင်မာမူမရှိ၊ အပြောင်းအလဲ မြန်သူများဟု အပြောခံကြရတတ်သည်။ အမှန်စင်စစ် ထိုသို့ဖြစ်ရခြင်း၏ အဓိက ကြောင်းရင်းမှာ သူတို့၏ စိတ်နေစိတ်ထားမှာ သိရခက်လှသောကြောင့် ဖြစ်သည်။ ထိုကြောင့်လည်း သူတို့တွင် အများစုမှာ မိတ်ဆွေနည်းပါးကြကုန်သည်။ ၄ဂဏန်းအမျိုးသမီးများမှာမူ အားသာချက်တစ်ခုအနေဖြင့် ချွေတာ၍ လက်တွေ့ကျကျလုပ်ဆောင်တတ်ကြသည်။ အချို့အမျိုးသမီးများကမူ အချိန်ဆွဲပြီး အလုပ်လုပ်တတ်ကြသည်လည်း ရှိ၏။ မည်သို့ဖြစ်ဖြစ် ယင်းတို့တွင် မဖြစ်မနေစိတ်မျိုး ရှိကြသော်လည်း ရည်မှန်းချက် ပျက်ပြယ်ခြင်း၊ အောင်မြင်သော်လည်း အကျိုးမခံစားရခြင်း ၊ အပြိုင်အဆိုင်များခြင်း စသကဲ့သို့ အခြေအနေများကို ကြုံရတတ်ပြန်သည်။ အချို့သော ကိစ္စရပ်များတွင်လည်း သူတို့သည် အရာရာတိုင်းအပေါ် လေးလေးနတ်နတ်ရှုမြင်ပြီး ချဉ်းကပ်နေတတ်ကြသောကြောင့် ဘဝတွင်ပျော်စရာအချိန်များကို လက်လွှတ်ဆုံးရှုံးနေတတ်ကြသည်။ 

    အထူးသဖြင့် ၄ဂဏန်းသမားတို့သည် အစဉ်လိုလိုပင် အများနှင့်သဘောထားအယူအဆများ ကွဲလွဲနေတတ်ကြသည့်အပြင် ဆန့်ကျင်ဘက်များကို ပြုလုပ်တတ်ကြသောကြောင့် အငြင်းဟွးမူ၊ အတိုက်အခံဖြစ်မူများကြောင့် ရန်သူများရှိလာတတ်ကြသည်။ ထိုအတူ အရာရာကို အများတကာနှင့် ခြားနားစွာ ရူမြင်တတ်ခြင်းမှာလည်း ယင်းတို့၏ပြဿနာဖြစ်နေခဲ့သည်။ အခြားသောလူတစ်ဦးတစ်ယောက်သည် သူတို့နှင့် မမြင်၊ အယူအဆနှင့်သဘောထားများ သဟဇာတ မဖြစ်သောအခါ ထိုတစ်ဦးတစ်ယောက်အား ညှီနိူင်းမူပြုလုပ်ဖို့ကို သူတို့မကြိုးစားတတ်ကြပေ။ ထိုကြောင့်ပင် သူတို့၏ လုပ်ငန်းဆောင်တာများမှာ အထစ်အငေါ့ ဖြစ်ရခြင်း ၊ အတားအဆီးရှိခြင်း ၊ အပြောအဆို ခံရခြင်း၊  ဂုဏ်သိက္ခာ ကျခြင်း၊ စကားများရခြင်း၊ လုပ်ငန်းများ ပိတ်ဆို့ခြင်း၊ တော်လှန်ခံရခြင်းတို့နှင့် အဆင်မပြေဖြစ်ရခြင်းများကို ကြုံတွေ့ကြရသည်။ အဓိကအကြောင်းရင်းကမူ သူတို့၏ ခေါ်င်းမာသော အကျင့်စရိုက်ကြောင့်ပင် ဖြစ်သည်။ ထိုသို့ အဆင်မပြေသော အခြေအနေမျိုး၌ ၄သမားတို့သည် မိမိ၏ ချို့ယွင်းချက်များအပေါ်တွင် စိတ်ထိခိုက်ခံစားလွယ်ပြီး အလွန်အမင်း ခံစားနေတတ်ကြသူများလည်း ဖြစ်သည်။ ၎င်းတို့ အများစုသည် စိတ်ထိခိုက်ခံစားလွယ်ပြီး အလွယ်တကူ စိတ်ဆင်းရဲတတ်ခြင်း၊ အထီးကျန်အဖော်မဲ့သည်ဟု တွေးမြင်ခံစားတတ်ခြင်း ၊ စိတ်ညစ်လွယ်ခြင်းတို့ကို လက်ကိုင်ထားတတ်ကြ၏။ထို၄ဂဏန်းသမားတို့သည် တစ်ရွာမပြောင်း ၊ သူကောင်းမဖြစ်ဆိုသလိုပင် မိမိဇာတိမြို့တွင် အဆင်မပြေတတ်ကြဘဲ မြို့ကြီး၊ပြကြီးနှင့် နိူင်ငံခြားများသို့ သွားရောက်အလုပ်လုပ်ကိုင်သောအခါမှသာ အဆင်ပြေကြသည်ကလည်း ပိုများပြားပါသည်။ 


    ၄ရက်နေ့မွေးသူများကမူ တစ်ခါတစ်ရံ  ရှေးရိုးဆန်နေတတ်ကြသူများ ဖြစ်သည်။ ယင်းတို့သည် စိတ်ဓာတ်ပိုင်းဆိုင်ရာတွင် စိတ်ဓာတ်တည်ကြည်ပြီး စည်းစနစ်ကျကျနှင့် ပီပီပြင်ပြင် လုပ်ဆောင်တတ်သူများ ဖြစ်သည်။ တာဝန်နှင့်ဝတ္တရားအပေါ် ခေါ်င်းရှောင်မနေဘဲ လျှင်မြန်စွာပြီးမြောက်အောင် ကြိုးစားလုပ်ကိုင်လိုစိတ်ရှိကြသည်။ အလွယ်တကူ အရှုံးပေးလိုစိတ်မရှိကြဘဲ အချိန်တိကျမူကိုလေးစားကြသည်။ အိမ်တွင်းရေး အဆင်မပြေတတ်ကြသော်လည်း အမွေရကိန်းများ ရှိတတ်ကြသည်။ စီးဟွးရေးအပိုင်း၌ ကျွမ်းကျင်ကြပြီး လက်တွေ့သမားများဖြစ်သောကြောင့် အခြေခံကောင်းများကို တည်ဆောက်ထားတတ်ကြသည်။ အရာရာအပေါ်၌ အသေးစိတ်သိချင်ကြသည်။ သူတို့သည် ယုတ္တိကျကျ စဉ်းစားတွေးခေါ်တတ်ကြပြီး ထိုအတွေးများပေါ် အခြေပြု၍ ယုံကြည်စိတ်ကို တည်ဆောက်တတ်ကြသည်။


    ဘဝ၏ကံကြမ္မာဂဏန်း(၄)ရသူများမှာလည်း လက်တွေ့သမားများပင်ဖြစ်ကာ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိူင်ကြသည်။ အတွေးအမြင် ပဓာနဝါဒီများ မဟုတ်ကြသော်လည်း ကမ္ဘာလောကကြီးကို ပိုမိုကောင်းမွန်လာအောင် လက်တွေ့ကျကျနည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်လိုသူများဖြစ်သည်။ ထိုအတူ စည်းစနစ်ကျစွာဖြင့်မိမိကိုယ်မိမိ ထိန်းချုပ်နိူင်သူများဖြစ်ကာ အခက်အခဲများကို ဖြေရှင်းရာတွင် တိကျပြတ်သားပြီး တစ်ဆင့်ချင်းစီနှင့်စနစ်တကျ ဖြေရှင်းတတ်ကြသည်။ တစ်စုံတစ်ခုလုပ်မည်ဟု ဆုံးဖြတ်ပြီးလျှင် အရှုံးမပေးတတ်ကြသော သူများလည်း ဖြစ်သလို ဖြတ်လမ်းနည်းကို လိုက်သောသူများလည်း မဟုတ်ကြပေ။ သူတို့က လုပ်ငန်းတစ်ခုကို အချိန်ကြာမြင့်စွာ အချိန်ယူပြီး အခြေခိုင်အောင် ကြိုးစားပမ်းစားဖြင့် တည်ဆောက်ကြသောသူများ ဖြစ်သည်။ တိကျခြင်း၊ ဇွဲနပဲကြီးမားခြင်းတို့က သူတို့အတွက် အောင်မြင်မူကိုရရှိစေသည့် စွမ်းအားများပင်ဖြစ်သည်။ သို့သော် သတိပြုသင့်သည်မှာ သူတို့သည် မိမမ၏အကြံအစည်များနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ကို အလျှင်စလိုမချမှတ်ရန်လိုပါသည်။ ထိုအတူ သူတပါးအပေါ် ဆရာလုပ်လိုသောစိတ်နှင့် ရိုင်းပျစွာ ဆက်ဆံချင်သောစိတ်တို့ကို ချုပ်တီးထားသင့်သည်။ သူတို့သည် အလုပ်ကို ချစ်မြတ်နိူးသူများဖြစ်သောကြောင့် ငယ်ရွယ်စဉ်ဘဝကတည်းကပင် အလုပ်ခွင်ထဲသို့ ရောက်ရှိနေတတ်ကြသူများဖြစ်ရာ မည်သည့်လုပ်ငန်းတွင်မဆို သူတို့၏ အလုပ်ကြိုးစားမူနှင့် လက်တွေ့ကျမူတို့ကြောင့် အကျိုးကျေးဇူးများကို ရရှိခံစားကြရသောသူများပင် ဖြစ်သည်။


    အမည်နံပါတ် ၄ ရရှိကြသူများအတွက်မှာ သူတို့သည် နေ့စဉ်လောကတွင် သူတို့၏အရည်အချင်းများကို အသုံးချ၍ အလုပ်လုပ်ကြသူများ ဖြစ်ကာ အလုပ်နှင့်ပတ်သက်၍ လုံ့လဝီရိယရှိသော အလုပ်သမားတစ်ဦးဟု ဆိုနိူင်သည်။ သူတို့သည်  မည်သည့်စီမံကိန်းကိုမဆို ပြီးစီးရန်ကြိုးစားလိုစိတ်ရှိကြသည်။ ထိုကြောင့် သူတို့သည် အလုပ်နှင့်ပတ်သက်၍ သည်းခံခြင်းနှင့်အတူ အသေးစိတ်ကြည့်ရူ လေ့လာတတ်ကြသည်။ သူတို့၏လုပ်ဆောင်သမျှမှာလည်း စနစ်ကျ၍ လက်တွေ့ဆန်ကျသည်။ ထိုကြောင့်လည်း သူတို့သည် အလုပ်များကို ပြီးမြောက်အောင်မြင်အောင်လုပ်ဆောင်နိူင်ကြပြီး အောင်မြင်မူကို ရရှိတတ်ကြသည်။ သူတို့၏ စည်းကမ်းနှင့်ရိုးသားမှုများသည် သူတို့ကို နာမည်ကောင်းရရှိစေသည့်အပြင် သူတို့သည် အလုပ်များအတွက် ယုံကြည်စိတ်ချရပြီး လေးနက်သည့်စိတ်ထားရှိသူများဖြစ်ကြ၏။ သို့သော် သူတို့သည် သူတို့လုပ်သမျှအားလုံးမှာ လူတိုင်းအတွက်အကောင်းဆုံးဖြစ်သည်ဟုခံစားမြင်တတ်ကြပြီး အခြားသော လူအများစုအပေါ် တင်းကြပ်သောစည်းကမ်းချက်များ ထုတ်ပြန်တေတ်လေ့ရှိကြသည်။ ထိုအချက်ကို သူတို့သတိပြုကြဖို့ လိုသည်။ အခြားသူများမှာလည်း သူတို့၏စံနူန်းဖြင့် သူတို့ ရှိနေကြသည်ကို အမည်နံပါတ် ၄သမားများ သိရှိထားကြဖို့လိုပါသည်။ 


    ၄ဂဏန်းသမားများ အားလုံးအတွက် အချစ်ရေးနှင့်အိမ်ထောင်ရေးတွင်မူ သူတို့ကို The Dispassionate Loverဟု သတ်မှတ်ကြပြီး သူတို့ကို ကိုယ်ကျိုးမငဲ့ အရာရာကို စွန့်လွှတ်နိူင်ကာ ပကတိဖြောင့်မတ်ရိုးသားပြီး တည်ကြည်သော အချစ်ပိုင်ရှင်များဖြစ်သည်ဟု ဆိုကြသည်။ သို့သော်လည်း သူတို့၏ ဘဝလမ်းကြောင်းတွင် ကိုယ်ကချစ်ရသလောက် တူညီသောမေတ္တာကို ပြန်ရရှိရန် ခဲယဉ်းတတ်ကြပြီး များသောအားဖြင့် အိမ်ထောင်ရေး အဆင်မပြေ ဖြစ်တတ်ကာ အချို့မှာ လူပျိုကြီး ၊ အပျိုကြီးများလည်း ဖြစ်သွားတတ်ကြသည်။ သို့သော် ယင်းတို့သည် အတွင်းစိတ် အလွန်ပျော့၍ သိမ့်မွေ့ကာ ပေးဆပ်သော နှလုံးသားကို ပိုင်ဆိုင်ကြသည်။ ရင်နင့်အောင် ချစ်တတ်ကြသည်။ ၅၂၈၊ ၁၅၀၀မေတ္တာ အလုံးစုံတွင် သူတစ်ပါးထက်သာလွန်သော သံယောဇဉ် ရှိတတ်ကြသည်။ သို့သော် သူတို့ဘဝတွင် မိသားစုနှင့် အိမ်ထောင်ရေးပြဿ နာများကလည်း သူတို့ကို ကြီးမားသော စိတ်ခံစားမူ ဖြစ်ပေါ်စေကာ အထီးကျန်ဝမ်းနည်းနေစေတတ်သည်။ ထိုအခြေအနေသည်လည်း သူတို့ကို တစ်ကိုယ်ရည်သမားဖြစ်စေဖို့ တွန်းပို့နေခြင်းတစ်ခုလည်း ဖြစ်သည်။ မည်သို့ပင်ဖြစ်ဖြစ် ၄ဂဏန်းသမားတို့သည် မေတ္တာရေးပဋိပက္ခများ နှင့် မျက်ရည်များကြောင့် စိုစွတ်ခဲ့သည့်နေရက်တို့ကို ကျော်လွန်ပြီးလျှင်မူ အေးချမ်းသော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်ခွင့်ရရှိမည်မှာ အမှန်ပင်ဖြစ်သည်။ 


    ထို၄ဂဏန်းသမားတို့၏ ချစ်ခြင်းမေတ္တာကို ရရှိပိုင်ဆိုင်ရသူတို့သည် အလွန်ကံကောင်းသောသူများပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော ၄ဂဏန်းသမားတို့သည် အချစ်တတ်ဆုံးသောသူများ ဖြစ်သောကြောင့်ပါပင်။ အထူးသဖြင့် ၄ဂဏန်းပိုင်ဆိုင်သော အမျိုးသားအများစုသည် အချစ်အပေါ် နားလည်မူ၊ ခံစားသိမြင်တတ်မူနှင့်အတူ အချစ်၏အရင်းအမြစ်ကို တိတိကျကျ နားလည်တတ်ကြသောသူများ ဖြစ်သည်။ ထိုယောကျာ်းတို့သည် မမျှော်လင့်ဘဲ မထင်မှတ်ဘဲနှင့် မိမိနှင့် အယူအဆ၊ သဘာဝမတူညီသော ခြားနားသောပတ်ဝန်းကျင်မှ နေထိုင်သူနှင့် မေတ္တာမျှတတ်ကြပြီး ပဋိပက္ခများစွာကြားကပင် မေတ္တာနှင့်အိမ်ထောင်ရေးကို ဖန်တီးတည်ဆောက်ကြသောသူများ ဖြစ်ကြပေသည်။ 


    ၄ရက်နေ့မွေးဖွားသူများ၏ အချစ်ကမူ သန့်စင်သောနှလုံးသား ၊ ရာဂလှုံဆော်မူ ကင်းမဲ့ခြင်း၊ မြင့်မြတ်သောမေတ္တာ ချစ်သူအပေါ် အလေးထားတတ်သောသူများ ဖြစ်သည်။ ချစ်ခဲသည် ချစ်မိကလည်း မပျက်ပြယ်တတ်ကြပေ။ အချစ်ရေးတွင် မှန်ကန်မူကိုသာ လိုလားပြီး အပြောင်းအလဲများခြင်းကို မနှစ်သက်ကြပေ။ သူတို့သည် ချစ်မိပြီဆိုလျှင် မပျက်ပြယ်သောအချစ်နှင့် ချစ်တတ်ကြပြီး သူတို့၏အချစ်ကို တည်မြဲနေစေသောသူများ ဖြစ်သည်။ သို့သော်လည်း သူတို့သည် အချစ်ရေးတွင်မူ မနာလိုမူများ၊ သွေးခွဲသော ဘေးစကားများ၊ ချစ်သူ၏နိူင်လိုမင်းထက်ဆက်ဆံမူများကို ခံစားကြရတတ်သည်ဆိုသော်လည်း သူတို့သည် အနှောင့်အယှတ်မည်မျှရှိပါစေ သူတို့၏ သန့်စင်သောနှလုံးသားဖြင့် ရန်အားလုံးကိုကျော်ဖြတ်နိူင်သည်ဆိုပါက အေးချမ်းသော အချစ်နှင့်အိမ်ထောင်ရေးကို တည်ဆောက်နိူင်ကြလိမ့်မည် ဖြစ်ပါသည်။


    ၄ နှင့် ပတ်သက်သူအားလုံးအတွက် အထူးသတိပြုရန်အချက်တစ်ခုကို နောက်ဆုံးအနေဖြင့် ဖော်ပြပေးချင်ပါသည်။ နံပါတ် ၄သည်လည်း နျူမယိုလောဂျီပညာရပ်တွင် စိတ်ဝင်စားစရာကောင်းသော နံပါတ်တစ်ခုပင်ဖြစ်၏။ ထိုနံပါတ် ၄သည် ပထဝီ၊ ဝါယော၊ အာပေါ၊ တေဇောဆိုသော မူလဘူတဓာတ်ကြီး၄ပါးကိုလည်း အထူးပြုထားသည်။ မြန်မာဗေဒင်ပညာရပ်တွင် ၄ကို ဗုဒ္ဓဟူးဂြိုလ်၏ ကိုယ်စားပြုနံပါတ်အဖြစ် ဖော်ပြပြီး အနောက်တိုင်း နျူမယိုလောဂျီတွင်မူ ၄မှာ ယူရေးနပ်စ်ဂြိုလ်ကို ကိုယ်စားပြုပေးသောနံပါတ်အဖြစ် ဖော်ပြသည်။ ထူဆန်းသည်မှာ မြန်မာဗေဒင်အယူအဆတွင် ၄ကိုနှစ်ဆဟွးပါက ၈ရရှိပြီး ထိုနံပါတ်၈မှာ ရာဟုဂြိုလ်ကို ကိုယ်စားပြုဖော်ပြလေရာ ဗုဒ္ဓဟူးဂြိုလ်နှင့်ရာဟုဂြိုလ်မှာ လုံးဝကို မတည့်သော ရန်ဘက်ဂြိုလ်များဖြစ်နေသည်ကို တွေ့ရသည်။ ထိုကဲ့သို့ပင် နျူမယိုလောဂျီတွင် ၈မှာ စနေဂြိုလ်ကို ကိုယ်စားပြုဖော်ပြပြီး ယူရေးနပ်စ်နှင့်စနေဂြိုလ်မှာလည်း လုံးဝမတည့်သော ရန်ဘက်ဂြိုလ်များ ဖြစ်နေသည့်ကို အလွန်တိုက်ဆိုင်စွာတွေ့ရသည်။ ထိုကြောင့် ၄သည် ၈ နှင့်တွေ့သောအခါတိုင်း ပြဿ နာများကို ကြုံကြရသည်။ ထိုကဲ့သို့ ပြဿ နာဖြစ်တိုင်း နောက်ဆုံး၈က အနိူင်ရသွားသည်ကိုလည်း အံသြစွာတွေ့ရပြန်သည်။ ဥပမာပြရလျှင် ဗိုလ်ချုပ်အောင်ဆန်းမှာ ၄သမားဖြစ်ပြီး ဂဠုန်ဦးစောမှာ ၈သမားဖြစ်သည်။ ထို့ကြောင့် ၄နှင့် ပတ်သက်နေသူအားလုံးသည် နံပါတ်၈နှင့်သက်ဆိုင်သည့် အရာများကို သတိထားကြရန် အထူးလိုအပ်သည်။ အသက်နှင့်ကြည့်မည်ဆိုလျှင် ၁၇နှစ်၊ ၂၆နှစ်၊ ၃၅နှစ်၊ ၄၄နှစ် စသကဲ့သို့သော အသက်အပိုင်းအခြားများတွင် ကံဆိုးမူများ ဖြစ်ပေါ်စေတတ်သည်။ ထိုအတူ ၄နှင့်၈တွဲနေသော ၄၈နှစ်ကိုလည်း အထူးဂရုစိုက်ရမည် ဖြစ်သည်။ သက္ကရာဇ်နှင့်ကြည့်မည်ဆိုလျှင် ၂၀၀၆ခုနှစ်၊ ၂၀၂၄ခုနှစ် စသကဲ့သို့သော ခုနှစ်များကို သတိပြုသင့်ပေသည်။ ထိုသက္ကရာဇ်များတွင် ၄သမားများသည် ကျန်းမာရေးအလွန်ညံဖျင်းတတ်၏။ 


    ဂဏန်းများပေါ်င်းစပ်မူအနေဖြင့် ၄နှင့်၇ဂဏန်းတို့၏ ပေါ်င်းစပ်မူသည် ရလဒ်အနေဖြင့် ၄ဂဏန်းသမားတို့အတွက် ၇ဂဏန်းသမားများမှာ အကျိုးအမြတ်ကိုမမျှော်ကိုးဘဲ အင်အားပေးစွမ်းသူများဖြစ်သည့်အပြင် မိတ်ဆွေဖက်၊ စီးဟွးဖက်၊ အိမ်ထောင်ဖက်အဖြစ်သို့ ရွေးချယ်ရန်သငိ့တော်လှသည်။ ၇ဂဏန်းမှာ အမျိုးသမီးဖြစ်၍ ၄ဂဏန်းမှာအမျိုးသားဖြစ်ပါက အလွန်မှပျော်စရာကောင်းသောအတွဲဟုပင် ဆိုနိုင်ပါသည်။ 


    ၄ဂဏန်းနှင့်၆ဂဏန်းပေါ်င်းစပ်ခြင်းကမူ နှစ်ဦးစလုံးမှာ ငွေကြေးကို မလိုအပ်ဘဲ ဖြုန်းတီးတတ်ကြသူများဖြစ်သောကြောင့် စီးဟွးဖက်ဖြစ်ပါက အရှုံးပေါ်ကြရလိမ့်မည်။ ထိုအတူ အိမ်ထောင်ဘက်အဖြစ်နှင့်လည်း အဆင်မပြေသည်က များတတ်ကြလိမ့်မည်ဖြစ်သည်။ 


    အိမ်နံပါတ် ၄။ အိမ်နံပါတ်များပေါ်င်းခြင်းအားဖြင့် ၄ရရှိသောအိမ်သည် ဘယ်အရာကိုမှ ကြိုတင်ခန့်မှန်းပြ၍မရနိူင်သော အိမ်အမျိုးအစားပင်ဖြစ်သည်။ ထိုအိမ်အမျိုးအစားသည် စိတ်လှုပ်ရှားဖွယ်ရာ ကောင်းသလို၊ အန္တရာယ်များနှင့် ကစားနေတတ်သောအိမ်လည်း ဖြစ်သည်။ ထိုအိမ်တွင်နေထိုင်သူအများစုမှာ စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်သူများ ဖြစ်ကြသည်။ ထိုအိမ်သို့ရောက်ရှိလာသူများသည် ဘဝ၏ပုံစံများပါ ပြောင်းလဲသွားတတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဘဝ၏အပြောင်းအလဲများစွာတို့သည် သူတို့အား စိန်ခေါ်ကြလိမ့်မည်ဖြစ်သောကြောင့်ဟူ၏


    ၄ဂဏန်းတို့၏ ရာသီခွင်မှာ သိလ်ရာသီဖြစ်သည်။


    ဖြစ်တတ်သည့်ရောဂါများအနေဖြင့်မူ ၄ဂဏန်းသမားများသည် သာမန်ရောဂါ စိစစ်ခြင်းမျိုးနှင့် မလွယ်ကူသည့် ရှုပ်ထွေးထူးဆန်းသော ရောဂါများကို ခံစားကြရတတ်သည်။ ယင်းတို့တွင် စိတ်အာရုံ နောက်ကျိတတ်သည့်ရောဂါ၊ သွေးဆုတ်ယုတ်သည့် ရောဂါ၊ ဦးခေါ်င်းနှင့်ပတ်သက်သောရောဂါ၊ ဆီးအိမ်နှင့် ကျောက်ကပ်တို့တွင် နာကျင်ကိုက်ခဲသည့်ရောဂါများ၊ သွေးနှင့်ပတ်သက်သည့်ရောဂါများ၊ သွေးတိုး၊ လေဖြတ်ခြင်းနှင့် ထိခိုက်ရှနာများ၊ လိပ်ခေါ်င်းရောဂါများ နှင့် အသက်ရူလမ်းကြောင်းဆိုင်ရာရောဂါများ အများဆုံး ဖြစ်ဟွးတတ်ကြသည်ကို တွေ့ရှိရပါသည်။

    တွေ့ကြုံနိူင်သော ဘေးအန္တရာယ်အားဖြင့် မီးဘေးအန္တရယ်များနှင့် အက်စီဒင့်များ ကြုံကြရတတ်သည်။


    ၄သမားတို့အတွက် အကောင်းဆုံးဖြစ်သည့် ဓာတ်စာများမှာ ပဲ၊ စပျစ်၊သံပုရာ၊ လိမ္မောတို့ပင်ဖြစ်သည်။ သတိပြုရမည်မှာ ယင်းတို့အနေဖြင့် ရာသီပေါ်သီးနှံများကို အလွန်အမင်းစားသုံးခြင်းမျိုး မပြုလုပ်ကြရန်ပင် ဖြစ်သည်။

    ကံကောင်းစေသောအရောင်အားဖြင့် ၄သမားများသည် ဖျော့တော့တော့ အရောင်များ၊ ပြာလဲ့လဲ့အရောင်များ၊ အညိုရောင်နှင့် မီးခိုးရောင်များကို အသုံးပြုသင့်သည်။


    ကံကောင်းစေသော ရတနာအားဖြင့် နီလာ (အညိုမှိုင်းရောင်)၊ ရွှေ တို့ကို ဝတ်ဆင်သင့်သည်။ လက်စွပ်အနေဖြင့်မူ လက်သန်းတွင် ဝတ်က ကံကောင်း မူကို ပိုရရှိစေတတ်သည်။

    သူတို့အတွက် ကံဆိုးမူကို ဖြစ်စေနိူင်သော အရောင်များကမူ အနီရင့်နှင့်အနတ်ပင်ဖြစ်သည်။

    ကံကောင်းမူကို ဖြစ်စေတတ်သော လများမှာ ဇန်နဝါရီ၊ဧပြီနှင့်သြဂုတ်တို့ ဖြစ်ကြသည်။ 


    ကံကောင်းစေသောနေ့များမှာ တနင်္ဂနွေနှင့် တနလာင်္နေ့တို့ပင် ဖြစ်သည်။ 


    ထင်ရှားသော ၄ရက်နေ့ မွေးဖွားသူများမှာ

     တွေးခေါ်ပညာရှင် ဖရန်စစ်ဘေကွန်း(May 4)၊ ပန်းချီဆရာလော့လိုင်တန်(Dec 4)၊ တွေးခေါ်ပညာရှင်သောမတ်စ်ဟတ်စ်လေ(May 4)၊ 

    စာရေးဆရာနသာနီယမ်ဟောသွန်(July 4)


    ကိုးကား

    ဆရာစံဇာဏီဘို၏ သင့်မွေးရက်နှင့် အချစ်ကံကြမ္မာ

    #ဆရာလူဝင်းအောင်၏ ဟိန္နူနည်းစနစ် ဂဏန်းဗေဒပညာ

    #ဆရာစောစံ(B.A)၏ ကိုင်ရို၏ဂဏန်းဗေဒင်


    Oct17.2020

    Minsetwai

    Friday, October 30, 2020

    NOISES

    I'm Not Child-16

    NOISES


    The sound of dripping ego and ideas

    The cursed voice of the accuser ,

    Without a reason

    The sound of being stabbed in the back

    After getting pain by those sound. 


    The sound of love sacrificed in the best hope

    A contented voice of dark red in the heart

    At night,

    These sounds are broadcast loundly

    Before the noise in my room. 


    Rain is also a lonely sound

    The howls of mosquitoes are terrifyingly

    Dogs barking is also the sound of bad events

    The screaming of evil-bird was mockingly

    After listening tirelessly by those sound. 









    The sound of a beautiful woman ,

    She trying to invade

    A deceptive voice with her hidden Maya

    Please stop! Between after and before

    By those sound. 


    Now recovered from anaesthesia

    I'm bored of such naughtly noise

    After then for me,

    No sound is best sound

    Everywhere

    Everywhere. 


    4:29AM

    Oct30.2020

    Minsetwai

    Tuesday, October 27, 2020

    နတ်ဆိုးကိုးကွယ်ခြင်း

    နတ်ဆိုးကိုးကွယ်ခြင်း


    နတ်ဆိုးကိုးကွယ်ခြင်းဆိုင်ရာတွင် demonခေါ် နတ်ဆိုးသည် သဘာဝလွန်သော အကြောင်းအရာတစ်ခုဖြစ်ပြီး ဘာသာတရားဆိုင်ရာနှင့်မှော်ပညာပိုင်းဆိုင်ရာတွင်ပါ ပတ်သက်ဆတ်စပ်လျှက်ရှိသည်။ ထိုနတ်ဆိုးကိုးကွယ်ခြင်းမှာ စုန်း၊ ကဝေ၊ အောက်လမ်းပညာရပ်ဆိုင်ရာများနှင့် အများဆုံး ပတ်သက်နေလျှက်ရှိပြီး ၎င်းတို့သည် လိုချင်သော အရာတစ်ခုခုအတွက် နတ်ဆိုးများထံမှ ဝတ်ပြုဆုတောင်းကြသည်။ ထိုသို့ပြုလုပ်ရခြင်းသည်ပင် ၎င်းတို့၏မှော်ဆန်သော ဘာသာရေးတစ်ခုအသွင် ရှိနေစေသည်။ ထိုကြောင့် နတ်ဆိုးကိုးကွယ်ခြင်းကို နတ်ဆိုးများဆီမှ ဝတ်ပြုဆုတောင်းခြင်းဟု အလွယ်ခေါ်နိူင်ပါသည်။ ယနေ့ခေတ်သစ်တွင် နတ်ဆိုးကိုးကွယ်သူများသည် မှော်ရိုးရာဓလေ့အတိုင်း သဘာဝအင်အားစုများကိုခေါ်ယူကာ သူတို့၏ စိတ်အာရုံများကို နတ်ဆိုးများကဲ့သို့ စွမ်းအားများ ကူညီထောက်ပံမူရရန်အတွက် အလိုရှိသောနတ်ဆိုးကို တိုင်တည်ပြီး ဆုတောင်းကြခြင်းဖြစ်သည်။ သို့သော် ထိုသူများသည် ဆုတောင်းရုံမျှဖြင့် နတ်ဆိုး၏ စိတ်စွမ်းအားများကို ချက်ချင်းရရှိလာခြင်းမျိုးမဟုတ်ဘဲ၊ ထိုစွမ်းအား ရရှိနိူင်ဖို့အတွက် သူတို့၏ လုပ်ဆောင်မူသည် အရာဝထ္ထူတစ်ခု (သို့) လူတစ်ယောက်ပေါ်သို့ သက်ရောက်စေရန်အတွက်ကိုလည်း လက်တွေ့လေ့ကျင့်ကြရပါသည်။ ထိုကြောင့် နတ်ဆိုးကိုးကွယ်မူဆိုင်ရာတွင်  မှော်ဓလေ့များ၊ လက်တွေ့မှော်ပညာရပ်များပါ ပေါ်င်းစပ်ပါဝင်သည်ကို အထင်အရှားတွေ့မြင်နိူင်ပါသည်။ မည်သို့ပင်ထင်ရှားပါစေ၊ အမှန်စင်စစ် နတ်ဆိုးကိုးကွယ်ခြင်းမှာ black Magicသာဖြစ်သည်ဟု လူတိုင်း သတ်မှတ်ကြမည်သာဖြစ်သည်။ 


    ထိုသို့နတ်ဆိုးများကိုးကွယ်ခြင်းအပေါ် လေ့လာသည်ဆိုလျှင် Demonologyဟု ဖော်ပြသည်။ နတ်ဆိုးများကို ဆင့်ခေါ်ခြင်းကိုမူ Demonic Magicဟု ခေါ်ကြသည်။ နာမည်ကြီး Grimoiresစာအုပ်တွင် အဘရာမယ်လင်ဟူသောမှော်ဆရာက နတ်ဆိုးများကို ဆင့်ခေါ်၍ မည်သို့မည်ပုံ အသုံးချခဲ့ကြောင်း ဖော်ပြပါရှိသည်။ ထိုအပြင် သူအသုံးချခဲ့သော နတ်ဆိုးများစာရင်းကို ဖော်ပြရာ၌ စေတန်(Saten)၊ လဝိသန်(Leviathan)၊ ဗေလိလျ(Belial)တို့ပါဝင်သည်။ ယခုကဲ့သို့ demonology ခေါ် နတ်ဆိုးများကို လေ့လာကြရာတွင် အများစုမှာ ခရစ်ယာန်ဘာသာရေးရူထောင့်မှ တဆင့် လေ့လာခဲ့ကြခြင်းဖြစ်သည်။ အဓိကအားဖြင့် ထို demonologyသည် သမ္မာကျမ်းစာ(ဓမ္မဟောင်းနှင့်ဓမ္မသစ်ကျမ်း)၊ အစောပိုင်းခရစ်ယာန် တွေးခေါ်ပညာရှင်များ၏ ကျမ်းတို့ကို အခြေခံလေ့လာကြခြင်းဖြစ်သည်။ သို့သော် နတ်ဆိုးဟူသည်က ခရစ်ယာန်ဘာသာတစ်ခုတည်းတွင် ရှိသည်မဟုတ်ပါ။ လူမျိုးတိုင်း၊ ဘာသာတိုင်းတွင် အနည်းနှင့်အများရှိကြသည်။ ထိုသို့ နတ်ဆိုးများစွာထဲကမှ ဘေဘီလုံနတ်ဆိုးများက အလွန်ကြမ်းကြုတ်၍ ပို၍ဆိုးဝါးလွန်းသည်ဟုလည်း ဆိုကြသည်။ ဘေဘီလုံ နတ်ဆိုး Utukuသည် မကောင်းသောစိတ်ဓာတ်ရှိသူဖြစ်ကာ သဲကန္တရထဲမှာ ပုန်းခိုနေထိုင်ပြီး မမျော်လင့်သောအခြေအနေများမှတဆင့် ခရီးသွားလာသူများအပေါ် ဒုက္ခပေးတတ်ကြသည်။ အခြားထင်ရှားသော နတ်ဆိုးများစာရင်းတွင်မူ Rabisu နှင့် Seduတို့ ပါဝင်ကြောင်း ဖော်ပြကြသည်။ 


    ထိုသို့ ဆိုးဝါးသော နတ်ဆိုးများကို ကိုးကွယ်သူများသည်  စုန်းမများသာဖြစ်ကြောင်းကိုလည်း အထင်အရှားတွေ့မြင်ကြရသည်။ အစောပိုင်းကာလ စုန်းမများကို လေ့လာကြည့်လျှင်လည်း ၎င်းတို့သည် နတ်ဝိဇ္ဇာအတတ်ကို ကျင့်သုံးခြင်း၊ နတ်ဆိုးနှင့်ဝိညာဉ်များထံမှ အကူအညီများကို ရယူခြင်း၊ ကံကြမ္မာပြောင်းလဲခြင်းများအတွက် နတ်ဆိုးများထံ ဆုတောင်းခြင်းများ ပြုလုပ်ခဲ့ကြသည်။ ထိုကြောင့်လည်း ထိုခေတ်ကာလက စုန်းမ အများစုကို စေတန်နတ်ဆိုး၏ အလုပ်ကို လုပ်ဆောင်ပေးနေကြသည့် အယူမှားနေသူများဖြစ်သည်ဟု လူအများစုက သတ်မှတ်ခဲ့ကြသည်။ ရောမရှိ စုန်းမတစ်ချို့ဆိုလျှင် ပြုစားမူများလုပ်ဆောင်ရန်အတွက် ညအချိန်မတော် သင်္ချု ိင်းသို့ သွား၍ တွင်းတူကြပြီးလျှင် လူ၏သွေးများကို လောင်းထည့်ကာ ၎င်းတို့ကိုးကွယ်သော နတ်ဘုရားမ ဟော်ကာတေးကိုတိုင်တည်၍ ကျိန်ဆိုမူများ ပြုလုပ်တတ်ကြသည်ဟုဆိုကြသည်။ 


    နတ်ဆိုးကိုးကွယ်သူများ၏ ခံယူချက်ကမူ နတ်ဆိုးကိုးကွယ်ရခြင်းမှာ မှော်ဆန်သောဘာသာရေး နှင့်ဆင်တူပြီး သူတို့အတွက်ကမူ ထိုဘာသာရေးမှာ လွတ်လပ်မူအတိပြီးသည်ဟု ယုံကြည်ကြသည်။ ခရစ်ယာန်နတ်ဝိဇ္ဇာပညာအရ နတ်ဆိုးများ၏ ရည်ရွယ်ချက်ကို ဖော်ပြထားရာတွင်  ဘုရားသခင်အပေါ် လူသားတို့၏ယုံကြည်မူကို စစ်ဆေးခြင်းအားဖြင့် နတ်ဆိုးသည် လူသားတို့အား အပြစ်ပြုရန်သွေးဆောင်ရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။  


    ထိုနတ်ဆိုးများသည် လူတို့၏ဘ ၀ တစ်လျှောက်တွင် လူတို့ကိုညှဉ်းဆဲခြင်း သို့မဟုတ် လူတို့အားကြောက်ရွံ့မူဖြစ်စေခြင်း ၊ လူတို့အား အပြစ်ပြုရန် သို့မဟုတ် ကြောက်စိတ်ကိုဖြစ်ပေါ်စေနိုင်သည့် အာရုံများကို လှုံဆော်ပေးခြင်းများကို ပြုလုပ်သူများ ဖြစ်သည်ဟုလည်း ဆိုသည်။ ထိုအပြင်  ထိုနတ်ဆိုးများသည် လူတို့အား ဘုရားသခင်အပေါ် ယုံကြည်ခြင်းမှစွန့်လွှတ်ရန်၊ မှားယွင်းသော အယူဖောက်ပြန်မှု သို့မဟုတ် မှားယွင်းသောအယူဝါဒများကိုသာ ကျူးလွန်ရန် ဖျားယောင်းသွေးဆောင်ကြသည်ဟုလည်း ဖော်ပြသည်။ သို့သော် ဂျူးဘာသာတွင်မူ နတ်ဆိုးများကို ဘုရားသခင့်၏ကိုယ်စားလှယ်များပင် ဖြစ်သည်ဟု ရိုးရှင်းစွာပင် ရှုမြင်ကြသည်ကို တွေ့ရသည်။ 


    မည်သို့ပင်ဖြစ်ဖြစ် နတ်ဆိုးများနှင့် မပတ်သက်ချင်လျှင်မူ လူသားတို့သည် နတ်ဝိဇ္ဇာအတတ်ခေါ် မှော်အတတ်ပညာကို မျက်ကွယ်ပြု၍ ကင်းကင်ရှင်းရှင်း နေထိုင်ကြရန်လိုသည်။ အဘယ်ကြောင့်ဆိုသော နတ်ဆိုးကိုးကွယ်သူများသည် ၎င်းတို့အား နတ်ဆိုးများမှချစ်မြတ်နိူးစေရန်အတွက် အမှောင်မှော်စွမ်းအားများကို အသုံးပြုကြသောကြောင့်ပင် ဖြစ်သည်။ တစ်နည်းအားဖြင့်လည်း နတ်ဆိုးများမှ ၎င်းတို့ကို လူသားတို့မှ ကိုးကွယ်လာစေဖို့အတွက် နတ်ဝိဇ္ဇာအတတ်ပညာများကို ခုတုံးလုပ်ထားခြင်းလည်း ဖြစ်သည်။ ထိုခုတုံးလုပ်ထားသော နတ်ဝိဇ္ဇာအတတ်ပညာကို ယုံကြည်သူအများစုမှာလည်း နတ်ဆိုးများ၏သားကောင်များ ဖြစ်သွားတတ်ကြသည်ဟူ၏။


    ကိုးကား

    www.everydayprayarguide.com

    wikipedia


    Oct22.2020

    #Minsetwai

    Tuesday, October 13, 2020

    My Baddly Poetry

     MY BADDLY POETRY


    Whether it is poetry or not

    I swear it was a poem

    It is not like any other post-modern poets

    It does not contain tender-hearted 

    and the political words

    But ... It is my poem.


    It does not contain praise words to parents 

    and laughly words to the comedy

    It does not contain kowtow words 

    For your respect

    In this poem, 

    Does not contain hately wars words

    And supported words to help the famine.

    It is a poem without any essence

    But ... It is my poem.


    It is just want to be a poem

    No one wants to read it

    It is a poem I wrote

    But 

    It does not contain 

    The isms of great masters

    And 

    No related word the 

    new language-poetry

    verses

    lyrich-poetry.






    And

    No mention about of forests or mountains 

    Not include about of cities or cultures in it

    But ... It is my poem.


    Do you believe it or not?

    This is poetry.

    I have written this poem

    Prove it.


    Oct11.2020

    Minsetwai

    Monday, October 12, 2020

    တစ်ကိုယ်ရေ ညရေးညတာ


    တစ်ကိုယ်ရေ ညရေးညတာ



    ကို ့ယို ့ကားယားနှင့် စက္ကူစများ
    သေပြီးမှ ပြန်နိူးထလာသော မျက်လုံးများနှင့်
    ဆူဆူညံညံ ကားဟွန်တီးနေသံများ
    နာရီနှင့် နပမ်းထိုးသတ်နေကြခြင်း
    ည၏တီးလုံးကို စိတ္တဇဆဲဆိုမိလေခြင်း
    နောက်ဖေးခန်း
    အဲဒီကိုပဲ အခေါ်က်ခေါ်က် အခါခါ
    ပျက်လုံးမ ဲ့ ဇန်နဝါ
    သြော်……(မျက်စိကို တစ်ချက်ပွတ်သပ်)
    သေဆုံးသွားသော မျှော်လင့်မူများ
    ယင်း၏ အသုဘအခမ်းအနား
    စီကရက် ဖင်စီခံနားမှာ ပိုမိုစည်ကားပြနေကြ
    ပြီးမှ ပြာခွက်ထဲ စူးစမ်းမူတွေ ဖိတ်လျံကျ
    အရှင်လတ်လတ် သဂြိုလ်ခံထားရသော
    - အမည်တပ်မရမူများ
    - ပစ်မှတ်ဆန်နေခဲ့မူများ
    - ပစ်ကွင်းထဲ အမြဲတစေ ဒေါ်င်လိုက်ရှိနေခဲ့မူများ
    - လူ
    - လျှာ / ကျီးကန်း
    - ခြေထောက်များ
    - စိတ်နီနီရိုင်းရိုင်းများ
    အလျားလိုက် အလျားလိုက်နဲ ့ ရုံးဝင်ကြေးအခမဲ့များ
    တစ်ချို ့ ဂျွမ်းထိုးကခုန်ရင် 'မျှား' ရွေးခြယ်နေကြ
    တစ်ချို ့ ငိုကြွေးခယရင်း 'လေး' တင်နေကြ
    တစ်ချို ့ ကြင်နာသနားတတ်သော ဂရုဏာဖြင့်
    ပစ်မှတ်၏ အလယ်ဗဟိုတည့်တည့်ဆီ ။ ။

    သက်ပြင်း……(ဖြုတ်ခနဲ ကြွေသွား)
    ပြန်တွေးခြင်းနဲ ့ တနံတလျားဒေသ
    လူအကြောင်းများ တစိမ့်စိမ့် ယိုစီးကျလာ
    အမေး မဲ့နေလိုက်မိတော့တာ
    အဖြေတွေ ဖြေချင်နေကြပုံကလည်း
    သူမတူအောင် ထူးခြား
    မီးသဂြိုလ်ပစ်လိုက်တော့ကော ဘာဖြစ်မှာမို ့ဆိုလား
    အပူချိန် တရိပ်ရိပ်တိုးလာတယ်
    အဲဒါဖြစ်တယ်
    အားနေခဲ့ရတဲ့ နေ ့တွေလေ
    မလုပ်ဖြစ်ခဲ့တဲ့ အကြံအစည်တွေလေ
    အလွယ်တကူမရနိူင်တော့တဲ့ အခြေအနေတွေလေ
    ရေနွေးတွေလေ (သောက်ချင်လာမိပြန်တယ်)
    ကြိုတင်လုပ်ဆောင်ထားချက်တွေက မရှိ
    ရိုးရိုးရေလေးပဲပေါ့
    ဟုတ်တယ်။ အဲဒီအရာပဲ ကောင်းပါတယ်။
    ဒီလိုနဲ ့ ရေပိုက်ခေါ်င်းလေးကိုပဲ
    နောက်ဆုံး တအံတသြနဲ ့
    ငေးကြည့်နေလိုက်တော့တယ်။

    3:27AM
    Jan 31.2020
    Minsetwai
    __________________________________

    Wednesday, September 30, 2020

    Number-43

    #Number 43 #XLIII နံပါတ် ၄၃သည် မှော်အတတ်ဆိုင်ရာများ၊ နက္ခတ်ဗေဒင်ဆိုင်ရာများ၊ ဂဏန်းသင်္ချာဆိုင်ရာများ၊ ဝိညာဉ်ရေးရာများကို စိတ်ဝင်စားသော သဘောသဘာဝရှိသည်။ ၄၃ကို ပညာရှင် အများစုက ကံမကောင်း အကြောင်းမလှသော နံပါတ်ဟု သတ်မှတ်ကြသည်။ ထိုဂဏန်း၏ စရိုက်တွင် တော်လှန်ပုန်ကန်ခြင်း၊ ထကြွလှုပ်ရှားခြင်း အန်တုဖတ်ပြိုင်ခြင်း၊ အရေးနိမ့်ခြင်းနှင့် အနှောင့်အယှတ်များခြင်းတို့ ပါဝင်ဆက်စပ်နေသည်။ ရုပ်ပိုင်းဆိုင်ရာ အားနည်းမူကိုလည်းပြသည်(နံပါတ်၇တွင် တခါတရံစိတ်ဆောင်၍ ကိုယ်မပါသောအချက်နှင့် ယှဉ်ကြည့်သင့်သည်။)။ အိန်ဂျယ်နံပါတ်များတွင်မူ ဝိညာဉ်ရေးရာ၌ အင်အားကောင်းမွန်မူကို ပြဆိုသည်။ ထိုနံပါတ် ၄၃နှင့် သက်ဆိုင်သော သူများမှာ သူတို့ဘဝမှာ အချိန်နဲ့အမျှ အခြေအနေ အမျိုးမျိုးတို့တွင် နေ့စဉ်ကြုံတွေ့ရမည့် ပြဿ နာနှင့် အခက်အခဲတို့ကို မည်သို့ဖြေရှင်းရသည်ကို ဂရုတစိုက် လေ့လာကြရမည်။ များသောအားဖြင့်မူ သူတို့သည် အခက်အခဲတရပ်ရပ်ကို မဖြေရှင်းမီ ထိုအခြေအနေနှင့် ပတ်သက်သည့် အရာအားလုံးကို ဆန်းစစ်လေ့လာတတ်ကြပြီး ဖြစ်နိူင်ချေများကို နိူင်းယှဉ်၍ အဖြေထုတ်တတ်ကြသည်။ ထိုသို့အဖြေထုတ်နိူင်ရန်မှာ သူတို့ဘဝ၏ အချိန်နှင့်အမျှ တွေ့ကြုံလာခဲ့သည့် အခက်အခဲမြောက်မြားစွာတို့သည် သူတို့ မည်သို့မည်ပုံ ပြန်လည်ဖြေရှင်းရမည်ကို သင်ကြားပြသပေးခြင်းပင် ဖြစ်သည်။ ခက်ခဲသောရာများသည် မကြာခဏ သူတို့ဆီ ရောက်လာနေကြမည်ဖြစ်ရာ နေ့စဉ်တိုင်းမှာ ထိုအခက်အခဲများကို မဖြေရှင်းပဲ ချန်ထားခဲမည်ဆိုပါက နောင်တချိန်မှာ အခက်အခဲများအားလုံး စုဝေးပုံလာရကာ သူတို့၏ ကောင်းမွန်သောအနာဂတ်ကို ဖျတ်စီးလိမ့်ကြမည် ဖြစ်သည်။ ထိုကြောင့် အခက်အခဲများကိုရင်ဆိုင်ဖို့ အားအင်ပြည့်ဝနေဖို့လိုသည်။ ထိုအတွက် နေ့စဉ်ကြုံတွေ့နေရသော အဖြစ်အပျက်များမှတဆင့် လေ့လာသင်ယူပါ။ ဘဝသည် ခက်ခဲသော်လည်း ယင်းကိုဖြတ်ကျော်၍ မိမိပန်းတိုင်ကို အကောင်အထည်ဖော် ဆောင်ရွက်နိူင်သည်ဟု အမြဲယုံကြည်ထားရမည် ဖြစ်သည်။ ၄၃သည် အရာရာပေါ်တွင် လက်တွေ့ကျကျ ခွဲခြမ်းစိတ်ဖြာတတ်သော ဗီဇရှိကြပြီး သူတို့၏ ကောင်းမွန်သော အာရုံစူးစိုက်နိူင်စွမ်းကြောင့် သူတို့၏အတွင်းစိတ်မှာ အားအင်ဖြစ်တည်နိူင်သည်။ တစ်နည်းအားဖြင့် ထိုနံပါတ်သည် ထိုးထွင်းသိမြင်တတ်သော ညဏ်ပညာ၏စွမ်းအားပင် ဖြစ်သည်။ ထိုစွမ်းအားသည် သူတို့ကို ရုပ်ဝါဒ၌ စွဲလမ်းမူမဖြစ်ပေါ်အောင် ကားစီးထားပေးသည်။ ၄၃တို့သည် ပျော်ရွှင်မူဆိုသော ဝေါဟာရအား နားလည်မူလွဲမှားစွာဖြင့် မတည်ဆောက်သင့်။ ဘဝတစ်သတ်တာ၌ အောင်မြင်ဖို့ အခွင့်အရေးနည်းသည်ဆိုသော်လည်း မိမိဘဝ၏ ရည်မှန်းချက်ပန်းတိုင်ကို ချမှတ်ထားရမည်(နံပါတ်၇တွင် ငယ်စဉ်ကတည်းက စိတ်ဓာတ်ကြံခိုင်ဖို့အတွက် လေ့ကျင့်ထားဖို့လိုကြောင်း ဆွေးနွေးထားချက်နှင့် ယှဉ်ကြည့်ပါ။)။ ဘဝကို အကောင်းမြင်သောစိတ်ဖြင့် ရှင်သန်ရမည်။ အရာရာကိုတွေးတောဆင်ခြင်၍ လုပ်ကိုင်ရမည်။ ချစ်ခြင်းမေတ္တာတရားဖြင့် နေထိုင်ရကြရမည် ဖြစ်သည်။ မိမိတို့ဘဝ၏ လုပ်ဆောင်ချက်တိုင်းကို စိတ်အားထက်သန်မူဖြင့် လည်ပတ်မောင်းနှင်ရမည်။ ဘဝတွင် မည်သို့သောကိစ္စမျိုးကို ကြုံတွေကြပါစေ။ စိတ်အားထက်သန်မူ သူတို့ဘဝထဲက မပျောက်ပျက်သွားဖို့သည်သာ အရေးအကြီးဆုံးအချက် ဖြစ်သည်။ ပြီးလျှင် ဆိတ်ငြိမ်သောနေရာများတွင် နေထိုင်ကြသင့်သည်။ အမည်ဂဏန်းပေါ်င်းစပ်မူတွင် ၄၃ရရှိပါက မကောင်း။ ထိုအမည်သည် ရုပ်ပိုင်းရော၊ စိတ်ပိုင်းရော အားနည်းလှသော အမည်ဖြစ်သည်။ အမည်တွင် ပေါ်င်းလဒ် ၄၃ရရှိခြင်းအားဖြင့် အိမ်ထောင်ရေး၊ အလုပ်အကိုင်၊ စီးဟွးရေးဆိုင်ရာများတွင် အောင်မြင်မူကိူ မရတတ်ကြ။ အရှုံးကိုသာ တွေ့ကြုံကြတတ်သည်။ [မှတ်ချက်။ ။ နံပါတ် ၇တွင် ဆုံးဖြတ်ချက်အမှားကြောင့် ဆုံးရှုံးမူများ ကြုံရတတ်သည်ဟု ဖော်ပြထားချက်ရှိသည်။] ထိုနံပါတ်၏ အဓိပ္ပါယ်သည် ချစ်ခြင်းမေတ္တာနှင့် ငြိမ်သက်ခြင်းဟူသော အသွင်ကိုဆောင်သည်။ သူတို့သည် ရုပ်ဝထ္ထူများအပေါ် စိတ်ဝင်စားခြင်းမရှိတတ်ကြ။ တခါတရံတွင် မည်သည့်အရာကိုပဲလုပ်လုပ် သူတပါးကောင်းကျိုးကို ရည်ရွယ်လုပ်ကိုင်ကြသည်။ လူတစ်ဦးတစ်ယောက်သည် မကြာခဏဆိုသလို ၄၃နှင့် ကြုံတွေ့နေရသည်ဆိုလျှင် ယင်းမှာ ကိုယ်ရည်ကိုယ်သွေး တိုးတတ်ဖွံဖြိုးမူနှင့် ဖန်တီးမူနယ်ပယ်များ ပိုမိုအားကောင်းလာကြောင်းကို ပြဆိုသည်။ လူတို့၏ခံစားချက်များအပေါ် နားလည်မူစွမ်းရည်များ ပိုမိုမြင့်မားလာသည်ကို ထူးခြားစွာ မြင်တွေ့ရမည်ဖြစ်သည်။ အနာဂတ်တွင် ဆိုကျိုးရစေတတ်သည်ကမူ အကြံအစည်များလွဲချော်တတ်ခြင်း၊ ေ့ရှတိုးမရ၊နောက်ဆုတ်မရသော အခြေအနေများနှင့် ကြုံရတတ်ခြင်း၊ အရှုံးပေးလိုစိတ်များဖြစ်ပေါ်တတ်ခြင်းမျိုးကို ကြုံရတတ်သည်။ အကယ်၍ ထိုဒုက္ခမှ လွန်မြောက်ပြီးလျှင်မူ သုခတရားသည် ထိုသူတို့အတွက် ကျိန်းသေပေါ်က် ရောက်ရှိလာပါလိမ့်မည်။ ငွေကြေးများ မကုန်သင့်ဘဲ ကုန်ကျ၍ အလေအလွင့်၊အပျက်အစီးများတတ်သည်ကိုလည်း သတိပြုဖို့ လိုပါသည်။ ထိုနံပါတ်နှင့်ဆိုင်သူများတွင် သူငယ်ချင်း အနည်းငယ်မျှသာ ရှိတတ်ကြသည်။ ထိုသူငယ်ချင်းများအပေါ်မှာလည်း အလွန် ခင်မင်တတ်သည်။ ဒုက္ခရောက်လျှင်လည်း ကူညီပေးတတ်သည်။ သို့သော်လည်း လူအများစုက နားမည်နိူင်ကြသလို နားလည်မူလည်း မပေးကြ။ ထိုသူတို့၏ အာရုံစူးစိုက်မူကို ခံရဖို့အတွက်မှာ မိမိကိုယ်မိမိ ပို၍ကောင်းမွန်အောင် လုပ်ဆောင်နိူင်သောနည်းလမ်းများအား ရှာဖွေကြရမည် ဖြစ်သည်။ ပေါ်င်းသင်းဆက်ဆံမူတွင် မည်သူကိုမဆို သတိထား၍ ပေါ်င်းသင်းရမည်။ လုပ်ငန်းခွင်တွင်လည်း မိမိလုပ်ဖော်ကိုင်ဖတ်များ၏ လုပ်ဆောင်မူတို့မှာ မိမိကို ထိခိုက်မူဖြစ်စေသလား ဆိုတာမျိုးကို လေ့လာကြရမည်။ တင်းမာသော အခြေအနေများ မဖြစ်ပေါ်စေရန် သတိပြု နေထိုင်ရမည်။ မိမိထင်မှတ်မထားသော သူများက မိမိကို ဒုက္ခပေးတတ်ကြပါသည်။ နံပါတ်၄၃၏ အိမ်ထောင်ရေးသည် မိသားစုဘဝလုံခြုံမူကို အဓိကထား တည်ဆောက်ရမည်။ မိမိ၏ အိမ်ထောင်ဖက်အပေါ် အလေးထား ဆက်ဆံရမည်။ အချိန်ပေးရမည်။ သို့မှသာ မိမိတို့ဘဝ၌ စိန်ခေါ်မူများကို ကြုံတွေ့ရသည့်အခါ ထိုသူတို့က မိမိကို လမ်းပြပေးကြမှာ ဖြစ်သည်။ ဘယ်အရာကိုမှ အရှုံးမပေးမိဖို့ လိုပါသည်။ မိသားစုနှင့်အိမ်ထောင်ရေးတွင် နှောင်ကြိုးများကို ခိုင်မြဲအောင် တည်ဆောက်ရမည်။ မိမိ မိသားစုဘဝဖြစ်တည်မူကို အခြားသောမိသားစုအခြေအနေများနှင့် နိူင်းယှဉ်သုံးသပ်ခြင်းမျိုး မလုပ်သင့်ပေ(နံပါတ်၇တွင် မိမိကိုယ်မိမိပြန်လည်သုံးသပ်နေရာမှာ ပတ်ဝန်းကျင်နှင့် ဝေးကွာရသောအခြေအနေကို ယှဉ်၍သုံးသပ်ပါ။)။ ယခုထက်ပိုမိုသိလိုပါလျှင် နံပါတ်၇၌ အကျယ်တဝင့်ပြဆိုထားပြီး ဖြစ်သောကြောင့် ၇ကို ဆက်လက်လေ့လာသင့်ပါကြောင်း။

    ၄၃၏ အထင်ကရမှတ်တမ်း BC43တွင် ရောမနိူင်ငံရေးသမား၊စာရေးဆရာ စီစီယို ကွယ်လွန်သည်။

    ကိုးကား affinumerology.com sunsings.org 3:09AM Sep30.2020 Minsetwai

    Featured Post

    ကဗျာဟူသည်

    poetry ကဗျာဟူသည် ကဗျာဆိုသည်မှာ မိမိရောက်နေသောခေတ် အသက်ရှင်နေသောခေတ်၏အတွေးအခေါ်များကို အခြေခံ၍ သက်ရောက်မှုအများဆုံးရှိသော ခံစားမှုကို ဖန်တီးပ...