Search My Blog

Friday, November 13, 2020

I want to be a robot-2

I want to be a robot -2


If only i were an insensitive robot

Them my life will be better

When that did not happen,

I peeked through the peep-hole

Lips, eyes and blood vessles

From the pain and suffering the forest

After i couldn't take care myself

I am with heavy burdens. 










If only i were a painless robot

Then my life will be better

When that did not happen,

It invades my sense

Love, feel and pain

In the dark days of misconceptions

I am with irreversible love. 


If only i were a ruthless robot

Then my life will be better

When that did not happen,

I drank alcohol everyday

Numbness, dizziness and dissatisfaction

In the dishonest life of an demon

After stealing myself

I am with meaningless tomorrows. 


Nov11.2020

Minsetwai

I want to be a robot

I want to be a robot 










I want to be a robot

Living with abominable values of human beings

Duties and benefits

After learning through bindings such as

Behind the scenes with empathy

fists clinging silently

I did not dare to fight again

Living by their orders

Going to the place indicated by them

In my desires and thoughts

Really,

I want to be a robot.


My brain is forever numb

I want to keep it out forever

Their empathy was lacking

My heart is asleep forever

In the source of people's minds

By the hiding of man living ago

I want a maching for them

Everyday,i would work non stop

Really,

I want to be a robot.


I want to tell my father about it

And then

I also want to tell the sea

I also want to tell the horizon

I also want to tell the ants

That are carrying food

Really,

I want to be a robot.


Sep23.2020

Minsetwai

Wednesday, November 11, 2020

ငါ့ကိုယ်ငါ ခတ်ခဲ့တဲ့ လက်ထိတ်

ငါ့ကိုယ်ငါ ခတ်ခဲ့တဲ့ လက်ထိတ်


ကိုယ်ရဲ့စိတ္တဇ ကုတ်ခြစ်ရာတွေနဲ့ 

မင်းရဲ့နာမည်တွေ အရာထင်နေလိမ့်မယ် 

ပူစီဖောင်းလို ရုတ်တရတ်ထပွက်လာတဲ့ စိတ်ကူးထဲ 

ကိုယ့်အတ္တကို လက်နက်ချလိုက်တယ်...

ဘုရင်မလေးရယ်..ငါကိုခေါစာမပစ်ပါလိုက်ပါနဲ့ 

အမှောင်ထဲမှာ တီးတိုးသံတစ်ချို့ ကျကွဲသွားတယ် 

မင်းမျက်မှန်လေးကို အဟောင်းတွေကြားမှာရှာရင်

ဟော့..မင်းနှုတ်ခမ်းထက်ကမှဲ့က ငါ့လှောင်ပြုံးနေခဲ့တယ်။




အေးကွယ်..

မင်းမြှောက်မှ ဘုရင်ဖြစ်မယ့် ငါက

မင်းကြိုက်တဲ့ စတော်ဘယ်ရီသီးတွေနဲ့ 

အလွမ်းတွေ လှိုင်လှိုင်ဝေရင်း

ရင်ဘတ်ပေါ် ပင့်ကူတက်လာသလို

ငါ တိုးတိုးတိတ်တိတ် မျိုချ..

မင်းဖြစ်ချင်တဲ့ ဘုရင်မက

ငါ့ဘဝနဲ့မှ မဟုတ်တော့တာပဲ

ခုတော့ ငါသိတာပေါ့

ငါလိုနိမ့်တဲ့သစ်ပင်လည်း လေဒဏ်ခံခဲ့ရပြီ

မာန=ဆူးတွေမှာ 

ရင်ဘတ်ကအနာတွေ သွေးစက်စက်ယိုခဲ့ပြီ

အိပ်ဆေးခွက်တို့နဲ့ပဲ အိပ်ရေးပျက်နေခဲ့ပြီလေ။

ဘုရင်မလေးရေ..

ကန္တရပင်တွေမှာ ဆူးတွေရှိသတဲ့လား

ငါ ဆူးသင့်ခဲ့သူပါကွယ်..

အခု..

မင်းက အိပ်မက်ထဲလည်း ရောက်မလာချင်တော့ဘူးဆိုတော့

လက်ကမ်းကြိုရသူ ငါမှာ

ကယောင်ကတမ်းနဲ့ လွင်တီးခေါင်လို

နွေကျဲကျဲတစ်ခုဟာ 

ရင်ဘတ်ကိုမှ တစ္ဆေခြောက်ရတယ်လို့။

ကြောက်လွန်းလို့ ငါလေ

မင်းအရိပ်လေးထဲ..ပုန်းနေခဲ့မိတယ်

မင်းအတွက်ရေးတဲ့ကဗျာရယ်

မင်းအတွက်ရေးတဲ့ စာတွေရယ်က

သဲလွန်စ ပေးနေလိုက်ကြပုံများ

ငါ အချစ်တို့နဲ့ ကမ္ဘ္ဘာတည်သလိုလို..။


March1.2017

Minsetwai

ရှင်သန်လိုခြင်းအတွက် ရေးဖြစ်တဲ့ သေတမ်းစာ

ရှင်သန်လိုခြင်းအတွက် ရေးဖြစ်တဲ့ သေတမ်းစာ


၁။ ။

ဒီရေခဲမြစ်ကလေးနဲ့....

ဒီအနာဂတ်ကြယ်ကလေး

အတွက် ..

ကျောရိုးတစ်လျှောတ် 

နာကျင်ကိုက်ခဲခြင်းတွေနဲ့...

ပျင်းရိလေးတွဲ့မနက်ဖြန်တွေကို

ငါ

ပြန်သယ်ထုတ်ယူသွားရချိန်....။ 


၂။ ခံစားထုဆစ်ခဲ့မိတယ်

 ကြယ်တွေ၊ လတွေ

သေချင်စော်နံသူတစ်ဦးရဲ့ 

အဝေးမှာ 

ထိန်ထိန်လင်းကြပါစေ...

မုန်တိုင်းပျော် 

ဇင်ယော်ဌက်တွေရဲ့

မိသားစုဘဝဆိုတာမျိုးတွေ 

တဖြည်းဖြည်းချင်း 

ဖြေလျော့ပေးလိုက်ရတဲ့နောက်

မြက်ခင်းရောင် 

အခန်းလေးထဲက

တီတီတာတာကလေး

ငယ်တစ်ဦး

စိတ်ကူးထဲထိ 

လာလာ အမြစ်တူးဆဲပဲလေ..17.။


၃။ ဒီနေ့က ၆လသားတစ်ဦး

ဘာလုပ်နေမှန်း မသိရတဲ့နေ့

အရင်တုန်းကလည်း မသိရ

နောင်လည်းမသိရ

ဘယ်တော့မှ 

ဘာဆိုဘာမှ သိခွင့်မရ

နေဝင်ဆည်းဆာအလှတွေ

ပျောက်ချင်းမလှ

 ပျောက်ဆုံးနေခဲ့ရတဲ့နေ့တွေ။ ။


၄။ ။ ဟော့..ဟိုးကဝရံတာမှာ 

ချစ်စဖွယ်ကလေး

ဟော့...ဟိုးမှာ စက်ဘီး

အနီရဲရဲလေး

ဟော့..ဟိုးမှာ သားတွေကို 

ချီပိုးထားတဲ့ 

စိတ်ဓာတ်မာတဲ့ ဖခင်တွေရဲ့ 

အပြုံးလေးတွေ

စောင့်ကြည်အသက်ငင်နေတဲ့ 

ဂီတာဖြူလေးထဲက

နေတိုးရဲ့

လရောင်ချော့တေးလေး 

ထပ်မံ အသက်ဝင်စေ

ချင်မိပြန်သေးတယ်။ 


၅။ ပြောပြချင်တဲ့ စကားတွေဟာ

ထိုးကြိတ်ပြီးထည့်လဲ

 နောက်ဆုံးတွေနဲ့အမျှင်တန်း

ဆုတ်ကိုင်ထားချင်ခဲ့တဲ့ 

ဟော့ဒီ..လက်မှာ

နာကြင်မှာစိုးတဲ့

 သောကဝေဒနာတွေနဲ့

မာန်လျော့လို့ 

ပျင်းရိတုန့်ဆိုင်းသဏ္ဍာန်နဲ့အတူ

သေတမ်းစာတွေ

အကြိမ်ကြိမ် ရေးနေခဲ့မိတယ်..။


၆။ ပျော်ရွှင်မူရဲ့ 

အသံထွက်ဆိုခြင်းမှာ

ငါ့စိတ်အာရုံသိမြင်မူက 

ချင့်ချိန်ဥပမာ မဲ့နေခဲ့ပြီပဲ

စိတ်....တဲ့

ကွင်းစ ကွင်းပိတ်လေးထဲ

(.............................)

ငါ့ကိုယ်ငါ 

လှောင်ပိတ်ခံထားလိုက်မိတယ်။ 


၇။ ဥပဏ္ခောပြုထား

လိုက်သူတွေရဲ့ နောက်ကွယ်

ဖယောင်းမီးလေး လေမခဖို့

တုန်တုန်ရီရီလက်တွေနဲ့

စွမ်းသလောက် 

ကာကွယ်ပေးချင်သေးလည်း

နတ်ဆိုးတွေက 

ဆုတောင်းမပြည့်အောင်

ဝိုင်းဝန်းလို့ ငါ့ကို

ကမကထပြုပေးကြပြန်တယ်။ 


၈။ ကလေးငယ်တစ်ဦးရဲ့ 

အသက်ရှင်သန်မူထဲမှာ

စေတနာ၊မေတ္တာရဲ့ 

လှည့်ဖျားမူကြီးစိုးပြီး

အမှန်တရားကို 

သဲလွန်စဖျောက်ချင်ကြပုံက

သြချရလောက်အောင် 

စိတ်ကုန်လိုက်ချင်လည်း

သြော်..ဒါ.. ကလေးငယ်လေးရဲ့အနာဂတ်အတွက်

ဆုံးဖြတ်ချက်ချမူတွေပဲလေဆိုပြီး

သမိုင်းရေးသူတွေအပေါ် 

ဘာကြောင့်အမှန် 

မရေးတာလဲလို့

စော်ဒက

 ပြန်တတ်ချင်မိသေးတယ်။

(ငဲ့ညှာမူအကြောင်းတရားထဲမှာ ငါမပါ၊ သူမပါ၊ မည်သူ၊ မည်သူမျှ ပါဝင်ပက်သက်ခြင်း မရှိပါ။)


၉။ ဘာဖြစ်ဖြစ်..အခုငါက

ကြိုးဆွဲသူမဲ့သွားတဲ့...

ရုပ်သေးပျက်

ခြေချော်လက်ချော် ပစ္စူပ္ပန်ထဲမှာ

သက်ဝင်မူမဲ့သွားရပြီး...ပဲ

ဖုန်းကလေးထဲက 

ကမ္ဘာတစ်ခြမ်းက အတိတ်ကို

ခိုးခိုးကြည့်နေ ရုံပဲ

အဖတ်တင် ကျန်ရစ်တယ်။ 


၁၀။ အစစ်အမှန်မဟုတ်တဲ့ 

စိတ်ကူး ကျောက်စရစ်လေးတွေ

တသီးတသန့် 

ပွင့်ဝေပေးနေကြတဲ့ 

အနတ်ရောင် 

စံပယ်ပန်းလေး..တွေ

ငါနဲ့ အချိန်ကြာမြင့်စွာ

မတည်ရှိပေးနိူင်ဘူးဆိုတဲ့

မျက်ခုံးထူထူကလေး..

ဖအေမတူဘူးလို့ .

အကြောက်အကန်း

ငြင်းဆန်ခံထားရတဲ့ ကလေး

ငါ့နှလုံးထဲမှာ သွေးကြောတွေ

ပိတ်ဆို့သွားရင်တော့ 

ကောင်းမယ်ကွယ်။


၁၁။ အခု ပုံထဲမှာ

၆လသားကလေးက

 ပြုံးရယ်နေတယ်

ငါ့ရင်ဘတ်ထဲမှာလည်း 

နတ်နတ်နဲနဲ 

လိုက်လံပြုံးရယ်နေဖြစ်တယ်

အတူတူပြုံးပေမယ့်

အပြုံးချင်းတွေ အတူတူ

မဆုံကြဘူး..

မဆုံမူထဲမှာ သေချာတာ 

တစ်ခုလေးပဲ ရှိနေမယ်....။ 


၁၂။ ပြုံးရယ်ခြင်းထဲမှာ

(အစစ်အမှန်)

ငြိမ်ချမ်းသောပန်းတွေ ပွင့်ဖို့

ထွန်ယက်စိုက်ပျိုးခြင်းတွေပဲ 

ရှိတယ်..

ဒီအရှိတရားကို ..

ကျေနပ်စွာ ယုံကြည် 

လက်ခံပေးဖို့ဆိုတာ

စိတ်ပိုင်းဆိုင်ရာ 

လွတ်မြောက်ပေါ့ပါးဖို့

အတွက်သက်သက်ပဲလို့

သေတမ်းစာရဲ့အောက်မှာ

သေတမ်းစာကို 

ပြန်လည်ရုတ်သိမ်းလိုကြောင်း

ယှဉ်တွဲလို့ 

အတူတူ ရေးထားတယ်

ဒီ foot Noteကို 

သူတို့ အရင်ဖတ်ကြည့်ဖို့တော့လိုတယ်ကွယ်..။


May 17,2019

Minsetwai 


ဒီကဗျာက 

ရဟတ်(ကဗျာစုစည်းမူ)ရဲ့

 နောက်ဆုံးကဗျာပါပဲ။ 

ကျွန်တော်ကဗျာတွေကို 

ဖတ်ရှုပေးကြတဲ့ 

ကျွန်တော်သူ့ငယ်ချင်းအားလုံးကို ကျွန်တော်ကျေးဇူးတင်လျှက် ရှိနေပါ့မယ်။ အားလုံးကျန်းမာ၊ ချမ်းသာကြပါစေခင်ဗျ။

Tuesday, November 3, 2020

Number-4

Number4


ဒီ၄ဂဏန်းမှာတော့ ၄ရက်နေ့မွေးသူ၊၁၃ရက်နေ့ မွေးသူ၊ ၂၂ရက်နေ့ မွေးသူ၊ ၃၁ရက်နေ့မွေးသူ၊ အမည်ဂဏန်း ၄ ရသူ၊  ဘဝ၏ ကံကြမ္မာဂဏန်း၄ ရသူများသာမက အခြား ၄နဲ့သက်ဆိုင်သမျှများကို စုစည်းဖော်ပြပေးပါမည်။ 


နံပါတ်၄သည် ယူရေးနပ်စ်ဂြိုလ်ကို ကိုယ်စားပြုပေးသော နံပါတ်ဖြစ်သည်။ လူအများစုက ၄ကို ကံမကောင်းစေသောနံပါတ်တစ်ခုအဖြစ် သတ်မှတ်ထားသော်လည်း တရုတ်တို့ကမူ ၄ကို ကံကောင်းခြင်းနံပါတ်တစ်ခုအဖြစ် သတ်မှတ်ကြသည်။ ယင်းဂဏန်းသည် ရုပ်ဝထ္ထူများနှင့် သက်ဆိုင်နေပြီး ခိုင်မာတောင့်တင်းမူများကိုလည်း ကိုယ်စားပြုသည်။ စရိုက်လက္ခဏာအားဖြင့် နံပါတ်၄သည် အခြေခံအုတ်မြစ်ချခြင်း၊ စိတ်အားထက်သန်ခြင်း၊ အားစိုက်ထုတ်တတ်ခြင်း၊ တည်ငြိမ်လေးနတ်မူရှိတတ်ခြင်း၊ အခွင့်အာဏာရရှိခြင်းတို့နှင့် ပတ်သက်သည်။ ယင်းဂဏန်း၏ သဘောမှာမူ ရန်မလိုသော်လည်း အများနှင့် အစစအရာရာ ဆန့်ကျင့်နေတတ်ခြင်း၊ မကောင်းကြံသော ရန်သူများစွာ ရှိတတ်ခြင်းနှင့် အစဉ်အလာ စည်းကမ်း ဥပဒေတို့ကို ပြုပြင်ပြောင်းလဲလိုကြသူများဖြစ်သည်။ ၎င်းတို့၏စရိုက်အရ အာဏာကိုဖီဆန်၍ အုပ်ချုပ်ခြင်းအသစ်၊ မင်းအသစ်ကို လိုလားကြ၏။ တိုင်းပြည်ရေးရာကိစ္စများတွင် ဝါသနာပါ၏။ အယူအဆမှာ positiveဖြစ်ရမည်။ မဖြစ်မနေရဆိုသော စိတ်မျိုးရှိကြသည်။ 


ဆိုရလျှင် ၄သမားအများစုတွင် ခေါ်င်းမာခြင်း တဇွတ်ထိုးလုပ်တတ်ခြင်း ၊ ပြန်မပြော နားမထောင်ခြင်း၊ ကိုယ်ထင်ရာကိုယ်စိုင်းခြင်း၊ ချုပ်ကိုင်မူကို မလိုလားခြင်း စသော အကျင့်စရိုက်များ ရှိတတ်ကြသည်။ ထိုအတူ တိုးတတ်သော အယူအဆများ ရှိကြပါသည်။ သူတို့သည်  ဟောင်းနွမ်းနေသော အတွေးအခေါ်အယူအဆများနှင့် လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်၍ အသစ်အဆန်းကိုလက်ခံရန် ဝန်မလေးသူများ ဖြစ်သောကြောင့် ခေတ်ရေစီးကြောင်းနှင့် အလိုက်သင့်ကူးပြောင်းနိူင်စွမ်းရှိကြပြန်သည်။ 

၄ဂဏန်းသမားများသည် စည်းမျဉ်းစည်းကမ်းများကို ရေးဆွဲလေ့ရှိပြီး တစ်ချိန်တည်းမှာပင် အရာအားလုံးသေချာအောင်လုပ်ဆောင်တတ်ကြသည်။ ပရမ်းပတာ လုပ်ဆောင်ခြင်းကိုလည်း မုန်းတီးတတ်ကြသည်။ အခြေအနေတစ်ခုခုသည် သူတို့ကို ထိန်းချုပ်ထားသလို ခံစားကြရသောအခါ သူတို့သည် အဆင်မပြေမူကို ပြင်းထန်စွာ ခံစားတတ်ကြသည်။ မကြာခဏအားဖြင့်မူ သူတို့ရည်ရွယ်ထားသောအရာကို သူတို့၏ ဇွဲရှိမူကြောင့် ရရှိတတ်ကြသည်။ ထိုသို့ သူတို့စိတ်ထဲကအတိုင်း တစ်ခုခုကို အောင်မြင်အောင် လုပ်ဆောင်နိူင်သည့်အခါ သူတို့ အလွန် ပျော်ရွှင်ကြည်နူးတတ်ကြသည်။ သူတို့သည် အလွန်သိလွယ်၊တတ်လွယ်ကြပြီး တစ်ထွာပြလျှင် တစ်လံမြင်သူများ ဖြစ်ကြသည်။ ထိုအပြင် အကင်းပါးကြ၏။ 


သို့သော်လည်း အချို့ လေးဂဏန်းပိုင်ရှင်များမှာ စိတ်ဓာတ်ခိုင်မာမူမရှိ၊ အပြောင်းအလဲ မြန်သူများဟု အပြောခံကြရတတ်သည်။ အမှန်စင်စစ် ထိုသို့ဖြစ်ရခြင်း၏ အဓိက ကြောင်းရင်းမှာ သူတို့၏ စိတ်နေစိတ်ထားမှာ သိရခက်လှသောကြောင့် ဖြစ်သည်။ ထိုကြောင့်လည်း သူတို့တွင် အများစုမှာ မိတ်ဆွေနည်းပါးကြကုန်သည်။ ၄ဂဏန်းအမျိုးသမီးများမှာမူ အားသာချက်တစ်ခုအနေဖြင့် ချွေတာ၍ လက်တွေ့ကျကျလုပ်ဆောင်တတ်ကြသည်။ အချို့အမျိုးသမီးများကမူ အချိန်ဆွဲပြီး အလုပ်လုပ်တတ်ကြသည်လည်း ရှိ၏။ မည်သို့ဖြစ်ဖြစ် ယင်းတို့တွင် မဖြစ်မနေစိတ်မျိုး ရှိကြသော်လည်း ရည်မှန်းချက် ပျက်ပြယ်ခြင်း၊ အောင်မြင်သော်လည်း အကျိုးမခံစားရခြင်း ၊ အပြိုင်အဆိုင်များခြင်း စသကဲ့သို့ အခြေအနေများကို ကြုံရတတ်ပြန်သည်။ အချို့သော ကိစ္စရပ်များတွင်လည်း သူတို့သည် အရာရာတိုင်းအပေါ် လေးလေးနတ်နတ်ရှုမြင်ပြီး ချဉ်းကပ်နေတတ်ကြသောကြောင့် ဘဝတွင်ပျော်စရာအချိန်များကို လက်လွှတ်ဆုံးရှုံးနေတတ်ကြသည်။ 

အထူးသဖြင့် ၄ဂဏန်းသမားတို့သည် အစဉ်လိုလိုပင် အများနှင့်သဘောထားအယူအဆများ ကွဲလွဲနေတတ်ကြသည့်အပြင် ဆန့်ကျင်ဘက်များကို ပြုလုပ်တတ်ကြသောကြောင့် အငြင်းဟွးမူ၊ အတိုက်အခံဖြစ်မူများကြောင့် ရန်သူများရှိလာတတ်ကြသည်။ ထိုအတူ အရာရာကို အများတကာနှင့် ခြားနားစွာ ရူမြင်တတ်ခြင်းမှာလည်း ယင်းတို့၏ပြဿနာဖြစ်နေခဲ့သည်။ အခြားသောလူတစ်ဦးတစ်ယောက်သည် သူတို့နှင့် မမြင်၊ အယူအဆနှင့်သဘောထားများ သဟဇာတ မဖြစ်သောအခါ ထိုတစ်ဦးတစ်ယောက်အား ညှီနိူင်းမူပြုလုပ်ဖို့ကို သူတို့မကြိုးစားတတ်ကြပေ။ ထိုကြောင့်ပင် သူတို့၏ လုပ်ငန်းဆောင်တာများမှာ အထစ်အငေါ့ ဖြစ်ရခြင်း ၊ အတားအဆီးရှိခြင်း ၊ အပြောအဆို ခံရခြင်း၊  ဂုဏ်သိက္ခာ ကျခြင်း၊ စကားများရခြင်း၊ လုပ်ငန်းများ ပိတ်ဆို့ခြင်း၊ တော်လှန်ခံရခြင်းတို့နှင့် အဆင်မပြေဖြစ်ရခြင်းများကို ကြုံတွေ့ကြရသည်။ အဓိကအကြောင်းရင်းကမူ သူတို့၏ ခေါ်င်းမာသော အကျင့်စရိုက်ကြောင့်ပင် ဖြစ်သည်။ ထိုသို့ အဆင်မပြေသော အခြေအနေမျိုး၌ ၄သမားတို့သည် မိမိ၏ ချို့ယွင်းချက်များအပေါ်တွင် စိတ်ထိခိုက်ခံစားလွယ်ပြီး အလွန်အမင်း ခံစားနေတတ်ကြသူများလည်း ဖြစ်သည်။ ၎င်းတို့ အများစုသည် စိတ်ထိခိုက်ခံစားလွယ်ပြီး အလွယ်တကူ စိတ်ဆင်းရဲတတ်ခြင်း၊ အထီးကျန်အဖော်မဲ့သည်ဟု တွေးမြင်ခံစားတတ်ခြင်း ၊ စိတ်ညစ်လွယ်ခြင်းတို့ကို လက်ကိုင်ထားတတ်ကြ၏။ထို၄ဂဏန်းသမားတို့သည် တစ်ရွာမပြောင်း ၊ သူကောင်းမဖြစ်ဆိုသလိုပင် မိမိဇာတိမြို့တွင် အဆင်မပြေတတ်ကြဘဲ မြို့ကြီး၊ပြကြီးနှင့် နိူင်ငံခြားများသို့ သွားရောက်အလုပ်လုပ်ကိုင်သောအခါမှသာ အဆင်ပြေကြသည်ကလည်း ပိုများပြားပါသည်။ 


၄ရက်နေ့မွေးသူများကမူ တစ်ခါတစ်ရံ  ရှေးရိုးဆန်နေတတ်ကြသူများ ဖြစ်သည်။ ယင်းတို့သည် စိတ်ဓာတ်ပိုင်းဆိုင်ရာတွင် စိတ်ဓာတ်တည်ကြည်ပြီး စည်းစနစ်ကျကျနှင့် ပီပီပြင်ပြင် လုပ်ဆောင်တတ်သူများ ဖြစ်သည်။ တာဝန်နှင့်ဝတ္တရားအပေါ် ခေါ်င်းရှောင်မနေဘဲ လျှင်မြန်စွာပြီးမြောက်အောင် ကြိုးစားလုပ်ကိုင်လိုစိတ်ရှိကြသည်။ အလွယ်တကူ အရှုံးပေးလိုစိတ်မရှိကြဘဲ အချိန်တိကျမူကိုလေးစားကြသည်။ အိမ်တွင်းရေး အဆင်မပြေတတ်ကြသော်လည်း အမွေရကိန်းများ ရှိတတ်ကြသည်။ စီးဟွးရေးအပိုင်း၌ ကျွမ်းကျင်ကြပြီး လက်တွေ့သမားများဖြစ်သောကြောင့် အခြေခံကောင်းများကို တည်ဆောက်ထားတတ်ကြသည်။ အရာရာအပေါ်၌ အသေးစိတ်သိချင်ကြသည်။ သူတို့သည် ယုတ္တိကျကျ စဉ်းစားတွေးခေါ်တတ်ကြပြီး ထိုအတွေးများပေါ် အခြေပြု၍ ယုံကြည်စိတ်ကို တည်ဆောက်တတ်ကြသည်။


ဘဝ၏ကံကြမ္မာဂဏန်း(၄)ရသူများမှာလည်း လက်တွေ့သမားများပင်ဖြစ်ကာ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိူင်ကြသည်။ အတွေးအမြင် ပဓာနဝါဒီများ မဟုတ်ကြသော်လည်း ကမ္ဘာလောကကြီးကို ပိုမိုကောင်းမွန်လာအောင် လက်တွေ့ကျကျနည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်လိုသူများဖြစ်သည်။ ထိုအတူ စည်းစနစ်ကျစွာဖြင့်မိမိကိုယ်မိမိ ထိန်းချုပ်နိူင်သူများဖြစ်ကာ အခက်အခဲများကို ဖြေရှင်းရာတွင် တိကျပြတ်သားပြီး တစ်ဆင့်ချင်းစီနှင့်စနစ်တကျ ဖြေရှင်းတတ်ကြသည်။ တစ်စုံတစ်ခုလုပ်မည်ဟု ဆုံးဖြတ်ပြီးလျှင် အရှုံးမပေးတတ်ကြသော သူများလည်း ဖြစ်သလို ဖြတ်လမ်းနည်းကို လိုက်သောသူများလည်း မဟုတ်ကြပေ။ သူတို့က လုပ်ငန်းတစ်ခုကို အချိန်ကြာမြင့်စွာ အချိန်ယူပြီး အခြေခိုင်အောင် ကြိုးစားပမ်းစားဖြင့် တည်ဆောက်ကြသောသူများ ဖြစ်သည်။ တိကျခြင်း၊ ဇွဲနပဲကြီးမားခြင်းတို့က သူတို့အတွက် အောင်မြင်မူကိုရရှိစေသည့် စွမ်းအားများပင်ဖြစ်သည်။ သို့သော် သတိပြုသင့်သည်မှာ သူတို့သည် မိမမ၏အကြံအစည်များနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ကို အလျှင်စလိုမချမှတ်ရန်လိုပါသည်။ ထိုအတူ သူတပါးအပေါ် ဆရာလုပ်လိုသောစိတ်နှင့် ရိုင်းပျစွာ ဆက်ဆံချင်သောစိတ်တို့ကို ချုပ်တီးထားသင့်သည်။ သူတို့သည် အလုပ်ကို ချစ်မြတ်နိူးသူများဖြစ်သောကြောင့် ငယ်ရွယ်စဉ်ဘဝကတည်းကပင် အလုပ်ခွင်ထဲသို့ ရောက်ရှိနေတတ်ကြသူများဖြစ်ရာ မည်သည့်လုပ်ငန်းတွင်မဆို သူတို့၏ အလုပ်ကြိုးစားမူနှင့် လက်တွေ့ကျမူတို့ကြောင့် အကျိုးကျေးဇူးများကို ရရှိခံစားကြရသောသူများပင် ဖြစ်သည်။


အမည်နံပါတ် ၄ ရရှိကြသူများအတွက်မှာ သူတို့သည် နေ့စဉ်လောကတွင် သူတို့၏အရည်အချင်းများကို အသုံးချ၍ အလုပ်လုပ်ကြသူများ ဖြစ်ကာ အလုပ်နှင့်ပတ်သက်၍ လုံ့လဝီရိယရှိသော အလုပ်သမားတစ်ဦးဟု ဆိုနိူင်သည်။ သူတို့သည်  မည်သည့်စီမံကိန်းကိုမဆို ပြီးစီးရန်ကြိုးစားလိုစိတ်ရှိကြသည်။ ထိုကြောင့် သူတို့သည် အလုပ်နှင့်ပတ်သက်၍ သည်းခံခြင်းနှင့်အတူ အသေးစိတ်ကြည့်ရူ လေ့လာတတ်ကြသည်။ သူတို့၏လုပ်ဆောင်သမျှမှာလည်း စနစ်ကျ၍ လက်တွေ့ဆန်ကျသည်။ ထိုကြောင့်လည်း သူတို့သည် အလုပ်များကို ပြီးမြောက်အောင်မြင်အောင်လုပ်ဆောင်နိူင်ကြပြီး အောင်မြင်မူကို ရရှိတတ်ကြသည်။ သူတို့၏ စည်းကမ်းနှင့်ရိုးသားမှုများသည် သူတို့ကို နာမည်ကောင်းရရှိစေသည့်အပြင် သူတို့သည် အလုပ်များအတွက် ယုံကြည်စိတ်ချရပြီး လေးနက်သည့်စိတ်ထားရှိသူများဖြစ်ကြ၏။ သို့သော် သူတို့သည် သူတို့လုပ်သမျှအားလုံးမှာ လူတိုင်းအတွက်အကောင်းဆုံးဖြစ်သည်ဟုခံစားမြင်တတ်ကြပြီး အခြားသော လူအများစုအပေါ် တင်းကြပ်သောစည်းကမ်းချက်များ ထုတ်ပြန်တေတ်လေ့ရှိကြသည်။ ထိုအချက်ကို သူတို့သတိပြုကြဖို့ လိုသည်။ အခြားသူများမှာလည်း သူတို့၏စံနူန်းဖြင့် သူတို့ ရှိနေကြသည်ကို အမည်နံပါတ် ၄သမားများ သိရှိထားကြဖို့လိုပါသည်။ 


၄ဂဏန်းသမားများ အားလုံးအတွက် အချစ်ရေးနှင့်အိမ်ထောင်ရေးတွင်မူ သူတို့ကို The Dispassionate Loverဟု သတ်မှတ်ကြပြီး သူတို့ကို ကိုယ်ကျိုးမငဲ့ အရာရာကို စွန့်လွှတ်နိူင်ကာ ပကတိဖြောင့်မတ်ရိုးသားပြီး တည်ကြည်သော အချစ်ပိုင်ရှင်များဖြစ်သည်ဟု ဆိုကြသည်။ သို့သော်လည်း သူတို့၏ ဘဝလမ်းကြောင်းတွင် ကိုယ်ကချစ်ရသလောက် တူညီသောမေတ္တာကို ပြန်ရရှိရန် ခဲယဉ်းတတ်ကြပြီး များသောအားဖြင့် အိမ်ထောင်ရေး အဆင်မပြေ ဖြစ်တတ်ကာ အချို့မှာ လူပျိုကြီး ၊ အပျိုကြီးများလည်း ဖြစ်သွားတတ်ကြသည်။ သို့သော် ယင်းတို့သည် အတွင်းစိတ် အလွန်ပျော့၍ သိမ့်မွေ့ကာ ပေးဆပ်သော နှလုံးသားကို ပိုင်ဆိုင်ကြသည်။ ရင်နင့်အောင် ချစ်တတ်ကြသည်။ ၅၂၈၊ ၁၅၀၀မေတ္တာ အလုံးစုံတွင် သူတစ်ပါးထက်သာလွန်သော သံယောဇဉ် ရှိတတ်ကြသည်။ သို့သော် သူတို့ဘဝတွင် မိသားစုနှင့် အိမ်ထောင်ရေးပြဿ နာများကလည်း သူတို့ကို ကြီးမားသော စိတ်ခံစားမူ ဖြစ်ပေါ်စေကာ အထီးကျန်ဝမ်းနည်းနေစေတတ်သည်။ ထိုအခြေအနေသည်လည်း သူတို့ကို တစ်ကိုယ်ရည်သမားဖြစ်စေဖို့ တွန်းပို့နေခြင်းတစ်ခုလည်း ဖြစ်သည်။ မည်သို့ပင်ဖြစ်ဖြစ် ၄ဂဏန်းသမားတို့သည် မေတ္တာရေးပဋိပက္ခများ နှင့် မျက်ရည်များကြောင့် စိုစွတ်ခဲ့သည့်နေရက်တို့ကို ကျော်လွန်ပြီးလျှင်မူ အေးချမ်းသော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်ခွင့်ရရှိမည်မှာ အမှန်ပင်ဖြစ်သည်။ 


ထို၄ဂဏန်းသမားတို့၏ ချစ်ခြင်းမေတ္တာကို ရရှိပိုင်ဆိုင်ရသူတို့သည် အလွန်ကံကောင်းသောသူများပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော ၄ဂဏန်းသမားတို့သည် အချစ်တတ်ဆုံးသောသူများ ဖြစ်သောကြောင့်ပါပင်။ အထူးသဖြင့် ၄ဂဏန်းပိုင်ဆိုင်သော အမျိုးသားအများစုသည် အချစ်အပေါ် နားလည်မူ၊ ခံစားသိမြင်တတ်မူနှင့်အတူ အချစ်၏အရင်းအမြစ်ကို တိတိကျကျ နားလည်တတ်ကြသောသူများ ဖြစ်သည်။ ထိုယောကျာ်းတို့သည် မမျှော်လင့်ဘဲ မထင်မှတ်ဘဲနှင့် မိမိနှင့် အယူအဆ၊ သဘာဝမတူညီသော ခြားနားသောပတ်ဝန်းကျင်မှ နေထိုင်သူနှင့် မေတ္တာမျှတတ်ကြပြီး ပဋိပက္ခများစွာကြားကပင် မေတ္တာနှင့်အိမ်ထောင်ရေးကို ဖန်တီးတည်ဆောက်ကြသောသူများ ဖြစ်ကြပေသည်။ 


၄ရက်နေ့မွေးဖွားသူများ၏ အချစ်ကမူ သန့်စင်သောနှလုံးသား ၊ ရာဂလှုံဆော်မူ ကင်းမဲ့ခြင်း၊ မြင့်မြတ်သောမေတ္တာ ချစ်သူအပေါ် အလေးထားတတ်သောသူများ ဖြစ်သည်။ ချစ်ခဲသည် ချစ်မိကလည်း မပျက်ပြယ်တတ်ကြပေ။ အချစ်ရေးတွင် မှန်ကန်မူကိုသာ လိုလားပြီး အပြောင်းအလဲများခြင်းကို မနှစ်သက်ကြပေ။ သူတို့သည် ချစ်မိပြီဆိုလျှင် မပျက်ပြယ်သောအချစ်နှင့် ချစ်တတ်ကြပြီး သူတို့၏အချစ်ကို တည်မြဲနေစေသောသူများ ဖြစ်သည်။ သို့သော်လည်း သူတို့သည် အချစ်ရေးတွင်မူ မနာလိုမူများ၊ သွေးခွဲသော ဘေးစကားများ၊ ချစ်သူ၏နိူင်လိုမင်းထက်ဆက်ဆံမူများကို ခံစားကြရတတ်သည်ဆိုသော်လည်း သူတို့သည် အနှောင့်အယှတ်မည်မျှရှိပါစေ သူတို့၏ သန့်စင်သောနှလုံးသားဖြင့် ရန်အားလုံးကိုကျော်ဖြတ်နိူင်သည်ဆိုပါက အေးချမ်းသော အချစ်နှင့်အိမ်ထောင်ရေးကို တည်ဆောက်နိူင်ကြလိမ့်မည် ဖြစ်ပါသည်။


၄ နှင့် ပတ်သက်သူအားလုံးအတွက် အထူးသတိပြုရန်အချက်တစ်ခုကို နောက်ဆုံးအနေဖြင့် ဖော်ပြပေးချင်ပါသည်။ နံပါတ် ၄သည်လည်း နျူမယိုလောဂျီပညာရပ်တွင် စိတ်ဝင်စားစရာကောင်းသော နံပါတ်တစ်ခုပင်ဖြစ်၏။ ထိုနံပါတ် ၄သည် ပထဝီ၊ ဝါယော၊ အာပေါ၊ တေဇောဆိုသော မူလဘူတဓာတ်ကြီး၄ပါးကိုလည်း အထူးပြုထားသည်။ မြန်မာဗေဒင်ပညာရပ်တွင် ၄ကို ဗုဒ္ဓဟူးဂြိုလ်၏ ကိုယ်စားပြုနံပါတ်အဖြစ် ဖော်ပြပြီး အနောက်တိုင်း နျူမယိုလောဂျီတွင်မူ ၄မှာ ယူရေးနပ်စ်ဂြိုလ်ကို ကိုယ်စားပြုပေးသောနံပါတ်အဖြစ် ဖော်ပြသည်။ ထူဆန်းသည်မှာ မြန်မာဗေဒင်အယူအဆတွင် ၄ကိုနှစ်ဆဟွးပါက ၈ရရှိပြီး ထိုနံပါတ်၈မှာ ရာဟုဂြိုလ်ကို ကိုယ်စားပြုဖော်ပြလေရာ ဗုဒ္ဓဟူးဂြိုလ်နှင့်ရာဟုဂြိုလ်မှာ လုံးဝကို မတည့်သော ရန်ဘက်ဂြိုလ်များဖြစ်နေသည်ကို တွေ့ရသည်။ ထိုကဲ့သို့ပင် နျူမယိုလောဂျီတွင် ၈မှာ စနေဂြိုလ်ကို ကိုယ်စားပြုဖော်ပြပြီး ယူရေးနပ်စ်နှင့်စနေဂြိုလ်မှာလည်း လုံးဝမတည့်သော ရန်ဘက်ဂြိုလ်များ ဖြစ်နေသည့်ကို အလွန်တိုက်ဆိုင်စွာတွေ့ရသည်။ ထိုကြောင့် ၄သည် ၈ နှင့်တွေ့သောအခါတိုင်း ပြဿ နာများကို ကြုံကြရသည်။ ထိုကဲ့သို့ ပြဿ နာဖြစ်တိုင်း နောက်ဆုံး၈က အနိူင်ရသွားသည်ကိုလည်း အံသြစွာတွေ့ရပြန်သည်။ ဥပမာပြရလျှင် ဗိုလ်ချုပ်အောင်ဆန်းမှာ ၄သမားဖြစ်ပြီး ဂဠုန်ဦးစောမှာ ၈သမားဖြစ်သည်။ ထို့ကြောင့် ၄နှင့် ပတ်သက်နေသူအားလုံးသည် နံပါတ်၈နှင့်သက်ဆိုင်သည့် အရာများကို သတိထားကြရန် အထူးလိုအပ်သည်။ အသက်နှင့်ကြည့်မည်ဆိုလျှင် ၁၇နှစ်၊ ၂၆နှစ်၊ ၃၅နှစ်၊ ၄၄နှစ် စသကဲ့သို့သော အသက်အပိုင်းအခြားများတွင် ကံဆိုးမူများ ဖြစ်ပေါ်စေတတ်သည်။ ထိုအတူ ၄နှင့်၈တွဲနေသော ၄၈နှစ်ကိုလည်း အထူးဂရုစိုက်ရမည် ဖြစ်သည်။ သက္ကရာဇ်နှင့်ကြည့်မည်ဆိုလျှင် ၂၀၀၆ခုနှစ်၊ ၂၀၂၄ခုနှစ် စသကဲ့သို့သော ခုနှစ်များကို သတိပြုသင့်ပေသည်။ ထိုသက္ကရာဇ်များတွင် ၄သမားများသည် ကျန်းမာရေးအလွန်ညံဖျင်းတတ်၏။ 


ဂဏန်းများပေါ်င်းစပ်မူအနေဖြင့် ၄နှင့်၇ဂဏန်းတို့၏ ပေါ်င်းစပ်မူသည် ရလဒ်အနေဖြင့် ၄ဂဏန်းသမားတို့အတွက် ၇ဂဏန်းသမားများမှာ အကျိုးအမြတ်ကိုမမျှော်ကိုးဘဲ အင်အားပေးစွမ်းသူများဖြစ်သည့်အပြင် မိတ်ဆွေဖက်၊ စီးဟွးဖက်၊ အိမ်ထောင်ဖက်အဖြစ်သို့ ရွေးချယ်ရန်သငိ့တော်လှသည်။ ၇ဂဏန်းမှာ အမျိုးသမီးဖြစ်၍ ၄ဂဏန်းမှာအမျိုးသားဖြစ်ပါက အလွန်မှပျော်စရာကောင်းသောအတွဲဟုပင် ဆိုနိုင်ပါသည်။ 


၄ဂဏန်းနှင့်၆ဂဏန်းပေါ်င်းစပ်ခြင်းကမူ နှစ်ဦးစလုံးမှာ ငွေကြေးကို မလိုအပ်ဘဲ ဖြုန်းတီးတတ်ကြသူများဖြစ်သောကြောင့် စီးဟွးဖက်ဖြစ်ပါက အရှုံးပေါ်ကြရလိမ့်မည်။ ထိုအတူ အိမ်ထောင်ဘက်အဖြစ်နှင့်လည်း အဆင်မပြေသည်က များတတ်ကြလိမ့်မည်ဖြစ်သည်။ 


အိမ်နံပါတ် ၄။ အိမ်နံပါတ်များပေါ်င်းခြင်းအားဖြင့် ၄ရရှိသောအိမ်သည် ဘယ်အရာကိုမှ ကြိုတင်ခန့်မှန်းပြ၍မရနိူင်သော အိမ်အမျိုးအစားပင်ဖြစ်သည်။ ထိုအိမ်အမျိုးအစားသည် စိတ်လှုပ်ရှားဖွယ်ရာ ကောင်းသလို၊ အန္တရာယ်များနှင့် ကစားနေတတ်သောအိမ်လည်း ဖြစ်သည်။ ထိုအိမ်တွင်နေထိုင်သူအများစုမှာ စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်သူများ ဖြစ်ကြသည်။ ထိုအိမ်သို့ရောက်ရှိလာသူများသည် ဘဝ၏ပုံစံများပါ ပြောင်းလဲသွားတတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဘဝ၏အပြောင်းအလဲများစွာတို့သည် သူတို့အား စိန်ခေါ်ကြလိမ့်မည်ဖြစ်သောကြောင့်ဟူ၏


၄ဂဏန်းတို့၏ ရာသီခွင်မှာ သိလ်ရာသီဖြစ်သည်။


ဖြစ်တတ်သည့်ရောဂါများအနေဖြင့်မူ ၄ဂဏန်းသမားများသည် သာမန်ရောဂါ စိစစ်ခြင်းမျိုးနှင့် မလွယ်ကူသည့် ရှုပ်ထွေးထူးဆန်းသော ရောဂါများကို ခံစားကြရတတ်သည်။ ယင်းတို့တွင် စိတ်အာရုံ နောက်ကျိတတ်သည့်ရောဂါ၊ သွေးဆုတ်ယုတ်သည့် ရောဂါ၊ ဦးခေါ်င်းနှင့်ပတ်သက်သောရောဂါ၊ ဆီးအိမ်နှင့် ကျောက်ကပ်တို့တွင် နာကျင်ကိုက်ခဲသည့်ရောဂါများ၊ သွေးနှင့်ပတ်သက်သည့်ရောဂါများ၊ သွေးတိုး၊ လေဖြတ်ခြင်းနှင့် ထိခိုက်ရှနာများ၊ လိပ်ခေါ်င်းရောဂါများ နှင့် အသက်ရူလမ်းကြောင်းဆိုင်ရာရောဂါများ အများဆုံး ဖြစ်ဟွးတတ်ကြသည်ကို တွေ့ရှိရပါသည်။

တွေ့ကြုံနိူင်သော ဘေးအန္တရာယ်အားဖြင့် မီးဘေးအန္တရယ်များနှင့် အက်စီဒင့်များ ကြုံကြရတတ်သည်။


၄သမားတို့အတွက် အကောင်းဆုံးဖြစ်သည့် ဓာတ်စာများမှာ ပဲ၊ စပျစ်၊သံပုရာ၊ လိမ္မောတို့ပင်ဖြစ်သည်။ သတိပြုရမည်မှာ ယင်းတို့အနေဖြင့် ရာသီပေါ်သီးနှံများကို အလွန်အမင်းစားသုံးခြင်းမျိုး မပြုလုပ်ကြရန်ပင် ဖြစ်သည်။

ကံကောင်းစေသောအရောင်အားဖြင့် ၄သမားများသည် ဖျော့တော့တော့ အရောင်များ၊ ပြာလဲ့လဲ့အရောင်များ၊ အညိုရောင်နှင့် မီးခိုးရောင်များကို အသုံးပြုသင့်သည်။


ကံကောင်းစေသော ရတနာအားဖြင့် နီလာ (အညိုမှိုင်းရောင်)၊ ရွှေ တို့ကို ဝတ်ဆင်သင့်သည်။ လက်စွပ်အနေဖြင့်မူ လက်သန်းတွင် ဝတ်က ကံကောင်း မူကို ပိုရရှိစေတတ်သည်။

သူတို့အတွက် ကံဆိုးမူကို ဖြစ်စေနိူင်သော အရောင်များကမူ အနီရင့်နှင့်အနတ်ပင်ဖြစ်သည်။

ကံကောင်းမူကို ဖြစ်စေတတ်သော လများမှာ ဇန်နဝါရီ၊ဧပြီနှင့်သြဂုတ်တို့ ဖြစ်ကြသည်။ 


ကံကောင်းစေသောနေ့များမှာ တနင်္ဂနွေနှင့် တနလာင်္နေ့တို့ပင် ဖြစ်သည်။ 


ထင်ရှားသော ၄ရက်နေ့ မွေးဖွားသူများမှာ

 တွေးခေါ်ပညာရှင် ဖရန်စစ်ဘေကွန်း(May 4)၊ ပန်းချီဆရာလော့လိုင်တန်(Dec 4)၊ တွေးခေါ်ပညာရှင်သောမတ်စ်ဟတ်စ်လေ(May 4)၊ 

စာရေးဆရာနသာနီယမ်ဟောသွန်(July 4)


ကိုးကား

ဆရာစံဇာဏီဘို၏ သင့်မွေးရက်နှင့် အချစ်ကံကြမ္မာ

#ဆရာလူဝင်းအောင်၏ ဟိန္နူနည်းစနစ် ဂဏန်းဗေဒပညာ

#ဆရာစောစံ(B.A)၏ ကိုင်ရို၏ဂဏန်းဗေဒင်


Oct17.2020

Minsetwai

Friday, October 30, 2020

NOISES

I'm Not Child-16

NOISES


The sound of dripping ego and ideas

The cursed voice of the accuser ,

Without a reason

The sound of being stabbed in the back

After getting pain by those sound. 


The sound of love sacrificed in the best hope

A contented voice of dark red in the heart

At night,

These sounds are broadcast loundly

Before the noise in my room. 


Rain is also a lonely sound

The howls of mosquitoes are terrifyingly

Dogs barking is also the sound of bad events

The screaming of evil-bird was mockingly

After listening tirelessly by those sound. 









The sound of a beautiful woman ,

She trying to invade

A deceptive voice with her hidden Maya

Please stop! Between after and before

By those sound. 


Now recovered from anaesthesia

I'm bored of such naughtly noise

After then for me,

No sound is best sound

Everywhere

Everywhere. 


4:29AM

Oct30.2020

Minsetwai

Tuesday, October 27, 2020

နတ်ဆိုးကိုးကွယ်ခြင်း

နတ်ဆိုးကိုးကွယ်ခြင်း


နတ်ဆိုးကိုးကွယ်ခြင်းဆိုင်ရာတွင် demonခေါ် နတ်ဆိုးသည် သဘာဝလွန်သော အကြောင်းအရာတစ်ခုဖြစ်ပြီး ဘာသာတရားဆိုင်ရာနှင့်မှော်ပညာပိုင်းဆိုင်ရာတွင်ပါ ပတ်သက်ဆတ်စပ်လျှက်ရှိသည်။ ထိုနတ်ဆိုးကိုးကွယ်ခြင်းမှာ စုန်း၊ ကဝေ၊ အောက်လမ်းပညာရပ်ဆိုင်ရာများနှင့် အများဆုံး ပတ်သက်နေလျှက်ရှိပြီး ၎င်းတို့သည် လိုချင်သော အရာတစ်ခုခုအတွက် နတ်ဆိုးများထံမှ ဝတ်ပြုဆုတောင်းကြသည်။ ထိုသို့ပြုလုပ်ရခြင်းသည်ပင် ၎င်းတို့၏မှော်ဆန်သော ဘာသာရေးတစ်ခုအသွင် ရှိနေစေသည်။ ထိုကြောင့် နတ်ဆိုးကိုးကွယ်ခြင်းကို နတ်ဆိုးများဆီမှ ဝတ်ပြုဆုတောင်းခြင်းဟု အလွယ်ခေါ်နိူင်ပါသည်။ ယနေ့ခေတ်သစ်တွင် နတ်ဆိုးကိုးကွယ်သူများသည် မှော်ရိုးရာဓလေ့အတိုင်း သဘာဝအင်အားစုများကိုခေါ်ယူကာ သူတို့၏ စိတ်အာရုံများကို နတ်ဆိုးများကဲ့သို့ စွမ်းအားများ ကူညီထောက်ပံမူရရန်အတွက် အလိုရှိသောနတ်ဆိုးကို တိုင်တည်ပြီး ဆုတောင်းကြခြင်းဖြစ်သည်။ သို့သော် ထိုသူများသည် ဆုတောင်းရုံမျှဖြင့် နတ်ဆိုး၏ စိတ်စွမ်းအားများကို ချက်ချင်းရရှိလာခြင်းမျိုးမဟုတ်ဘဲ၊ ထိုစွမ်းအား ရရှိနိူင်ဖို့အတွက် သူတို့၏ လုပ်ဆောင်မူသည် အရာဝထ္ထူတစ်ခု (သို့) လူတစ်ယောက်ပေါ်သို့ သက်ရောက်စေရန်အတွက်ကိုလည်း လက်တွေ့လေ့ကျင့်ကြရပါသည်။ ထိုကြောင့် နတ်ဆိုးကိုးကွယ်မူဆိုင်ရာတွင်  မှော်ဓလေ့များ၊ လက်တွေ့မှော်ပညာရပ်များပါ ပေါ်င်းစပ်ပါဝင်သည်ကို အထင်အရှားတွေ့မြင်နိူင်ပါသည်။ မည်သို့ပင်ထင်ရှားပါစေ၊ အမှန်စင်စစ် နတ်ဆိုးကိုးကွယ်ခြင်းမှာ black Magicသာဖြစ်သည်ဟု လူတိုင်း သတ်မှတ်ကြမည်သာဖြစ်သည်။ 


ထိုသို့နတ်ဆိုးများကိုးကွယ်ခြင်းအပေါ် လေ့လာသည်ဆိုလျှင် Demonologyဟု ဖော်ပြသည်။ နတ်ဆိုးများကို ဆင့်ခေါ်ခြင်းကိုမူ Demonic Magicဟု ခေါ်ကြသည်။ နာမည်ကြီး Grimoiresစာအုပ်တွင် အဘရာမယ်လင်ဟူသောမှော်ဆရာက နတ်ဆိုးများကို ဆင့်ခေါ်၍ မည်သို့မည်ပုံ အသုံးချခဲ့ကြောင်း ဖော်ပြပါရှိသည်။ ထိုအပြင် သူအသုံးချခဲ့သော နတ်ဆိုးများစာရင်းကို ဖော်ပြရာ၌ စေတန်(Saten)၊ လဝိသန်(Leviathan)၊ ဗေလိလျ(Belial)တို့ပါဝင်သည်။ ယခုကဲ့သို့ demonology ခေါ် နတ်ဆိုးများကို လေ့လာကြရာတွင် အများစုမှာ ခရစ်ယာန်ဘာသာရေးရူထောင့်မှ တဆင့် လေ့လာခဲ့ကြခြင်းဖြစ်သည်။ အဓိကအားဖြင့် ထို demonologyသည် သမ္မာကျမ်းစာ(ဓမ္မဟောင်းနှင့်ဓမ္မသစ်ကျမ်း)၊ အစောပိုင်းခရစ်ယာန် တွေးခေါ်ပညာရှင်များ၏ ကျမ်းတို့ကို အခြေခံလေ့လာကြခြင်းဖြစ်သည်။ သို့သော် နတ်ဆိုးဟူသည်က ခရစ်ယာန်ဘာသာတစ်ခုတည်းတွင် ရှိသည်မဟုတ်ပါ။ လူမျိုးတိုင်း၊ ဘာသာတိုင်းတွင် အနည်းနှင့်အများရှိကြသည်။ ထိုသို့ နတ်ဆိုးများစွာထဲကမှ ဘေဘီလုံနတ်ဆိုးများက အလွန်ကြမ်းကြုတ်၍ ပို၍ဆိုးဝါးလွန်းသည်ဟုလည်း ဆိုကြသည်။ ဘေဘီလုံ နတ်ဆိုး Utukuသည် မကောင်းသောစိတ်ဓာတ်ရှိသူဖြစ်ကာ သဲကန္တရထဲမှာ ပုန်းခိုနေထိုင်ပြီး မမျော်လင့်သောအခြေအနေများမှတဆင့် ခရီးသွားလာသူများအပေါ် ဒုက္ခပေးတတ်ကြသည်။ အခြားထင်ရှားသော နတ်ဆိုးများစာရင်းတွင်မူ Rabisu နှင့် Seduတို့ ပါဝင်ကြောင်း ဖော်ပြကြသည်။ 


ထိုသို့ ဆိုးဝါးသော နတ်ဆိုးများကို ကိုးကွယ်သူများသည်  စုန်းမများသာဖြစ်ကြောင်းကိုလည်း အထင်အရှားတွေ့မြင်ကြရသည်။ အစောပိုင်းကာလ စုန်းမများကို လေ့လာကြည့်လျှင်လည်း ၎င်းတို့သည် နတ်ဝိဇ္ဇာအတတ်ကို ကျင့်သုံးခြင်း၊ နတ်ဆိုးနှင့်ဝိညာဉ်များထံမှ အကူအညီများကို ရယူခြင်း၊ ကံကြမ္မာပြောင်းလဲခြင်းများအတွက် နတ်ဆိုးများထံ ဆုတောင်းခြင်းများ ပြုလုပ်ခဲ့ကြသည်။ ထိုကြောင့်လည်း ထိုခေတ်ကာလက စုန်းမ အများစုကို စေတန်နတ်ဆိုး၏ အလုပ်ကို လုပ်ဆောင်ပေးနေကြသည့် အယူမှားနေသူများဖြစ်သည်ဟု လူအများစုက သတ်မှတ်ခဲ့ကြသည်။ ရောမရှိ စုန်းမတစ်ချို့ဆိုလျှင် ပြုစားမူများလုပ်ဆောင်ရန်အတွက် ညအချိန်မတော် သင်္ချု ိင်းသို့ သွား၍ တွင်းတူကြပြီးလျှင် လူ၏သွေးများကို လောင်းထည့်ကာ ၎င်းတို့ကိုးကွယ်သော နတ်ဘုရားမ ဟော်ကာတေးကိုတိုင်တည်၍ ကျိန်ဆိုမူများ ပြုလုပ်တတ်ကြသည်ဟုဆိုကြသည်။ 


နတ်ဆိုးကိုးကွယ်သူများ၏ ခံယူချက်ကမူ နတ်ဆိုးကိုးကွယ်ရခြင်းမှာ မှော်ဆန်သောဘာသာရေး နှင့်ဆင်တူပြီး သူတို့အတွက်ကမူ ထိုဘာသာရေးမှာ လွတ်လပ်မူအတိပြီးသည်ဟု ယုံကြည်ကြသည်။ ခရစ်ယာန်နတ်ဝိဇ္ဇာပညာအရ နတ်ဆိုးများ၏ ရည်ရွယ်ချက်ကို ဖော်ပြထားရာတွင်  ဘုရားသခင်အပေါ် လူသားတို့၏ယုံကြည်မူကို စစ်ဆေးခြင်းအားဖြင့် နတ်ဆိုးသည် လူသားတို့အား အပြစ်ပြုရန်သွေးဆောင်ရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။  


ထိုနတ်ဆိုးများသည် လူတို့၏ဘ ၀ တစ်လျှောက်တွင် လူတို့ကိုညှဉ်းဆဲခြင်း သို့မဟုတ် လူတို့အားကြောက်ရွံ့မူဖြစ်စေခြင်း ၊ လူတို့အား အပြစ်ပြုရန် သို့မဟုတ် ကြောက်စိတ်ကိုဖြစ်ပေါ်စေနိုင်သည့် အာရုံများကို လှုံဆော်ပေးခြင်းများကို ပြုလုပ်သူများ ဖြစ်သည်ဟုလည်း ဆိုသည်။ ထိုအပြင်  ထိုနတ်ဆိုးများသည် လူတို့အား ဘုရားသခင်အပေါ် ယုံကြည်ခြင်းမှစွန့်လွှတ်ရန်၊ မှားယွင်းသော အယူဖောက်ပြန်မှု သို့မဟုတ် မှားယွင်းသောအယူဝါဒများကိုသာ ကျူးလွန်ရန် ဖျားယောင်းသွေးဆောင်ကြသည်ဟုလည်း ဖော်ပြသည်။ သို့သော် ဂျူးဘာသာတွင်မူ နတ်ဆိုးများကို ဘုရားသခင့်၏ကိုယ်စားလှယ်များပင် ဖြစ်သည်ဟု ရိုးရှင်းစွာပင် ရှုမြင်ကြသည်ကို တွေ့ရသည်။ 


မည်သို့ပင်ဖြစ်ဖြစ် နတ်ဆိုးများနှင့် မပတ်သက်ချင်လျှင်မူ လူသားတို့သည် နတ်ဝိဇ္ဇာအတတ်ခေါ် မှော်အတတ်ပညာကို မျက်ကွယ်ပြု၍ ကင်းကင်ရှင်းရှင်း နေထိုင်ကြရန်လိုသည်။ အဘယ်ကြောင့်ဆိုသော နတ်ဆိုးကိုးကွယ်သူများသည် ၎င်းတို့အား နတ်ဆိုးများမှချစ်မြတ်နိူးစေရန်အတွက် အမှောင်မှော်စွမ်းအားများကို အသုံးပြုကြသောကြောင့်ပင် ဖြစ်သည်။ တစ်နည်းအားဖြင့်လည်း နတ်ဆိုးများမှ ၎င်းတို့ကို လူသားတို့မှ ကိုးကွယ်လာစေဖို့အတွက် နတ်ဝိဇ္ဇာအတတ်ပညာများကို ခုတုံးလုပ်ထားခြင်းလည်း ဖြစ်သည်။ ထိုခုတုံးလုပ်ထားသော နတ်ဝိဇ္ဇာအတတ်ပညာကို ယုံကြည်သူအများစုမှာလည်း နတ်ဆိုးများ၏သားကောင်များ ဖြစ်သွားတတ်ကြသည်ဟူ၏။


ကိုးကား

www.everydayprayarguide.com

wikipedia


Oct22.2020

#Minsetwai

Tuesday, October 13, 2020

My Baddly Poetry

 MY BADDLY POETRY


Whether it is poetry or not

I swear it was a poem

It is not like any other post-modern poets

It does not contain tender-hearted 

and the political words

But ... It is my poem.


It does not contain praise words to parents 

and laughly words to the comedy

It does not contain kowtow words 

For your respect

In this poem, 

Does not contain hately wars words

And supported words to help the famine.

It is a poem without any essence

But ... It is my poem.


It is just want to be a poem

No one wants to read it

It is a poem I wrote

But 

It does not contain 

The isms of great masters

And 

No related word the 

new language-poetry

verses

lyrich-poetry.






And

No mention about of forests or mountains 

Not include about of cities or cultures in it

But ... It is my poem.


Do you believe it or not?

This is poetry.

I have written this poem

Prove it.


Oct11.2020

Minsetwai

Monday, October 12, 2020

တစ်ကိုယ်ရေ ညရေးညတာ


တစ်ကိုယ်ရေ ညရေးညတာ



ကို ့ယို ့ကားယားနှင့် စက္ကူစများ
သေပြီးမှ ပြန်နိူးထလာသော မျက်လုံးများနှင့်
ဆူဆူညံညံ ကားဟွန်တီးနေသံများ
နာရီနှင့် နပမ်းထိုးသတ်နေကြခြင်း
ည၏တီးလုံးကို စိတ္တဇဆဲဆိုမိလေခြင်း
နောက်ဖေးခန်း
အဲဒီကိုပဲ အခေါ်က်ခေါ်က် အခါခါ
ပျက်လုံးမ ဲ့ ဇန်နဝါ
သြော်……(မျက်စိကို တစ်ချက်ပွတ်သပ်)
သေဆုံးသွားသော မျှော်လင့်မူများ
ယင်း၏ အသုဘအခမ်းအနား
စီကရက် ဖင်စီခံနားမှာ ပိုမိုစည်ကားပြနေကြ
ပြီးမှ ပြာခွက်ထဲ စူးစမ်းမူတွေ ဖိတ်လျံကျ
အရှင်လတ်လတ် သဂြိုလ်ခံထားရသော
- အမည်တပ်မရမူများ
- ပစ်မှတ်ဆန်နေခဲ့မူများ
- ပစ်ကွင်းထဲ အမြဲတစေ ဒေါ်င်လိုက်ရှိနေခဲ့မူများ
- လူ
- လျှာ / ကျီးကန်း
- ခြေထောက်များ
- စိတ်နီနီရိုင်းရိုင်းများ
အလျားလိုက် အလျားလိုက်နဲ ့ ရုံးဝင်ကြေးအခမဲ့များ
တစ်ချို ့ ဂျွမ်းထိုးကခုန်ရင် 'မျှား' ရွေးခြယ်နေကြ
တစ်ချို ့ ငိုကြွေးခယရင်း 'လေး' တင်နေကြ
တစ်ချို ့ ကြင်နာသနားတတ်သော ဂရုဏာဖြင့်
ပစ်မှတ်၏ အလယ်ဗဟိုတည့်တည့်ဆီ ။ ။

သက်ပြင်း……(ဖြုတ်ခနဲ ကြွေသွား)
ပြန်တွေးခြင်းနဲ ့ တနံတလျားဒေသ
လူအကြောင်းများ တစိမ့်စိမ့် ယိုစီးကျလာ
အမေး မဲ့နေလိုက်မိတော့တာ
အဖြေတွေ ဖြေချင်နေကြပုံကလည်း
သူမတူအောင် ထူးခြား
မီးသဂြိုလ်ပစ်လိုက်တော့ကော ဘာဖြစ်မှာမို ့ဆိုလား
အပူချိန် တရိပ်ရိပ်တိုးလာတယ်
အဲဒါဖြစ်တယ်
အားနေခဲ့ရတဲ့ နေ ့တွေလေ
မလုပ်ဖြစ်ခဲ့တဲ့ အကြံအစည်တွေလေ
အလွယ်တကူမရနိူင်တော့တဲ့ အခြေအနေတွေလေ
ရေနွေးတွေလေ (သောက်ချင်လာမိပြန်တယ်)
ကြိုတင်လုပ်ဆောင်ထားချက်တွေက မရှိ
ရိုးရိုးရေလေးပဲပေါ့
ဟုတ်တယ်။ အဲဒီအရာပဲ ကောင်းပါတယ်။
ဒီလိုနဲ ့ ရေပိုက်ခေါ်င်းလေးကိုပဲ
နောက်ဆုံး တအံတသြနဲ ့
ငေးကြည့်နေလိုက်တော့တယ်။

3:27AM
Jan 31.2020
Minsetwai
__________________________________

Featured Post

ကဗျာဟူသည်

poetry ကဗျာဟူသည် ကဗျာဆိုသည်မှာ မိမိရောက်နေသောခေတ် အသက်ရှင်နေသောခေတ်၏အတွေးအခေါ်များကို အခြေခံ၍ သက်ရောက်မှုအများဆုံးရှိသော ခံစားမှုကို ဖန်တီးပ...