ရဟတ် (ကဗျာစုစည်းမူ)-၁၆
အနာမကျက်တဲ့ပင့်ကူ
***************
ဖြစ်လာဖို့ အများကြီး ရှိတာကြောင့်
ငါကြိုတွေးမိ
ရေခဲချောင်းတွေ အချိန်တန်တော့ အရည်ပျော်သွားချိန်
ငါစိတ်က ဓာတ်ခဲလိုသလားတွေးပြီး
ပင့်ကူတစ်ကောင်လိုကျင့်
ဆားမပေါ်က်ဖို့တော့ လိုနေတယ်
(ကောင်းကောင်း ထိန်းသိမ်းစောင့်ရှောက်ပါ။)
၁။ စိတ်အချဉ်ပေါ်က်တိုင်း ပတ်ဝန်းကျင် က နားဒုက္ခရောက်
၂။ ပင်အပ်တစ်ချောင်းနဲ့ ကိုယ့်နူတ်ခမ်းကိုယ်ထိုးဖောက်
၃။ အိမ်သာထဲမှာ ပင့်ကူတွေ အများကြီးတွေ့တယ်
ကောင်းပါပြီ။
ငါဟာ ရာသီဥတုနဲ့ ကင်းလွတ်ပြီး
အိမ်ယက်ဖောက်ခဲ့...
သင်ခိုး ကြည့်နေတယ်။ ဖယ်ရှားမကြည့်နိူင်သေးတာကို စိတ်တိုကောင်းတိုမယ်။
ခါးသီးလွန်းတဲ့ကော်ဖီခွက်ထဲ
ငါခုန်ဆင်းခဲ့မယ်
ဆုတောင်းတွေ တသီကြီး ရွတ်ထားပေါ့...။
၁။ ငါးစာသည် ဘယ်တော့မှ ငါမဟုတ်
၂။ အပျင်းပြေချင် အရုပ်နဲ့ဆော့
၃။ ငါ့ကိုကျဆုံးချင်ရင် ငါကိုမေးခွန်းထုတ်
အရမ်းသေးငယ်တဲ့ မျှော်လင့်ချက်နဲ့တော့ ထောင်ချောက်ကို ခလုတ်မဖြုတ်နဲ့တော့..
စိတ်တွေ သေအောင်ရွက်လွင့်
ငါက နံရံမှာ မျှော်လင့်ချက်တွေ ကပ်မယ်
လာမနမ်းနဲ့ မုသားဟာ
ငါ့အစားအစာမဟုတ်တာ သေချာတယ်
ကဲ..ငါကစောင့်ကြည့်ရမလား
ပြော...သင်က စောင့်ကြည့်မလား
သေသေချာချာတော့တွေး
ငါက ပင့်ကူတစ်ကောင်တော့ ဖြစ်မယ်..။
2012
Minsetwai